1220 ကြိမ် ကြည့်ရှု့ပြီး

ကျွန်မမြို့သစ်မှာချပေးထားတဲ့ခြံတစ်ခြံဝယ်ထားပါတယ်ဂရံတော့မဖောက်ရသေးပါဘူးအဲဒီမှာချပေးခံထားရတဲ့သူကသေသွားပါပြီသူ မိသားစုတွေလည်းသေသွားပါပြီ သူမိသားစုထဲက သူသားကမသေခင်သူတူရဲ့ခလေး8နှစ်သားကိုမေတ္တာဖြင့်ပေးခဲ့တယ်စာချုပ်နဲ့ပါကျွန်မကခလေးအဖေရောင်းလို့ဝယ်ထားတာပါအရောင်းအဝယ် စာချုပ်မှာတော့ခလေးပါခလေးအဖေပါလတ်မှတ်ကော လတ်ဗွေပါထိုးပေးထားပါတယ်။ကျွန်မဂရံ အမည်ပေါက်လျှောက်ချင်လို့ဘာတွေလိုအပ်ပါလဲခလေးအဖေက မိတ္တူတောင်းလို့ရင်ပူမိတယ်ဆရာကိုယ်ကနားမလည်တော့ဆုံးရှုံးမှာကြောက်မိတယ်ကျွန်မကထိုင်းနိုင်ငံမှာပန်ရံလုပ်တာပါ။ကျေးဇူးပြုပြီးဖြေပေးပါရှင့်။

မေးသူ - ထက်ထက်အောင်
မထက်ထက်အောင် ပြောပြပုံအရဆို စိတ်ပူစရာမလိုပါဘူး။ ပါမစ်မြေကွက်ကို ဝယ်ထားတယ်။ ပါမစ်အမည်ပေါက်တွေလည်း သေသွားပြီ ဆိုတော့ အနှစ်(၆၀) မြေငှားဂရန်စာချုပ် လုပ်လို့မရမှာကို စိုးရိမ်နေတာ မဟုတ်လား။ ဒီအတွက်တော့ မပူပါနဲ့။
အမည်ပေါက်တွေတစ်ဆင့် ရောင်းလို့ပဲဖြစ်ဖြစ်၊ ပေးထားတာပဲဖြစ်ဖြစ် လက်ခံထားသူ/ ဝယ်သူထံကတစ်ဆင့် မထက်ထက်အောင် က ဝယ်ထားခဲ့ရင် အနှစ်(၆၀) ဂရန်သစ် လျှောက်လို့ရပါတယ်။ ဒါပေမဲ့ မြေကွက်ရောင်းသွားသူကို ပြန်မထားပါနဲ့။ မိမိရဲ့မိသားစုကိုယ်တိုင် နေဖို့လိုပါတယ်။ မြေနဲ့အိမ်က မိမိလက်ဝယ်ရှိဖို့ လိုတယ်လေ။ ပါမစ်မြေကွက် တွေမှာ အမည်ပေါက်သူတွေထဲက အဆင့်ဆင့်ဝယ်ယူခဲ့တဲ့ စာချုပ် အဆက်အစပ် မပြတ်ဖို့ လိုတယ်။ ပါမစ်အမည်ပေါက်သူတွေ သေသလား၊ ရှင်သလား သက်ဆိုင်ရာဌာန အိုးအိမ်/စည်ပင်တို့က စုံစမ်းတာ မရှိပါဘူး။ ခလေးအဖေက ရောင်းပြီး မြေကွက်ရဲ့ ပါမစ်မိတ္တူ တောင်းတယ်ဆိုတာက (40'x60')ကို (20'x60')ခွဲမယ်ထားလို့လား။ လျှပ်စစ်မီတာလျှောက်ဖို့လောက်ဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိပေးပြီး ပေးလို့ ရပါတယ်။ မြေကွက်နဲ့ သူနဲ့ ဘာမှမဆိုင်တော့ဘူး တခြားမြေကွက်မှာနေပြီး လာတောင်းတာဆိုရင် မပေးပါနဲ့၊ ဒီခေတ်က မြေချပါမစ်မိတ္တူပြပြီး ငွေချေးတာတို့ လက်ညှိုးထိုး ပြန်ရောင်းတာတို့လည်း ရှိနေတတ်လို့ပါ။ အနှစ်(၆၀)ဂရန်သစ်လျှောက်မယ်ဆိုရင်တော့ ပါမစ်တစ်ခုမှာ ပါဝင်ရမယ် (၁).မိသားစုဓါတ်ပုံ၊ (၂).မြေကွက်ရသူ၏ ရာဇဝင်အကျဉ်း၊ (၃).အိမ်ရာဆောက်လုပ်နေထိုင်ခွင့်၊(၄)မြေကွက်ချထားသူများ၏ အမည်စာရင်း၊ စုစုပေါင်း(၄)မျိုးကိုသာ ကိုင်ဆောင်ထားပါ။ အနှစ်(၆၀) ဂရန်သစ် လျှောက်လို့ရပါတယ်လို့ ဖြေကြားလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)