အိမ်ခြံမြေအရောင်းအဝယ်တွင်ကြုံတွေ့နိုင်တဲ့ စည်ပင် “ အရောင်းမြေပုံ”

အိမ်ခြံမြေအရောင်းအဝယ်တွင်ကြုံတွေ့နိုင်တဲ့ စည်ပင် “ အရောင်းမြေပုံ” - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2021 3:22 pm တွင် တင်ခဲ့သည်
892 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အိမ်ခြံမြေဝယ်လိုသူများ /ရပ်ကွက် အတွင်းရှာနေပြီဆိုကတည်းက ပွဲစားများက ရောင်းမယ့် မြေကွက်နဲ့ အိမ်တွေကိုလိုက်ပြပေးကြတယ် ။ရောင်းမယ့် မြေကွက်တွေက မြေချပါမစ် ကိုလည်းတွေ့ရတယ် ။ အနှစ် (၆၀)ဂရန် မြေကွက်ကိုလည်းပြကြတယ် ။ဝယ်သူဆိုတာကတော့ ဂရန်မြေ /ပါမစ်မြေဆိုတာထက် ၊ ရပ်ကွက်အခြေအနေ ၊ လမ်းအခြေအနေ ၊ သွားလာဆက်သွယ်ရေးကောင်းမကောင်း အခြေအနေတွေအပေါ်မူတည်ပြီး နေရာကို ရွေးချယ်ဝယ်ယူချင်ကြတာများတယ် ။ဒီထက့် အကြိုက်ဆုံးက ဝယ်မယ့်မြေကွက်ဟာ ထောင့်ကွက်ဖြစ်ဖို့ပါဘဲ ။

ထောင့်ကွက် ကြိုက်သူများရေ ၊ လှတာမက်တော့ ညစာခက်သလေ

ထောင့်ကွက်တွေ့ပြီဆိုရင် ထောင့်ကွက်မြေဈေးကလည်း ရပ်ကွက်လိုက်ပြီး ဈေးနှုန်းတွေက မတူကြဘူး ။နေရာပေါ်မူတည်ပြီး အတွင်းလမ်းသွယ်ထဲက မြေကွက်ဈေးတောင် သိန်း (၅၀) သိန်း (၁၀၀) အထိတောင်ဈေးတင်ထားတက်ကြတယ် ။များသောအားဖြင့် ထောင့်ကွက်တွေ ဟာ “ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” ဖြစ်လို့ ဈေးပိုခေါ်တာလည်းဖြစ်ပါတယ် ။ ဥပမာပြောရရင်။ ။ ချောမောလှတဲ့ မိန်းကလေးဆိုရင် ယောကျာင်္တိုင်းကစိတ်ဝင်စားလို့ပါဘဲ ။လှတာမက်တော့ ညစာခက် ။စကားလို့ပါဘဲ ။တစ်ခါတစ်ရံကျရင် ထောင့်ကွက်တွေဝယ်ရတာ အတော်စိတ်ညစ်စရာတွေနဲ့ ကြုံရတယ် ။ စိတ်ညစ်စရာကြုံရပုံလေး ပြောပြရဦးမယ် ။စာရေးသူ မိတ်ဆွေတစ်ဦးက ဒဂုံမြောက်ပိုင်းမှာ (40 ‘x 60 ‘) ဝယ်လိုက်တယ် ။ဂရန်မြေဆိုတော့ ထုံးစံအတိုင်း ရောင်းသူဘက်က မြို့တော်စည်ပင်မြေယာဌါနမှာ “အရောင်းမြေပုံ ”ထွက်လာမှ ဝယ်သူကကျန်တဲ့ ငွေချေးရမှာလေ ။အဲ့ဒီတော့ ရောင်းသူဘက်ကလည်း ကျန်ငွေလိုချင်တာနဲ့ ။စည်ပင်ကအရောင်းမြေပုံ “ ထွက်လာအောင် ” အသည်းအသန်လိုက်ပြီး ဆောင်ရွက်တာပေါ့ ။ဒါပင်မဲ့လည်း “ အလျင်လိုအနှေးတွေ့” ဆိုရိုးစကားအတိုင်းပါဘဲ ။ သက်ဆိုင်ရာ မြေတိုင်းအဖွဲ့က မြေကွက် မှာလာပြီးကွင်းဆင်စစ်ဆေးဆောင်ရွက်ဖို့ဆဲဆဲမှာ ဌါနအတွင်း ၊ ရုံးမိန့် အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပေါ်လာတယ်ဗျာ။

“ အရင်းစစ်” တော့ “ အမြစ် ”မြေက ဆိုတဲ့အတိုင်း

လက်ရှိ မြေပိုင်ဆိုင်သူတွေကိုင်ထားတဲ့ ဂရန်စာအုပ်အများစုကလည်း အရင်တုန်းက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတာတွေလေ ။အဲ့ဒီ (အိုးအိမ်) ကထုတ်ပေးထားတဲ့ ဂရန်တွေကို ကြည့်လိုက်ရင် အမျိုးသာမှတ်ပုံတင်နံပါတ်တွေနဲ့ ရေးမှတ်ထားတာတွေ့ရတယ် ။တချို့က အဲဒီမှတ်ပုံတင်ကို (၃)ခေါက်ချိုးမှတ်ပုံတင်လို့လည်း ခေါ်ကြတယ် ။ အဲ့ဒီတုန်းက နိုင်ငံသားစီစစ်ရေးကဒ်ပြားဆိုတာ အခုလို လူတိုင်းကိုင်ကြသေးတာမဟုတ်ဘူး ။နိုင်ငံသားကဒ်ပြားထုတ်ပေးထားပြီးရင်လည်းရတဲ့ လူတွေကကိုယ့်နံပါတ်ကိုယ်မှတ်မိကြတာမဟုတ်ဘူးလေ ။ ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲမှတ်ထားတဲ့ အမျိုးသားမှတ်ပုံတင်နံပါတ်ကိုဘဲ အလွတ်ရနေကြတာ ။

အဲ့ဒီတော့ ဌါနဆိုင်ရာတွေက စီမံချက်အရ ရပ်ကွက်ထဲလာပြီး ဂရန်လျှောက်ခိုင်းတဲ့အခါကျတာ့ လွယ်လွယ်ကူကူအလွတ်ရနေတဲ့ မှတ်ပုံတင်နံပါတ်တွေဘဲ ပြောလိုက်တာပေါ့ ။ဥပမာ ။ ။ တောင်ဥက္ကလာပဆိုရင် (S/OKA……………….) ပေါ့ဗျာ ။ အဲဒီလိုလုပ်ပေးမိတဲ့ ကိစ္စတွေကို တာဝန်ယူပေးခဲ့တဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်အိုးအိမ်)က တဆင့် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌါနကိုလည်း လွှဲပေးလိုက်ရော ဂရန်မှာ (၃)ခေါက်ချိုးမှတ်ပုံတင်နံပါတ် ၁ နဲ့ ရေးမှတ်ထားတာတွေပယ်ဖျုက်ပြီး မြေအမည်ပေါက်သူရဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနံပါတ် ပြန်ထည့်ခိုင်းတဲ့အချိန်နဲ့ လာကြုံနေကြရတယ် ။

အဲဒီလို ကြားဖြတ်နိုင်တဲ့အတွက်ကြောင့် အရင်က " အရောင်းမြေပုံ " ကူးရင်တစ်လလို့ ထင်ခဲ့ပေမယ့် ။အခုတော့ ။“ အရောင်းမြေပုံ ” ကူရင်(၂)လကျော်ကြာသွားတတ်တာကို တွေရပါတယ် ။ဒီလို အခက်အခဲကြုံလာရော ၊သတ်မှတ်ရက်မှာ အပြီးသတ်စာချုပ်ချုပ်ပေးနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီးပိုပြီး အလှမ်းဝေသွားတာပေါ့ ။

အဲဒါကြောင့် ရောင်းသူကလည်းကျန်ငွေအပြီးချေစေချင်တယ် ။ဝယ်သူကလည်း “ အရောင်းမြေပုံ ” မရရင်ငွေမချေနိုင်ဘူး ။ “ အရောင်းမြေပုံ ”ရတဲ့နေ့မှာ ကျန်တဲ့ငွေကိုအပြီးချေမယ် ၊ ဝယ်သူကိုရောင်းသူက SP=Special Power ပေးရမယ် ။ဆိုပြီး အငြင်းအခုံဖြစ်ကုန်ကြပါလေရော ။ သူတို့မျက်နှာတွေမှာ စရန်ပေးစာချုပ်ချုပ်စဉ်က “အပြုံး ” တွေ ပျောက်ကွယ်ပြီး ။” အမုန်း” တွေနဲ့ “ မာန ”တွေ ပြိုင်ကြတော့မယ် အခြေအနေရောက်ကုန်ပါလေရော ။

ပြောင်းလဲတာက မြို့တော်စည်ပင်မြေယာဌာန ၊ သတိထားလို့စာချုပ်ကြ

နှစ်ဦးနှစ်ဘက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားစေချင်တာက တော့ ဝယ်သူရဲ့ ရှေ့နေပါဘဲ ။အရင်လို “ စတိုင်” တွေမလုပ်နိုင်တော့ဘဲ သက်ဆိုင်ရာမြေစီမံဌါနက ဝန်ထမ်းတွေဆီအပြေးသွားပြီး အကူအညီတောင်းကား မျက်နှာချိုသွေးရတော့တာပေါ့ ။သူတို့ ပြောသမျှဆိုသမျှလည်းခံရတော့တာပေါ့ ။ဘယ်တတ်နိုင်မှာလဲ ။ ။အရင်လိုဘဲထင်ပြီး “အရောင်းမြေပုံ ”ထုတ်ရင် တစ်လနဲ့ ရတယ် ။တစ်လခွဲနဲ့ ရတယ်လို့ ကတိပေးမိတာကို ။အခုတော့ ကိုယ်ဖော်တဲ့ဆေးကိုယ်မစားနိုင်တဲ့ အဖြစ်မျိုးကြုံကာ “အရောင်းမြေပုံ ” ထွက်လာတဲ့အထိကြိုးစားယူရတော့တာပေါ့ “အရောင်းမြေပုံ ” ရသွားပြီးရင်တော့ အခွန်ရုံးတင်ပြတာတို့၊ အရောင်းအဝယ်စာချုပ်ချုပ်တာတို့ကတော့ မြို့တော်စည်ပင်မြေစီမံဌါနဖြစ်တဲ့ အတွက် အိမ်၊ ခြံ ၊ မြေ ရောင်းကြဝယ်ကြတော့မယ်ဆိုရင် စည်ပင် “အရောင်းမြေပုံ ” ရတဲ့နေ့မှာ ကျန်ငွေပေးချေနိုင်မယ်ဆိုတဲ့အချက်စာချုပ်ထဲမှာ ထည့်ရေးသင့်ပါကြောင်း အကြံပေးတင်ပြလိုက်ရပါတယ်။

သုခီ အတ္တာနံ ပရိဟရန္တု

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမအေရာင္းအဝယ္တြင္ၾကံဳေတြ႕ႏိုင္တဲ့ စည္ပင္ “ အေရာင္းေျမပံု”

အိမ္ျခံေျမဝယ္လိုသူမ်ား /ရပ္ကြက္ အတြင္းရွာေနျပီဆိုကတည္းက ပြဲစားမ်ားက ေရာင္းမယ့္ ေျမကြက္နဲ႕ အိမ္ေတြကိုလိုက္ျပေပးၾကတယ္ ။ေရာင္းမယ့္ ေျမကြက္ေတြက ေျမခ်ပါမစ္ ကိုလည္းေတြ႕ရတယ္ ။ အနွစ္ (၆၀)ဂရန္ ေျမကြက္ကိုလည္းျပၾကတယ္ ။ဝယ္သူဆိုတာကေတာ့ ဂရန္ေျမ /ပါမစ္ေျမဆိုတာထက္ ၊ ရပ္ကြက္အေျခအေန ၊ လမ္းအေျခအေန ၊ သြားလာဆက္သြယ္ေရးေကာင္းမေကာင္း အေျခအေနေတြအေပၚမူတည္ျပီး ေနရာကို ေရြးခ်ယ္ဝယ္ယူခ်င္ၾကတာမ်ားတယ္ ။ဒီထက့္ အၾကိဳက္ဆံုးက ဝယ္မယ့္ေျမကြက္ဟာ ေထာင့္ကြက္ျဖစ္ဖို႕ပါဘဲ ။

ေထာင့္ကြက္ ၾကိဳက္သူမ်ားေရ ၊ လွတာမက္ေတာ့ ညစာခက္သေလ

ေထာင့္ကြက္ေတြ႕ျပီဆိုရင္ ေထာင့္ကြက္ေျမေဈးကလည္း ရပ္ကြက္လိုက္ျပီး ေဈးႏႈန္းေတြက မတူၾကဘူး ။ေနရာေပၚမူတည္ျပီး အတြင္းလမ္းသြယ္ထဲက ေျမကြက္ေဈးေတာင္ သိန္း (၅၀) သိန္း (၁၀၀) အထိေတာင္ေဈးတင္ထားတက္ၾကတယ္ ။မ်ားေသာအားျဖင့္ ေထာင့္ကြက္ေတြ ဟာ “ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္” ျဖစ္လို႕ ေဈးပိုေခၚတာလည္းျဖစ္ပါတယ္ ။ ဥပမာေျပာရရင္။ ။ ေခ်ာေမာလွတဲ့ မိန္းကေလးဆိုရင္ ေယာက်ာၤတိုင္းကစိတ္ဝင္စားလို႕ပါဘဲ ။လွတာမက္ေတာ့ ညစာခက္ ။စကားလို႕ပါဘဲ ။တစ္ခါတစ္ရံက်ရင္ ေထာင့္ကြက္ေတြဝယ္ရတာ အေတာ္စိတ္ညစ္စရာေတြနဲ႕ ၾကံဳရတယ္ ။ စိတ္ညစ္စရာၾကံဳရပံုေလး ေျပာျပရဦးမယ္ ။စာေရးသူ မိတ္ေဆြတစ္ဦးက ဒဂံဳေျမာက္ပိုင္းမွာ (40 ‘x 60 ‘) ဝယ္လိုက္တယ္ ။ဂရန္ေျမဆိုေတာ့ ထံုးစံအတိုင္း ေရာင္းသူဘက္က ျမိဳ႕ေတာ္စည္ပင္ေျမယာဌါနမွာ “အေရာင္းေျမပံု ”ထြက္လာမွ ဝယ္သူကက်န္တဲ့ ေငြေခ်းရမွာေလ ။အဲ့ဒီေတာ့ ေရာင္းသူဘက္ကလည္း က်န္ေငြလိုခ်င္တာနဲ႕ ။စည္ပင္ကအေရာင္းေျမပံု “ ထြက္လာေအာင္ ” အသည္းအသန္လိုက္ျပီး ေဆာင္ရြက္တာေပါ့ ။ဒါပင္မဲ့လည္း “ အလ်င္လိုအေနွးေတြ႕” ဆုိရုိးစကားအတိုင္းပါဘဲ ။ သက္ဆိုင္ရာ ေျမတိုင္းအဖြဲ႕က ေျမကြက္ မွာလာျပီးကြင္းဆင္စစ္ေဆးေဆာင္ရြက္ဖို႕ဆဲဆဲမွာ ဌါနအတြင္း ၊ ရုံးမိန္႕ အေနနဲ႕ ေဆာင္ရြက္ရမယ့္ ကိစၥတစ္ခုေပၚလာတယ္ဗ်ာ။

“ အရင္းစစ္” ေတာ့ “ အျမစ္ ”ေျမက ဆိုတဲ့အတိုင္း

လက္ရွိ ေျမပိုင္ဆိုင္သူေတြကိုင္ထားတဲ့ ဂရန္စာအုပ္အမ်ားစုကလည္း အရင္တုန္းက ျမိဳ႕ျပနွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာနက ထုတ္ေပးထားတာေတြေလ ။အဲ့ဒီ (အိုးအိမ္) ကထုတ္ေပးထားတဲ့ ဂရန္ေတြကုိ ၾကည့္လိုက္ရင္ အမ်ိဳးသာမွတ္ပံုတင္နံပါတ္ေတြနဲ႕ ေရးမွတ္ထားတာေတြ႕ရတယ္ ။တခိ်ဳ႕က အဲဒီမွတ္ပံုတင္ကို (၃)ေခါက္ခ်ိဳးမွတ္ပံုတင္လို႕လည္း ေခၚၾကတယ္ ။ အဲ့ဒီတုန္းက ႏိုင္ငံသားစီစစ္ေရးကဒ္ျပားဆိုတာ အခုလို လူတိုင္းကိုင္ၾကေသးတာမဟုတ္ဘူး ။ႏိုင္ငံသားကဒ္ျပားထုတ္ေပးထားျပီးရင္လည္းရတဲ့ လူေတြကကိုယ့္နံပါတ္ကိုယ္မွတ္မိၾကတာမဟုတ္ဘူးေလ ။ ငယ္စဥ္ကတည္းက စြဲစြဲျမဲျမဲမွတ္ထားတဲ့ အမ်ိဳးသားမွတ္ပံုတင္နံပါတ္ကိုဘဲ အလြတ္ရေနၾကတာ ။

အဲ့ဒီေတာ့ ဌါနဆိုင္ရာေတြက စီမံခ်က္အရ ရပ္ကြက္ထဲလာျပီး ဂရန္ေလွ်ာက္ခိုင္းတဲ့အခါက်တာ့ လြယ္လြယ္ကူကူအလြတ္ရေနတဲ့ မွတ္ပံုတင္နံပါတ္ေတြဘဲ ေျပာလိုက္တာေပါ့ ။ဥပမာ ။ ။ ေတာင္ဥကၠလာပဆိုရင္ (S/OKA……………….) ေပါ့ဗ်ာ ။ အဲဒီလိုလုပ္ေပးမိတဲ့ ကိစၥေတြကို တာဝန္ယူေပးခဲ့တဲ့ ျမိိဳ႕ျပနွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန (ယခင္အိုးအိမ္)က တဆင့္ ယခု ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ျမိဳ႕ျပစီမံကိန္းနွင့္ေျမစီမံခန္႕ခြဲမႈဌါနကိုလည္း လႊဲေပးလိုက္ေရာ ဂရန္မွာ (၃)ေခါက္ခ်ိဳးမွတ္ပံုတင္နံပါတ္ ၁ နဲ႕ ေရးမွတ္ထားတာေတြပယ္ဖ်ုက္ျပီး ေျမအမည္ေပါက္သူရဲ႕ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားနံပါတ္ ျပန္ထည့္ခိုင္းတဲ့အခ်ိန္နဲ႕ လာၾကံဳေနၾကရတယ္ ။

အဲဒီလို ၾကားျဖတ္ႏိုင္တဲ့အတြက္ေၾကာင့္ အရင္က " အေရာင္းေျမပံု " ကူးရင္တစ္လလို႕ ထင္ခဲ့ေပမယ့္ ။အခုေတာ့ ။“ အေရာင္းေျမပံု ” ကူရင္(၂)လေက်ာ္ၾကာသြားတတ္တာကို ေတြရပါတယ္ ။ဒီလို အခက္အခဲၾကံဳလာေရာ ၊သတ္မွတ္ရက္မွာ အျပီးသတ္စာခ်ဳပ္ခ်ဳပ္ေပးႏိုင္ဖို႕ဆိုတာ ခက္ခဲသြားျပီးပိုျပီး အလွမ္းေဝသြားတာေပါ့ ။

အဲဒါေၾကာင့္ ေရာင္းသူကလည္းက်န္ေငြအျပီးေခ်ေစခ်င္တယ္ ။ဝယ္သူကလည္း “ အေရာင္းေျမပံံု ” မရရင္ေငြမေခ်ႏိုင္ဘူး ။ “ အေရာင္းေျမပံု ”ရတဲ့ေန႕မွာ က်န္တဲ့ေငြကိုအျပီးေခ်မယ္ ၊ ဝယ္သူကိုေရာင္းသူက SP=Special Power ေပးရမယ္ ။ဆိုျပီး အျငင္းအခံုျဖစ္ကုန္ၾကပါေလေရာ ။ သူတို႕မ်က္နွာေတြမွာ စရန္ေပးစာခ်ဳပ္ခ်ဳပ္စဥ္က “အျပံဳး ” ေတြ ေပ်ာက္ကြယ္ျပီး ။” အမုန္း” ေတြနဲ႔ “ မာန ”ေတြ ျပိဳင္ၾကေတာ့မယ္ အေျခအေနေရာက္ကုန္ပါေလေရာ ။

ေျပာင္းလဲတာက ျမိဳ႕ေတာ္စည္ပင္ေျမယာဌာန ၊ သတိထားလို႕စာခ်ဳပ္ၾက

နွစ္ဦးနွစ္ဘက္ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႕ ျပီးသြားေစခ်င္တာက ေတာ့ ဝယ္သူရဲ႕ ေရွ႕ေနပါဘဲ ။အရင္လို “ စတိုင္” ေတြမလုပ္ႏိုင္ေတာ့ဘဲ သက္ဆိုင္ရာေျမစီမံဌါနက ဝန္ထမ္းေတြဆီအေျပးသြားျပီး အကူအညီေတာင္းကား မ်က္နွာခ်ိဳေသြးရေတာ့တာေပါ့ ။သူတို႕ ေျပာသမွ်ဆိုသမွ်လည္းခံရေတာ့တာေပါ့ ။ဘယ္တတ္ႏိုင္မွာလဲ ။ ။အရင္လိုဘဲထင္ျပီး “အေရာင္းေျမပံု ”ထုတ္ရင္ တစ္လနဲ႕ ရတယ္ ။တစ္လခြဲနဲ႕ ရတယ္လို႕ ကတိေပးမိတာကို ။အခုေတာ့ ကိုယ္ေဖာ္တဲ့ေဆးကိုယ္မစားႏိုင္တဲ့ အျဖစ္မ်ိဳးၾကံဳကာ “အေရာင္းေျမပံု ” ထြက္လာတဲ့အထိၾကိဳးစားယူရေတာ့တာေပါ့ “အေရာင္းေျမပံု ” ရသြားျပီးရင္ေတာ့ အခြန္ရုံးတင္ျပတာတို႕၊ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တာတို႕ကေတာ့ ျမိဳ႕ေတာ္စည္ပင္ေျမစီမံဌါနျဖစ္တဲ့ အတြက္ အိမ္၊ ျခံ ၊ ေျမ ေရာင္းၾကဝယ္ၾကေတာ့မယ္ဆိုရင္ စည္ပင္ “အေရာင္းေျမပံု ” ရတဲ့ေန႕မွာ က်န္ေငြေပးေခ်ႏိုင္မယ္ဆိုတဲ့အခ်က္စာခ်ဳပ္ထဲမွာ ထည့္ေရးသင့္ပါေၾကာင္း အၾကံေပးတင္ျပလိုက္ရပါတယ္။

သုခီ အတၱာနံ ပရိဟရႏၱဳ

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service