1554 ကြိမ် ကြည့်ရှု့ပြီး

ဆရာရှင့် ကျွန်မတိုက်ခန်းတခန်းဝယ်မိပါတယ်1. GP ပေးအပ်ခံရသူ မြေရှင်သမီး ထံမှ 2014 တွင်Daw A ကကြိုပွိုင့်ဝယ်ပါတယ်...bcc တွက်ငွေချန်ပါတယ်.Daw A မှ Daw B ကို ပေါင်ရောင်းရောင်းပါတယ်...ကျွန်မက Daw B ဆီက ဝယ်တာပါ ...အခုbcc ကျတော့မှာမို့ ငွေချေမယ်လုပ်တော့မှ မြေရှင်ဘက်က သူတို့သမီးက လိမ်လည်ပြီး ငွေအပြည့် မအပ်ခဲ့ကြောင်း... လက်ရှိအိမ်ဂရန်နဲ့အခန်းတွေလည်း.ပေါင်ထားလို့..သမီးဖြစ်သူနဲ့အမှုဖြစ်နေကြောင်း...GPလည်းရုပ်ထားကြောင်း...၄င်းတို့မရလိုက်တဲ့ငွေကို ကျွန်မပေးမည်ဆိုပါက အခန်းအပ်မည်ဖြစ်ကြောင်း..မဟုတ်ပါက သူတို့သမီးနဲ့သာ သွားရှင်းစေလိုကြောင်း...ကျွန်မကလည်း ပိုပေးရန်ငွေမရှိပါ..တရားစွဲပါက ဘာဖြစ်နိုင်ပါသလဲ..ယေဘုယျ အားဖြင့် ယခုအမှုမျိုးသည် ဘယ်လောက်ကြာပါသလဲ...အိမ်ငှားနေရလို့ပါ ..တကယ်လို့..သူ့မိသားစုကလည်း..တာဝန်မယူ ...သူတို့သမီးကလည်း ဘာမှ မလုပ်ပေးပါက ကျွန်မ ဆုံးရှုံးရမှာလား..DawA.Bကိုလည်းမဆက်သွယ်ဖြစ်ပါ...ကျေးဇူးပြု၍ဆရာဖြေကြားပေးပါနော်...တရားဥပဒေအရ ဘာဖြစ်နိုင်ပါသလဲ...ကျွန်မ အရမ်းသောကရောက်နေလို့ပါ.

မေးသူ - မမိုးရင်
မမိုးရင်ရဲ့ အဖြစ်ကလည်း သောကရောက်စရာပဲလေ။ ကြို ပွိုင့်ဆိုတဲ့ သဘောက ဘယ်နှစ်ဆင့် ပဲရောင်းရောင်း ရောင်းသူက မြေရှင်အမည်ပေါက်ထံ ခေါ်သွားပြီး နောက်တစ်ဦးကို ခေါင်းပြောင်းပေးရတယ်လေ။ ပါဝါရထားသူ သမီးဆိုပေမဲ့ မြေရှင်အမည်ပေါက်ကသာ အဓိကဖြစ်တာပါ။မြေရှင်က ခုတော့လည်း "သူလွှဲချ" "ငါ့လွှဲချ" လုပ်နေတယ်ပေါ့။ ဥပဒေအရ ပြောရရင် ပထမ ဆုံးတာဝန်ရှိတာက မမိုးရင် ရောက်သွားတဲ့ "B" ရဲ့အပေါ် မှာ တာဝန်ရှိတယ်။
လက်ရှိအနေအထားအရဆိုရင်တော့ မြေရှင်နဲ့ညှိယူတာက အကောင်းဆုံးပါပဲ။ ညှိတဲ့အခါ တောင်းတဲ့အတိုင်း ဘယ်ပေးနိုင်မှာလည်း။ "ပျားလည်းစွဲသာ၊ ရှဥ့်လဲေ လျှာက်သာ"သဘောမျိုး သူ့ဘက် ကိုယ့်ဘက် ညှိနှိုင်း သင့်တာပေါ့။ဒီလိုညှိနှိုင်းတဲ့အခါမှာလည်း နောက်တစ်ကြိမ် အလိမ်မခံရအောင် အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရှေ့ မှာ နှစ်ဘက်ညှိနှိုင်းသင့်ပါတယ်။ဒီလိုမဟုတ်ဘဲ တရားစွဲမယ်ဆိုရင်တော့ "သစ်မရခင်စပ်ကြား၊ ဝါးပေါင်ကွပ်" ဆိုတဲ့ စကားလို လိမ်သွားတဲ့ သူ့သမီးထံက ငွေမရခင် စပ်ကြား ကိုယ့်ဘက်က ရှေ့နေငှားရမ်းစရိတ် ၁၅သိန်းေ လာက် ပေးရမယ်။ တရားရုံးစရိတ် သွားလာစရိတ်တွေ ကုန်ဦးမယ်။ အမှုကလည်း (၂)နှစ်လောက်တော့ ကြာသွားနိုင်တယ်။ အမှုနိုင်သွားလို့ ငွေပြန်ပေးဖို့ သူ့သမီးထံမှာ တောင်းပေမယ့် ပေးစရာမရှိရင် တရား မထောင်မှာ ချပေးဖို့ ထပ်လျှောက်ရဦးမယ်။ ဒါက တရားမမှုခွဲတာ လို့ ခေါ်တယ်။ အဲဒီလို တရာစွဲပြီဆိုရင် "B" ကို နံပါတ်တစ်ထားပီး "A" နဲ့ "မြေရှင်" ရော သူရဲ့သမီးအားလုံး တရားပြိုင်ထားပြီး စွဲရတယ်။ဒါမှ ဂွင်းဆက်မိမှာပေါ့။ တစ်ယောက်ယောက်ကျန်သွားရင် ဂွင်းဆက်ပြတ်သွားလို့ အမှု ပ,လပ်ခဲ့ရတတ်တယ်။ဒါကိုပဲ ဥပဒေလို့ပြောရင် "တရားပြိုင်စုံ"တယ်လို့ ခေါ်တာပေါ့။ နောက်တစ်ခု အကြံပေးချင်တာက မြေရှင်က သမီးထွက်ပြေးလို့ အမှုရင်ဆိုင်တာတွေက BCC တိုက်ခန်းရဖို့ ကိစ္စကြိုးစားကြည့်တာလေ။တကယ်တမ်း အခြေခံပြန်ကြည့်ရင် မမိုးရင် ဝယ်လိုက်တာက ကြိုပွိုင့်ရောင်းသူ "B" ထံက ဝယ်လိုက်တာလေ။"B"မှာ တာဝန်ရှိတယ်။ "B"ထံမှာ မမိုးရင်ပေးထားတဲ့ ငွေေ တွ ပြန်တောင်းရမယ်။ စာချုပ်ထဲမှာ ပါတိုင်း အရှုပ် အ ရှင်းဖြစ်ပေါ်လာရင် ရောင်းသူ "B" က ရှင်းပေးရမှာလေ။ "B" ကို မမိုးရင် ဆက်သွယ်ပါ။ ဒီအကြောင်းေ တွ ပြောပြပေးပါ။ "BCC" ရတဲ့အ ထိ ဆောင်ရွက်ပေး ပါလို့ တောင်းဆိုရမယ်။ သူနဲ့မဆိုင်ဘူးလို့ပြောရင်လိမ်လည်ရောင်းချသလို ဖြစ်မသွားဘူးလား။ ဒါဆိုရင် မမိုးရင်ပေးအပ်ထားတဲ့ ကြိုပွိုင့် တိုက်ခန်းဖိုးငွေတွေ ပြန်ပေးဖို့ တောင်းဆိုရမယ်။ မမိုးရင် ကိုယ်တိုင်ဖြေရှင်းရဖို့ ခက်ခဲရင် "B" နေထိုင်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာ ခေါ်ပြီး ပြန်တောင်းပေါ့။ညှိနှိုင်းမှု အဆင်ပြေသွားရင် အကောင်းဆုံးပါပဲ၊ အဆင်မပြေခဲ့ရင် ငွေပြန်လည်ရလိုမှုလို့ခေါ်တဲ့ တရားမမှုနဲ့ဖြစ်စေ၊ လိမ်လ ည်မှုနဲ့ဖြစ်စေ၊ တရားစွဲရတော့မှာပေါ့။ လိမ်လိည်မှုနဲ့ တရားစွဲမယ်ဆိုရင် လိမ်လည်မှြုေ မာက်/မမြောက် အဲ့ဒီမြေကွက် တည်ရှိရာ မြို့နယ် ဥပဒေရုံး မှာဖြစ်စေ၊ မြို့နယ်ရုံးမှာဖြစ်စ၊ ရှေ့ပြေးသွားရောက်ပြီး အကြံ ဥာဏ်တောင်းသင့်ပါတယ်။ ဒါဆိုရင်အကောင်းဆုံးအကြံဥာဏ်ကောင်းရမှာဖြစ်တဲ့အတွက် အချိန်ကုန် လူပမ်း ငွေကြေးကုန်လှခြင်းတို့မှ ကင်းဝေး မှာဖြစ်ပါတယ် လို့ ဖြေကြားလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)