တရားရုံးမှ နှစ်ဦးအမည်ပေါက်ဂရန်မြေအား ခွဲခြားမြွက်ဟ ကြောညာ၍မရနိုင်

တရားရုံးမှ နှစ်ဦးအမည်ပေါက်ဂရန်မြေအား ခွဲခြားမြွက်ဟ ကြောညာ၍မရနိုင် - Property Knowledge in Myanmar from iMyanmarHouse.com
23 Jan 2021 11:24 am တွင် တင်ခဲ့သည်
1470 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျွန်တော်၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးစိုးဦးမောင်က မိမိ၏မြို့ထဲရုံးခန်းသို့ ဖုန်းနှင့်ချိန်းဆိုကာ ပိုင်ဆိုင်မှုကိစ္စတစ်ခုအား အကြောင်းပြု၍ မေးမြန်လိုသဖြင့် ရောက်လာပါသည် ။ ရောက်သည်နှင့် ဦးစိုးဦးမောင်က “ သူငယ်ချင်းရှေ့နေကြီးရယ်ဒီလိုပါကွာ ကိုယ်တို့ ညီအစ်ကိုနှစ်ယောက်ပိုင်တဲ့ မြေကွက်ကို ညီလေးက သူပိုင်တဲ့မြေတစ်ဝက်ထဲက ထပ်စိတ်ပြီး ရောင်းဖို့ ကြိုးစားနေပါတယ်။

အဲဒါကိုယ့်အနေနဲ့က ကျန်တဲ့မြေကွက်မှာ မိမိပိုင်ဖြစ်ကြောင်း မြွက်ဟကြော်ညာပေးဖို့ တရားစွဲဆိုရင် ဖြစ်မလာလို့ မေးချင်တာပါ။ သူ့ဖက်ခြမ်းကို သူဘယ်လိုလုပ်လုပ်ပါ။ ကိုယ့်အနေနဲ့က မထားချင်ပါဘူး။ ဒါပေမဲ့ နောက်ဝယ်မယ့် ပိုင်ရှင်အသစ်တွေက ဂရန်ကို အမည်ပြောင်းလျှောက်မယ်လို့ ပြောဆိုလာလို့ပါ။ အဲဒီပြဿနာလေးကို ဘယ်လိုဖြေရှင်းရမလဲ မေးချင်တာပါကွာ ” ဟု အားကိုးသံဖြင့် ပြောလာသဖြင့် ကျွန်တော်က “ ဟုတ်ပါပြီ။ သူငယ်ချင်းရယ် သူငယ်ချင်းအနေနဲ့က ညီလေးအပေါ်မှာ နှစ်ဦးပူးတွဲ ဂရန်အမည်ပေါက် ၊ ဂရန်မြေတွင်း မြေကွက်တစ်ခြမ်းကို ဂရန်အမည်ပေါက်သူတစ်ဦးကပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာသည့် ဒီကရီချမှတ်ပေးရန် တရားစွဲဆိုပိုင်ခွင့်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သီးခြား သက်သာခွင့်အက်ဥပဒေ ပုဒ်မ ၄၂ အရ စွဲဆိုသော အမှုမှာ အမှုတွင်ထိုပုဒ်မ အရ တရားလိုတောင်းဆိုသည့်မြွက်ဟဒီကရီကို တရားရုံးက ခွင့်ပြုရာတွင် အလွယ်တကူ ခွင့်ပြုရန် မဟုတ်ပါ။တရားရုံးမှ ဆင်ခြေတုံတရားအတိုင်းသာ အသုံးပြုရမှာဖြစ်ပါတယ်။

သို့ဖြစ်ရာ ဂရန်ထုတ်ပေးပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာ အာဏပိုင်နှင့် ဌာနကိုဂရန်ခွဲစိတ်ပေးရန် လျှောက်ထားနိုင်တဲ့ အခွင့်အရေးရှိနေတဲ့ အခြေအနေမှာ တရားရုံးက တရားလိုအား ၎င်းတောင်းဆိုသည့်အတိုင်း မြေကွက်၏ တစ်ခြမ်းကို ပိုင်ဆိုင်ကြောင်းမြွက်ဟ ကြေညာပေးရန် သင့်မြတ်မှာ မဟုတ်ဘူးလို့ ပြောချင်တာပါ ”

“ သူငယ်ချင်းနားလည်းအောင် ဂရန်ချထားခြင်းနှင့် စပ်လျဉ်းပြီး ပြောပြပေးပါမယ် ”

“ ဂရန်ချထားခြင်းနဲ့ စပ်လျဉ်းတဲ့ လုပ်ပိုင်ခွင့်ဥပဒေအရ ပြဌာန်းထားတာရှိတယ် အောက်မြန်မာပြည်ရှိ မြေများဟာ အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ ၊ အက်ဥပဒေနဲ့ သက်ဆိုင်ပါတယ် ”

“ အဆိုပါဥပဒေအရ အစိုးရက ချထားပိုင်ခွင့်ရှ်ိသည့် မြေများတွင် နေထိုင်ရန်အတွက်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းများအတွက် ဖြစ်စေ၊ အဆောက်အအုံဆောက်လုပ်အသုံးပြုရန် အတွက်ဖြစ်စေ ဂရန် အငှါးဂရန် ၊ လိုင်စင်များချထားပေးပါတယ်။ မြို့မြေအဖြစ် ၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးသောမြို့များတွင် လူနေထိုင်ရန်နှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အငှါးသက်တမ်း အနှစ် ၃၀ ခွင့်ပြုပြီး အနှစ် ၃၀ ကုန်ဆုံးတိုင်း နောက်ထပ် အနှစ် ၃၀ စီနှင့် စုစုပေါင်း အနှစ် ၉၀ အထိလဲလှယ်ခွင့်ရှိတဲ့ မြေငှါးစာချုပ်ကို ဂရန် ဟု ခေါ်ပါတယ် ”

“ အဲဒီအမှုသဘောအဓိပ္ပါယ်ကို ဒေါ်ကျင်ယုံ (ခ) ဒေါ်နှင်းအောင်ပါ ၂ နှင့် ဒေါ်စိန်တင်ပါ ၂ ၊ ၁၉၆၆ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံးစာ ၉၁ (၉၈) ” မှာ ဖွင့်ဆိုထားပါတယ် ”

“ ဂရန်ကို ဥပဒေနဲ့ အညီအာဏအပ်နှင်းခံရတဲ့ အခွန်တော်အရာရှိက ထုတ်ပေးပါတယ်။ အခွန်တော်အရာရှိက ပြည်သူ့အတွက် မြေငှါးစာချုပ် (ဂရန်) များ ထုတ်ပေးရာမှာ ငါးချက်သောမူများဖြင့် ဆောင်ရွက်လျက်ရှိပါတယ် ။အဲဒါတွေကတော့ ---

(က) ပေ ၄၀ x ပေ ၆၀ တစ်ကွက်လျှင် ပေ ၂၀ x ပေ ၆၀ စီနှစ်ဦးခွဲဝေပိုင်ဆိုင်ခြင်းဖြစ်ပါက နှစ်ဦးအမည်ဖြင့် သီခြားစီ ဂရန်ထုတ်ပေးတယ်။

(ခ) ပေ ၄၀ x ပေ ၆၀ တစ်ကွက်အား အစုစပ်ပ်ိုင်ဆိုင်သူများဖြစ်ပါက အစုစပ်ပိုင်ဆိုင်သူများအမည်ဖြင့် ဂရန်တစ်ခုသာ ထုတ်ပေးတယ်

(ဂ) ပေ ၄၀ x ပေ ၆၀ မြေကွက်အား ခွဲစိတ်ရောင်းချထားရာတွင် ပေ ၂၀ x ပေ ၆၀ စီ မပြည့်ပါက သီးခြားဂရန်ထုတ်မပေးဘဲ ပိုင်ဆိုင်သူအားလုံး၏ အမည်ဖြင့် ဂရန်ထုတ်ပေးပါတယ်။

(ဃ) ပေ ၄၀ x ပေ ၆၀ နှင့် ပေ ၂၀ x ပေ ၆၀ အဆင့်တွင် ဂရန်တစ်ခုစီထုတ်ပေးတယ်။

(င) ပေ ၄၀x ပေ ၆၀ မြေတစ်ကွက်တွင် မူလ ၂ ဦး သို့မဟုတ် ၃ ဦးအမည်ဖြင့် ချထားပါက အဆက်အစပ်ဖြင့် ပိုင်ဆိုင်လာသူများကို ပူးတွဲအမည်ဖြင့် မြေငှါးစာချုပ်ထုတ်ပေးတယ် “ ဒါကြောင့် အဲဒီမှုတွေအရ အခြေခံပြီး ကြည့်ရရင် သူငယ်ချင်းတို့ညီအစ်ကိုနှစ်ယောက်အမည်ဖြင့် ပေ ၄၀ x ပေ ၆၀ မြေကွက်အတွက် မြေငှါးစာချုပ်ထုတ်ပေးခြင်းမှာ အဆက်အစပ်ဖြင့် ပိုင်ဆိုင်လာသူများအဖြစ် ပူးတွဲအမည်ဖြင့် မြေငှါးစာချုပ်ထုတ်ပေးခြင်း ဖြစ်တယ်လို့ ယူဆရမှာပါ ”

“ ဒီအတွက် ဂရန်ထုတ်ပေးပိုင်ခွင့်ရှိတဲ့ အာဏပိုင်က သူငယ်ချင်းတို့မြေကွက်ကြီးအတွက် နှစ်ဦးအမည်ဖြင့် ပူးတွဲအမည်ပေါက်ချမှတ်ထားပေးခြင်းဖြစ်ပေရာ ယင်းမြေကွက်ကြီး၏ တစ်ခြမ်းစီကို တစ်ဦးစီပိုင်ဆိုင်သည်ဟု တရားမတရားရုံးက ကောက်ယူသတ်မှတ်ရန်မဖြစ်န်ိုင်ပါ ”

“ အဲဒါကြောင့် သူငယ်ချင်းအနေနဲ့ နှစ်ဦးအမည်ပေါက်ဂရန်မြေမှ မြေတစ်ခြမ်းကို မိမိတစ်ဦးတည်းအမည်ပေါက်စေရန် အတွက် ဂရန်မြေခွဲစိတ်လိုပါက သက်ဆိုင်ရာအာဏပိုင်ဌာနများကို ဂရန်မြေခွဲစိတ်ခွင့်ပြုရန် လျှောက်ထားရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ခွဲစိတ်ပြီး ဂရန်မြေကို သီးခြားဂရန်မြေ (မြေငှါးစာချုပ်) ထုတ်ပေးရန် ဆက်လက်လျှောက်ထားခြင်းဖြင့် မြေတစ်ခြမ်းပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နိုင်ပါတယ်ကွာ ”

“ အဲဒီအချိန်ကျတော့မှ သူငယ်ချင်းရဲ့ညီလေးလည်း သူ့ဆန္ဒအတိုင်း သူဖန်တီးဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းရသွားမှာဖြစ်သလို သူငယ်ချင်းအနေနဲ့လည်း မိမိအနေနှင့် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြောညာပေးဖို့ တရားစွဲစရာမလိုတော့ဘူးပေါ့ဗျာ ”

“ အခုလည်း ကိုယ်ပြောပြနေတာက သူငယ်ချင်းတို့လိုဖြစ်စဉ်မျိုးဖြစ်ခဲ့ဖူးလို့ အယူခံဝင်ခဲ့တဲ့အမှုမှာ တရားရုံးချုပ်က ဆုံးဖြတ်ထားတာကို ညွန်းဆိုပြီး ပြောပြနေတာပါ။ အဲဒီအမှုကိုအဓိက အချက်များကို ရှင်းပြပေးပါ့မယ် ”

“ ဦးလှမြင့်နှင့် ဒေါ်ဂျူဘီ ၊ ၂၀၀၅ ခုနှစ်၊ တရားမပထမအယူခံမှု မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၈၈ ”မှာ ရန်ကုန်တိုင်းတရားရုံး ၂၀၀၃ ခုနှစ် ၊ တရာမကြီးမှုအမှတ် ၃၃၂ တွင် ဒေါ်ဂျူဘီက ဦးလှမြင့်အပေါ် မြေတစ်ခြမ်းစီပိုင်ဆိုင်ထားကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုရာ တိုင်းတရားရုံးက တရားလိုစွဲဆိုသည့်အတိုင်း စရိတ်နှင့်တကွဒီဂရီ ချမှတ်တယ်။ ဦးလှမြင့်က တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီအပေါ်မကျေနပ်သဖြင့် တရားရုံးချုပ်တွင် ဤတရားမအယူခံမှုကို တင်သွင်းခြင်းဖြစ်ပါတယ် ”

“ ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်၊ သူဓမ္မာ ၂ လမ်းရှိ မြေကွက်အမှတ် ၁၀၆၆ ၊ အလျား ၄၀ ပေ x အနံ ၆၀ ပေခန့်ရှိမြေကွက်ကို ဒေါ်ဂျူဘီသည် ဦးလှမြင့်နှင့်ပူးတွဲ၍ တစ်ဝက်စီပိုင်ဆိုင်လာခဲ့ပြီး ၂၈-၉-၁၉၉၃ နေ့တွင် နှစ်ယောက်တွဲအမည်ဖြင့် ဂရန်ရရှိခဲ့ကြောင်း ၊ မိမိတို့ဘာသာ တစ်ခြမ်းစီခွဲပြီး မိမိတို့ပိုင်ဆိုင်သော အပိုင်းကို အိမ်ဆောက်လုပ်နေထိုင်လာခဲ့ကြောင်း ၊ စားဝတ်နေရေးနှင့် ဆေးကုသရေးအတွက် ငွေလို၍ မိမိပိုင်မြေမှ ၂၀ ပေ x ပေ ၂၀ ကို ဦးလှဝင်းဆိုသူသို့ ရောင်းခဲ့ကြောင်း ၊ ၄-၃-၂၀၀၂ နေ့တွင် အချင်းဖြစ်မြေကွက်ကို ဦးလှမြင့်က ရောင်းချ၊ ပေါင်နှံ၊ ခွဲခြားလွှဲပြောင်းခြင်းမပြုရန် ကန့်ကွက်သည်ဟု ကြေညာခဲ့ကြောင်း၊ ထိုနေ့နောက်ပိုင်းမှစ၍ တရားစွဲရန် ပေါ်ပေါက်လာသည်ဟု အဆိုပြုပါတယ် ”

“ တိုင်းတရားရုံးကလည်း ဒေါ်ဂျူဘီက ဦးလှမြင့်အပေါ် အချင်းဖြစ်မြေကွက်၏ မြေကွက်တစ်ခြမ်းသည် ဒေါ်ဂျူဘီပိုင်ဖြစ်ကြောင်း မြွက်ဟကြေညာပေးသည့် အမိန်နှင့် ဒီဂရီကို ချမှတ်ပေးလိုက်ပါတယ် ”

“ ဦးလှမြင့်က အယူခံဝင်တဲ့အတွက် အငှါးဂရန်ထုတ်ပေးသည့်ကိစ္စသည် အခွန်တော်အရာရှိများက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်၍ အောက်မြန်မာပြည်မြို့နှင့် ကျေးရွာများအက်ဥပဒေပုဒ်မ ၄၁(က) ပါ ပြဌာန်းချက်အရ တရားမရုံးများက ဝင်ရောက်စွက်ဖက်ခွင့်မရှိပါ ။ နှစ်ဦးပူးတွဲအမည်ပေါက်သော ဂရန်မြေကွက်ကို တစ်ခြမ်းစီပိုင်ဆိုင်သည်ဟု တရားရုံးက တရားစီရင်ရေးအာဏအရ ကောက်ယူမည်ဆိုပါက တရားစီရင်ရေးအာဏနှင့် အုပ်ချုပ်ရေးအာဏရပ်ဖြစ်သော စီမံခန့်ခွဲရေးအာဏတို့ကို ရောထွေးပေါင်းစပ်ဆုံးဖြတ်ရာ ရောက်ပေမယ် “ ဂရန်ခွဲစိတ်ပေးရန် လျှောက်ထားနိုင်သည့် အခွင့်အရေးရှိနေသဖြင့် သက်ဆိုင်ရာ အာဏပိုင်ဌာနများတွင် ဂရန်မြေခွဲစိတ်ခွင့်ပြုပါရန်သာ လျှောက်ထားရမှာဖြစ်ပါတယ် ”

“ ထို့ကြောင့် မူလအတိုင်း တရားရုံးက အချင်းဖြစ်မြေကွက် တစ်ခြမ်းသည် ဒေါ်ဂျူဘီပိုင်ဖြစ်ကြောင်းကို မြွက်ဟ ဒီကရီချမှတ်ပေးခြင်းမှာ ဥပဒေနှင့်မညီ မှားယွင်းနေပါသဖြင့် တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ကာ မူလမှုတရားလို ဒေါ်ဂျူဘီစွဲဆိုသည့် အမှုကိုစရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ”

“ ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းလည်း သဘောပေါက်သွားမှာပါနော် ” ဟူ၍ နှစ်သိမ့်အားပေးလိုက်ပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (တရားလွှတ်တော်ရှေ့နေ)

 

[Zawgyi]

တရားရုံးမွ နွစ္ဦးအမည္ေပါက္ဂရန္ေျမအား ခြဲျခားျမြက္ဟ ေၾကာညာ၍မရႏိုင္

ကၽြန္ေတာ္၏ ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ဦးစုိးဦးေမာင္က မိမိ၏ျမိဳ႕ထဲရုံးခန္းသို႕ ဖုန္းနွင့္ခ်ိန္းဆုိကာ ပိုင္ဆုိင္မႈကိစၥတစ္ခုအား အေၾကာင္းျပဳ၍ ေမးျမန္လိုသျဖင့္ ေရာက္လာပါသည္ ။ ေရာက္သည္နွင့္ ဦးစိုးဦးေမာင္က “ သူငယ္ခ်င္းေရွ႕ေနၾကီးရယ္ဒီလိုပါကြာ ကိုယ္တို႕ ညီအစ္ကိုနွစ္ေယာက္ပိုင္တဲ့ ေျမကြက္ကို ညီေလးက သူပိုင္တဲ့ေျမတစ္ဝက္ထဲက ထပ္စိတ္ျပီး ေရာင္းဖို႕ ၾကိဳးစားေနပါတယ္။

အဲဒါကိုယ့္အေနနဲ႕က က်န္တဲ့ေျမကြက္မွာ မိမိပိုင္ျဖစ္ေၾကာင္း ျမြက္ဟေၾကာ္ညာေပးဖို႕ တရားစြဲဆိုရင္ ျဖစ္မလာလို႕ ေမးခ်င္တာပါ။ သူ႕ဖက္ျခမ္းကို သူဘယ္လိုလုပ္လုပ္ပါ။ ကိုယ့္အေနနဲ႕က မထားခ်င္ပါဘူး။ ဒါေပမဲ့ ေနာက္ဝယ္မယ့္ ပိုင္ရွင္အသစ္ေတြက ဂရန္ကို အမည္ေျပာင္းေလွ်ာက္မယ္လို႕ ေျပာဆိုလာလို႕ပါ။ အဲဒီျပႆနာေလးကို ဘယ္လိုေျဖရွင္းရမလဲ ေမးခ်င္တာပါကြာ ” ဟု အားကိုးသံျဖင့္ ေျပာလာသျဖင့္ ကၽြန္ေတာ္က “ ဟုတ္ပါျပီ။ သူငယ္ခ်င္းရယ္ သူငယ္ခ်င္းအေနနဲ႕က ညီေလးအေပၚမွာ နွစ္ဦးပူးတြဲ ဂရန္အမည္ေပါက္ ၊ ဂရန္ေျမတြင္း ေျမကြက္တစ္ျခမ္းကို ဂရန္အမည္ေပါက္သူတစ္ဦးကပိုင္ဆိုင္ေၾကာင္း ျမြက္ဟေၾကညာသည့္ ဒီကရီခ်မွတ္ေပးရန္ တရားစြဲဆိုပိုင္ခြင့္မရွိပါဘူး။ဘာျဖစ္လို႕လဲဆိုေတာ့ သီးျခား သက္သာခြင့္အက္ဥပေဒ ပုဒ္မ ၄၂ အရ စြဲဆိုေသာ အမႈမွာ အမႈတြင္ထိုပုဒ္မ အရ တရားလိုေတာင္းဆိုသည့္ျမြက္ဟဒီကရီကို တရားရုံးက ခြင့္ျပဳရာတြင္ အလြယ္တကူ ခြင့္ျပဳရန္ မဟုတ္ပါ။တရားရုံးမွ ဆင္ေျခတံုတရားအတိုင္းသာ အသံုးျပဳရမွာျဖစ္ပါတယ္။

သို႕ျဖစ္ရာ ဂရန္ထုတ္ေပးပိုင္ခြင့္ရွိတဲ့ သက္ဆိုင္ရာ အာဏပိုင္နွင့္ ဌာနကိုဂရန္ခြဲစိတ္ေပးရန္ ေလွ်ာက္ထားႏိုင္တဲ့ အခြင့္အေရးရွိေနတဲ့ အေျခအေနမွာ တရားရုံးက တရားလိုအား ၄င္းေတာင္းဆိုသည့္အတိုင္း ေျမကြက္၏ တစ္ျခမ္းကို ပိုင္ဆိုင္ေၾကာင္းျမြက္ဟ ေၾကညာေပးရန္ သင့္ျမတ္မွာ မဟုတ္ဘူးလို႕ ေျပာခ်င္တာပါ ”

“ သူငယ္ခ်င္းနားလည္းေအာင္ ဂရန္ခ်ထားျခင္းနွင့္ စပ္လ်ဥ္းျပီး ေျပာျပေပးပါမယ္ ”

“ ဂရန္ခ်ထားျခင္းနဲ႕ စပ္လ်ဥ္းတဲ့ လုပ္ပိုင္ခြင့္ဥပေဒအရ ျပဌာန္းထားတာရွိတယ္ ေအာက္ျမန္မာျပည္ရွိ ေျမမ်ားဟာ ေအာက္ျမန္မာျပည္ျမိဳ႕နွင့္ ေက်းရြာေျမမ်ား ၊ အက္ဥပေဒနဲ႕ သက္ဆိုင္ပါတယ္ ”

“ အဆိုပါဥပေဒအရ အစိုးရက ခ်ထားပိုင္ခြင့္ရွိ္သည့္ ေျမမ်ားတြင္ ေနထိုင္ရန္အတြက္ျဖစ္ေစ၊ စက္မႈလက္မႈလုပ္ငန္းမ်ားအတြက္ ျဖစ္ေစ၊ အေဆာက္အအံုေဆာက္လုပ္အသံုးျပဳရန္ အတြက္ျဖစ္ေစ ဂရန္ အငွါးဂရန္ ၊ လိုင္စင္မ်ားခ်ထားေပးပါတယ္။ ျမိဳ႕ေျမအျဖစ္ ၊ အမိန္႕ေၾကာ္ျငာစာထုတ္ျပန္ျပီးေသာျမိဳ႕မ်ားတြင္ လူေနထိုင္ရန္နွင့္ စက္မႈလက္မႈလုပ္ငန္းမ်ား လုပ္ကိုင္ရန္ အငွါးသက္တမ္း အနွစ္ ၃၀ ခြင့္ျပဳျပီး အနွစ္ ၃၀ ကုန္ဆံုးတိုင္း ေနာက္ထပ္ အနွစ္ ၃၀ စီနွင့္ စုစုေပါင္း အနွစ္ ၉၀ အထိလဲလွယ္ခြင့္ရွိတဲ့ ေျမငွါးစာခ်ဳပ္ကို ဂရန္ ဟု ေခၚပါတယ္ ”

“ အဲဒီအမႈသေဘာအဓိပၸါယ္ကို ေဒၚက်င္ယံု (ခ) ေဒၚနွင္းေအာင္ပါ ၂ နွင့္ ေဒၚစိန္တင္ပါ ၂ ၊ ၁၉၆၆ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုးစာ ၉၁ (၉၈) ” မွာ ဖြင့္ဆိုထားပါတယ္ ”

“ ဂရန္ကို ဥပေဒနဲ႕ အညီအာဏအပ္နွင္းခံရတဲ့ အခြန္ေတာ္အရာရွိက ထုတ္ေပးပါတယ္။ အခြန္ေတာ္အရာရွိက ျပည္သူ႕အတြက္ ေျမငွါးစာခ်ဳပ္ (ဂရန္) မ်ား ထုတ္ေပးရာမွာ ငါးခ်က္ေသာမူမ်ားျဖင့္ ေဆာင္ရြက္လ်က္ရွိပါတယ္ ။အဲဒါေတြကေတာ့ ---

(က) ေပ ၄၀ x ေပ ၆၀ တစ္ကြက္လွ်င္ ေပ ၂၀ x ေပ ၆၀ စီနွစ္ဦးခြဲေဝပိုင္ဆိုင္ျခင္းျဖစ္ပါက နွစ္ဦးအမည္ျဖင့္ သီျခားစီ ဂရန္ထုတ္ေပးတယ္။

(ခ) ေပ ၄၀ x ေပ ၆၀ တစ္ကြက္အား အစုစပ္ပို္င္ဆိုင္သူမ်ားျဖစ္ပါက အစုစပ္ပိုင္ဆိုင္သူမ်ားအမည္ျဖင့္ ဂရန္တစ္ခုသာ ထုတ္ေပးတယ္

(ဂ) ေပ ၄၀ x ေပ ၆၀ ေျမကြက္အား ခြဲစိတ္ေရာင္းခ်ထားရာတြင္ ေပ ၂၀ x ေပ ၆၀ စီ မျပည့္ပါက သီးျခားဂရန္ထုတ္မေပးဘဲ ပိုင္ဆိုင္သူအားလံုး၏ အမည္ျဖင့္ ဂရန္ထုတ္ေပးပါတယ္။

(ဃ) ေပ ၄၀ x ေပ ၆၀ နွင့္ ေပ ၂၀ x ေပ ၆၀ အဆင့္တြင္ ဂရန္တစ္ခုစီထုတ္ေပးတယ္။

(င) ေပ ၄၀x ေပ ၆၀ ေျမတစ္ကြက္တြင္ မူလ ၂ ဦး သို႕မဟုတ္ ၃ ဦးအမည္ျဖင့္ ခ်ထားပါက အဆက္အစပ္ျဖင့္ ပိုင္ဆိုင္လာသူမ်ားကို ပူးတြဲအမည္ျဖင့္ ေျမငွါးစာခ်ဳပ္ထုတ္ေပးတယ္ “ ဒါေၾကာင့္ အဲဒီမႈေတြအရ အေျခခံျပီး ၾကည့္ရရင္ သူငယ္ခ်င္းတို႕ညီအစ္ကိုနွစ္ေယာက္အမည္ျဖင့္ ေပ ၄၀ x ေပ ၆၀ ေျမကြက္အတြက္ ေျမငွါးစာခ်ဳပ္ထုတ္ေပးျခင္းမွာ အဆက္အစပ္ျဖင့္ ပိုင္ဆိုင္လာသူမ်ားအျဖစ္ ပူးတြဲအမည္ျဖင့္ ေျမငွါးစာခ်ဳပ္ထုတ္ေပးျခင္း ျဖစ္တယ္လို႕ ယုူဆရမွာပါ ”

“ ဒီအတြက္ ဂရန္ထုတ္ေပးပိုင္ခြင့္ရွိတဲ့ အာဏပိုင္က သူငယ္ခ်င္းတို႕ေျမကြက္ၾကီးအတြက္ နွစ္ဦးအမည္ျဖင့္ ပူးတြဲအမည္ေပါက္ခ်မွတ္ထားေပးျခင္းျဖစ္ေပရာ ယင္းေျမကြက္ၾကီး၏ တစ္ျခမ္းစီကို တစ္ဦးစီပိုင္ဆိုင္သည္ဟု တရားမတရားရုံးက ေကာက္ယူသတ္မွတ္ရန္မျဖစ္ႏို္င္ပါ ”

“ အဲဒါေၾကာင့္ သူငယ္ခ်င္းအေနနဲ႕ နွစ္ဦးအမည္ေပါက္ဂရန္ေျမမွ ေျမတစ္ျခမ္းကို မိမိတစ္ဦးတည္းအမည္ေပါက္ေစရန္ အတြက္ ဂရန္ေျမခြဲစိတ္လိုပါက သက္ဆိုင္ရာအာဏပိုင္ဌာနမ်ားကို ဂရန္ေျမခြဲစိတ္ခြင့္ျပဳရန္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ေနာက္ဆံုးအဆင့္အေနနဲ႕ ခြဲစိတ္ျပီး ဂရန္ေျမကို သီးျခားဂရန္ေျမ (ေျမငွါးစာခ်ဳပ္) ထုတ္ေပးရန္ ဆက္လက္ေလွ်ာက္ထားျခင္းျဖင့္ ေျမတစ္ျခမ္းပိုင္ဆိုင္ခြင့္ရရွိေရးအတြက္ ေဆာင္ရြက္ႏိုင္ပါတယ္ကြာ ”

“ အဲဒီအခ်ိန္က်ေတာ့မွ သူငယ္ခ်င္းရဲ႕ညီေလးလည္း သူ႔ဆႏၵအတိုင္း သူဖန္တီးေဆာင္ရြက္ဖို႕အတြက္ အခြင့္အလမ္းရသြားမွာျဖစ္သလို သူငယ္ခ်င္းအေနနဲ႕လည္း မိမိအေနနွင့္ ပိုင္ဆိုင္ေၾကာင္း ျမြက္ဟ ေၾကာညာေပးဖို႕ တရားစြဲစရာမလိုေတာ့ဘူးေပါ့ဗ်ာ ”

“ အခုလည္း ကိုယ္ေျပာျပေနတာက သူငယ္ခ်င္းတို႕လိုျဖစ္စဥ္မ်ိဳးျဖစ္ခဲ့ဖူးလို႕ အယူခံဝင္ခဲ့တဲ့အမႈမွာ တရားရုံးခ်ဳပ္က ဆံုးျဖတ္ထားတာကို ညြန္းဆိုျပီး ေျပာျပေနတာပါ။ အဲဒီအမႈကိုအဓိက အခ်က္မ်ားကို ရွင္းျပေပးပါ့မယ္ ”

“ ဦးလွျမင့္နွင့္ ေဒၚဂ်ဴဘီ ၊ ၂၀၀၅ ခုနွစ္၊ တရားမပထမအယူခံမႈ ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာ-၈၈ ”မွာ ရန္ကုန္တိုင္းတရားရုံး ၂၀၀၃ ခုနွစ္ ၊ တရာမၾကီးမႈအမွတ္ ၃၃၂ တြင္ ေဒၚဂ်ဴဘီက ဦးလွျမင့္အေပၚ ေျမတစ္ျခမ္းစီပိုင္ဆိုင္ထားေၾကာင္း ျမြက္ဟေၾကညာေပးေစလိုမႈ စြဲဆိုရာ တိုင္းတရားရုံးက တရားလိုစြဲဆိုသည့္အတိုင္း စရိတ္နွင့္တကြဒီဂရီ ခ်မွတ္တယ္။ ဦးလွျမင့္က တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီအေပၚမေက်နပ္သျဖင့္ တရားရုံးခ်ဳပ္တြင္ ဤတရားမအယူခံမႈကို တင္သြင္းျခင္းျဖစ္ပါတယ္ ”

“ ရန္ကုန္တိုင္း ၊ ေျမာက္ဥကၠလာပျမိဳ႕နယ္ ၂ ရပ္ကြက္၊ သူဓမၼာ ၂ လမ္းရွိ ေျမကြက္အမွတ္ ၁၀၆၆ ၊ အလ်ား ၄၀ ေပ x အနံ ၆၀ ေပခန္႕ရွိေျမကြက္ကို ေဒၚဂ်ဴဘီသည္ ဦးလွျမင့္နွင့္ပူးတြဲ၍ တစ္ဝက္စီပိုင္ဆိုင္လာခဲ့ျပီး ၂၈-၉-၁၉၉၃ ေန႕တြင္ နွစ္ေယာက္တြဲအမည္ျဖင့္ ဂရန္ရရွိခဲ့ေၾကာင္း ၊ မိမိတို႕ဘာသာ တစ္ျခမ္းစီခြဲျပီး မိမိတို႕ပိုင္ဆိုင္ေသာ အပိုင္းကို အိမ္ေဆာက္လုပ္ေနထိုင္လာခဲ့ေၾကာင္း ၊ စားဝတ္ေနေရးနွင့္ ေဆးကုသေရးအတြက္ ေငြလို၍ မိမိပိုင္ေျမမွ ၂၀ ေပ x ေပ ၂၀ ကို ဦးလွဝင္းဆိုသူသို႕ ေရာင္းခဲ့ေၾကာင္း ၊ ၄-၃-၂၀၀၂ ေန႕တြင္ အခ်င္းျဖစ္ေျမကြက္ကို ဦးလွျမင့္က ေရာင္းခ်၊ ေပါင္နွံ၊ ခြဲျခားလႊဲေျပာင္းျခင္းမျပဳရန္ ကန္႕ကြက္သည္ဟု ေၾကညာခဲ့ေၾကာင္း၊ ထိုေန႕ေနာက္ပိုင္းမွစ၍ တရားစြဲရန္ ေပၚေပါက္လာသည္ဟု အဆိုုျပဳပါတယ္ ”

“ တိုင္းတရားရုံးကလည္း ေဒၚဂ်ဴဘီက ဦးလွျမင့္အေပၚ အခ်င္းျဖစ္ေျမကြက္၏ ေျမကြက္တစ္ျခမ္းသည္ ေဒၚဂ်ဴဘီပိုင္ျဖစ္ေၾကာင္း ျမြက္ဟေၾကညာေပးသည့္ အမိန္နွင့္ ဒီဂရီကို ခ်မွတ္ေပးလိုက္ပါတယ္ ”

“ ဦးလွျမင့္က အယူခံဝင္တဲ့အတြက္ အငွါးဂရန္ထုတ္ေပးသည့္ကိစၥသည္ အခြန္ေတာ္အရာရွိမ်ားက ဆံုးျဖတ္ရမည့္ကိစၥျဖစ္၍ ေအာက္ျမန္မာျပည္ျမိဳ႕နွင့္ ေက်းရြာမ်ားအက္ဥပေဒပုဒ္မ ၄၁(က) ပါ ျပဌာန္းခ်က္အရ တရားမရုံးမ်ားက ဝင္ေရာက္စြက္ဖက္ခြင့္မရွိပါ ။ နွစ္ဦးပူးတြဲအမည္ေပါက္ေသာ ဂရန္ေျမကြက္ကို တစ္ျခမ္းစီပိုင္ဆိုင္သည္ဟု တရားရုံးက တရားစီရင္ေရးအာဏအရ ေကာက္ယူမည္ဆိုပါက တရားစီရင္ေရးအာဏနွင့္ အုပ္ခ်ဳပ္ေရးအာဏရပ္ျဖစ္ေသာ စီမံခန္႕ခြဲေရးအာဏတို႕ကို ေရာေထြးေပါင္းစပ္ဆံုးျဖတ္ရာ ေရာက္ေပမယ္ “ ဂရန္ခြဲစိတ္ေပးရန္ ေလွ်ာက္ထားႏိုင္သည့္ အခြင့္အေရးရွိေနသျဖင့္ သက္ဆိုင္ရာ အာဏပိုင္ဌာနမ်ားတြင္ ဂရန္ေျမခြဲစိတ္ခြင့္ျပဳပါရန္သာ ေလွ်ာက္ထားရမွာျဖစ္ပါတယ္ ”

“ ထို႕ေၾကာင့္ မူလအတိုင္း တရားရုံးက အခ်င္းျဖစ္ေျ မကြက္ တစ္ျခမ္းသည္ ေဒၚဂ်ဴဘီပိုင္ျဖစ္ေၾကာင္းကို ျမြက္ဟ ဒီကရီခ်မွတ္ေပးျခင္းမွာ ဥပေဒနွင့္မညီ မွားယြင္းေနပါသျဖင့္ တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကိုု ပယ္ဖ်က္ကာ မူလမႈတရားလို ေဒၚဂ်ဴဘီစြဲဆိုသည့္ အမႈကိုစရိတ္နွင့္တကြ ပလပ္လိုက္ပါတယ္ ”

“ ကဲ ဒီေလာက္ဆိုရင္ သူငယ္ခ်င္းလည္း သေဘာေပါက္သြားမွာပါေနာ္ ” ဟူ၍ နွစ္သိမ့္အားေပးလိုက္ပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (တရားလႊတ္ေတာ္ေရွ႕ေန)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service