အမေရိကန်ပြည်တွင် Covid-19 ကူးစက်ခံရမည်စိုးသောကြောင့် ချီကာဂိုလေဆိပ်အတွင်း ၃ လကြာ ပုန်းအောင်းနေသူ အိန္ဒိယလူမျိုး တစ်ဦး ဖမ်းဆီးခံရ

အမေရိကန်ပြည်တွင် Covid-19 ကူးစက်ခံရမည်စိုးသောကြောင့် ချီကာဂိုလေဆိပ်အတွင်း ၃ လကြာ ပုန်းအောင်းနေသူ အိန္ဒိယလူမျိုး တစ်ဦး ဖမ်းဆီးခံရ - Property News in Myanmar from iMyanmarHouse.com
19 Jan 2021 12:54 pm တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်သား အိန္ဒိယလူမျိုးတစ်ဦးဖြစ်သော အာဒိယ ဆင်း(Aditya Singh) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမည်ကို အလွန်အမင်းကြောက်လန့်သောကြောင့်ဟုဆိုကာ ချီကာဂိုမြို့ရှိ အိုဟဲ နိုင်ငံတကာ လေဆိပ် (O'Hare International Airport) တွင် ၃ လနီးပါး ပုန်းအောင်းနေသောကြောင့် ဖမ်းဆီးခြင်းခံလိုက်ရသည်။

အသက် ၃၆ နှစ်အရွယ်ရှိ “ဆင်း” ကို ဒေသအာဏာပိုင်တို့က လေဆိပ်အတွင်း တားမြစ်ထားသည့်နေရာသို့ ရာဇဝတ်မှုမကင်းသည့် ကျော်နင်းမှု၊ အသေးအဖွဲခိုးယူမှု (ဒေါ်လာ ၅၀၀ အောက်ပစ္စည်းများ ခိုးယူမှုကို အသေးအဖွဲခိုးယူမှုဟုသတ်မှတ်ပြီး ဒေါ်လာ ၁၀၀၀ အထက်တန်ကြေးရှိပစ္စည်းများ ခိုးယူမှုကိုမှု ကြီးလေးသော ခိုးယူမှုဟု အမေရိကန်တွင် သတ်မှတ်) တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“ဆင်း” သည် အိုဟဲလေဆိပ်သို့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ရောက်ရှိခဲ့ပြီး လေဆိပ်၏ လုံခြုံရေးဇုန်နယ်တွင် ပုန်းအောင်းနေခဲ့ပြီး မည်သူမျှ သူ့ကို မတွေ့ခဲ့ကြ။

ခရိုင်တရားသူကြီး ဆူဆန်နာ အော်တစ်ဇ်သည် ယခုအချက်အလက်များ မှန်၊ မမှန် မဆုံးဖြတ်နိုင်သေးချေ။ အဖြစ်အပျက်မှာ ထူးဆန်းတုန်လှုပ်ဖွယ်ဖြစ်နေသောကြောင့် ဖြစ်သည်။

“ရှင်ပြောတာက ခွင့်ပြုချက်မရဘဲ လေဆိပ်ဝန်ထမ်းလည်း မဟုတ်သူတစ်ဦးက အိုဟဲလေဆိပ်က လုံခြုံရေးကာကွယ်ထားတဲ့နေရာတစ်ခုမှာ ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ ၁၉ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်အထိ ဘယ်သူမှ မသိစေဘဲ နေထိုင်ခဲ့တယ်လို့ ဆိုလိုတာလား။ ရှင်ပြောတာတွေကို ကျွန်မ မှန်မှန်ကန်ကန် နားလည်သဘောပေါက်ချင် ပါတယ်” ဟု တရားသူကြီး ဆူဆန်နာက ပြောသည်။

၃ လခန့် ဖမ်းဆီးခြင်းမခံရဘဲ ပုန်းအောင်းနေထိုင်နိုင်ခဲ့ပြီးနောက် တစ်ရက်တွင်မူ United Airlines မှ ဝန်ထမ်း ၂ ဦးက “ဆင်း” ထံသို့ ချဉ်းကပ်လာကာ မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သက်သေခံကတ်ပြား ပြသစေခဲ့သည်။

“ဆင်း” က သူ့တွင် တပ်ဆင်ထားသော လေဆိပ်သက်သေခံပြားကို ပြသခဲ့သည်။ အဆိုပါ ကတ်ပြားသည် လေဆိပ်မှ အော်ပရေးရှင်း မန်နေဂျာ၏ ကတ်ပြားဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း တင်ပြထားခဲ့သော ကတ်ပြားဖြစ်သည်။

ထိုဖြစ်ရပ်ကို စစ်ဆေးတွေ့ရှိခဲ့သော United Airlines ဝန်ထမ်း ၂ ဦးက ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာ “ဆင်း” အား လေဆိပ်ရှိ ဂိတ် F12 အနီးမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တရားခံရှေ့နေ ကော့တ်နေး စမောလ်ဝုဒ်က ပြောရာတွင် “ဆင်း” သည် မဟာဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး ယခင် ရာဇဝတ်မှုကျူးလွန်ဖူးသည့် မှတ်တမ်းလည်း မရှိကြောင်း၊ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး လက်ရှိနေရပ်လိပ်စာမှာ လော့စ်အိန်ဂျလိမြို့ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သော အောရိန်း အရပ်တွင် နေထိုင်သူဖြစ်ကြောင်း ပြောကြားသည်။

ဆင်းအား အာမခံငွေ ကန်ဒေါ်လာ ၁၀၀၀ ဖြင့် ပြန်လွှတ်ပေးထားပြီး အိုဟဲလေဆိပ်သို့ ရာသက်ပန် ဝင်ခွင့် ပိတ်ပင်ခြင်းခဲ့သည်။

ချီကာဂို လေကြောင်းဦးစီးဌာနက ထုတ်ပြန်ရာတွင် “ဒီဖြစ်ရပ်ကို စုံစမ်းနေဆဲဖြစ်ပေမယ့် ဒီလူကြီးလူကောင်းပုဂ္ဂိုလ်ဟာ လေဆိပ်အတွက် (ဒါမှမဟုတ်) ခရီးသွားပြည်သူတွေအတွက် လုံခြုံရေးခြိမ်းခြောက်မှုမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ကောက်ချက်ချနိုင်ပါတယ်” ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian-origin man hides at airport for three months fearing exposure to COVID-19 (wionews, the guardian)

[Zawgyi]

အေမရိကန္ျပည္တြင္ Covid-19 ကူးစက္ခံရမည္စိုးေသာေၾကာင့္ ခ်ီကာဂိုေလဆိပ္အတြင္း ၃ လၾကာ ပုန္းေအာင္းေနသူ အိႏိၵယလူမ်ဳိး တစ္ဦး ဖမ္းဆီးခံရ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္သား အိႏိၵယလူမ်ဳိးတစ္ဦးျဖစ္ေသာ အာဒိယ ဆင္း(Aditya Singh) သည္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမည္ကို အလြန္အမင္းေၾကာက္လန္႔ေသာေၾကာင့္ဟုဆိုကာ ခ်ီကာဂိုျမိဳ႕ရွိ အိုဟဲ ႏိုင္ငံတကာ ေလဆိပ္ (O'Hare International Airport) တြင္ ၃ လနီးပါး ပုန္းေအာင္းေနေသာေၾကာင့္ ဖမ္းဆီးျခင္းခံလိုက္ရသည္။

အသက္ ၃၆ ႏွစ္အရြယ္ရွိ “ဆင္း” ကို ေဒသအာဏာပိုင္တို႔က ေလဆိပ္အတြင္း တားျမစ္ထားသည့္ေနရာသို႔ ရာဇဝတ္မႈမကင္းသည့္ ေက်ာ္နင္းမႈ၊ အေသးအဖြဲခိုးယူမႈ (ေဒၚလာ ၅၀၀ ေအာက္ပစၥည္းမ်ား ခိုးယူမႈကို အေသးအဖြဲခိုးယူမႈဟုသတ္မွတ္ျပီး ေဒၚလာ ၁၀၀၀ အထက္တန္ေၾကးရွိပစၥည္းမ်ား ခိုးယူမႈကိုမႈ ၾကီးေလးေသာ ခိုးယူမႈဟု အေမရိကန္တြင္ သတ္မွတ္) တို႔ျဖင့္ ဖမ္းဆီးထိန္းသိမ္းခဲ့သည္။

“ဆင္း” သည္ အိုဟဲေလဆိပ္သို႔ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္တြင္ ေရာက္ရွိခဲ့ျပီး ေလဆိပ္၏ လံုျခံဳေရးဇုန္နယ္တြင္ ပုန္းေအာင္းေနခဲ့ျပီး မည္သူမွ် သူ႔ကို မေတြ႔ခဲ့ၾက။

ခရိုင္တရားသူၾကီး ဆူဆန္နာ ေအာ္တစ္ဇ္သည္ ယခုအခ်က္အလက္မ်ား မွန္၊ မမွန္ မဆံုးျဖတ္ႏိုင္ေသးေခ်။ အျဖစ္အပ်က္မွာ ထူးဆန္းတုန္လႈပ္ဖြယ္ျဖစ္ေနေသာေၾကာင့္ ျဖစ္သည္။

“ရွင္ေျပာတာက ခြင့္ျပဳခ်က္မရဘဲ ေလဆိပ္ဝန္ထမ္းလည္း မဟုတ္သူတစ္ဦးက အိုဟဲေလဆိပ္က လံုျခံဳေရးကာကြယ္ထားတဲ့ေနရာတစ္ခုမွာ ၂၀၂၀ ျပည့္ႏွစ္၊ေအာက္တိုဘာလ ၁၉ ရက္ကေန ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၁၆ ရက္အထိ ဘယ္သူမွ မသိေစဘဲ ေနထိုင္ခဲ့တယ္လို႔ ဆိုလိုတာလား။ ရွင္ေျပာတာေတြကို ကၽြန္မ မွန္မွန္ကန္ကန္ နားလည္သေဘာေပါက္ခ်င္ ပါတယ္” ဟု တရားသူၾကီး ဆူဆန္နာက ေျပာသည္။

၃ လခန္႔ ဖမ္းဆီးျခင္းမခံရဘဲ ပုန္းေအာင္းေနထိုင္ႏိုင္ခဲ့ျပီးေနာက္ တစ္ရက္တြင္မူ United Airlines မွ ဝန္ထမ္း ၂ ဦးက “ဆင္း” ထံသုိ႔ ခ်ဥ္းကပ္လာကာ ေမးျမန္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျပီး သက္ေသခံကတ္ျပား ျပသေစခဲ့သည္။

“ဆင္း” က သူ႔တြင္ တပ္ဆင္ထားေသာ ေလဆိပ္သက္ေသခံျပားကို ျပသခဲ့သည္။ အဆိုပါ ကတ္ျပားသည္ ေလဆိပ္မွ ေအာ္ပေရးရွင္း မန္ေနဂ်ာ၏ ကတ္ျပားျဖစ္ျပီး ေအာက္တိုဘာလ ၂၆ ရက္တြင္ ေပ်ာက္ဆံုးသြားခဲ့ေၾကာင္း တင္ျပထားခဲ့ေသာ ကတ္ျပားျဖစ္သည္။

ထိုျဖစ္ရပ္ကို စစ္ေဆးေတြ႔ရွိခဲ့ေသာ United Airlines ဝန္ထမ္း ၂ ဦးက ရဲတပ္ဖြဲ႔ထံ အေၾကာင္းၾကားရာ “ဆင္း” အား ေလဆိပ္ရွိ ဂိတ္ F12 အနီးမွ ဖမ္းဆီးထိန္းသိမ္းခဲ့သည္။

တရားခံေရွ႕ေန ေကာ့တ္ေနး စေမာလ္ဝုဒ္က ေျပာရာတြင္ “ဆင္း” သည္ မဟာဘြဲ႔ရရွိထားသူတစ္ဦးျဖစ္ျပီး ယခင္ ရာဇဝတ္မႈက်ဴးလြန္ဖူးသည့္ မွတ္တမ္းလည္း မရွိေၾကာင္း၊ အလုပ္လက္မဲ့တစ္ဦးျဖစ္ျပီး လက္ရွိေနရပ္လိပ္စာမွာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ဆင္ေျခဖံုးေဒသတစ္ခုျဖစ္ေသာ ေအာရိန္း အရပ္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆင္းအား အာမခံေငြ ကန္ေဒၚလာ ၁၀၀၀ ျဖင့္ ျပန္လႊတ္ေပးထားျပီး အိုဟဲေလဆိပ္သို႔ ရာသက္ပန္ ဝင္ခြင့္ ပိတ္ပင္ျခင္းခဲ့သည္။

ခ်ီကာဂို ေလေၾကာင္းဦးစီးဌာနက ထုတ္ျပန္ရာတြင္ “ဒီျဖစ္ရပ္ကို စံုစမ္းေနဆဲျဖစ္ေပမယ့္ ဒီလူၾကီးလူေကာင္းပုဂၢိဳလ္ဟာ ေလဆိပ္အတြက္ (ဒါမွမဟုတ္) ခရီးသြားျပည္သူေတြအတြက္ လံုျခံဳေရးျခိမ္းေျခာက္မႈမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္တုိ႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္” ဟု ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indian-origin man hides at airport for three months fearing exposure to COVID-19 (wionews, the guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service