Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
8676 ကြိမ် ကြည့်ရှု့ ပြီး

Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်)

စွယ်တော်စီးတီး အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့တော်၏ မြောက်ဘက် အဓိကဝင်ပေါက်၊ အမှတ်(၃) လမ်းမကြီးအနီး၊ အောင်မင်္ဂလာအဝေးပြေးအနီး၊ သီရိရတနာ လက်လီလက္ကားဈေး၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့နှင့် အနီးဆုံးနေရာတွင် တည်ရှိပြီး ရန်ကုန်စက်မှုဇုန်၊ Royal Mingalardon Golf Resort တို့ တည်ရှိသော မင်္ဂလာဒုံဥယျာဉ်မြို့တော်၏ အလယ်တွင် တည်ရှိသည့် စီးပွားရေးအရ အချက်အချာကျသော နေရာဖြစ်ပါသည်။

မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိ မြေဧက(၃၀)ပေါ်တွင် တည်ဆောက်နေသည့် စီမံကိန်းဖြစ်ပြီး တိုက်ခန်းပိုင်ရှင်များ အနေဖြင့် အချိုးကျ မြေပိုင်ဆိုင်မှု ခိုင်မာစွာ ရရှိနိုင်မည့် စုပေါင်းအိမ်ရာ ဖြစ်သည်။ ထိုင်းနိုင်ငံ G4 Architect မှ ရေးဆွဲသော ဗိသုကာဒီဇိုင်း၊ Pile –Foundation၊ ခေတ်မီ Post- Tensioned စနစ်ဖြင့် 10” Concrete Slab ၊ ငလျင်ဒဏ်ခံနိုင်သည့် Shear Wall များထည့်သွင်းဆောက်လုပ်မည့် (၈)ထပ် အဆင့်မြင့် Condominium ဖြစ်ပြီး အဆောက်အဦးတိုင်းတွင် 2500 Sq-ft ခန့် ကျယ်ဝန်းသောlobby ပါရှိပါသည်။

အဆောက်အဦးတိုင်းတွင် Schindler အမျိုးအစား ဓါတ်လှေကား(၄)စီး၊ Security System, CCTV, Fire Prottection & Fire Alarm System, Back up Generator System များပါဝင်ပြီး စုပေါင်းအိမ်ရာဝင်း တစ်ခုလုံးအတွင်း Underground Cable များကိုသာ အသုံးပြုသွားမည် ဖြစ်သည်။ ရေကူးကန်၊ စားသောက်ဆိုင်၊ Fitness Centre, SPA, Steam, Sauna, Jacuzzi, Convenience Store၊ ကလေးကစားကွင်းနှင့် လူ(၃၀၀)ခန့် စုဝေးနိုင်သော မြက်ခင်းပြင်/ ခန်းမကျယ်များ ပါဝင်သည့် Clubhouse တစ်ခုပါရှိပါမည်။

(၃)ဧကခန့် အကျယ်အဝန်းရှိ သဘာဝရေကန်၊ ပတ်လည်တွင် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်နိုင်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်နိုင်သည့် လမ်းများ၊ အဆောက်အဦး ပတ်လည်တွင် သာယာလှပသော ပန်ခြံ၊ ဥယျာဉ်နှင့် ယာဉ်ရပ်နားရန် Car Parking နေရာများ အလုံအလောက် ပါဝင်ပါသည်။ အခန်းအမျိုးအစားအနေဖြင့် (900)Sq-Ft: (2)Bedrooms နှင့် (1260)Sq-Ft: (3)Bedrooms ဟူ၍ နှစ်မျိုးခွဲခြားထားပြီး တစ်ပေပတ်လည်ကို (75000) ကျပ်မှ စတင်ရောင်းချပေးနေကြောင်း သိရပါသည်။

Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
Swe Daw City Project ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)