835 ကြိမ် ကြည့်ရှု့ပြီး

ကျွန်မ သိချင်တာလေးကို တခုလောက်မေးပါရစေရှင့် .. ၁၉၇၀ ခုနှစ် ဦးနေဝင်းခေတ်တုန်းက ပြည်သူပိုင်သိမ်းပိုက်ခံလိုက်ရတဲ့မြေကွက်ကို ပြန်လည်လိုချင်လို့ ဘယ်လိုလုပ်ရမလည်းရှင့်... အဲမြေကွက်ပေါ်မှာလည်း ခုထိ လူသူမနေသလို တစ်ခြားသော လုပ်ရုံ လုပ်ငန်းစီးပွားရေးကိုလည်း တစ်ဦးတယောက် မျှ အသုံးချထားခြင်းလည်းမရှိသေးပါဘူးရှင့် .. ဧက နီးပါလောက်ကျယ်တဲ့ ရန်ကုန်မြို့လယ်တွင် တည်ရှိနေသေးတဲ့ အကွက်တကွက်ဖြစ်ပါတယ်ရှင့် ... ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမလည်းဆိုတာ နည်းလမ်းကောင်းပေးတာဘဲဖြစ်ဖြစ် .. စပ်တူလုပ်ဆောင်တာဘဲဖြစ်ဖြစ် အကောင်းဆုံးနည်းလမ်းကို ပေနိုင်ပါ့မယ်လို့မျှော်လင့်ထားပါတယ်ရှင့်... ကျေးဇူးတင်ပါတယ်ရှင့်...

မေးသူ - Ma Nan Maw
ဦးနေဝင်းခေတ်တုန်းက ပြည်သူပိုင်သိမ်းခံလိုက်ရတဲ့ ရန်ကုန်မြို့လယ်က မြေကွက်ကို ပြန်လိုချင်တယ်ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနမှာ လျှောက်ရမယ်လို့ သိရပါတယ်။
အကောင်းဆုံးကတော့ မနန်းမော်ရဲ့ လက်ထဲမှာ မိဘဘိုးဘွားလက်ထက်က မြေပိုင်ဆိုင်မှု အဆက်အစပ် စာရွက်စာတမ်းတွေ ရှာဖွေစုဆောင်းပြီး အဲ့ဒီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူးထံမှာဖြစ်စေ၊ မြို့နယ်ဝန်ဆောင်မှုရုံး (OSS) ခန်းမမြှာ ဖစ်စေ သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ် ထံမှာ ပြ သပြီး မေြး မန်းစုံစမ်းသင့်ပါတယ်။ ဒါဆိုရင် နည်းလမ်းသစ် အတွေး သစ် ရလာနိုင်ပါတယ်။ ရန်ကုန်မြို့လယ်က မြေကွက်တော်တော်များများကို ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(ယခုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) ရှိရာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းမှာရှိတဲ့ အိုအိမ်ရုံး အိမ်ရာဌာနနခွဲတို့မှာလည်း စုံစမ်း ကြည့်သင့်ပါတယ်။ အစိုးရမြေ မဖြစ်သေးတဲ့ အခုထိ မနန်းမော်တို့ မိသားစု အမည်ပေါက်ရှိနေသေးတယ်ဆိုရင်တော့ ပြန်ရနိုင်ပါတယ်။ နှစ်ကြာ ကြာတော့ ကြိုးစားယူရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ချိန်က မနန်းမော်တို့ မိဘတွေရဲ့ ဂရန်အ မည်ပေါက် မြေချထားပေးခဲ့သော်လည်း အဲ့ဒီဂရန်မြေက ဂရန်သက်တမ်းကုန်သွားရင် (ဥပမာ-နှစ် ၉၀ ပြည့် သွား ရင် ) ပြန်လျှောက်သူမရှိတဲ့အခါ ပုဂ္ဂလိကမြေကနေ အစိုးရြေ မဖြစ်သွားတတ်တာမျိုး ရှိတတ်လို့ အမြန်စုံ စမ်းမေးမြန်ြး ကည့်ပါလို့ အကြံပေးလိုက်ပါရစေ၊ စပ်တူဆောင်ရွက် ဖို့ကတော့ မောင်ကောင်းဖေမှာ အဆက်အသွယ်ကောင်း မရှိသလို အစွမ်းအစလဲမရှိပါဘူးလို့ ဖြေကြားလိုက်ပါတယ်။ ကိုယ့်အရည်အချင်း ထုတ်ဖော်ပြောလိုက်ရတာ ကြွားသ လိုများ ဖြစ်သွားမလားမသိဘူးနော်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)