1351 ကြိမ် ကြည့်ရှု့ပြီး

ကျမသည်၂၀၁၅ခုနှစ်တွင် ကြိုပွိုင့် တိုက်ခန်း တခန်းကို ဝယ်ခဲ့ပါသည်။၂၀၁၆. ၇လပိုင်းတွင် တည်ဆောက်မှု ပြီးစီးပြီး အခန်းအပ်ခဲ့ပါသည်။ ထို့နောက် BCC ကျရန် ဆက်လက် ဆောင်ရွက်နေစဉ်အတွင်း ယင်းကန်ထရိုက်အဖွဲ့မှာ နာမည်ပျက် စာရင်းဝင်ပြီး BCC မကျ ဖြစ်နေပါသည်။ ဆောက်လုပ်စဉ်က စည်ပင် ခွင့်ပြုချက်ကျပြီး ဆောက်လုပ်ခြင်း ဖြစ်ပါသည်။ မီတာလည်း ကျပြီး ဖြစ်နေပါသည်။ ယခုလူနေထိုင်မှုမှာလည်းစည်ပင်ကို ဒဏ်ကြေးပေးပြီး နေထိုင်နေရပါသည်။ ကျမ ကြိုပွိုင့် ဝယ်စဉ်အခါက ကန်ထရိုက်မှ ပိုင်ဆိုင်ရသည့် အခန်းအား ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ မြေရှင်လည်း လက်မှတ် ထိုးထားပါသည်။ အခန်းမှာလည်း လက်ရှိ နေထိုင်နေပါသည်။ မြေရှင်က BCC ကျရန် အခြား လိုင်စင်ရ ကန်ထရိုက်နဲ့ ပြောင်းပြီး လုပ်ဆောင်မည်ဟု ပြောပါသည်။ ထိုအခါ ကျမ တိုက်ခန်းပိုင်ဆိုင်မှုအပေါ် မည်သို့ သက်ရောက်မှုရှိနိုင်ပါသလဲ ဆရာရှင့် စာချုပ် ထပ်မံချုပ်ရန်လိုအပ်ပါသလား။ စာချုပ်ချုပ်လျှင်လည်း ဘာတွေလိုအပ်ပါသလဲ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာရှင့်။ ကျမ အဓိက သိချင်သည့်အချက်ကို မတွေ့သည့်အတွက် ထပ်မံဖြေကြားပေးစေချင်ပါတယ်ရှင့်။ ကျမအဓိက သိချင်သည်မှာ ကန်ထရိုက်အသစ်နဲ့ BCC ကျခဲ့လျှင် ကျမပိုင်ဆိုင်မှုအပေါ် မည်သို့ သက်ရောက်ပါမည်နည်း။ ကျမ ကန်ထရိုက်အသစ်နဲ့ စာချုပ်ထပ်ချုပ်ရန် လိုအပ်ပါသလား ။

မေးသူ - Ma Zar Ni Thein
ကန်ထရိုက်အသစ်နဲ့ BCC ကျခဲ့လျှင်လည်း ညီမရဲ့ ပိုင်ဆိုင်မှုအပေါ်မှာ အကျိုးထိခိုက်မှု မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ညီမဝယ်ခဲ့တာက ပထမ တိုက် ဆောက်လုပ်သူထံက အခန်းပိုင်ဆိုင်မှုကို ဝယ်ယူထားလို့ပါတဲ့။ ဒုတိယ ကန်ထရိုက်က BCC ရဖို့အတွက် တရားဝင် ကူညီ လုပ်ဆောင်ပေးခြင်းသာ ဖြစ်တယ်။ အမည်ငှားနဲ့ ဆောက်လုပ်ခြင်း ဘီနာမီ လို့ ခေါ်ပါတယ်။
အမည်ငှား ဆိုကတည်းက ဒုတိယ ကန်ထရိုက်တာဟာ ပိုင်ရှင် အစစ် မ ဟုတ်ဘူး လို့ ပြောတာပါ။ ပထမ ကန်ထရိုက်တာသာလျှင် ညီမတို့ ကို ရောင်းသွားတဲ့ မူလ အခန်းပိုင်ရှင် ဖြစ်လို့ပါပဲ။ ပထမ ကန်ထရိုက်တာက အပြီးသတ်နိုင်လို့ ဒုတိယကန်ထရိုက်တာကို အကူအညီတောင်းပြီး BCC ရတဲ့အထိ လုပ်ပေးခိုင်းတာပါပဲ။ ဒါပေမဲ့ ညီမတို့နေတဲ့ အခန်းကို BCC ရအောင် လုပ်ပေးထားတဲ့ ဒုတိယ ကန်ထရိုက်တာနဲ့ ထပ်မံစာချုပ်ဖို့တော့ လိုအပ်ပါတယ်။ ထည့်သွင်းချုပ်ဆိုရမယ့် အချက်တွေကတော့ ပထမ ကန်ထရိုက်တာနဲ့ ကြိုပွိုင့် ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအတိုင်း BCC ရသည်အထိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်ပေးရန်၊ ကန်ထရိုက်တာပြောင်းတာက BCC ရရှိသည့်တိုင်အောင် တိုက်ဆောက်လုပ်သော်လည်း ယင်းသို့ တိုက်အပြီးသတ်ဆောက်ရာတွင် ထပ်မံပေါ်ပေါက်လာသည့် ပြဿနာများ ကုန်ကျစရိတ်များနှင့် ပတ်သတ်၍ ပထမကန်ထရိုက်တာကသာ ကျခံရမည်။ ကြိုပွိုင့်ဝယ်သူ နှင့် မည်သူမျှ မသက်ဆိုင်စေရ စသည့်အချက်များ ထည့်သွင်း ချုပ်ဆိုရန် လိုအပ်ပါတယ်။ အဲ့ဒီလို စာချုပ်တဲ့အခါ ပထမကန်ထရိုက်တာ ဒုတိယကန်ထရိုက်တာ မြေရှင် နှင့် ကြိုပွိုင့်တိုက်ခန်း ဝယ်သူထားသူ ညီမတို့ (၄)ဦး သဘောတူညီချက်အရ စာချုပ် ချုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ နောက်ထပ် ငွေပိုပေးစရာမလိုတော့မှာ လို့ ဖြေပေးလိုက်ပါတယ်
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)