ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
3 Feb 2021 11:55 am တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီလေးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဟယ် စားလို့ တည့်ပါ့မလား။ မကျွေးရင်လည်း ငိုနေပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား……….

ဘေဘီလေးကို ရေညှိကျွေးလို့ ရလား…..

မေမေတိုင်း သိချင်နေမယ့် ဒီမေးခွန်းလေးကို ဖြေပေးရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ကျွေးလို့ ရပါတယ်ပေါ့။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေတော့ ရှိတယ်နော်။

ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ အရသာတွေ ဖြည့်စွက်ထားတာမျိုး မဖြစ်ဖို့တော့ လိုပါမယ်။ ဆားတောင် နည်းနည်းပဲ စားရမယ့် ဘေဘီလေးကို အချိုမှုန့်၊ အရသာမှုန့်တွေပါနေတဲ့ ရေညှိကျွေးတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။

ဘယ်အရွယ်မှာ ရေညှိ စကျွေးရပါ့………

ကျွေးလို့ ရတာကတော့ ဟုတ်ပါပြီ။ ဘယ်အရွယ်မှာ ရေညှိ စကျွေးရမလဲ။ သဘာဝ ရေညှိ စစ်စစ်ကို ဘေဘီလေး ၆ လအရွယ်မှာ စကျွေးလို့ ရပါတယ်။ ရေညှိကို အချပ်လိုက် ဆိုတာထက် solid food စစားတတ်တဲ့ ဘေဘီလေးက သွားမပေါက်သေးသလို မျိုချမှုကို လေ့ကျင့်ဆဲ ဖြစ်တာကြောင့် သေချာလေး ကြိတ်ခြေပြီး ကျွေးဖို့တော့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင်လည်း ကြက်စွပ်ပြုတ်လေးထဲကို ထည့်ပြီး ပြုတ်ပေးတာမျိုးပေါ့။

ဘေဘီလေးက ၁၅ လ ကနေ ၁၈ လလောက်ရပြီဆိုရင် ရေညှိချပ်လေးတွေကို သေးသေးဖဲ့ပေးရင်း စခွံလို့ ရပါပြီ။ အရသာတော့ မပါစေနဲ့ဦးနော်။ ဘေဘီလေးကို ဝါးစားဖို့လည်း သတိပေးပေါ့။

ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ

ရေညှိမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပေါ့။ အစာရွးတဲ့ ကလေးတွေကို လိုအပ်တဲ့ အာဟာရ ပေးနိုင်မယ့် စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

ဒီတော့ ဘေဘီလေးကို ရေညှိကျွေးပေးမယ်ဆိုရင် အာဟာရ ပြည့်သလို အခုလို အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို အစာခြေစနစ် ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။

အိုင်အိုဒင်း ကြွယ်ဝတယ်

ရေညှိမှာ အိုင်အိုဒင်းဓာတ်ပါဝင်နေတာကြောင့် ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေပြီး သင်ယူနိုင်စွမ်းတိုးစေပါတယ်။

ဘေဘီလေးကို သိုင်းရွိုက်ကျန်းမာစေပြီး ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ကြီးထွားစေဖို့လည်း အားဖြည့်ပေးပါတယ်။ ရေညှိမှာပါတဲ့ အိုင်အိုဒင်းက ပျော်ဝင်လွယ်ပြီး ကလေးကို လုံလောက် ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။

သံဓာတ် ပါဝင်တယ်

ရေညှိမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။ အင်အားပြည့်ဝစေပြီး ဘေဘီလေးကို သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ညဘက်တွေမှာလည်း ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အားဖြည့်ပေးမှာပါ။

အရိုးတွေ သန်မာစေတယ်

ရေညှိမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ဘေဘီလေးကို အရိုးနဲ့သွားတွေ သန်မာစေပါတယ်။ ရေညှိမှာပါတဲ့ ကယ်လ်ဆီယမ်က နို့ထွက်ပစ္စည်းတွေကနေ မရနိုင်တဲ့ ကယ်လ်ဆီယမ် အမျိုးအစားပါ။

ကြီးထွား ဖွံ့ဖြိုးစေတယ်

ရေညှိမှာ ပရိုတင်း၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် အပါအဝင် ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ၅၆ မျိုးအထိ ပါဝင်နေတာကြောင့် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ေဘဘီေလးကို ေရညႇိေကြၽးေပးတဲ့အခါ

ေရညႇိ ထမင္းလိပ္တယ္။ ေဘဘီေလးက နည္းနည္းဆိုၿပီး ပါးစပ္ဟတယ္။ ေရညႇိေၾကာ္ေလး စားလည္း ေမေမ သားသားဆိုၿပီး ပါးစပ္ဟတယ္။ ဟယ္ စားလို႔ တည့္ပါ့မလား။ မေကြၽးရင္လည္း ငိုေနၿပီဆိုေတာ့ ဘယ္လို လုပ္ရမလဲဆိုၿပီး အၾကံအိုက္ေနတဲ့ ေမေမေတြ ႐ွိလား……….

ေဘဘီေလးကို ေရညႇိေကြၽးလို႔ ရလား…..

ေမေမတိုင္း သိခ်င္ေနမယ့္ ဒီေမးခြန္းေလးကို ေျဖေပးရမယ္ဆိုရင္ေတာ့ ဟုတ္ကဲ့ ေကြၽးလို႔ ရပါတယ္ေပါ့။ ဒါေပမယ့္ သတိထားရမယ့္အခ်က္ေလးေတြေတာ့ ႐ွိတယ္ေနာ္။

ေဘဘီေလးကို ေရညႇိေကြၽးတဲ့အခါ အရသာေတြ ျဖည့္စြက္ထားတာမ်ိဳး မျဖစ္ဖို႔ေတာ့ လိုပါမယ္။ ဆားေတာင္ နည္းနည္းပဲ စားရမယ့္ ေဘဘီေလးကို အခ်ိဳမႈန္႔၊ အရသာမႈန္႔ေတြပါေနတဲ့ ေရညႇိေကြၽးတာကေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳး ပိုေနမယ္ဆိုတာ ေထြေထြထူးထူး ေျပာေနစရာ မလိုေအာင္ပါ။

ဘယ္အ႐ြယ္မွာ ေရညႇိ စေကြၽးရပါ့………

ေကြၽးလို႔ ရတာကေတာ့ ဟုတ္ပါၿပီ။ ဘယ္အ႐ြယ္မွာ ေရညႇိ စေကြၽးရမလဲ။ သဘာဝ ေရညႇိ စစ္စစ္ကို ေဘဘီေလး ၆ လအ႐ြယ္မွာ စေကြၽးလို႔ ရပါတယ္။ ေရညႇိကို အခ်ပ္လိုက္ ဆိုတာထက္ solid food စစားတတ္တဲ့ ေဘဘီေလးက သြားမေပါက္ေသးသလို မ်ိဳခ်မႈကို ေလ့က်င့္ဆဲ ျဖစ္တာေၾကာင့္ ေသခ်ာေလး ႀကိတ္ေျခၿပီး ေကြၽးဖို႔ေတာ့ လိုပါမယ္။ ဒီလိုမွမဟုတ္ရင္လည္း ၾကက္စြပ္ျပဳတ္ေလးထဲကို ထည့္ၿပီး ျပဳတ္ေပးတာမ်ိဳးေပါ့။

ေဘဘီေလးက ၁၅ လ ကေန ၁၈ လေလာက္ရၿပီဆိုရင္ ေရညႇိခ်ပ္ေလးေတြကို ေသးေသးဖဲ့ေပးရင္း စခြံလို႔ ရပါၿပီ။ အရသာေတာ့ မပါေစနဲ႔ဦးေနာ္။ ေဘဘီေလးကို ဝါးစားဖို႔လည္း သတိေပးေပါ့။

ေဘဘီေလးကို ေရညႇိေကြၽးတဲ့အခါ

ေရညႇိမွာ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြ မ်ားစြာ ပါဝင္ေနပါတယ္။ ေဘဘီေလး ႀကီးထြားဖြံ႕ၿဖိဳးမႈကို ေထာက္ပံ့ေပးတဲ့ အေရးပါတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြေပါ့။ အစာ႐ြးတဲ့ ကေလးေတြကို လိုအပ္တဲ့ အာဟာရ ေပးႏိုင္မယ့္ စားစရာတစ္ခုဆိုလည္း မမွားပါဘူး။

ဒီေတာ့ ေဘဘီေလးကို ေရညႇိေကြၽးေပးမယ္ဆိုရင္ အာဟာရ ျပည့္သလို အခုလို အက်ိဳးေက်းဇူးေတြလည္း ရႏိုင္ပါတယ္။

အစာေျခစနစ္ က်န္းမာေစတယ္

အမွ်င္ဓာတ္ ပါဝင္ေနတာေၾကာင့္ ေဘဘီေလးကို အစာေျခစနစ္ က်န္းမာေစၿပီး အူနံရံေတြကို အာဟာရ စုပ္ယူမႈ ေကာင္းေစဖို႔ အထိေရာက္ဆုံး အားျဖည့္ေပးပါတယ္။

အိုင္အိုဒင္း ႂကြယ္ဝတယ္

ေရညႇိမွာ အိုင္အိုဒင္းဓာတ္ပါဝင္ေနတာေၾကာင့္ ကေလးရဲ႕ သိျမင္မႈစြမ္းရည္ကို တိုးတက္ေစႏိုင္ပါတယ္။ အာ႐ုံစူးစိုက္မႈ ေကာင္းေစၿပီး သင္ယူႏိုင္စြမ္းတိုးေစပါတယ္။

ေဘဘီေလးကို သိုင္း႐ြိဳက္က်န္းမာေစၿပီး ႐ုပ္ပိုင္းဆိုင္ရာ အေကာင္းဆုံး ႀကီးထြားေစဖို႔လည္း အားျဖည့္ေပးပါတယ္။ ေရညႇိမွာပါတဲ့ အိုင္အိုဒင္းက ေပ်ာ္ဝင္လြယ္ၿပီး ကေလးကို လုံေလာက္ ျပည့္ဝစြာ ရ႐ွိေစႏိုင္ပါတယ္။

သံဓာတ္ ပါဝင္တယ္

ေရညႇိမွာ သံဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္အတြင္း ေအာက္ဆီဂ်င္ ေရာက္႐ွိမႈ ေကာင္းမြန္ေစပါတယ္။ အင္အားျပည့္ဝေစၿပီး ေဘဘီေလးကို ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္မွာပါ။ ညဘက္ေတြမွာလည္း ေဘဘီေလးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ အားျဖည့္ေပးမွာပါ။

အ႐ိုးေတြ သန္မာေစတယ္

ေရညႇိမွာ ကယ္လ္ဆီယမ္ ပါဝင္ေနတာေၾကာင့္ ေဘဘီေလးကို အ႐ိုးနဲ႔သြားေတြ သန္မာေစပါတယ္။ ေရညႇိမွာပါတဲ့ ကယ္လ္ဆီယမ္က ႏို႔ထြက္ပစၥည္းေတြကေန မရႏိုင္တဲ့ ကယ္လ္ဆီယမ္ အမ်ိဳးအစားပါ။

ႀကီးထြား ဖြံ႕ၿဖိဳးေစတယ္

ေရညႇိမွာ ပ႐ိုတင္း၊ ပိုတက္ဆီယမ္ နဲ႔ မဂၢနီဆီယမ္ အပါအဝင္ ေဘဘီေလးကို ႀကီးထြားဖြံ႕ၿဖိဳးေစဖို႔ လိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ ၅၆ မ်ိဳးအထိ ပါဝင္ေနတာေၾကာင့္ ေဘဘီေလးကို အေကာင္းဆုံး ႀကီးထြားဖြံ႕ၿဖိဳးေစမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service