အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၂ တွင် ရောက်ရှိမည်

အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၂ တွင် ရောက်ရှိမည် - Property News in Myanmar from iMyanmarHouse.com
20 Jan 2021 11:50 am တွင် တင်ခဲ့သည်
2577 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of External Affairs (MEA)) က အိန္ဒိယနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနှင့် အဓိကမိတ်ဖက်နိုင်ငံများသို့ ဇန်နဝါရီ ၂၀ မှစတင်၍ COVID-19 ကာကွယ်ဆေးများ ပို့ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဘူတန်၊ မော်ဒိဗ် (Maldives) ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနှင့် ဆေးရှဲ (Seychelles) ဟူသည့် နိုင်ငံများသည် ပြည်တွင်းလိုအပ်ချက်များကို အကြောင်းပြု၍ အဆင့်လိုက်ပြုလုပ်သည့် ဆောင်ရွက်ချက်အရ ကာကွယ်ဆေးများကို ပထမဆုံးလက်ခံရရှိမည့်နိုင်ငံများဖြစ်မည်ဖြစ်သည်။

အိန္ဒိယသည် သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နှင့် မောရစ်ရှ (Mauritius) နိုင်ငံတို့ထံမှ လိုအပ်သည့် ခွင့်ပြုမိန့်များကိုလည်း စောင့်ဆိုင်းလျက်ရှိသည်။

ထုတ်ပြန်ကြေညာချက်တွင် MEA က အိန္ဒိယသည် အိန္ဒိယထုတ်ကာကွယ်ဆေးများ ပို့ပေးရန် အိမ်နီးချင်းနှင့် အဓိကမိတ်ဖက်နိုင်ငံများထံမှ ‌တောင်းဆိုချက်များစွာ လက်ခံရရှိထားကြောင်း ဖော်ပြခဲ့သည်။

ကြေညာချက်ကား မော်ဒိဗ်နိုင်ငံသည် အိန္ဒိယထံမှ COVID-19 ကာကွယ်ဆေး (Covishield) လက်ခံရရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သတင်းထွက်ရှိခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ထွက်ရှိလာခြင်းဖြစ်သည်။

မော်ဒိဗ်နိုင်ငံသို့ ပေးပို့မည့် ကာကွယ်‌ဆေးများကို နေ့လည် ၂ နာရီတွင် မော်ဒိဗ်နိုင်ငံ၏ အဓိကလေဆိပ် Velana နိုင်ငံတကာလေဆိပ်သို့ Air India လေယာဉ်ခရီးစဉ်တစ်ခုဖြင့် ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ မော်ဒိဗ်နိုင်ငံသည် အိန္ဒိယထံမှ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာအဖွဲ့၊ လေ့ကျင့်သင်ကြားမှုနှင့် ဘဏ္ဍာရေးအကူအညီပေါင်း ဒေါ်လာ သန်း ၂၅၀ အပါအဝင် COVID-19 အကူအညီအများဆုံးရရှိသည့် အိမ်နီးချင်းနိုင်ငံဖြစ်ကာ ယခုတစ်ခေါက်တွင်လည်း ကာကွယ်ဆေးအလုံးရေ ၁၀၀,၀၀၀ လက်ခံရရှိမည်ဖြစ်သည်။

ဇန်နဝါရီ ၂၀ တွင် မော်ဒိဗ်နှင့်အတူ ဘူတန်သည်လည်း တစ်နေ့တည်း လက်ရှိခံရရှိမည်ဖြစ်ကာ ဘူတန်က ဆေးအလုံးရေ ၁၅၀,၀၀၀ ရရှိမည်ဟု Indiatimes.com တွင် ဖော်ပြချက်အရ သိရသည်။

ဇန်နဝါရီ ၂၁ တွင် ဘင်္ဂလားဒေ့ရှ်နှင့် နီပေါတို့က ကာကွယ်ဆေးများ လက်ခံရရှိမည်ဖြစ်ပြီး မြန်မာနှင့် ဆေးရှဲ (Seychelles) တို့က ဇန်နဝါရီ ၂၂ တွင် လက်ခံရရှိမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ပြီး အိန္ဒိယဆေးကုမ္ပဏီ Serum Institute of India Co.,Ltd မှ ထုတ်လုပ်သော Covidshield အမည်ရှိ ကာကွယ်ဆေးကို လူဦးရေ ၁၅ သန်းအတွက် ကာကွယ်ဆေး သန်း၃၀ ဝယ်ယူရန် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက “ဒီနှစ် ဇန်နဝါရီ ၅ ရက်မှာ ကုန်အမှာစာပို့လိုက်ပြီ။ အဲဒီတော့ ကျွန်တော်တို့က တစ်ဝက် နှစ်ကြိမ်ခွဲပြီးတော့ ပေးရမယ်။ အဲဒီတော့ သန်း ၃၀ စာ ဒေါ်လာသန်း ၁၅၀ ပေါ့။ ဒေါ်လာသန်း ၁၅၀ ရဲ့ ထက်ဝက်ဖြစ်တဲ့ ၇၅ သန်းကို ဘဏ်ကနေငွေလွှဲဖို့ လုပ်နေတယ်။ ဘယ်နေ့မှာ နောက်ဆုံးထားလွှဲရမလဲဆိုတော့ အခုလာမယ့် ဇန်နဝါရီ ၁၄ ရက် နောက်ဆုံးထားပြီး လွှဲရမယ်”ဟု ပြောကြားခဲ့ကြောင်း စံတော်ချိန်သတင်းစာ၏ ဇန်နဝါရီ ၉ တွင် ဖော်ပြချက်အရ သိရသည်။ ထပ်မံပေးသွင်းရန်ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၇၅ သန်းကို မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ၁၀ သန်း ရောက်ရှိပြီးချိန်တွင် ထပ်မံလွှဲပေးရမည်ဖြစ်သည်။

အိန္ဒိယမှ ဝယ်ယူထားသည့် ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်း တစ်သိန်းတစ်သောင်းကျော်ရှိကြောင်းလည်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

အိန္ဒိယသည် ၎င်းတို့ပြည်တွင်းတွင် ကာကွယ်ဆေးထိုးနှံမှုများစတင်ခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင် ထိုကာကွယ်ဆေးသံခင်းတမန်ခင်းအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း Indiatimes.com တွင် ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India to supply Covid-19 vaccines to six key partner nations from tomorrow (indiaexpress, indiatimes, sdtimesdaily)

[Zawgyi]

အိႏၵိယထုတ္ COVID-19 ကာကြယ္ေဆးမ်ား ျမန္မာႏိုင္ငံသို႔ ဇန္နဝါရီ ၂၂ တြင္ ေရာက္႐ွိမည္

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန (Ministry of External Affairs (MEA)) က အိႏၵိယႏိုင္ငံသည္ ၎၏ အိမ္နီးခ်င္းႏွင့္ အဓိကမိတ္ဖက္ႏိုင္ငံမ်ားသို႔ ဇန္နဝါရီ ၂၀ မွစတင္၍ COVID-19 ကာကြယ္ေဆးမ်ား ပို႔ေပးမည္ျဖစ္ေၾကာင္း ဇန္နဝါရီ ၁၉ တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ဘူတန္၊ ေမာ္ဒိဗ္ (Maldives) ၊ ဘဂၤလားေဒ့႐ွ္၊ နီေပါ၊ ျမန္မာႏွင့္ ေဆး႐ွဲ (Seychelles) ဟူသည့္ ႏိုင္ငံမ်ားသည္ ျပည္တြင္းလိုအပ္ခ်က္မ်ားကို အေၾကာင္းျပဳ၍ အဆင့္လိုက္ျပဳလုပ္သည့္ ေဆာင္႐ြက္ခ်က္အရ ကာကြယ္ေဆးမ်ားကို ပထမဆုံးလက္ခံရ႐ွိမည့္ႏိုင္ငံမ်ားျဖစ္မည္ျဖစ္သည္။

အိႏၵိယသည္ သီရိလကၤာ၊ အာဖဂန္နစၥတန္ႏွင့္ ေမာရစ္႐ွ (Mauritius) ႏိုင္ငံတို႔ထံမွ လိုအပ္သည့္ ခြင့္ျပဳမိန္႔မ်ားကိုလည္း ေစာင့္ဆိုင္းလ်က္႐ွိသည္။

ထုတ္ျပန္ေၾကညာခ်က္တြင္ MEA က အိႏၵိယသည္ အိႏၵိယထုတ္ကာကြယ္ေဆးမ်ား ပို႔ေပးရန္ အိမ္နီးခ်င္းႏွင့္ အဓိကမိတ္ဖက္ႏိုင္ငံမ်ားထံမွ ‌ေတာင္းဆိုခ်က္မ်ားစြာ လက္ခံရ႐ွိထားေၾကာင္း ေဖာ္ျပခဲ့သည္။

ေၾကညာခ်က္ကား ေမာ္ဒိဗ္ႏိုင္ငံသည္ အိႏၵိယထံမွ COVID-19 ကာကြယ္ေဆး (Covishield) လက္ခံရ႐ွိသည့္ ပထမဆုံးႏိုင္ငံျဖစ္လာမည္ျဖစ္ေၾကာင္း သတင္းထြက္႐ွိခဲ့ၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ ထြက္႐ွိလာျခင္းျဖစ္သည္။

ေမာ္ဒိဗ္ႏိုင္ငံသို႔ ေပးပို႔မည့္ ကာကြယ္‌ေဆးမ်ားကို ေန႔လည္ ၂ နာရီတြင္ ေမာ္ဒိဗ္ႏိုင္ငံ၏ အဓိကေလဆိပ္ Velana ႏိုင္ငံတကာေလဆိပ္သို႔ Air India ေလယာဥ္ခရီးစဥ္တစ္ခုျဖင့္ ဆိုက္ေရာက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ ေမာ္ဒိဗ္ႏိုင္ငံသည္ အိႏၵိယထံမွ ေဆးဝါး၊ ေဆးဘက္ဆိုင္ရာအဖြဲ႕၊ ေလ့က်င့္သင္ၾကားမႈႏွင့္ ဘ႑ာေရးအကူအညီေပါင္း ေဒၚလာ သန္း ၂၅၀ အပါအဝင္ COVID-19 အကူအညီအမ်ားဆုံးရ႐ွိသည့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ကာ ယခုတစ္ေခါက္တြင္လည္း ကာကြယ္ေဆးအလုံးေရ ၁၀၀,၀၀၀ လက္ခံရ႐ွိမည္ျဖစ္သည္။

ဇန္နဝါရီ ၂၀ တြင္ ေမာ္ဒိဗ္ႏွင့္အတူ ဘူတန္သည္လည္း တစ္ေန႔တည္း လက္႐ွိခံရ႐ွိမည္ျဖစ္ကာ ဘူတန္က ေဆးအလုံးေရ ၁၅၀,၀၀၀ ရ႐ွိမည္ဟု Indiatimes.com တြင္ ေဖာ္ျပခ်က္အရ သိရသည္။

ဇန္နဝါရီ ၂၁ တြင္ ဘဂၤလားေဒ့႐ွ္ႏွင့္ နီေပါတို႔က ကာကြယ္ေဆးမ်ား လက္ခံရ႐ွိမည္ျဖစ္ၿပီး ျမန္မာႏွင့္ ေဆး႐ွဲ (Seychelles) တို႔က ဇန္နဝါရီ ၂၂ တြင္ လက္ခံရ႐ွိမည္ဟုလည္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၏ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းက အိႏၵိယႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး အိႏၵိယေဆးကုမၸဏီ Serum Institute of India Co.,Ltd မွ ထုတ္လုပ္ေသာ Covidshield အမည္႐ွိ ကာကြယ္ေဆးကို လူဦးေရ ၁၅ သန္းအတြက္ ကာကြယ္ေဆး သန္း၃၀ ဝယ္ယူရန္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ယင္းအတြက္ အေမရိကန္ေဒၚလာ သန္း ၁၅၀ ကုန္က်မည္ျဖစ္သည္။

ယင္းႏွင့္ပတ္သက္၍ သမၼတ႐ုံးေျပာေရးဆိုခြင့္႐ွိသူဦးေဇာ္ေဌးက “ဒီႏွစ္ ဇန္နဝါရီ ၅ ရက္မွာ ကုန္အမွာစာပို႔လိုက္ၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က တစ္ဝက္ ႏွစ္ႀကိမ္ခြဲၿပီးေတာ့ ေပးရမယ္။ အဲဒီေတာ့ သန္း ၃၀ စာ ေဒၚလာသန္း ၁၅၀ ေပါ့။ ေဒၚလာသန္း ၁၅၀ ရဲ႕ ထက္ဝက္ျဖစ္တဲ့ ၇၅ သန္းကို ဘဏ္ကေနေငြလႊဲဖို႔ လုပ္ေနတယ္။ ဘယ္ေန႔မွာ ေနာက္ဆုံးထားလႊဲရမလဲဆိုေတာ့ အခုလာမယ့္ ဇန္နဝါရီ ၁၄ ရက္ ေနာက္ဆုံးထားၿပီး လႊဲရမယ္”ဟု ေျပာၾကားခဲ့ေၾကာင္း စံေတာ္ခ်ိန္သတင္းစာ၏ ဇန္နဝါရီ ၉ တြင္ ေဖာ္ျပခ်က္အရ သိရသည္။ ထပ္မံေပးသြင္းရန္က်န္႐ွိသည့္ အေမရိကန္ေဒၚလာ ၇၅ သန္းကို ျမန္မာႏိုင္ငံသို႔ ကာကြယ္ေဆး ၁၀ သန္း ေရာက္႐ွိၿပီးခ်ိန္တြင္ ထပ္မံလႊဲေပးရမည္ျဖစ္သည္။

အိႏၵိယမွ ဝယ္ယူထားသည့္ ကာကြယ္ေဆးရ႐ွိပါက က်န္းမာေရးဝန္ထမ္းမ်ားကို ဦးစားေပးထိုးႏွံေပးသြားမည္ျဖစ္ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ က်န္းမာေရးဝန္ထမ္း တစ္သိန္းတစ္ေသာင္းေက်ာ္႐ွိေၾကာင္းလည္း ဦးေဇာ္ေဌးက ေျပာၾကားခဲ့သည္။

အိႏၵိယသည္ ၎တို႔ျပည္တြင္းတြင္ ကာကြယ္ေဆးထိုးႏွံမႈမ်ားစတင္ခဲ့ၿပီးေနာက္ ရက္အနည္းငယ္အတြင္းမွာပင္ ထိုကာကြယ္ေဆးသံခင္းတမန္ခင္းအစီအစဥ္ကို စတင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း Indiatimes.com တြင္ ေဖာ္ျပခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India to supply Covid-19 vaccines to six key partner nations from tomorrow (indiaexpress, indiatimes, sdtimesdaily)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service