5864 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံမြေသမားတွေ လေ့လာသိရှိထားသင့်တဲ့ ဥပဒေများ (၆)

 

ပုဒ်မ (၂၂) - မည်သူမဆို ပုဒ်မ (၂၀) ပုဒ်မခွဲ(၁)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂) သို့တည်းမဟုတ် ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) (၂) (၃) သို့တည်းမဟုတ် ပုဒ်မခွဲ(၅) ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျှင် သုံးလထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၂၀၀၀၀ိ/- အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
သို့ရာတွင် ကြီးကြပ်ရေးဝန်သည် ဤပုဒ်မအရဖြစ်သော ပြစ်မှုကို တစ်ဦးတစ် ယောက်သောသူ ကျူးလွန်သည့်သတင်းကို ရရှိသည့်အခါ စုံစမ်းစစ်ဆေးမှုပြုလုပ်၍ ပြစ်မှုကျူးလွန်သူကို တရားရုံးတွင် တရားစွဲဆို စေနိုင်သည်။

ပုဒ်မ ၂၃ (၁) - တစ်ဦးတစ်ယောက် သောသူသည် ပုဒ်မ (၂၂) အရဖြစ်သော ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်အခါတိုင်း၊ သို့တည်းမဟုတ် ပြစ်မှုကို အားပေးကူညီသည့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်အခါတိုင်း၊ သက်ဆိုင်ရာ“ဥပစာ”တွင် နေထိုင်ရန် ကြီး ကြပ်ရေးဝန်က ခွင့်မပြုထားသော အိမ်ငှား များသည် သို့တည်းမဟုတ် နေထိုင်သူများ သည် “အဆောတလျင်နှင်ထုတ်ခြင်း”ခံရ မည်။

ပုဒ်မ ၂၃ (၂) - ဤပုဒ်မရှိ ပုဒ်မခွဲ(၁)အရဖြစ်စေ၊ ပုဒ်မ (၂၁) ပုဒ်မခွဲ(၇) အရဖြစ် စေ၊ အဆောတလျင်နှင်ထုတ်ခြင်းခံရမည့် အိမ်ငှားများကို သို့တည်းမဟုတ် နေထိုင်သူများ ကို နှင်ထုတ်ရန်ကိစ်္စအလို့ငှာ ကြီးကြပ်ရေး ၀န်သည် ထိုအိမ်ငှားများအပေါ် သို့တည်း မဟုတ် နေထိုင်သူများအပေါ် “နို့တစ်စာ” ချအပ်၍ အဆိုပါ နို့တစ်စာရရှိသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း အဆိုပါ ဥပစာမှ ၎င်းင်းတို့နှင့် ၎င်းင်းတို့၏ ပစ်္စည်းများကို ပြောင်းရွှေ့ရန် ဆင့်ဆိုရမည်။ အကယ်၍ အိမ်ငှား သို့တည်းမဟုတ် နေထိုင်သူတစ်ဦး ဦးက အဆိုပါ အချိန်အတွင်း အဆိုပါ နို့တစ်စာအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ကြီးကြပ်ရေး ၀န်သည် ထိုသို့ပြောင်းရွှေ့ခြင်းကို အတင်းအကြပ် ပြုလုပ်စေရန် ခရိုင်ရဲမှူးအား ဆင့်ဆိုနိုင် သည်။ ခရိုင်ရဲမှူးက ၎င်းင်းတို့၏ ပစ်္စည်းများ ကို ဥပစာမှ ပြောင်းရွှေ့စေရမည့်ပြင် ဥပစာအတွင်း ၀င်ရောက်ခြင်း၊ ဆက်လက် နေထိုင်ခြင်း၊ မပြုရအောင် အရေးယူဆောင် ရွက်ရမည်။

ပုဒ်မ ၂၄။    ။ ပုဒ်မ(၂၀)(၂၁)နှင့် (၂၃)ပါ ပြဋ္ဌာန်းချက်များသည် တည်ဆဲ ဥပဒေတစ်ခုခုတွင် ဆန့်ကျင်ကွဲလွဲ ချက် မည်သို့ပင်ပါရှိစေကာမူ အတည်ဖြစ် စေ ရမည်။
ပုဒ်မ ၂၅(၁)။    ဤအက်ဥပဒေ စတင် အာဏာတည်ပြီးသည့်နောက် “ငှားရမ်းခ” အတွက် ငွေတစ်ရပ်ပေးပြီး ဖြစ် သည့်ကိစ်္စတွင် ထိုငွေမှာ ဤအက် ဥပဒေ ပါပြဋ္ဌာန်းများကြောင့် “အရမတောင်း ခံနိုင်သည့်ငွေ” ဖြစ်လျှင် ထိုငွေကိုပေးသည့် နေ့ရက်နောက် ခြောက် လအတွင်းမည့်သည့် အခါမဆို၊ ထိုငွေပေး သည့် အိမ်ငှားမှာ ထိုငွေကိုလက်ခံသည့် အိမ်ရှင်ထံမှအရ တောင်းခံနိုင်ခွင့် ရှိစေရ မည့်ပြင် အခြား အရတောင်းခံနည်းတစ် ခုခုကို မထိခိုက်စေဘဲ ထိုအိမ်ငှားက ထိုအိမ်ရှင်အား “ခြောက်လ”..အတွင်း ပိုမိုပေးရမည့် “ငှားရမ်းခ” ထဲမှနှိမ်နိုင်သည်။

ပုဒ်မ ၂၅(၂)။    ဤပုဒ်မပါ ကိစ်္စအလို့ ငှာ““အိမ်ရှင်”” ဆိုသည့် စကားရပ်တွင် တွဲဘက် အိမ်ထောင်သားစုပိုင်ဖြစ်သည့်     ကိစ်္စ၌ “အိမ်ရှင်သေဆုံခဲ့လျှင်” ထိုအိမ်ရှင် အိမ်သားအဖြစ်ပါဝင်သော တွဲဘက် အိမ် ထောင်သား စုလည်းပါဝင်သည်။

ပုဒ်မ ၂၆(၁)။    ဤအက်ဥပဒေ စတင်အာဏာတည်ပြီးသည့်နောက် “အိမ် ငှား”က အိမ်ရှင်အား “စံငှားရမ်းခ” သတ် မှတ်ပြီး ဖြစ်သည့် “ဥပစာ” တစ်ခုခုနှင့် စပ်လျဉ်း၍ “ငှားရမ်းခအတွက်” “စံငှားရမ်းခ” ထက်ပို၍ပေးခဲ့ပြီးဖြစ်သည့် ကိစ်္စတွင် ထိုငွေကိုပေးသည့်နေ့ရက်နောက် “ခြောက် လ” အတွင်း မည်သည့် အခါမဆို အိမ်ငှားက အိမ်ရှင်ထံမှ ပြန်ရလိုကြောင်း ရာဇ၀တ် တရားသူကြီးထံလျှောက်ထားလျှင် “အခြား အရတောင်းခံနည်းတစ်ခုခု” ကို မထိခိုက် စေဘဲ၊ ရာဇ၀တ်ကျင့်ထုံးကိုဓဥပဒေပါ ပြဋ္ဌာန်းချက်များအရ “ဒဏ်ငွေ” ဖြစ်ဘိ သကဲ့သို့အရ တောင်းခံနိုင်ခွင့် ရှိစေရမည်။ တောင်းခံရရှိသည့် “ငှားရမ်းခ” လက်ကျန် ငွေကိုလည်းအရတောင်းခံရာတွင် ကုန် ကျစရိတ်များ “ခုနှိမ်ပြီး” နောက်အိမ်ငှား အားပေးရမည်။

ပုဒ်မ ၂၆(၂)။    ပုဒ်မခွဲ(၁)အရ ဆောင် ရွက်သည့် မှု့ခင်းကိစ်္စတွင် ဆိုင်ရာဥပစာ အတွက် “စံငှားရမ်းခ” အမှန်ဖြစ်ကြောင်း ကြီးကြပ်ရေးဝန် လက်မှတ်ရေးထိုးသည့် “သက်သေခံလက်မှတ်” ကို တင်ပြလျှင် ထိုဥပစာအတွက် “စံငှားရမ်းခသည် “သက်သေခံလက်မှတ်”ကို တင်ပြလျှင် ထို ဥပစာအတွက် “စံငှားရမ်းခ”မှာ သက်သေ ခံလက်မှတ်တွင်  သက်သေခံထားသည့် အတိုင်း မဟုတ်ဟု သက်သေထင်ရှား မပြမီ၊ ထိုသို့သက်သေခံထားသည့် အတိုင်း ဖြစ်သည်ဟု ရာဇ၀တ် တရားသူကြီးက ယူဆရမည်။

ပုဒ်မ ၂၇(၁)။    ကြီးကြပ်ရေးဝန်သည် အိမ်ရှင်သို့တည်းမဟုတ် အိမ်ငှားတစ်ဦး ဦး၏ လျှောက်ထားချက်အရ၊ ထိုအိမ် ရှင်အငှားချထားသည့် သို့တည်းမဟုတ် ထိုအိမ်ငှားက ငှားရမ်းသည့် ဥပစာတစ်ခုခုနှင့် စပ်လျဉ်း၍ “စံငှားရမ်းခ” အမှန်ဖြစ်ကြောင်း မိမိလက်မှတ်ရေးထိုးသည့် “သက်သေခံ လက်မှတ်” ကို ထုတ်ပေးရမည်။

ပုဒ်မ၂၇(၂)။ အောက်ပါကိစ်္စတစ်ခုခု တွင် ကြီးကြပ်ရေးဝန်သည် အိမ်ရှင်၏ “သို့တည်းမဟုတ်” အိမ်ငှား၏လျှောက် ထားချက်အရ၊ ဤအက်ဥပဒေပါ “ပြဋ္ဌာန်း ချက်များ”ကိုလည်းကောင်း၊ ဆိုင်ရာ အကြောင်းခြင်းရားများကိုလည်း  ကောင်း ထောက်ထား၍မိမိက တရားသည် ထင်မြင် သည် “စံငှားရမ်းခ” ကို သတ်မှတ်ရမည့် ပြင်၊မိမိသဘော အတိုင်းလည်း သတ်မှတ် နိုင်သည်။

ပုဒ်မ၂၇(၂/က)။ ဥပစာတစ်ခုခုကို “တစ်ခါတစ်ရံ” တစ်ခုလုံး၊ တစ်ခါတစ်ရံ အစိတ်စိတ်အပိုင်းပိုင်း အငှားချထားသည့် ကိစ်္စ၊ သို့တည်းမဟုတ် အိမ်ငှားက မိမိအား အငှားချထားသည့် ဥပစာ တစ်စိတ်တစ် ဒေသကို တစ်ဆင့် အငှားချထားသည့်ကိစ်္စ၊ သို့တည်းမဟုတ် ဤအက်ဥပဒေကို အကျိုး သက်ရောက်စေရာတွင် အကြောင်းတစ်ခုခု ကြောင့် အခက်အခဲတစ်ခုခု ဖြစ်ပေါ်လာ သည့်ကိစ်္စ။

ပုဒ်မ၂၇(၂/ခ)။ အိမ်ထောင် ပရိဘောဂ နှင့်တကွ အငှားချထားသည့် “ဥပစာ” နှင့် သော်လည်းကောင်း၊ စားသောက်နေထိုင်ခ ပါထည့်သွင်း၍ အငှားချထားသည့် “ဥပ စာ” နှင့် သော်လည်းကောင်း။ စပ်လျဉ်း၍ ဤ အက်ဥပဒေ အကျိုးသက်ရောက်စေ ရန် ကိစ်္စအလို့ငှာ၊ “ငှားရမ်းခ” အဖြစ်ပေးရ မည့်ငွေကို အိမ်ထောင် ပရိဘောဂ ငှား ရမ်းခ၊ သို့တည်းမဟုတ် “အစားအသောက် နှင့် ပြုစုခ” အဖြစ်ဖြင့် ပေးရမည့် ငွေမှ ခွဲခြားရန် လိုအပ်သည့် ကိစ်္စ ။

ပုဒ်မ၂၇(၂/ဂ)။ ဥပစာတစ်ခုခုကို “ငှားရမ်းခ” အလွတ်သော်လည်းကောင်း။ ငှားရမ်းခ မည်ရုံမျှနှင့် သော်လည်းကောင်း၊ ငှားရမ်းခအပြင် “အဖိုးစားနား” တစ်ခုခုနှင့် သော်လည်းကောင်း၊ အငှားချထားပြီး ဖြစ်သည့် သို့တည်းမဟုတ်  အငှားချထား သည့်ကိစ်္စ။

ပုဒ်မ၂၇(၂/ဃ)။ ဥပစာကို နောက် ဆုံးချထားသည့် “ငှားရမ်းခ” မှာ “အဆမတန်” နည်းလွန်းသည်ဟု ကြီးကြပ်ရေးဝန်က ထင်မြင် သဘောရရှိသည့် ကိစ်္စ။

ပုဒ်မ ၂၇(၂/င)။ ဥပစာ တစ်ခုခု၏ အခြေအနေပြောင်းလဲသည့်ကိစ်္စ၊ သို့ တည်းမဟုတ်အဆောက်အအုံဆောက်လုပ် ရန်ပစ်္စည်းများ၏ တန်ဖိုးကြီးမြင့်လာခြင်း ကြောင့် ပြုပြင်ထားရှိရာတွင် စရိတ်ပိုမိုကုန် ကျသည့် ကိစ်္စ၊ သို့တည်းမဟုတ် ဥပစာ တစ်ခုခုနှင့် စပ်လျဉ်း၍ “မြူနီစီပယ်ခွန် နိုင်ကြေး” သို့တည်းမဟုတ် အခြားအခွန် များတိုးတက်လာသည့်ကိစ်္စ။

ပုဒ်မ၂၇(၂/စ)။ ဥပစာ တစ်ခုခုကို “ပထမအကြိမ်” အငှားချထားသည့်ကိစ္စ။

ပုဒ်မ၂၇(၂/ဆ)။ ဥပစာ၏ အခြေ အနေဆိုးရွားသွာခြင်းကြောင့်သော်လည်း ကောင်း အခြားလုံလောက်သော အကြောင်း များကြောင့် သော်လည်းကောင်း၊ ဥပစာကို အငှားချထားသည့် သို့တည်းမဟုတ် ထိုနေ့ရက်နောက် ထိုဥပစာကို ပထမအကြိမ် အငှားချထားသည့် “ငှားရမ်းခ”မှာ များလွန်း သည်။ သို့တည်းမဟုတ် တရားမျှတခြင်းမရှိဟု ကြီးကြပ်ရေးဝန် က ထင်မြင်သဘောရရှိ သည့်ကိစ္စ။
သို့ရာတွင် (၁)အပိုဒ်(ဃ)အရ၊ “ငှား ရမ်းခ”မှာ မည်သည့်အခါတွင်မဆို အငှား ချထားခဲ့သည့် အများဆုံးငှားရမ်းခ သို့ တည်းမဟုတ် ထိုကာလအပိုင်းအခြား အတွင်းကို ဥပစာကို အငှားချထားသည့် အနည်းဆုံး ငှားရမ်းခ နှင့် ထိုအနည်းဆုံးငှား ရမ်းခ၏၂၅ %နှစ်ခုပေါင်း ငှားရမ်းခ ထိုအများဆုံး “ငှားရမ်းခ” နှင့် အနည်း ဆုံးငှားရမ်းခနှစ်ရပ်အနက် အများဆုံး ငှားရမ်းခထက်မပိုစေရ။
(၂)အပိုဒ်(င)အရ “ကြီးကြပ်ရေးဝန်မှာ ငှားရမ်းခကို ပုဒ်မ(၆)တွင် ပြဋ္ဌာန်းထား သည့်အတိုင်း ဥပစာတိုးတက်ကောင်မွန် အောင်ပြုပြင်ခြင်း။ သို့တည်းမဟုတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်းအတွက် ကုန် ကျသည့်ငွေနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဥပစာ ပြုပြင်ထားရှိရာတွင် ပိုမို ကုန်ကျသည့် အသုံးစရိတ်နှင့် စပ်လျဉ်း၍ဖြစ်စေ။ တစ် နှစ် လျှင် ၆%ထက်ပို၍တိုးမြင့်ခြင်း မပြုရ။

ပုဒ်မ-၂၇ (၃) - အပိုဒ် (ဆ)အရ စံငှားရမ်းခမှာ ကိစ်္စတစ်ရပ်ရပ် အတွက် သီးခြားအငှားချထား သည့် ကိုယ်ပိုင်မြေနှင့် စပ်လျဉ်း၍ အဆိုပါ မြေအနီးအနားတွင် အလားတူကိစ်္စများ အလို့ငှာ၊ အငှားချထားသည့် အလားတူ မြေအမျိုးအစားအတွက် အစိုးရဖြစ်စေ၊ ရန်ကုန်မြူနီစီပါယ်ကော်ပိုရေးရှင်း သို့ တည်းမဟုတ် အခြားအလားတူ ဒေသန်္တ အရဖွဲ့တစ်ခုခုကဖြစ်စေ၊ တောင်းဆိုဆဲ ဖြစ်သည့် ငှားရမ်းခနှုန်းထက် မပိုစေရ။

ပုဒ်မ-၂၇ (၄) - အငခု္လျ(စ) သို့တည်း မဟုတ် (ဆ)အရ ကိစ်္စတစ်ခုခုအတွက် သီးခြားအငှားချထားသည့် မြေဖြစ်၍ မြေ ရှင်မှာ အစိုးရ သို့တည်းမဟုတ် ရန်ကုန် မြူနီစပါယ်ကော်ပိုရေးရှင်း သို့တည်းမဟုတ် အခြားအလားတူ ဒေသန်္တရအဖွဲ့ ဖြစ်သည့် ကိစ်္စတွင် စံငှားရမ်းခမှာ အစိုးရက သို့ တည်းမဟုတ် ရန်ကုန်မြူနီစီပါယ်ကော်ပို ရေးရှင်းက သို့တည်းမဟုတ် အခြားသက် ဆိုင်ရာ ဒေသန်္တရ အဖွဲ့က ထိုမြေကို အငှားချထားသည့် ငှားရမ်းခ ဖြစ်စေရ မည်။  ။

ပုဒ်မ-၂၈(၁) - ပုဒ်မ ၂၁ အရ အပ် နှင်းသည့် အာဏာများမှအပ ဤအက် ဥပဒေအရ အပ်နှင်းသည့် အာဏာတစ်ရပ် ရပ်ကို မသုံးစွဲမီ ကြီးကြပ်ရေးဝန်သည် အိမ်ရှင်နှင့် အိမ်ငှား၊ သို့တည်းမဟုတ် နေထိုင်သူရှိခဲ့လျှင် ၎င်းင်းတို့အား ထိုအာဏာ သုံးစွဲရန် မိမိကြံရွယ်သည်ကို အကြောင်း ကြားရမည့်ပြင် အကျိုးသက်ဆိုင်သူတစ်ဦး တစ်ယောက်ထံမှ ထိုအကြောင်းကြားစာ တွင် သီးခြားဖော်ပြထားသည့် ကာလအပိုင်း အခြားတွင် မိမိရရှိသည့် လျှောက်လွှာကို နည်းလမ်းတကျ ဆင်ခြင်စဉ်းစားရမည်။

ပုဒ်မ-၁၈(၂) - ဤအက်ဥပဒေအရ ချမှတ်သည့် ကြီးကြပ်ရေးဝန်၏ အမိန့်အား လုံးကို စာဖြင့် ရေးသားချမျတ်ရမည်။

ပုဒ်မ-၂၈(၃) - ကြီးကြပ်ရေးဝန်၏ အမိန့်နှင့် သက်ဆိုင်သူသည် ကြီးကြပ်ရေး ၀န်က မိတ်္တူအမှန်ဖြစ်ကြောင်း နည်းလမ်း တကျ သက်သေခံလက်မှတ်ရေးထိုးသည့် ထိုအမိန့်စာမိတ်္တူကို ရထိုက်ခွင့်ရှိစေမည်။ ထိုမိတ်္တူကို ကြီးကြပ်ရေးဝန်၏ အမိန့်ဖြစ် ကြောင်း သက်သေထင်ရှား မည်သည့်တရား ရုံးတွင်မဆို သက်သေခံအဖြစ် လက်ခံနိုင် စေရမည်။

ပုဒ်မ-၂၉ - ဤအက်ဥပဒေအရ ကြည့်ရှုစစ်ဆေးရန် သို့တည်းမဟုတ် စုံ စမ်းစစ်ဆေးရန် ကိစ်္စအလို့ငှာ ကြီးကြပ်ရေး ၀န်သည် သို့တည်းမဟုတ် ဤကိစ်္စအလို့ငှာ ကြီးကြပ်ရေးဝန်က ယေဘုယျအားဖြင့်ဖြစ် စေ၊ အထူးအားဖြင့်ဖြစ်စေ စာဖြင့် ရေးသား ၍ နည်းလမ်းတကျ အာဏာအပ်နှင်းထား သောသူတစ်ဦးတစ်ယောက်သည် မည်သည့် အဆောက်အဦ သို့တည်းမဟုတ် “မြေ” ----- သို့မဆို၊ လက်ထောက်များပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ၊ အချိန်များအတွင်း ၀င်ရောက်နိုင်သည်။ သို့ရာတွင် လူနေထိုင် ရန်အတွက် အသုံးပြုသော မည်သည့် အဆောက်အဦအတွင်းသို့မျှ စာဖြင့် ၂၄ နာရီ ကြိုတင်အကြောင်းခြင်း မရှိလျှင် နေထိုင်သူ၏ အခွင့်မရဘဲ ထိုသို့ ၀င်ရောက် ခြင်း မပြုရ။

 

ဆက်လက်ရေးသားဖော်ပြပါမည်။

မောင်မြတ်မွန်(ဆူးလေ) မှ iMyanmarHouse.com  အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဥပဒေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)