1076 ကြိမ် ကြည့်ရှု့ပြီး

ဆရာ ကျွန်တော်မေးချင်တာတော့ ပါမစ်မြေကိစ္စပါဆရာ ၄၀×60 မြေကွက်ကို ၂၀×၆၀ ပါမစ်မူရင်းနဲ့ရောင်းပြီးမိတ္တူကို အဖိုးနဲ့အဖွားဆီအပ်ထားပါတယ်ဆရာ ပြီးတော့ကျွန်တော်တို့ကအိမ်ပြောင်းနေပါတယ်ဆရာ ကျန်တဲ့၂၀×၆၀ မြေကွက်မှာ အဖိုးအဖွားရယ် အဒေါ်တစ်ယောက်ရယ်နေပါတယ်ဆရာ အခု အဖိုးအဖွားဆုံးတော့ ပါမစ်မိတ္တူကိုအဒေါ်ကသိမ်းလိုက်ပါတယ်ဆရာ ပြီးတော့သူပိုင်တယ်ဆိုပြီးတော့ လုပ်ပါတယ်ဆရာ အရင်ရောင်းထားတဲ့သူဆီက မိတ္တူ ရဖို့ တောင်းကြည့်တော့ အိမ်နီးချင်းပြသာနာတက်မှာဆိုးလို့ဆိုပြီးမပေးရဲဘူးတဲ့ဆရာ သူတို့ကစရိုက်နဲနဲတော့ကြမ်းတယ်ဆရာ အဲဒါဘယ်လိုလုပ်ရမလဲဆရာ ပါမစ်ထဲမှာရှိတဲ့နာမည်က ကျွန်တော် အဖေ နဲ့ အမေနာမည်ပါဆရာ အမွေစားအမွေခံနေရာမှာ ကျွန်တော်ပါဆရာ ကျွန်တော်လုပ်ချင်တာက အဲဒီမြေလေးကို ရောင်းပြီး အမေရဲ့သက်ရှိထင်ရှားရှိတဲ့ညီကိုမောင်နှမတွေကိုခွဲပေးချင်တာပါဆရာ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ကဆင်းရဲပါတယ်ဆရာ အိမ်ပိုင်တစ်ယောက်မှမရှိပါဘူးဆရာ အဖေကတော့ဆုံးသွားပါပြီဆရာ ကြာပါပြီ မြေကွက်ကတော့လှိုင်သာယာမှာပါဆရာ တန်ကြေးကတော့ သိန်းတစ်ရာဝန်းကျင်လောက်ပါဆရာ ဘယ်လိုလုပ်ရမလဲဆရာ ကူညီပြီးရှင်းပြပေးပါ ဒီမြေကွက်ကို အဖိုးနှင့်အဖွားအား လွဲပြောင်းပေးထားခြင်းလည်းမရှိပါဘူးဆရာ

မေးသူ - အောင်အောင
ညီလေး "အောင်အောင်" ပြောပုံအရ မြေကွက် အကျယ်က(40'x60')ပေ၊ ပါမစ် အမည်ပေါက်က "အဖေနဲ့အမေ"၊ စီးပွားရေးအခက်အခဲဖြစ်လို့ (20'x60')ကို ခွဲရောင်းလိုက်တယ်။ ပါမစ်မူရင်းကို ပေးလိုက်ရတယ်။ အခုလက်ထဲက ပါမစ်မိတ္တူကလည်း အဒေါ်ဆီမှာ ရှိနေတယ်။ အဖေကတော့ ကွယ်လွန်သွားပြီ။ အမေက သက်ရှိထင်ရှား ရှိသေးတယ်။ ကျန်တဲ့ (20'x60') မြေကွက်ပေါ်မှာ ရှိနေရင် ပိုင်ဆိုင်မှု ခိုင်မာပါတယ်။
အခု "အမေ" က မြေကွက်ကို ရောင်းပြီး "အောင်အောင်" တို့မောင်နှမတွေကို ခွဲဝေပေးချင်တာပေါ့နော်။ ဒီတော့ အဒေါ်ရဲ့ထံမှာရှိတဲ့ ပါမစ်မိတ္တူက အစစ်မဟုတ်လို့ အရေးမကြီးပါဘူး။ အဲ့ဒီပါမစ်မိတ္တူကိုင်ထားရုံနဲ့ မြေကွက် ပိုင်ရှင် မဖြစ်ပါဘူး၊ လက်ရှိမြေပေါ်မှာရှိနေတဲ့ အဒေါ်နဲ့ အမေတို့ကို ရပ်ကွက်ရုံးမှာခေါ်ပြီး ညှိနှိုင်းသင့်တယ်။ ပါမစ် အမည်ပေါက် အဖေနဲ့အမေ ဖြစ်ရင် အဖေ ကွယ်လွန်တာနဲ့ ကျန်ရစ်သူ အမေက အလိုလို ပိုင်ပါတယ်။ သားသမီးတွေ ဆိုတာကလည်း အမေက ပေးမှသာ ရမှာပါ။ အမေတစ်သက် အဲ့ဒီမြေပေါ်မှာ နေနိုင်တယ်။ သားသမီး နဲ့ မဆိုင်ဘူး။ သားသမီး ပင် ဖြစ်ပါစေ၊ အမေ ပေးမှ ယူလို့ရတာပါ။ အဘိုးအဘွား အဒေါ် နဲ့ ဘာမှ မဆိုင်ပါဘူး။ အမေက ခွဲဝေပေးချင်တယ်ဆိုရင်တော့ ကာလပေါက်ဈေးအတိုင်း ရောင်းလို့ရပါတယ်။ ဝယ်သူအနေနဲ့လည်း ပါမစ်မိတ္တူကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ မြေချပါမစ် အစစ်ကိုသာ ကြည့်ချင်မှာပါ။ ပါမစ်အစစ်ကို ကြည့်ချင်တယ်ဆိုရင် မူရင်းကိုင်ထားသူထံမှာ ကြည့်ခိုင်းလိုက်ရုံပါပဲ၊ ဝယ်သူကို မိတ္တူတစ်စုံလောက် ကူးပေးလိုက်ပါလို့ အကူအညီတောင်းလိုက်ရမှာပါ။ ပါမစ်မူရင်းကိုင်ထားသူတွေကိုလည်း ပြောပြလိုက်ပါ။ အခု အဖေ မရှိတော့ဘူး။ အမေ တစ်ယောက်ပဲ ကျန်တော့တယ်။ အမေ သေသွားရင် ခင်ဗျားတို့ မြေငှားဂရန်လုပ်ဖို့ ခက်သွားလိမ့်မယ်။ သားသမီးတွေက ဝင်နှောက်ယှက်နိုင်တယ်။ ဒါကြောင့် အမေ သက်ရှိထင်ရှားရှိစဉ်မှာ (20'x60') ဝယ်ထားသူ နှစ်ဦး ပေါင်းပြီး မြေငှားဂရန် လုပ်ထားရင် အကောင်းဆုံးပဲ လို့ အကြံပေးလိုက်ပေါ့။ ပြီးတော့မှ ပထမဂရန်တစ်ဝက် ကိုင်ထားသူနဲ့ နောက်ဝယ်သူတို့ နှစ်ယောက်ပေါင်းပြီး အနှစ်(၆၀)ဂရန် လုပ်လိုက်ရင် သားစဉ်မြေးဆက် ပိုမို ခိုင်မာသွားတာပေါ့လို့ ရှင်းပြလိုက်ရင် သဘောပေါက်မှာပါ။ ပြီးတော့မှ ပထမ (20'x60') နဲ့ ဒုတိယ ဝယ်သူ (20'x60') တရားဝင်ပိုင်ဆိုင်ခွင့်ရသွားစေရန် "ဂရန်ခွဲ" လျှောက်လိုက်ရတယ်။ (20'x60') တစ်ဝက်စီ ဂရန်ခွဲထွက်လာတာနဲ့ ပထမဝယ်သူက ဂရန်စာအုပ်တစ်အုပ် ဒုတိယဝယ်သူကလည်း (20'x60') ခွဲခြားပေးထားပြီး၊ ဂရန်စာအုပ် တစ်ယောက်တစ်အုပ်စီ ကိုယ်စီကိုယ်ငှ ကိုင်ဆောင်သွားနိုင်တာပေါ့ လို့ ရှင်းပြလိုက်ပါ။ အနှစ်(၆၀) ဂရန် လျှောက်ရင်တော့ ရန်ကုန်မြို့တော်ခန်းမလာပြီး လျှောက်လို့ရပါတယ်။ ဒါဆိုရင် အဒေါ်ဆီမှာ ရှိတဲ့ ပါမစ်မိတ္တူကို တောင်းစရာမလိုလည်းမလိုတော့ဘူးပေါ့။ ပါမစ်ကတစ်ဆင့် အနှစ်(၆၀)ဂရန်၊ ဂရန်ကိုယ်စီကိုယ်ငှရပြီးရင် ကိုယ့်ဝန်းကိုယ့်ခြံနဲ့ နေနိုင်သွားပြီပေါ့။ အခုပြောင်းတာတွေက မြေကွက်ပေါ်မှာ အောင်အောင် တို့ မိသားစု ရှိနေရင် လွယ်ကူတဲ့ နည်းလမ်းကို ပြောပြတာ။ အခု အဒေါ်လုပ်သူကလည်း ရှိနေတော့ ရောင်းချပြီး ခွဲဝေယူကြတာ အကောင်းဆုံးပေါ့။ နှစ်ဘက် ညှိနှိုင်းဖို့ဆိုတာ လောလောဆယ် မဖြစ်နိုင်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ နှစ်ဘက် ညှိနှိုင်းပေးဖို့ အကူအညီတောင်းကြည့်ပေါ့။ အဆင်ပြေနိုင်ပါတယ်။ အဖိုးအဖွား ပိုင်တဲ့ စာရွက်စာတမ်း အထောက်အထား မရှိရင် အဒေါ်တစ်ယောက်အနေနဲ့ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ရပ်ကွက်ရုံးနဲ့တင် မပြေလည်ဘူးဆိုရင်တော့ အဒေါ်ဖြစ်တဲ့သူကို တရားစွဲရတော့မှာပဲ အချင်းဖြစ်မြေကွက်အတွင်းမှ ဖယ်ရှားပေးပြီး မြေကွက်ကို လက်ရောက်ပေးစေလိုမှုဆိုပြီး တရားစွဲတောင်းရမယ့် အဆင့်ေ၇ာက်သွားပါလိမ့်မယ်။ အဲ့ဒီလို တရားစွဲရင်တော့ ပါမစ်မူရင်း ကိုင်ထားသူကိုလည်း သက်သေအဖြစ် ခေါ်ယူဖြေရှင်းမှသာလျင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ အကြံပေးလိုက်ပါတယ်။ လောလောဆယ် တရားစွဲတဲ့ အဆင့်မရောက်သေးမီမှာ ဒီမြေကွက်ရဲ့ ပိုင်ရှင်တွေက ပါမစ်မူရင်းကိုင်ထားသူနဲ့ ပါမစ်မိတ္တူကိုင်ထားသူ နှစ်ဦးသာ ပိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်၊ ကျွန်မတို့ မသိဘဲ အခြားသူတစ်ဦးမှ ဂရန်သစ် လျှောက်ထားလာပါက "ခွင့်မပြုပါ၊ ကန့်ကွက်ပါသည်" ဆိုတဲ့ လျှောက်လွှာရေးပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစည်မံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာန "မြို့တော် ခန်းမ" မှာ ပိုင်ရှင်နှစ်ယောက်သွားပြီး ကန့်ကွက်လွှာ တင်သွင်းထားပါလို့ ထပ်လောင်း အကြံပြုလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)