ငရုတ်သီးစိမ်းရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

ငရုတ်သီးစိမ်းရဲ့ အစွမ်းသတ္တိ (၁၀) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
24 Jan 2021 10:26 am တွင် တင်ခဲ့သည်
1317 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူဖြစ်ရင် ငရုတ်သီးချစ်သူပီသပါတယ်။

တချို့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရောရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းကမြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။ အနံ့လည်းပိုမွှေးပြီး အညှီနံ့ပျောက်တာကိုး။

ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင် ပါဝင်မှုများပြီး ဗီတာမင် ဘီနဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ ငရုတ်သီးစိမ်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ဆက်ကြည့်ရအောင်။

(၁) အအေးမိခြင်းကို ကုသနိုင်

အအေးမိသလို ဖျားချင်သလိုလိုဖြစ်လာရင် ရှူးရှူးရှဲရှဲ ပူစပ်စပ်လေးတစ်ခုခုစားလိုက်မှ ချွေးထွက်သွားတယ်၊ ပွင့်သွားတယ်နဲ့ပြောကြတာ သတိထားမိလား။ ဒီနည်းလမ်းက တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းနည်းနည်းစားလိုက်တာနဲ့ (ဥပမာ – ချဉ်စပ်ဟင်းရည်၊ အာပူလျှာပူ) အဆုတ်ရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။ ချွဲသလိပ်တွေချောင်စေပြီး ချောင်းဆိုးသက်သာစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးတဲ့အတွက် အအေးမိခြင်းအပါအဝင် နာမကျန်းဖြစ်တာအတော်များများကို သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

(၂) ရောင်ရမ်းမှုတွေ သက်သာစေနိုင်

နာတာရှည်ရောင်ရမ်းမှုဝေဒနာက သင့်ကျန်းမာရေးကို အားနည်းယိုယွင်းစေပြီး တခြားရောဂါတွေဝင်လာစေနိုင်ပါတယ်။ ငရုတ်သီးစိမ်းမှာပါတဲ့ ဗီတာမင် စီ က အရောင်ကျစေတဲ့အစွမ်းသတ္တိရှိတဲ့အတွက် ဂေါက်ရောဂါ၊ အနာတွေနဲ့ နှလုံးဆိုင်ရာရောဂါပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။

(၃) အနာကျက်မြန်စေနိုင်

ဗီတာမင် စီ ကြောင့်ပဲ အနာတွေ၊ ဒဏ်ရာတွေကို အကျက်မြန်စေပါတယ်။ အရေပြားဖွဲ့စည်းပုံမှ အဓိကကျတဲ့ ကိုလာဂျင်အသားဓာတ် ဖြစ်ပေါ်မှု၊ လုပ်ဆောင်ချက်ကိုထောက်ပံ့အားပေးပြီး အရေပြားအသစ်ဖြစ်ပေါ်မှုကို ကူညီတဲ့ ဗီတာမင် စီ က အနာကျက်မြန်စေနိုင်ပါတယ်။

(၄) ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးနိုင်

အရသာပူတယ်စပ်တယ်ဆိုပေမယ့်လည်း အံ့သြစရာကောင်းတာက ငရုတ်သီးစိမ်းမှာ အလုံအလောက်ပါဝင်တဲ့ capsaicin(ကပ်ဆေးရ်စင်) က ဦးနှောက်ရဲ့hypothalamus(ဦးနှောက်ရှေ့ခြမ်းအပိုင်း)က အပူလျှော့ချခြင်းစင်တာကို နှိုးဆွပေးတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယလိုမျိုး ပူပြင်းတဲ့ဒေသတွေမှာတောင် ငရုတ်သီးစိမ်းကိုစားနေကြတာပါ။

(၅) အစာအိမ်နဲ့အူလမ်းကြောင်းအတွက်ကောင်းကျိုးပြု

ငရုတ်သီးစိမ်းမှာ အစာခြေဖျက်မှုကိုအားပေးထောက်ပံ့ပြီး၊ အူကိုရှင်းစေတဲ့အတွက် ဝမ်းလည်းမှန်စေပါတယ်။ ငရုတ်သီးစိမ်းက တံတွေးလည်း ပိုထွက်စေတာကြောင့် အစာကောင်းစွာကြေညက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ငရုတ်သီးစိမ်းကို အလွန်အကျွံမဟုတ်ဘဲ ထိုက်သင့်သလောက်စားပေးရင် capsaicin(ကပ်ဆေးရ်စင်) က အစာအိမ်အနာတွေကို သက်သာစေပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

(၆) မျက်စိအားကောင်းစေနိုင်

ဗီတာမင် စီ က ငရုတ်သီးစိမ်းမှာပါတဲ့ အကောင်းဆုံးဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မျက်စိနဲ့အမြင်အာရုံကျန်းမာရေးကိုကောင်းမွန်စေရုံသာမက အတွင်းတိမ်ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုတောင်လျော့ပါးစေပါတယ်။ ဗီတာမင် အေ ကြွယ်ဝမှုကြောင့်လည်း မျက်စိကျန်းမာရေးအတွက်ပိုကောင်းစေတာဖြစ်ပါတယ်။

(၇) နှလုံးကျန်းမာစေနိုင်

Capsaicin(ကပ်ဆေးရ်စင်)ကြောင့်ပဲ နှလုံးကျန်းမာရေးကို နည်းလမ်းနှစ်မျိုးနဲ့ အကျိုးပြုနိုင်ပါတယ်။ တစ်နည်းကသွေးထဲက ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးသွေးကြောတွင်း ကိုလက်စထရောစုပုံခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောတွေကို ကျုံ့စေပြီး တခြားကိုယ်တွင်းအင်္ဂါတွေဆီသွေးလည်ပတ်မှုကိုဟန့်တားနေတဲ့ မျိုးဗီဇတစ်ခုခုရဲ့လုပ်ဆောင်ချက်ကို တားဆီးပေးခြင်းဖြင့်သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။သွေးကြောတွေကိုချဲ့ပေးတဲ့Capsaicin(ကပ်ဆေးရ်စင်) ကသွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးကျန်းမာစေတာဖြစ်ပါတယ်။

(၈) ကင်ဆာ ကာကွယ်နိုင်

ငရုတ်သီးစိမ်းရဲ့capsaicin(ကပ်ဆေးရ်စင်) က ကင်ဆာရောဂါမဖြစ်စေဖို့ သို့မဟုတ် ကင်ဆာဆိုးရွားမှုအဆင့်ကိုနှေးကွေးစေဖို့(အထူးသဖြင့် ဆီးကျိတ်) ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကင်ဆာကာကွယ်တဲ့လုပ်ဆောင်ချက်မှာ ပါဝင်ထောက်ကူပေးပါတယ်။

(၉) အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်

ထမင်းစားတဲ့အခါ အသုပ်လေးထဲမှာဖြစ်ဖြစ် ငရုတ်သီးစိမ်းလေးထည့်စားရင် အသားအရေလည်းနုပျိုစေပြီး အရေပြားကျန်းမာရေးအတွက်ပါကောင်းပါတယ်။ အရေးအကြောင်းတွေကိုလည်း မဖြစ်စေပါဘူးတဲ့။ ဗီတာမင် စီ ကြောင့် ဆဲလ်တွေကို အောက်ဆီဂျင်ဓာတ်တိုးပျက်စီးစေခြင်းမဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်မီရင့်ရော်မှုလက္ခဏာတွေကိုလျော့ပါးစေပါတယ်။

(၁၀) အိမ်ထောင်ရေးသုခပြည့်ဝစေနိုင်

ငရုတ်သီးပူစပ်စပ်လေးက ခန္ဓာကိုယ်ထဲမှာ အပူဓာတ်ပေးရုံတင်မကဘဲ အိပ်ရာထဲအထိပါကောင်းကျိုးပေးပါတယ်တဲ့။ ငရုတ်သီးစိမ်းမှာပါတဲ့capsaicin(ကပ်ဆေးရ်စင်)ကြောင့် နှလုံးခုန်နှုန်းကိုမြန်လာစေပြီး အာရုံကြောတွေကို နှိုးဆွကာသွေးလည်ပတ်မှုကိုကောင်းစေပါတယ်။

ဘေးထွက်ဆိုးကျိုးကတော့

ငရုတ်သီးစိမ်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် သိပ်လည်းအများကြီးမစားပါနဲ့။ ဆိုလိုတာက တစ်နေ့ကို ငါးတောင့်ထက် ပိုမစားသင့်ပါဘူး။ ပြီးတော့ ဒါကိုလည်း တစ်ကြိမ်တည်းစားမချသင့်ဘူးနော်။ တစ်ခါစားမှ တစ်တောင့်နှစ်တောင့်လောက်ပဲ စားပါ။ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။ ဗိုက်အောင့်တတ်သူဆိုရင် ကိုယ့်အစာအိမ်ကလက်ခံနိုင်သလောက်ထက်ပိုပြီး စားမိတဲ့အခါ တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ အစပ်ဒဏ်ကို မခံနိုင်ရင် နို့အေးတစ်ခွက်သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။

ငရုတ်သီးစိမ်းတွေက အမျိုးအစားမတူကြသလို အစပ်အရသာလည်း အဆင့်အလိုက် ရှိတဲ့အတွက် အစပ်သိပ်ပြင်းတာမျိုး အမြဲမစားသင့်ပါဘူး။ သဘာဝအကျိုးကျေးဇူးတွေရှိလို့၊ နှစ်သက်လို့ စားသုံးချင်ရင် ဟင်းပွဲတွေထဲ အနည်းငယ်စီ ထည့်စားရင်းနဲ့ ရနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Hellosayarwon

 

[Zawgyi]

င႐ုတ္သီးစိမ္းရဲ႕ အစြမ္းသတၱိ (၁၀) မ်ိဳး

သင္ဟာ င႐ုတ္သီးခ်စ္သူလား။ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ င႐ုတ္သီးစိမ္းကိုစားႏိုင္တဲ့သူ၊ လက္ဖက္သုပ္တင္မကဘဲ ဘာအသုပ္ေလးစားစား င႐ုတ္သီးစိမ္းနဲ႔တြဲစားရမွ ဆိုတဲ့သူ၊ သေဘၤာသီးဆို ရခိုင္သုပ္ေလးမွ၊ ခ်ဥ္စပ္ကေလးမွ ဆိုတဲ့သူျဖစ္ရင္ င႐ုတ္သီးခ်စ္သူပီသပါတယ္။

တခ်ိဳ႕ကေတာ့ ဟင္းထဲပါလာတဲ့ င႐ုတ္သီးေလးေတြေတာင္ အေသအခ်ာေ႐ြးဖယ္တတ္သူပါ။ အစပ္ေၾကာက္တတ္သူေတြက င႐ုတ္သီးကို အစိမ္းေရာ၊ အမွည့္ေရာေရွာင္တတ္ေပမယ့္ င႐ုတ္သီးရဲ႕အံ့ၾသေလာက္စရာ အက်ိဳးေက်းဇူးေတြကို သိလိုက္ရရင္ ကိုယ္ယူမစားေတာင္ ဟင္းထဲထည့္ခ်က္တာေလာက္ကို ခြင့္ျပဳၾကမယ္ထင္ပါတယ္။ ဒါ့ေၾကာင့္ပဲ ဟိုယခင္တည္းကျမန္မာ့ဟင္းလ်ာေတြမွာ ဘာေလးခ်က္ခ်က္ င႐ုတ္သီးစိမ္းေလးခတ္ၿပီးခ်က္ျပဳတ္တတ္ၾကတာထင္ပါတယ္(ဥပမာ ခ်ဥ္ရည္ဟင္းလိုမ်ိဳး)။ အနံ႔လည္းပိုေမႊးၿပီး အညႇီနံ႔ေပ်ာက္တာကိုး။

င႐ုတ္သီးစိမ္းက ဗီတာမင္ စီ ႂကြယ္ဝၿပီး အႏွစ္လုပ္၊ေထာင္းႀကိတ္ၾကတဲ့ င႐ုတ္ေျခာက္ေတြမွာ ဗီတာမင္ ေအ ပိုမ်ားပါတယ္။ အစိမ္းေရာင္ သို႔မဟုတ္ အနီေရာင္စိုတဲ့ င႐ုတ္သီးေတြမွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းဘီတာကယ္႐ိုတင္ ပါဝင္မႈမ်ားၿပီး ဗီတာမင္ ဘီနဲ႔ အီး၊ သံဓာတ္နဲ႔ ပိုတက္စီယမ္ဓာတ္ေတြလည္းပါဝင္ပါတယ္။ င႐ုတ္သီးစိမ္းကေန ဘာအက်ိဳးေက်းဇူးေတြရႏိုင္မလဲ ဆက္ၾကည့္ရေအာင္။

(၁) အေအးမိျခင္းကို ကုသႏိုင္

အေအးမိသလို ဖ်ားခ်င္သလိုလိုျဖစ္လာရင္ ရႉးရႉးရွဲရွဲ ပူစပ္စပ္ေလးတစ္ခုခုစားလိုက္မွ ေခြၽးထြက္သြားတယ္၊ ပြင့္သြားတယ္နဲ႔ေျပာၾကတာ သတိထားမိလား။ ဒီနည္းလမ္းက တကယ္လည္း အလုပ္ျဖစ္ပါတယ္။ င႐ုတ္သီးစိမ္းနည္းနည္းစားလိုက္တာနဲ႔ (ဥပမာ – ခ်ဥ္စပ္ဟင္းရည္၊ အာပူလွ်ာပူ) အဆုတ္ရဲ႕လုပ္ေဆာင္ခ်က္ကို ႏႈိးဆြေပးၿပီး ခႏၶာကိုယ္ကို အားျဖစ္ေစပါတယ္။ ခြၽဲသလိပ္ေတြေခ်ာင္ေစၿပီး ေခ်ာင္းဆိုးသက္သာေစပါတယ္။ ဗီတာမင္ စီက ကိုယ္ခံအားစနစ္ကိုေထာက္ပံ့ေပးတဲ့အတြက္ အေအးမိျခင္းအပါအဝင္ နာမက်န္းျဖစ္တာအေတာ္မ်ားမ်ားကို သက္သာေလ်ာ့ပါးေစႏိုင္စြမ္းရွိပါတယ္။

(၂) ေရာင္ရမ္းမႈေတြ သက္သာေစႏိုင္

နာတာရွည္ေရာင္ရမ္းမႈေဝဒနာက သင့္က်န္းမာေရးကို အားနည္းယိုယြင္းေစၿပီး တျခားေရာဂါေတြဝင္လာေစႏိုင္ပါတယ္။ င႐ုတ္သီးစိမ္းမွာပါတဲ့ ဗီတာမင္ စီ က အေရာင္က်ေစတဲ့အစြမ္းသတၱိရွိတဲ့အတြက္ ေဂါက္ေရာဂါ၊ အနာေတြနဲ႔ ႏွလုံးဆိုင္ရာေရာဂါျပႆနာေတြကို ျဖစ္ႏိုင္ေျခေလ်ာ့နည္းေစႏိုင္တယ္လို႔ သုေတသနေတြကေဖာ္ျပၾကပါတယ္။

(၃) အနာက်က္ျမန္ေစႏိုင္

ဗီတာမင္ စီ ေၾကာင့္ပဲ အနာေတြ၊ ဒဏ္ရာေတြကို အက်က္ျမန္ေစပါတယ္။ အေရျပားဖြဲ႕စည္းပုံမွ အဓိကက်တဲ့ ကိုလာဂ်င္အသားဓာတ္ ျဖစ္ေပၚမႈ၊ လုပ္ေဆာင္ခ်က္ကိုေထာက္ပံ့အားေပးၿပီး အေရျပားအသစ္ျဖစ္ေပၚမႈကို ကူညီတဲ့ ဗီတာမင္ စီ က အနာက်က္ျမန္ေစႏိုင္ပါတယ္။

(၄) ခႏၶာကိုယ္အပူခ်ိန္ထိန္းညႇိေပးႏိုင္

အရသာပူတယ္စပ္တယ္ဆိုေပမယ့္လည္း အံ့ၾသစရာေကာင္းတာက င႐ုတ္သီးစိမ္းမွာ အလုံအေလာက္ပါဝင္တဲ့ capsaicin(ကပ္ေဆးရ္စင္) က ဦးေႏွာက္ရဲ႕hypothalamus(ဦးေႏွာက္ေရွ႕ျခမ္းအပိုင္း)က အပူေလွ်ာ့ခ်ျခင္းစင္တာကို ႏႈိးဆြေပးတာေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ကို က်ဆင္းေစပါတယ္။ ဒါ့ေၾကာင့္ပဲ အိႏၵိယလိုမ်ိဳး ပူျပင္းတဲ့ေဒသေတြမွာေတာင္ င႐ုတ္သီးစိမ္းကိုစားေနၾကတာပါ။

(၅) အစာအိမ္နဲ႔အူလမ္းေၾကာင္းအတြက္ေကာင္းက်ိဳးျပဳ

င႐ုတ္သီးစိမ္းမွာ အစာေျခဖ်က္မႈကိုအားေပးေထာက္ပံ့ၿပီး၊ အူကိုရွင္းေစတဲ့အတြက္ ဝမ္းလည္းမွန္ေစပါတယ္။ င႐ုတ္သီးစိမ္းက တံေတြးလည္း ပိုထြက္ေစတာေၾကာင့္ အစာေကာင္းစြာေၾကညက္ႏိုင္ဖို႔ အကူအညီျဖစ္ေစပါတယ္။ င႐ုတ္သီးစိမ္းကို အလြန္အကြၽံမဟုတ္ဘဲ ထိုက္သင့္သေလာက္စားေပးရင္ capsaicin(ကပ္ေဆးရ္စင္) က အစာအိမ္အနာေတြကို သက္သာေစၿပီး အစာအိမ္ကင္ဆာျဖစ္ႏိုင္ေျခကိုေလ်ာ့နည္းေစပါတယ္။

(၆) မ်က္စိအားေကာင္းေစႏိုင္

ဗီတာမင္ စီ က င႐ုတ္သီးစိမ္းမွာပါတဲ့ အေကာင္းဆုံးဓာတ္တိုးဆန႔္က်င္ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ မ်က္စိနဲ႔အျမင္အာ႐ုံက်န္းမာေရးကိုေကာင္းမြန္ေစ႐ုံသာမက အတြင္းတိမ္ျဖစ္လာႏိုင္တဲ့အႏၲရာယ္ကိုေတာင္ေလ်ာ့ပါးေစပါတယ္။ ဗီတာမင္ ေအ ႂကြယ္ဝမႈေၾကာင့္လည္း မ်က္စိက်န္းမာေရးအတြက္ပိုေကာင္းေစတာျဖစ္ပါတယ္။

(၇) ႏွလုံးက်န္းမာေစႏိုင္

Capsaicin(ကပ္ေဆးရ္စင္)ေၾကာင့္ပဲ ႏွလုံးက်န္းမာေရးကို နည္းလမ္းႏွစ္မ်ိဳးနဲ႔ အက်ိဳးျပဳႏိုင္ပါတယ္။ တစ္နည္းကေသြးထဲက ကိုလက္စထေရာပမာဏကိုေလွ်ာ့ခ်ေပးၿပီး ႏွလုံးေသြးေၾကာတြင္း ကိုလက္စထေရာစုပုံျခင္းကို ရွင္းလင္းေပးပါတယ္။ ဒါ့အျပင္ ႏွလုံးေသြးေၾကာေတြကို က်ဳံ႕ေစၿပီး တျခားကိုယ္တြင္းအဂၤါေတြဆီေသြးလည္ပတ္မႈကိုဟန႔္တားေနတဲ့ မ်ိဳးဗီဇတစ္ခုခုရဲ႕လုပ္ေဆာင္ခ်က္ကို တားဆီးေပးျခင္းျဖင့္ေသြးလည္ပတ္မႈကိုေကာင္းေစပါတယ္။ေသြးေၾကာေတြကိုခ်ဲ႕ေပးတဲ့Capsaicin(ကပ္ေဆးရ္စင္) ကေသြးလည္ပတ္မႈကိုေကာင္းေစၿပီး ႏွလုံးက်န္းမာေစတာျဖစ္ပါတယ္။

(၈) ကင္ဆာ ကာကြယ္ႏိုင္

င႐ုတ္သီးစိမ္းရဲ႕capsaicin(ကပ္ေဆးရ္စင္) က ကင္ဆာေရာဂါမျဖစ္ေစဖို႔ သို႔မဟုတ္ ကင္ဆာဆိုး႐ြားမႈအဆင့္ကိုေႏွးေကြးေစဖို႔(အထူးသျဖင့္ ဆီးက်ိတ္) ကာကြယ္ေပးပါတယ္။ ဗီတာမင္ စီ ရဲ႕ ဓာတ္တိုးဆန႔္က်င္အာနိသင္ေတြက ကင္ဆာကာကြယ္တဲ့လုပ္ေဆာင္ခ်က္မွာ ပါဝင္ေထာက္ကူေပးပါတယ္။

(၉) အသားအေရနဲ႔ ဆံသားကို က်န္းမာေစႏိုင္

ထမင္းစားတဲ့အခါ အသုပ္ေလးထဲမွာျဖစ္ျဖစ္ င႐ုတ္သီးစိမ္းေလးထည့္စားရင္ အသားအေရလည္းႏုပ်ိဳေစၿပီး အေရျပားက်န္းမာေရးအတြက္ပါေကာင္းပါတယ္။ အေရးအေၾကာင္းေတြကိုလည္း မျဖစ္ေစပါဘူးတဲ့။ ဗီတာမင္ စီ ေၾကာင့္ ဆဲလ္ေတြကို ေအာက္ဆီဂ်င္ဓာတ္တိုးပ်က္စီးေစျခင္းမျဖစ္ေအာင္ ကာကြယ္ေပးၿပီး အ႐ြယ္မတိုင္မီရင့္ေရာ္မႈလကၡဏာေတြကိုေလ်ာ့ပါးေစပါတယ္။

(၁၀) အိမ္ေထာင္ေရးသုချပည့္ဝေစႏိုင္

င႐ုတ္သီးပူစပ္စပ္ေလးက ခႏၶာကိုယ္ထဲမွာ အပူဓာတ္ေပး႐ုံတင္မကဘဲ အိပ္ရာထဲအထိပါေကာင္းက်ိဳးေပးပါတယ္တဲ့။ င႐ုတ္သီးစိမ္းမွာပါတဲ့capsaicin(ကပ္ေဆးရ္စင္)ေၾကာင့္ ႏွလုံးခုန္ႏႈန္းကိုျမန္လာေစၿပီး အာ႐ုံေၾကာေတြကို ႏႈိးဆြကာေသြးလည္ပတ္မႈကိုေကာင္းေစပါတယ္။

ေဘးထြက္ဆိုးက်ိဳးကေတာ့

င႐ုတ္သီးစိမ္းက က်န္းမာေရးအတြက္ေကာင္းတယ္ဆိုေပမယ့္ သိပ္လည္းအမ်ားႀကီးမစားပါနဲ႔။ ဆိုလိုတာက တစ္ေန႔ကို ငါးေတာင့္ထက္ ပိုမစားသင့္ပါဘူး။ ၿပီးေတာ့ ဒါကိုလည္း တစ္ႀကိမ္တည္းစားမခ်သင့္ဘူးေနာ္။ တစ္ခါစားမွ တစ္ေတာင့္ႏွစ္ေတာင့္ေလာက္ပဲ စားပါ။ အစာအိမ္ကို ထိခိုက္ႏိုင္ပါတယ္။ ဗိုက္ေအာင့္တတ္သူဆိုရင္ ကိုယ့္အစာအိမ္ကလက္ခံႏိုင္သေလာက္ထက္ပိုၿပီး စားမိတဲ့အခါ တန္ေဆးလြန္ေဘးျဖစ္တတ္ပါတယ္။ အစပ္ဒဏ္ကို မခံႏိုင္ရင္ ႏို႔ေအးတစ္ခြက္ေသာက္လိုက္ရင္ သက္သာသြားပါလိမ့္မယ္။

င႐ုတ္သီးစိမ္းေတြက အမ်ိဳးအစားမတူၾကသလို အစပ္အရသာလည္း အဆင့္အလိုက္ ရွိတဲ့အတြက္ အစပ္သိပ္ျပင္းတာမ်ိဳး အၿမဲမစားသင့္ပါဘူး။ သဘာဝအက်ိဳးေက်းဇူးေတြရွိလို႔၊ ႏွစ္သက္လို႔ စားသုံးခ်င္ရင္ ဟင္းပြဲေတြထဲ အနည္းငယ္စီ ထည့္စားရင္းနဲ႔ ရႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service