အိမ်ခြံမြေ ဝယ်သူများ “မြေချပါမစ် အတု’’ နဲ့ လွဲစေသား

အိမ်ခြံမြေ ဝယ်သူများ “မြေချပါမစ် အတု’’ နဲ့ လွဲစေသား - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2021 1:45 pm တွင် တင်ခဲ့သည်
1011 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“ကိုဗစ်” ကာလမှာ ကားဈေးကကျ “အိမ်ခြံမြေဈေးကကြွ” လာတာကို တွေ့ရတယ်။ ထို့ကြောင့် မြို့သစ်နေအနှံ့အပြား လမ်းမတွေပေါ်မှာ “အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း” တွေလည်း “မှို” ပေါက်သလို အထင်သား တွေ့မြင်လာရတယ်။

တကယ်အရောင်းအဝယ်တွေ ဖြစ်မဖြစ် ဗေဒင်မေးစရာမလိုဘဲ ကြေးမုံသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ရှေ့နေ ငှားပြီး မြေကွက်၊ ခြံကွက်၊ တိုက်ခန်း ဝယ်တာတွေ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတွေ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

ဒီလိုကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာကိုတော့ မောင်ကောင်းဖေလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ မြေကွက်ကိုင်ထားသူတွေ ဖတ်ကြည့်တာမကြည့်တာကတော့ သူတို့အလုပ်လေ။ နိုင်ငံပိုင် သတင်းစာက ကြော်ငြာတဲ့အတွက် တရားဝင် အရောင်းအဝယ်လုပ်တယ်ဆိုတာကို တစ်ပိုင်းတစ်စ ဆောင်ရွက်ပြလိုက်တာဘဲ။ သတင်းစာကြော်ငြာ စာရွက်ဟာ “စကားမပြောသောသက်သေ” ဖြစ်သွား၊ သက်သေခံ အထောက်အထားရတာပေါ့။

ါမစ်အမည်ပေါက် မှန်၊ မမှန်စစ်ဆေးရန် စည်ပင်ပြေးရပြန်

“မြေချပါမစ်” အရောင်းအဝယ်တွေဆိုရင်တော့ ဒီလိုသတင်းစာကြော်ငြာရုံနဲ့တင် မလုံလောက်ဘူးလေ။ အဲဒီ မြေကွက်ဟာ မြို့တော်စည်ပင် မြေစီမံဌာန မြို့မြေစာရင်းမှာ အမည်ပေါက် ပါ/မပါ၊ ကန့်ကွက်ချက် ရှိ/မရှိ၊ ဂရန်လျှောက်ထားခြင်း ရှိ/မရှိ စသဖြင့် သိနိုင်အောင် အရင်စုံစမ်းသင့်ပါတယ်။ မြို့မြေစာရင်းမှာ အမည်ပေါက်တယ်၊ ကန့်ကွက်ချက်မရှိဘူး၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံကူးယူထားခြင်း မရှိဘူး ဆိုရင်တော့ စရန်ငွေချဖို့ ပြင်ဆင်လို့ ရပြီပေါ့။

“ပါမစ်မြေ” ကို ဘာကြောင့် ဒီလိုစစ်ရသလဲဆိုရင် မြို့မြေကွက်တွေ ဖော်ထုတ်တာက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဆောင်ရွက်ပေးတာဖြစ်တယ်။ အဲဒီလို ဖော်ထုတ်ပြီးနောက် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို လွှဲပြောင်းပေးလို့ရတယ်။ အဲဒီလို လွှဲပြောင်းပေးတဲ့အခါမှာ တစ်ချို့မြေကွက် နံပါတ်တွေက စည်ပင်ကို ပါမသွားဘဲ ကွက်လပ်ကျန်ရစ်ခဲ့တာမျိုးတွေ ရှိတယ်။ အဲဒီအခါမှာ မြေချပါမစ် စာရွက်စာတမ်းတွေ ပြည့်စုံပါလျက် မြို့မြေစာရင်းမှာ အမည်ပေါက်မရှိတာမျိုးတွေလည်း ရှိတယ်။ အဲဒါဆိုရင်လည်း မြို့တော်စည်ပင်ကနေ အိုးအိမ်ပြန်မေးနေရတော့ အချိန်တစ်နှစ်လောက်ကြာသွားတတ်တာမျိုးတွေလည်း ရှိကြတယ်။

ကျွမ်းကျင်သူကိုရှာ ပါမစ် မှန်/မမှန် စစ်ဆေးပါ

အဲဒီထက် အခြေအနေဆိုးတာက အခုလို အိမ်ခြံမြေ အရောင်းအဝယ်တွေကောင်းလာတဲ့အခါမှာ မြေချပါမစ် ဝယ်ရတာ အထူးဂရုစိုက်ရမယ့်ကာလ ဖြစ်လာနေပြီး အထက်ကပြောခဲ့သလို သတင်းစာကြော်ငြာတာ၊ စည်ပင်မြေကွက်ပြေးစစ်တာနဲ့တင် မလုံလောက်တော့ဘူး။ ပါမစ်မြေကွက် ဝယ်ပြီဆိုရင် ကျွမ်းကျင်သူထံမှာ ပြသပြီး ပါမစ်အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုချက်ရမှ ဝယ်ယူသင့်တဲ့အချိန် ရောက်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ ရှေ့နေကတော့ လာငှားရင် သတင်းစာမှာကြော်ငြာပေးလိုက်မှာဘဲ။ အဲဒီအတူဘဲ စည်ပင်မြေစီမံဌာနကလည်း အမည်ပေါက် မှန်/မမှန် လျှောက်ထားလာရင် မြို့မြေစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အကြောင်းပြန်ပေးလိုက်မှဘဲ။ အခက်ဆုံးက စရန်ငွေပေးပြီးူ အပိုင်ဝယ်ယူတော့မယ်။ ပါမစ်မူရင်းဟာ အတုအစစ်ခွဲခြားသိနိုင်ဖို့အတွက် ဝယ်သူအများစုကတော့ အိမ်ခြံမြေအကျိုးဆောင်နဲ့ ရှေ့နေတွေကိုဘဲ အားကိုးကြတာဘဲ။

အတုအစစ်ခွဲခြားပေးဖို့ဆိုတာ အကျိုးဆောင်ရှေ့နေတွေကလည်း မိမိတို့ရဲ့ လုပ်သက်အတွေ့အကြုံအရဘဲ ခန့်မှန်းပေးနိုင်ကြတာလေ။ ပါမစ်တွေကို တကယ်ထုတ်ပေးခဲ့တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူလောက် ဘယ်သူမှသိနိုင်ကြမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ပါမစ်မြေကွက် ဝယ်ပြီဆိုရင်တော့ အိုးအိမ်ရုံးမှာသွားပြီး ပြေးစစ်တာက စိတ်အချရဆုံးပါ။

ပါမစ်အစစ်ရဲ့သဘော ခန့်မှန်းပြော

စာရေးသူတို့ သိခွင့်ရတာလေးတွေ ဗဟုသုတက ဖြန့်ဝေရရင် ၁၉၉၀ ခုနှစ်မှ ၁၉၉၈ ခုနှစ်လောက်အထိ ထုတ်ပေးခဲ့တဲ့ ပါမစ်စာရွက်တွေမှာတော့ အိုးအိမ် ဒုတိယညွှန်ကြားရေးမှူး(၃)ဦး (သို့) (၄)ဦး ခန့်လောက်ရဲ့ လက်မှတ်နဲ့ ရုံးစည်းတံဆိပ်တွေ ရပါတယ်။ အဲဒီလက်မှတ်တွေကလည်း မြေကွက်ရသူနဲ့ ရာဇဝင်အကျဉ်းချုပ်စာမျက်နှာနဲ့ ဓာတ်ပုံနောက်ကျောမှာသာ ရေးထိုးပေးလေ့ရှိတာကို တွေ့ရပါတယ်။ အိမ်ရာဆောက်လုပ်ခွင့်နဲ့ မှီခိုသူစာရင်းစာရွက်တွေမှာတော့ အိုးအိမ်ဦးစီးအရာရှိက လက်မှတ်ထိုး စည်းတံဆိပ်အဝိုင်း ရိုက်ထားတာကို တွေ့ရပါတယ်။

မြေချပါမစ်စာရွက်တွေဟာ ဝါကြင့်ကြင့်စစ်တောင်းစက္ကူတွေပေါ်မှာ ပုံနှိပ်ရေသွင်းတာ တွေ့ရပါတယ်။ အခုဆိုရင် (၂၅)နှစ် (၃၀)နှစ်လောက်ရှိပြီဆိုတော့ ဟောင်းနွမ်းပြီး စာရွက်နှုတ်ခမ်းသားတွေကို သတိထားကိုင်ရပါတယ်။ ရုံးစည်းတံဆိပ်အဝိုင်းတွေဆိုရင်လည်း "မှုံ”ဝါးဝါး ဖြစ်နေကြပါပြီ။ ပါမစ် လက်ပြောင်းလက်လွှဲများရင် ပိုပြီးသတိထား ကိုင်တွယ်ရတာပေါ့။ ဒါက မြေချပါမစ်အစစ်ရဲ့ သဘာဝကို ခန့်မှန်းပေးလိုက်ရတာပါ။

အဲဒီလို မဟုတ်ဘဲ အခုဈေးကွက်ထဲမှာ မိမိတို့ဝယ်ယူတော့မယ့် ပါမစ်စာရွက်တွေဟာ ၁၉၉၈ ခုနှစ်လောက်က ထုတ်ပေးထားတဲ့စာရွက်တွေ ဖြစ်ပါလျက် စာရွက်အသစ်ကဲ့သို့ ထူထူထဲထဲ ဖြစ်နေမယ်။ ဝါညစ်ညစ်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးထားမယ်။ ပြီးတော့ ဒုတိယညွှန်ကြားရေးမှူးလက်မှတ်၊ အိုးအိမ်ဦးစီးအရာရှိတွေရဲ့လက်မှတ်တွေဟာ ဘောပင်မှင်ရောင် ထင်ရှားနေမယ်။ လက်မှတ်ရေးထိုးနေကျ ပုံစံအတိုင်း အဆွဲအရစ်မတူဘဲ ဖြစ်နေမယ်ဆိုရင် သတိထားရပါတော့မယ်။

ဒီထက်ပိုဆိုးတာက စာရွက်တိုင်းရဲ့လက်မှတ်တွေဟာ မကြာသေးမီကထိုးထားသကဲ့သို့ ဘောပင်မှင်ရောင်တွေဟာ တောက်ပနေမယ်။ ရုံးစည်းတံဆိပ်အဝိုင်းနဲ့ အရာရှိလက်မှတ်အောက်က တံဆိပ်တုံးမှင်ရောင်တွေဟာ အသစ်ကဲ့သို့ လင်းလက်တောက်ပနေပြီဆိုရင်တော့ အဲဒီပါမစ်စာရွက်တွေဟာ ဝယ်ယူဖို့ မသင့်ပါကြောင်း ဗဟုသုတမျှဝေ လိုက်ပါတယ်။

အိမ်ခြံမြေ ဝယ်သူများ ပါမစ်အတုနဲ့ လွှဲပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမ ဝယ္သူမ်ား “ေျမခ်ပါမစ္ အတု’’ နဲ႔ လြဲေစသား

“ကိုဗစ္” ကာလမွာ ကားေစ်းကက် “အိမ္ျခံေျမေစ်းကႂကြ” လာတာကို ေတြ႕ရတယ္။ ထို႔ေၾကာင့္ ၿမိဳ႕သစ္ေနအႏွံ႔အျပား လမ္းမေတြေပၚမွာ “အိမ္ျခံေျမအက်ိဳးေဆာင္ လုပ္ငန္း” ေတြလည္း “မိႈ” ေပါက္သလို အထင္သား ေတြ႕ျမင္လာရတယ္။

တကယ္အေရာင္းအဝယ္ေတြ ျဖစ္မျဖစ္ ေဗဒင္ေမးစရာမလိုဘဲ ေၾကးမံုသတင္းစာနဲ႔ ျမန္မာ့အလင္းသတင္းစာေတြမွာ ေရွ႕ေန ငွားၿပီး ေျမကြက္၊ ျခံကြက္၊ တိုက္ခန္း ဝယ္တာေတြ ကန္႔ကြက္ႏိုင္ေၾကာင္း ေၾကာ္ျငာေတြ ဖတ္ၾကည့္ရင္ သိႏိုင္ပါတယ္။

ဒီလိုကန္႔ကြက္ႏိုင္ေၾကာင္း ေၾကာ္ျငာတာကိုေတာ့ ေမာင္ေကာင္းေဖလည္း လိႈက္လိႈက္လွဲလွဲ ႀကိဳဆိုပါတယ္။ ေျမကြက္ကိုင္ထားသူေတြ ဖတ္ၾကည့္တာမၾကည့္တာကေတာ့ သူတို႔အလုပ္ေလ။ ႏိုင္ငံပိုင္ သတင္းစာက ေၾကာ္ျငာတဲ့အတြက္ တရားဝင္ အေရာင္းအဝယ္လုပ္တယ္ဆိုတာကို တစ္ပိုင္းတစ္စ ေဆာင္ရြက္ျပလိုက္တာဘဲ။ သတင္းစာေၾကာ္ျငာ စာရြက္ဟာ “စကားမေျပာေသာသက္ေသ” ျဖစ္သြား၊ သက္ေသခံ အေထာက္အထားရတာေပါ့။

ပါမစ္အမည္ေပါက္ မွန္၊ မမွန္စစ္ေဆးရန္ စည္ပင္ေျပးရျပန္

“ေျမခ်ပါမစ္” အေရာင္းအဝယ္ေတြဆိုရင္ေတာ့ ဒီလိုသတင္းစာေၾကာ္ျငာရံုနဲ႔တင္ မလံုေလာက္ဘူးေလ။ အဲဒီ ေျမကြက္ဟာ ၿမိဳ႕ေတာ္စည္ပင္ ေျမစီမံဌာန ၿမိဳ႕ေျမစာရင္းမွာ အမည္ေပါက္ ပါ/မပါ၊ ကန္႔ကြက္ခ်က္ ရွိ/မရွိ၊ ဂရန္ေလွ်ာက္ထားျခင္း ရွိ/မရွိ စသျဖင့္ သိႏိုင္ေအာင္ အရင္စံုစမ္းသင့္ပါတယ္။ ၿမိဳ႕ေျမစာရင္းမွာ အမည္ေပါက္တယ္၊ ကန္႔ကြက္ခ်က္မရွိဘူး၊ ဂရန္ေလွ်ာက္ထားျခင္း၊ ေျမပံုကူးယူထားျခင္း မရွိဘူး ဆိုရင္ေတာ့ စရန္ေငြခ်ဖို႔ ျပင္ဆင္လို႔ ရၿပီေပါ့။

“ပါမစ္ေျမ” ကို ဘာေၾကာင့္ ဒီလိုစစ္ရသလဲဆိုရင္ ၿမိဳ႕ေျမကြက္ေတြ ေဖာ္ထုတ္တာက ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန ေဆာင္ရြက္ေပးတာျဖစ္တယ္။ အဲဒီလို ေဖာ္ထုတ္ၿပီးေနာက္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနကို လႊဲေျပာင္းေပးလို႔ရတယ္။ အဲဒီလို လႊဲေျပာင္းေပးတဲ့အခါမွာ တစ္ခ်ိဳ႕ေျမကြက္ နံပါတ္ေတြက စည္ပင္ကို ပါမသြားဘဲ ကြက္လပ္က်န္ရစ္ခဲ့တာမ်ိဳးေတြ ရွိတယ္။ အဲဒီအခါမွာ ေျမခ်ပါမစ္ စာရြက္စာတမ္းေတြ ျပည့္စံုပါလ်က္ ၿမိဳ႕ေျမစာရင္းမွာ အမည္ေပါက္မရွိတာမ်ိဳးေတြလည္း ရွိတယ္။ အဲဒါဆိုရင္လည္း ၿမိဳ႕ေတာ္စည္ပင္ကေန အိုးအိမ္ျပန္ေမးေနရေတာ့ အခ်ိန္တစ္ႏွစ္ေလာက္ၾကာသြားတတ္တာမ်ိဳးေတြလည္း ရွိၾကတယ္။

ကၽြမ္းက်င္သူကိုရွာ ပါမစ္ မွန္/မမွန္ စစ္ေဆးပါ

အဲဒီထက္ အေျခအေနဆိုးတာက အခုလို အိမ္ျခံေျမ အေရာင္းအဝယ္ေတြေကာင္းလာတဲ့အခါမွာ ေျမခ်ပါမစ္ ဝယ္ရတာ အထူးဂ႐ုစိုက္ရမယ့္ကာလ ျဖစ္လာေနၿပီး အထက္ကေျပာခဲ့သလို သတင္းစာေၾကာ္ျငာတာ၊ စည္ပင္ေျမကြက္ေျပးစစ္တာနဲ႔တင္ မလံုေလာက္ေတာ့ဘူး။ ပါမစ္ေျမကြက္ ဝယ္ၿပီဆိုရင္ ကၽြမ္းက်င္သူထံမွာ ျပသၿပီး ပါမစ္အစစ္အမွန္ျဖစ္ေၾကာင္း အတည္ျပဳခ်က္ရမွ ဝယ္ယူသင့္တဲ့အခ်ိန္ ေရာက္ေနပါၿပီ။

ဘာေၾကာင့္လဲဆိုေတာ့ ေရွ႕ေနကေတာ့ လာငွားရင္ သတင္းစာမွာေၾကာ္ျငာေပးလိုက္မွာဘဲ။ အဲဒီအတူဘဲ စည္ပင္ေျမစီမံဌာနကလည္း အမည္ေပါက္ မွန္/မမွန္ ေလွ်ာက္ထားလာရင္ ၿမိဳ႕ေျမစာရင္းနဲ႔ တိုက္ဆိုင္စစ္ေဆးၿပီး အေၾကာင္းျပန္ေပးလိုက္မွဘဲ။ အခက္ဆံုးက စရန္ေငြေပးၿပီးူ အပိုင္ဝယ္ယူေတာ့မယ္။ ပါမစ္မူရင္းဟာ အတုအစစ္ခြဲျခားသိႏိုင္ဖို႔အတြက္ ဝယ္သူအမ်ားစုကေတာ့ အိမ္ျခံေျမအက်ိဳးေဆာင္နဲ႔ ေရွ႕ေနေတြကိုဘဲ အားကိုးၾကတာဘဲ။

အတုအစစ္ခြဲျခားေပးဖို႔ဆိုတာ အက်ိဳးေဆာင္ေရွ႕ေနေတြကလည္း မိမိတို႔ရဲ႕ လုပ္သက္အေတြ႕အၾကံဳအရဘဲ ခန္႔မွန္းေပးႏိုင္ၾကတာေလ။ ပါမစ္ေတြကို တကယ္ထုတ္ေပးခဲ့တဲ့ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနက တာဝန္ရွိသူေလာက္ ဘယ္သူမွသိႏိုင္ၾကမွာ မဟုတ္ဘူးေလ။ ဒါေၾကာင့္ ပါမစ္ေျမကြက္ ဝယ္ၿပီဆိုရင္ေတာ့ အိုးအိမ္ရံုးမွာသြားၿပီး ေျပးစစ္တာက စိတ္အခ်ရဆံုးပါ။

ပါမစ္အစစ္ရဲ႕သေဘာ ခန္႔မွန္းေျပာ

စာေရးသူတို႔ သိခြင့္ရတာေလးေတြ ဗဟုသုတက ျဖန္႔ေဝရရင္ ၁၉၉၀ ခုႏွစ္မွ ၁၉၉၈ ခုႏွစ္ေလာက္အထိ ထုတ္ေပးခဲ့တဲ့ ပါမစ္စာရြက္ေတြမွာေတာ့ အိုးအိမ္ ဒုတိယၫႊန္ၾကားေရးမွဴး(၃)ဦး (သို႔) (၄)ဦး ခန္႔ေလာက္ရဲ႕ လက္မွတ္နဲ႔ ရံုးစည္းတံဆိပ္ေတြ ရပါတယ္။ အဲဒီလက္မွတ္ေတြကလည္း ေျမကြက္ရသူနဲ႔ ရာဇဝင္အက်ဥ္းခ်ဳပ္စာမ်က္ႏွာနဲ႔ ဓာတ္ပံုေနာက္ေက်ာမွာသာ ေရးထိုးေပးေလ့ရွိတာကို ေတြ႕ရပါတယ္။ အိမ္ရာေဆာက္လုပ္ခြင့္နဲ႔ မွီခိုသူစာရင္းစာရြက္ေတြမွာေတာ့ အိုးအိမ္ဦးစီးအရာရွိက လက္မွတ္ထိုး စည္းတံဆိပ္အဝိုင္း ႐ိုက္ထားတာကို ေတြ႕ရပါတယ္။

ေျမခ်ပါမစ္စာရြက္ေတြဟာ ဝါၾကင့္ၾကင့္စစ္ေတာင္းစကၠဴေတြေပၚမွာ ပံုႏွိပ္ေရသြင္းတာ ေတြ႕ရပါတယ္။ အခုဆိုရင္ (၂၅)ႏွစ္ (၃၀)ႏွစ္ေလာက္ရွိၿပီဆိုေတာ့ ေဟာင္းႏြမ္းၿပီး စာရြက္ႏႈတ္ခမ္းသားေတြကို သတိထားကိုင္ရပါတယ္။ ရံုးစည္းတံဆိပ္အဝိုင္းေတြဆိုရင္လည္း "မံႈ”ဝါးဝါး ျဖစ္ေနၾကပါၿပီ။ ပါမစ္ လက္ေျပာင္းလက္လႊဲမ်ားရင္ ပိုၿပီးသတိထား ကိုင္တြယ္ရတာေပါ့။ ဒါက ေျမခ်ပါမစ္အစစ္ရဲ႕ သဘာဝကို ခန္႔မွန္းေပးလိုက္ရတာပါ။

အဲဒီလို မဟုတ္ဘဲ အခုေစ်းကြက္ထဲမွာ မိမိတို႔ဝယ္ယူေတာ့မယ့္ ပါမစ္စာရြက္ေတြဟာ ၁၉၉၈ ခုႏွစ္ေလာက္က ထုတ္ေပးထားတဲ့စာရြက္ေတြ ျဖစ္ပါလ်က္ စာရြက္အသစ္ကဲ့သို႔ ထူထူထဲထဲ ျဖစ္ေနမယ္။ ဝါညစ္ညစ္ျဖစ္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ဖန္တီးထားမယ္။ ၿပီးေတာ့ ဒုတိယၫႊန္ၾကားေရးမွဴးလက္မွတ္၊ အိုးအိမ္ဦးစီးအရာရွိေတြရဲ႕လက္မွတ္ေတြဟာ ေဘာပင္မွင္ေရာင္ ထင္ရွားေနမယ္။ လက္မွတ္ေရးထိုးေနက် ပံုစံအတိုင္း အဆြဲအရစ္မတူဘဲ ျဖစ္ေနမယ္ဆိုရင္ သတိထားရပါေတာ့မယ္။

ဒီထက္ပိုဆိုးတာက စာရြက္တိုင္းရဲ႕လက္မွတ္ေတြဟာ မၾကာေသးမီကထိုးထားသကဲ့သို႔ ေဘာပင္မွင္ေရာင္ေတြဟာ ေတာက္ပေနမယ္။ ရံုးစည္းတံဆိပ္အဝိုင္းနဲ႔ အရာရွိလက္မွတ္ေအာက္က တံဆိပ္တံုးမွင္ေရာင္ေတြဟာ အသစ္ကဲ့သို႔ လင္းလက္ေတာက္ပေနၿပီဆိုရင္ေတာ့ အဲဒီပါမစ္စာရြက္ေတြဟာ ဝယ္ယူဖို႔ မသင့္ပါေၾကာင္း ဗဟုသုတမွ်ေဝ လိုက္ပါတယ္။

အိမ္ျခံေျမ ဝယ္သူမ်ား ပါမစ္အတုနဲ႔ လႊဲပါေစ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service