2126 ကြိမ် ကြည့်ရှု့ပြီး

အိမ်ကို ၀ယ် ယူ စာချုပ် မှာ9-2-2008နေ့ တွင်အသိ သက် သေများနဲ့ရောင်းသူမှလက် ဗွေနှိပ်အရပ် စာ ချုပ် ချုပ် ဆိုပါသည် ပိုင် ဆိုင်မှုအဖြစ်သူတစ်ဦးတည်းပိုင်ကြောင်းအိမ်ဂရံ အိမ်ရဲ့မြေ ရာဇ၀င်မြေပုံရောင်းသူ အ ဖေ လက် ထက်မှဝယ် ခဲ့တဲ့အဆင့်ဆင့် အ၀ယ် စာချုပ် မှအစပေးအပ် ရောင်းပါသည် ဖြစ် စဉ်မှာ အိမ် ပေါ်မှဆင်း ပေးရန်ရောင်း သူကို ပြောရာရောင်းသူ မှဆင်းသွားပြီးဖြစ် ပါသည် သို့ ပေမဲ့ ၀ယ်ယူသူ ကျွန်တော်မိဘတို့ ကို ပိုင် နက် ကျူး ကျော်မှုခြိမ်းခြောက် မှု အိမ်ရဲ့ဥပဇာဖျက် ဆီးမှုပုဒ်မများတပ်ကာပြစ်မှုနဲ့အမှုဖွင့် တိုင်ကြား၍ဖြေရှင်းရပါသည်။တိုင် ကြားမှုမှ သိရသည်တွင် မွေးချင်း မောင်နှမ ၅ ဦးရှိကြောင်း/သက် ရှိထင် ရှား ရောင်းသူ အပါအ၀င်(၃)ဦးရှိပီး သေသူ(၂)ဦးမှ(၁)ဦးမှာ ဆက်ခံသူ၂ယောက်ရှိပါသည်။ ထိုပြစ် မှုအမှုတွဲမှအမိန့် ကို အမှုတွဲ ချေပချက်တွေအရအိမ် ရောင်းသူ မှပထမ ၁လ ၂၀၀၀၀ကျပ် နဲ့ငှားရမ်းထားပြီးမှရောင်းချ ခြင်းဖြစ် သဖြင့် နောက်ဆုံးအမိန့် ကို ဒဏ်ငွေဖြင့် ၁၂ လပိုင်း၂၀၀၉ တွင် ပြီးသွားပါသည်။နောက် တကြိမ် ၂၀၁၂ တွင် အိမ် ရှင် အိမ် ငှားဖယ် စေလို မှုခေါင်းစဉ်ဖြင့် ခရိုင် ရုံးမှအမှု ဖွင့် ၍ရှေ့နေငှား ကာ ဖြေ ရှင်းရပါသည်။တရားလို များအဖြစ် ရောင်းသူ အပါ သက်ရှိ မောင်နှမ ၃ ဦးနဲ့တူမ ၂ ဦး ပေါင်း ၅ ဦးမှဝယ်ယူ သူကျွန်တော့်မိဘ ၂ ဦးကို တရားပြိုင် အဖြစ်အမှုဖွင့် ပါသည်ထို ခေါင်းစဉ်ဖြင့် အမှုကိုဖြေရှင်းစဉ်ပင် တရားလိုများဘက်မှအမှုကို ပိတ် သိမ်းသွားပါသည်။နောက် တကြိမ် ၂၀၁၄ တွင် အိမ် အ ရောင်းအ ၀ယ်စာချု ပ်သည် တရားမ၀င် ကြောင်းမြွက် ဟကြေငြာ၍မြေလက် ရောက် ရလိုမှုခေါင်းစဉ်ဖြင့်ခရိုင် ရုံးမှအမှုဖွင့်တိုင် ကြား ပါသည် ထိုအမှုတွင် တရားလိုအဖြစ် မောင်နှမ၂ ဦးနဲ့တူမ၂ ဦးက တရားပြိုင်ထဲတွင်ရောင်းသူနဲ့ဝယ်သူ ၂ ဦး ကိုထား၍အမှုဖွင့်ပါသည် ထိုအမှုတွဲ ၏အမိန့် တွင် အမှု ပုံစံမှားယွင်းမှုနဲ့ချေပ၍အမှုကို ရုံး တော် မှပ လပ် ပါသည်။ထိုအမိန့် ကို မ ကျေနပ် ၍တရား လိုများ ဘက် မှ တိုင်းတရား ရုံး သို့ အယူ ခံထပ် တက် ပါသည်။တိုင်းတရား ရုံးမှအမိန့် တွင် လည်း အမှုပုံစံ မှားယွင်းမှုနဲ့အမိန့် ကိုချပါ သည်။ရုံးတွင်းချေပမှုများထဲမှရောင်းသူ မှဝယ်ယူ သူများထံရောင်းချထား ကြောင်းရောင်းသူ ၏၀န်ခံချက်ကိုတရားပြိုင်ရှေ့နေ၏မေးခွန်းမေးမြန်းချက် မှ ရရှိထား ပါသည်။ယခုဝယ်သူများမှအိမ် နှင့် ပတ်သက် သော စာရွက်စာတမ်းအား လုံး လက်ရှိအိမ် ကို နေထိုင်သူများ အဖြစ် တည် ရှိပါသည်။စာချုပ် ပါ ရက်စွဲ ၉-၂-၂၀၀၈ မှ ၉-၂-၂၀၁၇ ဆိုလျှင်၉ နှစ် ပြည့် ပြီဖြစ် ပါသည်။ သိလိုသည်မှာ -တရား မမှုများ တွင် ကန့်သတ်အချိန်ကာ လနှစ်ကိုသိ လို ပါသည်။ -ကန့်သတ်နှစ်ရှိလျှင် ကန့် သတ် နှစ် ပြည့် ပြီးနောက်ပိုင်း ကာ လများတွင်လည်း တရား လို တရား ပြိုင်များ မရှိတော့ ချိန်တွင်သားစဉ်မြေးဆက် အမှုကို အစ ပြန်ဖော် လို့ အ မွေဆိုင် အမှုအဖြစ် တည် ဆောက် လို့ ရ မ ရသိချင် ပါသည်။ -ကျွန် မတို့ ဝယ် ယူစဉ်ကတန်ဖိုး ငွေနဲ့နစ် နာ ကြေးကို ၀ယ်ယူသူ ဘက်မှ တရားလိုပြုအမှုစတင် စွဲဆိုပီး ရောင်းသူ ထံပြန် တောင်းသင့် သလား သိချင် ပါ သည်။ အထက်ပါ မေးခွန်း (၃ )မျိုးရဲ့ အ ဖြေကို ကျေး ဇူးပြု၍ replyလုပ် အကြံဉာဏ် ပေးပါ ရန် တောင်းဆိုပါသည်။ကျေးဇူးအထူးတင်ပါသည်

မေးသူ - ဦးမ်ိဳးသူ
မြေ' ဒါမှမဟုတ် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ ပိုင်ဆိုင်မှု တရားစွဲမယ်ဆိုရင် ကာလစည်းကမ်း သတ် ဥပဒေအရ (၁၂) နှစ် သတ်မှတ်ထားပါတယ် ။ အဲဒီလို (၁၂) နှစ် လုံးလုံး တရားမစွဲဘဲ နေခဲ့ပြီး ၁၂ နှစ်ကျော်မှ တရားစွဲမယ်ဆိုရင် တရားမမှုစွဲလို့ ရှိရင် ကာလစည်းကမ်းသတ် ကျော်သွားပြီဖြစ်တဲ့အတွက် အောင်မြင်ဖို့ မရှိတော့ပါဘူး ။ အဲဒီလို ၁၂ နှစ်လုံးလုံး ကြာပြီးမှ အမှုကို အစပြန်ဖော်ပြီး တရားစွဲခဲ့ရင်လည်း ကာလစည်းကမ်း သတ် ကျော်နေလို့ စွဲလို့ မရနိုင်ပါဘူး။
ဦးမျိုးသူ တင်ပြသလို အခုတရလိုတရား ဖြစ်ခဲ့တာ (၉)နှစ်တောင်ရှိနေပြီဆိုရင် အဲဒီ (၉)နှစ် ရဲ့ နောက်ပိုင်းကစပြီး (၁၂) နှစ်လုံးလုံး မြေပိုင်ဆိုင်မှုကို တရားမစွဲဘဲ ငြိမ်နေပြီးမှ ၁၂ နှစ်ကျော်မှ အမွေဆိုင်အမှုအဖြစ် တရားစွဲတာကို ကာလစည်းကမ်းသတ် ကျော်သွားတာလို့ သဘောပေါက်ရပါမယ်။ ၉ နှစ်လုံးလုံး အမှုတွေဖြစ်ခဲ့ပြီးပြီဆိုတော့ ဒီကာလစည်းကမ်းသတ် ကိစ္စတွေကို ဦးမျိုးသူရဲ့ ရှေ့နေကို မေးကြည့်ပါ ။ အသေးစိတ်ပြောပြပါလိမ့်မယ် ။ ဆရာတို့ကတော့ ဦးမျိုးသူ မေးတဲ့ မေးခွန်းပေါ်ကြည့်ပြီး ခြုံငုံပြောပြလိုက်ရတာပါ ။ လက်တွေ့လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးမျိုးသူရဲ့ ရှေ့နေကသာ အသေးစိတ် အသိဆုံး ဖြစ်ပါတယ်။ ထိုမြေ ဝယ်ယူစဉ်က တန်ဖိုးငွေနဲ့ နစ်နာကြေး ပြန်တောင်းတယ်ဆိုတော့က ဦးမျိုးသူတို့က မြေနဲ့အိမ် လက်ရောက်ရမှသာလျင် စာချုပ်အရ တောင်းဆိုရတာပါ ။ အခုက မြေနဲ့ အိမ်ကို လက်ရောက်ရပြီး နေထိုင်နေပြီလေ ၊ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပေးစေလိုမှု စသည်ဖြင့်ဘဲ တရားစွဲလို့ အဆင်ပြေမှာပေါ့ ။ ဘယ်လို တရားစွဲသင့်တယ်ဆိုတာ ဦးမျိုးသူရဲ့ ရှေ့နေက အကောင်းဆုံး အကြံပေးနိုင်ပါတယ်ဆိုတာ ပြောကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)