4602 ကြိမ် ကြည့်ရှု့ ပြီး

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ (၂)

 

၁၀။ စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ရန်အလို့ငှာ စုပေါင်းပိုင်မြေ အဖြစ် မှတ်ပုံတင်လိုသည့် မြေသည် -
(က)    တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက် လုပ်ခွင့် ရှိရမည့်အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေ အမျိုးအစားဖြစ်ရမည်။
(ခ)    မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးတွင် စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီး ဖြစ်ရမည်။
(ဂ)    မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း က သတ်မှတ်ထားသည့် အချက်များနှင့်အညီ ဖြစ်ရမည်။
(ဃ)    မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည်။
၁၁။ ၀န်ကြီးဌာနသည် စုပေါင်းပိုင်အဆောက်အအုံတစ်ခုဖြစ်ရန် သတ်မှတ်အထပ်အရေအတွက်၊ အိမ်ခန်းအရေအတွက်၊ လုံလောက်သော ယာဉ်ရပ်နားရန် နေရာနှင့် စုပေါင်းပိုင်သူများအသုံးပြုရန် စီမံထားရှိရ မည့် စုပေါင်းပိုင်ပစ်္စည်းများနှင့် ယင်းအဆောက်အအုံနှင့် ပစ်္စည်းများ၏ နည်းပညာအဆင့်အတန်း၊ လုံခြုံရေးနှင့် ဘေးအန်္တရာယ်ကင်းရှင်းရေး ဆိုင်ရာများ အပါအ၀င် လိုအပ်သည့် စံချိန်စံညွှန်းများကို သတ်မှတ်ထား ရမည်။
၁၂။ (က) ဤဥပဒေအာဏာမတည်မီက ဆောက်လုပ်ပြီးစီးသော အဆောက်အအုံ သို့မဟုတ် ဆောက်လုပ်ဆဲဖြစ်သော စုပေါင်းပိုင်အဆောက်အအုံများသည် ဤဥပဒေပါ ပြဋ္ဌာန်း ချက် ပုဒ်မ ၉ နှင့် ၁၀ တို့နှင့်အညီ မှတ်ပုံတင်ရန် သက်ဆိုင် ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။
(ခ)    သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ(က)အရ လျှောက်ထားသည့် စုပေါင်းပိုင်အဆောက်အအုံကို ဤဥပဒေအရ မှတ်ပုံတင်ပေးနိုင်ရန် ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လိုအပ်သည့် အချက်များကို ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားခြင်းပြုနိုင် သည်။
၁၃။(က) စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူအဖြစ် လုပ်ကိုင်လို သူသည် သတ်မှတ်ထားသည့် အနည်းဆုံး မတည်ငွေရင်းရှိရ မည့်အပြင် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။
(ခ)    သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ (က)အရ လုပ်ငန်းလိုင်စင် လျှောက်ထားချက်ကို စိစစ်၍ သတ်မှတ်ချက်များ နှင့် ညီညွတ်ပါက လုပ်ငန်းလိုင်စင်ကြေးပေးဆောင်စေပြီး စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားသူအား လုပ်ငန်းလိုင်စင်ထုတ်ပေးရမည်။ သို့မဟုတ် သတ်မှတ်ချက်များ နှင့် မညီညွတ်ပါက လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းဆိုနိုင် သည်။
(ဂ)    တည်ထောင်သူသည် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်လိုပါက သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားနိုင်သည်။
၁၄။(က) တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံကို တည် ထောင်လိုပါက စုပေါင်းပိုင်မြေနှင့် အဆောက်အအုံတစ်ခုဖြစ် ရန် လိုအပ်သော အထောက်အထားများနှင့်အတူ မြေနှင့် အဆောက်အအုံပုံစံ၊ စုပေါင်းပိုင်မြေနှင့် အဆောက်အအုံတွင် ပါရှိမည့် စုပေါင်းပိုင်ပစ်္စည်းများနှင့် မူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုးတို့ကို ပူးတွဲတင်ပြ၍ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။
(ခ)    သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ (က)အရ တင်ပြလျှောက်ထားချက်အပေါ် ခွင့်ပြုချက်ကို ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၁၅။ တည်ထောင်သူသည်-
(က)    ပုဒ်မ ၁၄ အရ ထုတ်ပေးသော ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီးသော စုပေါင်း ပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်ချက်များ နှင့်အညီ ဆောက်လုပ်ရမည်။
(ခ)    စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်။
(ဂ)    ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် နိုင်ငံတော်ကိုယ်စား အစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့ မဟုတ် စည်ပင်သာယာရေးအဖွဲ့တစ်ခုခုက ထိန်းသိမ်းစောင့် ရှောက်ခွင့်ပြုထားသော မြေတစ်ခုခုအပေါ်တွင် စုပေါင်းပိုင် အဆောက်အအုံကို ဤဥပဒေနှင့်အညီ တည်ထောင်ဆောက် လုပ်နိုင်သည်။

အခန်း(၆)
မှတ်ပုံတင်ခြင်း
၁၆။(က)    ၀န်ကြီးဌာနသည် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာ စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို ဤဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန် သက်ဆိုင်ရာ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိများကို ခန့်အပ် တာဝန်ပေးရမည်။
(ခ)    တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံတည်ထောင် သည့် စာချုပ်စာတမ်းကို သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တွင် မှတ်ပုံတင်ရမည်။
(ဂ)    မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံတည်ထောင် သည့် စာချုပ်စာတမ်းကို စိစစ်ပြီး သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ပေးရမည်။
(ဃ)    စုပေါင်းပိုင်မြေကို မူလပိုင်ဆိုင်သူက စုပေါင်းပိုင်မြေအဖြစ် အမည်လွှဲပြောင်းရေးအတွက် သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ဆောင်ရွက်ရမည်။
၁၇။ စုပေါင်းပိုင်မြေအဖြစ် သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီးသောမြေသည် မည်သည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ်္ဂိုလ်၏ အမည်နှင့်မျှ ပိုင်ဆိုင်ခွင့်မရှိစေရဘဲ စုပေါင်းပိုင်သူအားလုံးနှင့် အကျိုးသက်ဆိုင်သော စုပေါင်းပိုင်မြေအဖြစ်သာလျှင် တည်ရှိစေရမည်။
၁၈။ တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီး စီး၍ တည်ဆဲဥပဒေနှင့်အညီ နေထိုင်ခွင့်ရရှိပါက စုပေါင်းပိုင်အဆောက် အအုံ တည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ရမည်။
၁၉။ မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင် သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကိုလည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကိုလည်းကောင်း သတ်မှတ် ချက်များနှင့်အညီ မှတ်ပုံတင်၍ အိမ်ခန်းအလိုက် အိမ်ခန်းမှတ်ပုံတင် လက်မှတ်များကို တည်ထောင်သူအား ထုတ်ပေးပြီး အိမ်ခန်းမှတ်ပုံတင် လက်မှတ်မိတ်္တူကို ထိန်းသိမ်းထားရမည်။ တည်ထောင်သူသည် ယင်း အိမ်ခန်းများကို ပုဒ်မ ၂၀ အရ လွှဲပြောင်းသည့်အခါ အိမ်ခန်းလက်ခံ ရရှိသူသို့ သက်ဆိုင်ရာ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ကို လွှဲပြောင်းပေးရမည်။
(က) ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းနှင့် လဲလှယ်ခြင်း၊
(ခ)    ရောင်းချခြင်း၊
(ဂ)    နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့် သို့မဟုတ် ဒီကရီအရ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်း။
၂၁။ (က) တည်ထောင်သူသည် သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးတွင် မှတ်ပုံတင်သည့် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင် အဆောက်အအုံအဖြစ် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်သည့် စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန် ကို ထမ်းဆောင်ရမည်။
(ခ)    ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းကို လွှဲ ပြောင်းလက်ခံရရှိသူသည် လွှဲပြောင်းသည့် စာချုပ်စာတမ်း အတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအပ်ဥပဒေအရ သတ်မှတ် ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။
၂၂။ ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းသည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်သည့်အခါ-
(က)    လွှဲပြောင်းလက်ခံရရှိသော စုပေါင်းပိုင်သူသည် သတ်မှတ်ချက် များနှင့်အညီ မှတ်ပုံတင်ခကို ပေးဆောင်ရမည်။
(ခ)    မှတ်ပုံတင်အရာရှိသည် အိမ်ခန်းလွှဲပြောင်းသည့် စာချုပ် စာတမ်းများကို သီးခြားမှတ်ပုံတင်စာအုပ်ဖွင့်လှစ်ပြီး သတ်မှတ် ချက်များနှင့်အညီ မှတ်ပုံတင်၍ အိမ်ခန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
၂၃။ စုပေါင်းပိုင်သူသည် မိမိပိုင်အိမ်ခန်းကို ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်း တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပြီးနောက် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်သည့် ကာလထက်ကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင် မှတ်ပုံတင်ခ အပြင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက သတ်မှတ်သော ဒဏ်ကြေး ကိုလည်း ပေးဆောင်ရမည်။

အခန်း(၇)
တည်ထောင်သူများ၏ အခွင့်အရေးနှင့်တာဝန်များ
၂၄။ တည်ထောင်သူ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်
(က)    သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပူးတွဲ တည်ထောင်သူ ခန့်အပ်ဆောင်ရွက်နိုင်ခြင်း။
(ခ)    စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်မပြီးမီ အိမ်ခန်းများ ကို ကြိုတင်ရောင်းချနိုင်ခြင်း၊
(ဂ)    စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခြင်း။
၂၅။ တည်ထောင်သူ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်
(က) သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထား သော စုပေါင်းပိုင်မြေတွင်သာ စုပေါင်းပိုင်အဆောက်အအုံကို ဆောက်လုပ်ခြင်း၊
(ခ)    သတ်မှတ်ထားသော အနည်းဆုံး မတည်ငွေရင်းရှိရမည့်အပြင် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားခြင်း၊
(ဂ)    လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်လိုပါက သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ခြင်း၊
(ဃ)    စုပေါင်းပိုင်မြေကို သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး တွင် မှတ်ပုံတင်၍ စုပေါင်းပိုင် အဆောက်အအုံတည်ထောင် သည့် စာချုပ်စာတမ်းကို သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံ တွင် မှတ်ပုံတင်ခြင်း၊
(င)    စုပေါင်းပိုင်အဆောက်အအုံတည်ထောင်လိုပါက စုပေါင်းပိုင်မြေ နှင့် စုပေါင်းပိုင်အဆောက်အအုံတစ်ခုဖြစ်ရန် လိုအပ်သော အထောက်အထားများနှင့်အတူ မြေနှင့် အဆောက်အအုံပုံစံ စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံတွင်ပါရှိမည့် စုပေါင်းပိုင်ပစ်္စည်းများနှင့် မူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုး တို့ကို ပူးတွဲတင်ပြ၍ ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားခြင်း၊
(စ)    ခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်ပြီးသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ခြင်း၊
(ဆ)    စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ တည်ဆဲ ဥပဒေများနှင့်အညီ နေထိုင်ခွင့်ရရှိပါက စုပေါင်းပိုင်အဆောက် အအုံတည်ထောင်သည့် စာချုပ်စာတမ်းနှင့်စာတမ်းအမှတ် အသားများကို မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ခြင်း၊
(ဇ)     ပူးတွဲတည်ထောင်သူနှင့် သက်ဆိုင်သော အကြောင်းအရာများကို စီမံခန့်ခွဲရေးကော်မတီသို့ အကြောင်းကြားခြင်း၊
(ဈ)    အိမ်ခန်းကို နိုင်ငံခြားသားအား ရောင်းချလျှင် စတင်ရောင်းချ သည့်အချိန်တွင် မှတ်ပုံတင်အရာရှိထံ အကြောင်းကြားခြင်း၊
(ည)    အိမ်ခန်းကို နိုင်ငံခြားသားအား ရောင်းချလျှင် နိုင်ငံခြားမှ တရားဝင်ငွေလွှဲပို့သော နိုင်ငံခြားငွေဖြင့်သာ ရောင်းချခြင်း၊
(ဋ)    စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်စံချိန်စံညွှန်နှင့် ညီညွှတ်စေရန်လည်းကောင်း၊ သတ်မှတ်ထားသည့် အဆောက် အအုံ အစိတ်အပိုင်းများ ပြည့်စုံစွာပါရှိစေရန်လည်းကောင်း ဆောင်ရွက်ခြင်း၊
(ဌ)    စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံ တင်သည့် စာချုပ်စာတမ်းအတွက် တည်ဆဲဥပဒေနှင့်အညီ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်း။

ပြည်ထောင်စုလွှတ်တော်တို့ အတည်ပြုချက်အရ အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

Credit: iMyanmarHouse

အခြား အိမ်ခြံမြေ ဥပဒေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)