သာကေတမြို့နယ်

ရန်ကုန်မြို့၏ ၁၉၅၉ ခုနှစ်က အသစ်တိုးချဲ့ခဲ့သောမြို့သစ်များထဲက တစ်ခု အပါဝင်ဖြစ်သည့် သာကေတမြို့နယ်သည် ၁၃.၀၁ ကီလိုမီတာကျယ်ဝန်းသည်။ ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင်တည်ရှိပြီး ပုဇွန်တောင်ချောင်း ဖြတ်သန်းစီးဆင်းသည့် မြို့နယ်လည်းဖြစ်သည် ။ မြို့နယ်၏ မြောက်နှင့်အနောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် ဒေါပုံမြို့နယ်တို့တည်ရှိသည်။ ရပ်ကွက်ပေါင်း ၁၉ ခုရရှိပြီး မူလတန်းကျောင်း ၄၆ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်းနှင့် အထက်တန်းကျောင်းလေးကျောင်းတို့ ရှိသည်။ ရန်ကုန်မြို့၏ အဓိက အားကစားရုံကြီးများဖြစ်သည့် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းနှင့်သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းကြီး တို့နှင့် အနီးကပ်ဆုံးတည်ရှိသောမြို့နယ်လည်းဖြစ်သည် ။ မြို့နယ်တွင်း အထင်ရှားဆုံးအဖြစ် Capital စူပါမားကတ်ကြီးတည်ရှိပြီး တောင်ကိုးရီးယား ကုမ္ပဏီ ငါးခု၏ သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားထုတ် ၅၀၀ မဂ္ဂါဝပ်အားရှိသည့် ဓာတ်ပေါင်းဖိုလည်းတည်ရှိသည် ။ မြို့တည်စ လူနေကျဲပါးခဲ့သော်လည်း ပြီးခဲ့သည့် ၅ နှစ်အတွင်း အလျင်အမြန်ဖွံ့ဖြိုးလာပြီး လူနေထူထပ်လာသော မြို့နယ်တစ်ခုဖြစ်လာသည် ။ အချုပ်အားဖြင့်ဆိုသော် သာကေတမြို့နယ်သည် လူနေတိုက်ခန်း အနည်းငယ်သာ ရှိပြီး မြေကွက်အလွတ်များ ၊ လုံးချင်းအိမ်များ ပေါများသည့် မြို့နယ်တစ်ခုဖြစ်သည် ။

သာကတေရှိရောင်းရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)