3017 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၁) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် iMyanmarHouse.com မှ ကျင်းပခဲ့သော တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ မတ်လ ၁၇၊ ၁၈၊ ၁၉ ရက်နေ့များတွင်  “တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ” ကို အမှတ် ၅၉၊ ပန်းလှိုင်လမ်း (ဟုမ်းလမ်း)၊ ကြည့်မြင်တိုင်၊ ရန်ကုန်တွင် ကျင်းပသွားခဲ့ကြောင်း သိရသည်။

ကျပ်ငွေ (၁) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် iMyanmarHouse.com မှ ကျင်းပခဲ့သော တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ

အဆိုပါပွဲတွင် အရစ်ကျစနစ်ဖြင့် တောင်ဒဂုံ စီးပွားရေးတက္ကသိုလ်အနီးရှိ ဒီဇင်ဘာအိမ်ရာစီမံကိန်း ၊ လှိုင်သာယာ ကျန်စစ်သားအိမ်ရာအနီးရှိ အောင်မြေသာယာ အိမ်ရာစီမံကိန်း နှင့် မြောက်ဒဂုံ ဗိုလ်မှူးဗထူး အိမ်ရာအနီးရှိ တိုက်ခန်းများကို ရောင်းချပေးခဲ့ရာ ပွဲ (၃) ရက်အတွင်း လာရောက်လေ့လာသူပေါင်း ၂၅၀၀ ကျော်ရှိခဲ့ပြီး ကျပ်ငွေ (၁) ဘီလီယံ (အမေရိကန်ဒေါ်လာ တစ်သန်း) ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 ကျပ်ငွေ (၁) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် iMyanmarHouse.com မှ ကျင်းပခဲ့သော တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ

ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် တောင်ဒဂုံရှိ အခန်းများမှာ ၁၅ ပေx ပေ ၄၀ ကျယ်ပြီး အိပ်ခန်း (၂)ခန်းဖွဲ့ပေးထားကြောင်း သိရပါသည်။ အဆင်သင့် တက်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ လှိုင်သာယာရှိ အောင်မြေသာယာ စီမံကိန်း၏ အခန်းအကျယ်အဝန်းများမှာ စတုရန်း ပေ ၅၀၀ ကျော်မှ ၆၀၀ ကျော် အထိရှိပြီး ၇၀% ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကာ ၂၀၁၈ မတ်လတွင် အခန်းများ ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ မြောက်ဒဂုံရှိ တိုက်ခန်းမှာ ကြိုပွိုင့်အနေဖြင့် ရောင်းချခြင်း ဖြစ်ပြီး ဓါတ်လှေကား ထည့်သွင်းတည်ဆောက်မှာ ဖြစ်ကြောင်း သိရပါသည်။ အခန်းများကို ကျပ်သိန်း (၁၀၀) ကျော်မှ သိန်း (၃၀၀) အတွင်း ဈေးသတ်မှတ်ကာ အတိုးမဲ့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

 ကျပ်ငွေ (၁) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် iMyanmarHouse.com မှ ကျင်းပခဲ့သော တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ

"တန်ဖိုးလတ်အိမ်ရာတွေကို တန်ဖိုးနည်းဈေးဖြင့် ရောင်းချပေးခဲ့တာကြောင့် ကျပ်ငွေ (၁) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို အမှန်တကယ် အိမ်လိုအပ်သူများအတွက် အိမ်ရာပိုင်ဆိုင်နိုင်ဖို့ ထပ်မံကြိုးစားပြီး ဒီလိုအရောင်းပွဲများကို စီစဉ်ကျင်းပသွားဦးမှာပါ။ မြန်မာပြည်မှာ လူတိုင်း အိမ်ပိုင်နိုင်စေရမယ်ဆိုတဲ့ အိမ်မက်ကို တဖက်တလမ်းကနေ အကောင်အထည်ဖော်နေပါတယ်" ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။

ကျပ်ငွေ (၁) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် iMyanmarHouse.com မှ ကျင်းပခဲ့သော တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ

ကျပ်ငွေ (၁) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် iMyanmarHouse.com မှ ကျင်းပခဲ့သော တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာအရောင်းပြပွဲ

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)