930 ကြိမ် ကြည့်ရှု့ပြီး

အစိုးရသတ်မှတ်ထားသော ၁ပေ ပတ်လည် ၅၀၀၀၀ကို ၁၁ပေ ပေ၆၀ဆို သိန်း၃၀၀ ကျမည် ပြောပါတယ်။ မတတ်နိုင်လို့ ဘယ်လို ဆက်လုပ်ရမလဲ သိချင်ပါတယ်။အစိုးရ ရာဖြတ်က ပြောတာပါရှင်။ သတ်မှတ်ထားတဲ့ နှုန်းထားကို ရော့သွားအောင် လုပ်လို့ ရမလား သိချင်ပါတယ်။

မေးသူ - မလဲ့လဲ့ဝါ
မလဲ့က အခွန်နှုန်းထားတွေ များနေတာကို ပြောတာကိုး။ အခွန်ဥပဒေ က မြေကွက်နှုန်းထားတွေကို တစ်နှစ်တစ်ခါ ပြောင်း လဲ ထုတ်ပြန်တာကို တွေ့ရပါတယ်။ ဥပမာ. ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်ထိ အခွန်နှုန်းတာ အပြောင်းအလဲ ကြီးကြီးမားမား မရှိလှပါဘူး။ မြေကွက်ဈေး ပြန်ကြည့်မယ်ဆိုရင် ယခင်က ၃% ရာခိုင်နှုန်းရှိရာက အခုဆိုရင် အနည်းဆုံး ၁၅% ရာခိုင်နှုန်း မှာ ရပ်တန့်နေတယ်။ အဲ့ဒီလိုဘဲ တိုက်ခန်း၊ ကွန်ဒိုတွေနဲ့ ပတ်သတ်ပြီး မလဲ့ ပြောသလိုဘဲ တစ်ပေပတ်လည် ဈေးနှုန်း တွေက များနေလို့လား မသိ။ တိုက်ခန်း အရောင်း အဝယ် ကွန်ဒို အရောင်းအဝယ်တွေလည်း ငြိမ်နေတာ တွေ့ရတယ်။ အ ရောင်းထက် အဲ့ဒါတွေက ပိုများတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေထံက သိရပါတယ်။
လက်ရှိနှုန်းထားတွေတွေက များနေလို့ အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို အခွန်နှုန်းထားတွေ ပြန်လည် လျှော့ပေါ့ ပြင်ဆင်ပေး စေချင်တယ်ဆိုရင်တော့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေကတစ်ဆင့် အခွန်တွေ ပြင်ဆင်ပေးဖို့ လွှတ်တော်မှာ တင် ပြသင့်တာပေါ့။ လွှတ်တော်က အတည်ပြုပြဌာန်းပေးမှသာလျှင် အခွန်နှုန်းထားတွေကို အခြေအနေနဲ့ အံဝင်ဂွင်ကျ ဖြစ် အောင် သင့်တော်သလို ပြင်ဆင်ပြဌာန်းပေးမှာ ဖြစ်ပါတယ်။ ဒါတွေကို အစိုးရက စိစစ်ဆောင်ရွက်ပေးမယ်ဆိုရင် အခွန် ကောက်နှုန်းထားတွေလည်း ပြောင်းလဲ သွားနိုင်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)