ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

68738 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

        မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အဓိက အချက်အချာကျတဲ့ နေရာမှာတည်ရှိပြီး ကမ္ဘာပေါ်တွင် တစ်ဆူတည်းသာရှိသော ရွှေတိဂုံဘုရားနဲ့ လှပတင့်တယ်တဲ့ ကန်တော်ကြီး ဥယျာဉ်အနီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာ လမ်းထောင့်ရှိ မြေဧက (၃.၅၃) ဧက အကျယ်အဝန်းရှိ မြေပေါ်မှာ တည်ဆောက်ထားတဲ့ KANTHARYAR CENTER ကတော့ ကမ္ဘာ့အဆင့်မီ အဆောက်အဦးကြီးတစ်ခုကို ရန်ကုန်မြို့က လက်ဆောင်ရလိုက်တယ်လို့တောင် ပြောလို့ရပါတယ်။

        ၂၀၁၄ခုနှစ် ၊ဒီဇင်ဘာမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်နဲ့ AMCD ကုမ္ပဏီလီမိတက် နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ဒီ CENTER ကြီးကို ကမ္ဘာ့ထိပ်တန်းစွမ်းအားမြင့် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Asia Myanamr Consortium Development Co.,Ltd , Hong Kong Shining Star Investment Co.,Ltd  တို့ ပူးပေါင်း တည်ဆောက်အကောင်အထည်ဖော်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း(၂၀၀) ရင်းနှီးမြုပ်နှံကာ တည်ဆောက်ခဲ့တာဖြစ်ပြီး အခြားအဆောက်အအုံများထက် သဘာဝဘေးနဲ့ ငလျင်ဒဏ်ကို ပိုခံနိုင်တဲ့ Stree Structure နဲ့ မြန်မာနိုင်ငံမှာပထမဆုံး တည်ဆောက်တဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။

ဒီကမ္ဘာ့အဆင့်မီ KANTHARYAR CENTERကြီးမှာ Paradise Residence(Phase-1) , 5-A Office Building(Phase-2) , Service Apartment Building(Phase-3) ,Wyndham 5-Star Hotel(Phase-3) , Shopping Centre(Phase-3) တို့ပါဝင်မှာ ဖြစ်ပါတယ်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Paradise Residence (Phase-1)

စုစုပေါင်းဧရိယာအကျယ်အဝန်း ၃၁၇၀၀၀ စတုရန်းပေပေါ်မှာ အထပ်ပေါင်း (၂၅)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ Paradise Residence မှာဆိုရင် အခန်းပေါင်း (၁၃၂)ခန်းပါဝင်ပါတယ်။ ကွန်ဒိုအခန်းတွေကို လမ်းမျက်နှာပြင်အထက်  (၁၂)မီတာအမြင့်ကနေဆောက်လုပ်ထားလို့ အခန်းတိုင်းကနေ ရန်ကုန်မြို့ရဲ့အလှအပကို အပြည့်အဝခံစားနိုင်ပါတယ်။ အထပ်တစ်ထပ်မှာ အမြင့် (၃.၂)မီတာ အမြင့်ရှိတဲ့ အခန်း(၆)ခန်းစီနဲ့ တည်ဆောက်ထားပြီး အိပ်ခန်း(၂) ခန်းနှင့် အိပ်ခန်း(၃)ခန်းပါအခန်းများအဖြစ် ပုံဖော်တည်ဆောက်ထားကာ အကျယ်အဝန်းအနေဖြင့် (၁၄၈၅) စတုရန်းပေ မှ (၁၆၀၈)စတုရန်းပေအထိ ကျယ်ဝန်းပါတယ်။ အခန်းတိုင်းကို အိပ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း စသည်ဖြင့် အသုံးပြုရအဆင်ပြေစေရန် လှပစွာဖွဲ့စည်းထားပြီး လေအေးပေးစက်အပြင် သဘာဝအလင်းရောင် မျှတစွာရရှိနိုင်ရန် အသေးစိတ်ဒီဇိုင်းရေးဆွဲ ဖန်တီးထားပါတယ်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Residenceတွင် အဆင့်မြင့်ဓါတ်လှေကား (၃) စင်းအပြင် အရေးပေါ်လှေကား (၂) စင်းပါ ထည့်သွင်းတပ်ဆင် ပေးထားပါတယ်။ နေထိုင်သူများအတွက် ထူးခြားလှပတဲ့ရေကူးကန်၊ ရေကူးပြီးအပန်းဖြေအနားယူရန်အတွက် ဧရိယာ၊ ကလေးကစားကွင်း၊ အားကစားခန်းမ၊ လှပတဲ့ ပန်းဥယျာဉ်၊ အဆင့်မြင့်ရှုခင်း စတာတွေ ထည့်သွင်း တည်ဆောက်ထားတဲ့အပြင် မီးဘေးအန္တရယ်အတွက်လည်း မီးသတ်ဦးစီးဌာနက သတ်မှတ်ချက်အတိုင်း Fire Protection System များကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒါ့အပြင် အမှိုက် နဲ့ အခြားစွန့်ပစ်ပစ္စည်း တွေ စွန့်ပစ်ဖို့ အတွက်ကိုလည်း Centralized Refuse Disposal စနစ်ကို အသုံးပြုထားလို့ နေထိုင်သူတွေ အတွက် သန့်ရှင်းလွယ်ကူစေမှာဖြစ်ပါတယ်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

5-A Office Tower (Phase-2)

စုစုပေါင်းဧရိယာအကျယ်အဝန်း ၃၇၅၉၁၉ စတုရန်းပေပေါ်မှာ မြေအောက်ထပ် (၂)ထပ်နဲ့ မြေပေါ်(၂၂)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ 5-A Office Tower မှာဆိုရင် အခန်းပေါင်း (၁၆၈)ခန်းပါဝင်ပါတယ်။ CCTVတပ်ဆင်ထားတဲ့ ဂျပန်နိုင်ငံထုတ် ဖူဂျီအမျိုးအစားဓါတ်လှေကား (၆) စင်းပါဝင်ပြီး ခေတ်မီတဲ့ ဗိသုကာဒီဇိုင်းကြောင့် 5-A Office Tower ဟာ ကန်တော်ကြီးရေပြင်ရဲ့ ရောင်ပြန်ဟပ် တဲ့ အပိုင်းမှာတည်ရှိတာကြောင့် အလှတစ်မျိုး ပိုတိုးစေပါတယ်။ ရုံးခန်းများအတွက် ခေတ်မီတဲ့ အသုံးအဆောင် အပြင်အဆင် ကိုလည်း စံနှုန်းမီထည့်သွင်းတပ်ဆင်ထားလို့ ရုံးခန်းတွင် ခန့်ညားမှုကလည်း အဆင်သင့်ရှိပြီးသား ဖြစ်စေပါတယ်။ ဒီလိုအဆင့်မြင့်အသုံးအဆောင် ပစ္စည်းအပြင် အဆင့်မြင့်ဝန်ဆောင်မှုများအနေနဲ့ကလည်း ၁၀၀ ရာခိုင်နှုန်းမီးပေးစနစ်၊ မီးစက်၊ အခန်းတိုင်းအတွက် ကိုယ်ပိုင်မီတာ၊ အလိုအလျောက်မီးအချက်ပေးစနစ်၊ အရည်အသွေးပြည့် Golden Key Service၊ (၁၂)နာရီ ဧည့်ကြိုကောင်တာ၊ ငှားရမ်းသူများရဲ့အချက်အလက်နဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းပေးခြင်း၊ VIPဝန်ဆောင်မှုဖြင့်စနစ်တကျ ထိန်းသိမ်းမှုနဲ့ လုံခြုံရေးဝန်ဆောင်မှုစနစ်၊ သန့်ရှင်းရေးဝန်ဆောင်မှုပေးခြင်း၊ သစ်ပင်ပန်းမန်များစိုက်ပျိုးပေးခြင်းနှင့်ပြုစုကာကွယ်ထိန်းသိမ်းပေးခြင်း၊ အထူးရက်ချိန်းကိစ္စများ ဝန်ဆောင်မှုပေးခြင်းတို့အပါအဝင် office service (၈)မျိုးဖြင့်ဆောင်ရွက်ပေးမယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် စတုရန်းမီတာ (၄၂၀)ကျယ်ဝန်းတဲ့ ဧည့်ခန်းဆောင်၊ ကားအစီးရေ (၈၀၀)ရပ်နား နိုင်တဲ့ ကားပါကင်တွေကိုပါထည့်သွင်းတည်ဆောက်ထားလို့ ဒီ Towerမှာ အလုပ်လုပ်သူတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါတနာတွေအတွက်ပါ အဆင်ပြေစေမှာဖြစ်ပါတယ်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Office Tower တွင် ဖွင့်လှစ်မည့် ရုံးခန်းများအတွက်

  • ကား အစီးရေ ၅၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်
  • 420 sqm ကျယ်ဝန်းသော Lobby
  • Japan နိုင်ငံထုတ် Fuji Elevator
  • 4.2 m အမြင့် နှင့် 1.8m အကျယ် ရှိသော စင်္ကြန်
  • CCTV မှတ်တမ်း
  • ၂၄ နာရီ မီးပေးစနစ်
  • ကိုယ်ပိုင်မီတာ
  • အလိုအလျောက် မီးအန္တရာယ်အချက်ပေးစနစ်

စသဖြင့် ကမ္ဘာအဆင့်မီ ဝန်ဆောင်မှုများ ပါဝင်ပါသည်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Service Apartment (Phase-3)

စုစုပေါင်းဧရိယာအကျယ်အဝန်း ၂၅၃၃၆၇ စတုရန်းပေပေါ်မှာ မြေအောက်ထပ် (၂)ထပ်နဲ့ မြေပေါ်(၂၃)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ Service Apartment မှာဆိုရင် အခန်းပေါင်း (၁၇၁)ခန်းပါဝင်ပါတယ်။ ဒီApartment မှာတော့ အိပ်ခန်း တစ်ခန်းကနေ သုံးခန်းအထိ မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်တဲ့အခန်းအမျိုးအစား (၉)မျိုး ပါဝင်ပါတယ်။ အခန်းတိုင်းမှာ လက်ရာမြောက်တဲ့ ပရိဘောဂပစ္စည်းအပြည့်အစုံကို ထည့်သွင်းပေးထားတာ ကြောင့် အသင့်နေထိုင်နိုင်ပါတယ်။ အဆင့်မြင့်ဓါတ်လှေကား (၆)စင်းပါဝင်ပြီး အရေးပေါ်လှေကား၊ အရေးပေါ် မီးသတ်စနစ်တို့လည်း ပါဝင်ပါတယ်။ Service Apartment မှာနေထိုင်သူတွေအတွက် ရေကူးကန်၊ အားကစား ခန်းမ၊ F&B Specialities ကုန်စုံဆိုင်များ၊ စူပါမားကတ်များ၊ ကုန်တိုက်ကြီးများ၊ အဝတ်လျှော်၊ သန့်ရှင်းရေး အပြင် ကားငှားဝန်ဆောင်မှုများပါ ပါဝင်ပါတယ်။

အနောက်မြောက်ဘက်တွင် ရွှေတိဂုံစေတီတော်မြတ် ကိုဖူးမြော်နိုင်ပြီး၊ မြောက်ဘက်မှာရှိတဲ့ ကန်တော်ကြီးရဲ့ရေပြင်က တိုက်ခတ်တဲ့ လေပြေလေညင်းနဲ့ ရှုမျှော်ခင်းကို ခံစားနိုင်ပါတယ်။ အိမ်ခေါင်မိုးပေါ်မှာ တည်ဆောက်ထားတဲ့ လှပတဲ့ ဥယျာဉ်တို့ ရှိတာကြောင့် တစ်နေကုန် အလုပ်မှာမောပန်းပြီးအိမ်ပြန်လာချိန် လှပတဲ့နေဝင်ချိန်ရှုခင်းနဲ့အတူ ရန်ကုန်မြို့ရဲ့ အလှကို ကြည့်ပြီးတော့လည်းအပန်းဖြေနိုင်မယ့် နေရာကောင်းတစ်ခုပါ။

 

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Wyndham 5 Star Hotel (Phase-3)

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စုကြီးရဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ဟိုတယ်ဖြစ်ပါတယ်။ Wyndham Hotel နဲ့ Resort များဟာ ကမ္ဘာအနှံ့စီးပွားရေးအချက်အချာကျတဲ့ နေရာနဲ့ ခရီးသွားများ အများဆုံးရှိတဲ့နေရာများမှာ တည်ရှိပြီး ဝန်ဆောင်မှုမှာ ထိပ်တန်းဖြစ်တယ်လို့နာမည်ကျော်တဲ့ အုပ်စုကြီးဖြစ်ပါတယ်။နိုင်ငံပေါင်း (၇၀) မှာ ဟိုတယ်ပေါင်း(၇၄၉၀) နဲ့ အခန်းပေါင်း (၆၄၅၄၀၀)ဖွင့်လှစ်ထားပါတယ်။ အခု ရန်ကုန်က ဒီ Wyndham ဟို တယ်မှာလည်းကမ္ဘာ့အဆင့်မီဟိုတယ်တစ်ခုရဲ့အဂါၤရပ်များအပြင် လှပစွာပြင်ဆင်ထားတဲ့ အများသုံးနေရာများ၊ အသေးစိတ်ဒီဇိုင်းပြုလုပ်ထားတဲ့ ဧည့်ဆောင်များ နဲ့ အဆင့်မြင့်စားသောက်ဆိုင်များပါဝင်ပါတယ်။

ဒါ့အပြင် အစည်းအဝေးခန်းများ၊ Business Centerများ၊ Fitness Center၊ အဆင့်မြင့်ဇိမ်ခံခန်း၊အားကစားခန်းမ၊ Spaခန်း၊ ရေကူးကန်အပြင် အခြးအဆင့်မြင့်ဟိုတယ်ကြီးများတွင် ပါဝင်သည့် အချက်များကို ပါဝင်အောင်ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။

စုစုပေါင်းဧရိယာအကျယ်အဝန်း ၄၁၂၆၉၁ စတုရန်းပေပေါ်မှာ မြေအောက်ထပ် (၂)ထပ်နဲ့ မြေပေါ်(၂၀)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ Wyndham 5Star Hotel မှာဆိုရင် အခန်းပေါင်း (၂၅၈)ခန်းပါဝင်ပါတယ်။

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Shopping Centre (Phase-3)

Shopping Centre ကို စုစုပေါင်းကြမ်းခင်းဧရိယာ (၅၆၂၇၀) စတုရန်းပေအကျယ်မှာအထပ်(၂)ထပ်နဲ့ တည် ဆောက်ထားပါတယ်။ ဒီစင်တာမှာတော့ Chinese Restaurant( Contion Cuisine ) , Coffee House , High End Grocery/ Supermarket , Souvenir Shop , 7Eleven Store , SPA , Fashion Shop , Fitness Gym , Beauty Salon & Pharmarceutical Care & Dental Clinic စတာတွေကို ထည့်သွင်းပြီးဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

 

Kantharyar Centre မှ မြင်တွေ့ရသည့် ရွှေတိဂုံဘုရား နှင့် ကန်တော်ကြီး View များ

 

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

 

Location Map

ကန်တော်ကြီးအနီး အသင့်နေ Kantharyar Residence

       

ဒီ KANTHARYAR CENTER စီမံကိန်းကြီးတစ်ခုလုံးမှာတော့ ယာဉ်အစီးရေ (၁၃၀၀) ခန့် ရပ်နားနိုင်မယ့် နေရာရှိနေတဲ့ အပြင် တည်နေရာသည် အစိုးရအဖွဲ့အစည်းများ၊ နာမည်ကြီးအဆောက်အဦးကြီးများ၊ ဘဏ်များ၊ နိုင်ငံခြား သံရုံးကြီးများ အနီးတွင်တည်ရှိတာကြောင့် အလွန်အချက်အချာကျပြီး သွားရေးလာရေးလွယ်ကူတဲ့ နေရာဖြစ်ပါတယ်။ လှပတင့်တယ် ကြည်ညိုဖွယ်ကောင်းတဲ့  ရွှေတိဂုံဘုရားကိုနေ့စဉ်ဖူးမျှော် မြင်တွေ့နိုင်ပြီး မျက်စိပသာဒ ရှုခင်းလှတွေ ပိုင်ဆိုင်ထားတဲ့ ကန်တော်ကြီး ဥယျာဉ် တို့ဟာ စင်တာအနီးမှာ ရှိတဲ့အပြင် ကန်သာယာစင်တာရဲ့ အဆင့်မြင့် အသုံးအဆောင်ပစ္စည်းများ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများလည်း အဆင်သင့်ပါဝင်တာကြောင့် ရင်းနှီးမြှုပ်နှံထားလိုသူများနဲ့ အဆင့်မြင့်မြင့် နေထိုင်လိုသူများအတွက် ရွေးချယ်သင့်တဲ့ နေရာကောင်းတစ်ခုဖြစ်ပါသည်။

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

Asia Myanmar Consortium Development မှ ဆောက်လုပ်သော အခြား Project များ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Asia Myanmar Consortium Development

Asia Myanmar Consortium Development

လိပ်စာ
B.205, 2nd Floor, Pearl Condominium Center , Corner of Sayarsan Road & Kabaraye Road , Bahan Township , Yangon .
Asia Myanmar Shining Star

Asia Myanmar Shining Star

လိပ်စာ
Corner of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Township, Yangon.