ကမ္ဘာ့ရာသီဥတု ဘာတွေဖြစ်ကုန်ပြီလဲ? ဆာဟာရသဲကန္တာရတွင် ရေခဲများဖုံးလွှမ်းနေပြီး ဆော်ဒီအာရေးဘီးယားတွင် အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်ကျဆင်း
ကမ္ဘာ့ရာသီဥတု ဘာတွေဖြစ်ကုန်ပြီလဲ? ဆာဟာရသဲကန္တာရတွင် ရေခဲများဖုံးလွှမ်းနေပြီး ဆော်ဒီအာရေးဘီးယားတွင် အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
19 Jan 2021 10:50 am တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဇန်နဝါရီလသည် ကမ္ဘာတစ်ဝန်း နေရာများစွာအတွက် နှင်းနှင့် ရေခဲများ ဆောင်ကြဉ်းလာလေ့ရှိသော်လည်း အာဖရိကမှ သဲကန္တာရများနှင့် အရှေ့အလယ်ပိုင်းဒေသတို့နှင့် မသက်ဆိုင်ချေ။
သို့သော် ယခုနှစ် ဇန်နဝါရီတွင်ကား ဆာဟာရသဲကန္တာရတွင် နှင်းထုများ တွေ့လာရသည့်နည်းတူ အရှေ့အလယ်ပိုင်းမှ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင်လည်း အပူချိန်မှာ အနှုတ် ၂ ဒီဂရီစင်တီဂရိတ် (၂၈ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းခဲ့သည်ကို တွေ့ရသည်။
ဓာတ်ပုံဆရာတစ်ဦးသည် ဆာဟာရသဲကန္တာရအတွင်းမှ ရေခဲများအုပ်ဆိုင်းထားသည့် သဲတောင်ကုန်းများ၏ ဓာတ်ပုံများ ရိုက်ကူးမှတ်တမ်းတင်ထားခဲ့သည်။ ဆာဟာရသဲကန္တာရ၏ အပူချိန်မှာ ရေခဲမှတ်အောက်ကျဆင်းနေပြီး ဓာတ်ပုံများမှာ အိပ်မက်ဆန်လှသည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံတွင်လည်း ဒေသခံများနှင့် နိုင်ငံခြားသားများသည် မကြုံစဖူး ထူးကဲလှသည့် မြင်ကွင်းကို ကြည့်ရှုခံစားရန် အတွက် Aseer ဒေသရှိ သဲကန္တာရရှိရာသို့ အလုံးအရင်းသွားရောက်လျက်ရှိကြကြောင်း Geo TV သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဓာတ်ပုံဆရာ ကရင်းမ် ဘူရှီတာတာ (Karim Bouchetata) ၏ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများတွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဆာဟာရ သဲကန္တာရ မြို့ကလေးဖြစ်သော Ain Sefra မြို့ငယ်လေး၏ မြင်ကွင်းများကို တွေ့ရမည် ဖြစ်သည်။
သိုးများကို ရေခဲဖုံး သဲတောင်ကုန်းပေါ်တွင် တွေ့ရမည်ဖြစ်ပြီး ထိုနေ့က အပူချိန်မှာ အနှုတ် ၃ ဒီဂရီ စင်တီဂရိတ် (၂၆ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းခဲ့သည်။
Ain Sefra မြို့ငယ်လေးကို သဲကန္တာရဝင်ပေါက်ဟုလည်း လူသိများပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၁၀၀၀ မီတာ (၃၂၈၀ ပေ) အမြင့်တွင် တည်ရှိကာ အတ္တလတ်စ် တောင်တန်းများက ဝန်းပတ်ထားသည်။
ဆာဟာရသဲကန္တာရသည် အာဖရိကမြောက်ပိုင်း နေရာအများစုကို ဖြန့်ကျက်ထားပြီး ပြီးခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း အပူနှင့် စိုစွတ်မှု တစ်လှည့်စီ ဖြစ်တည်ခဲ့သည်။
ယနေ့တွင် အလွန်ခြောက်သွေ့နေသော်လည်း နှစ်ပေါင်း ၁၅၀၀၀ ခန့်ကြာလျှင် အဆိုပါ သဲကန္တာရနေရာသည် တစ်ဖန်ပြန်လည် စိမ်းလန်းလာရန် မျှော်လင့်ချက်ရှိသည်။
ဆော်ဒီအာရေးဘီးယားပြည်သူတို့မှာ နိုင်ငံအတွင်း Aseer ဒေသတွင် ဖြစ်တောင့်ဖြစ်ခဲ နှင်းများကျဆင်းမှုအပေါ် ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေကြသည်။ Aseer ဒေသရှိ တောင်တန်းများနှင့် သဲကန္တာရများတွင် နှင်းများအတိ ဖုံးလွှမ်းလျက်ရှိနေသည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် အပူချိန်မှာ အနှုတ် ၂ ဒီဂရီ စင်တီဂရိတ် ( ၂၈ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းခဲ့ပြီး ကုလားအုတ်များကို နှင်းများအတွင်း တွေ့ရမည် ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: What IS going on with the world's weather? Ice blankets the Sahara desert while snow falls in Saudi Arabia where temperature has dropped to -2C (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
kalaw-garden-valley
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service