နိုင်ငံလေးနိုင်ငံမှာ စီးပွားရေးသံမှူးတွေ ထပ်မံခန့်အပ်နိုင်ခဲ့

နိုင်ငံလေးနိုင်ငံမှာ စီးပွားရေးသံမှူးတွေ ထပ်မံခန့်အပ်နိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
18 Jan 2021 11:51 am တွင် တင်ခဲ့သည်
530 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဈေးကွက်ရှာဖွေဖို့နဲ့ရင်းနှီးမြှပ်နှံမှုတွေတိုးချဲ့နိုင်ဖို့ စီးပွားရေးသံမှူးတွေကို အခုနှစ်သစ်မှာ နိုင်ငံလေးနိုင်ငံကို ထပ်မံတိုးချဲ့ပြီး စေလွှတ်နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံကသိရပါတယ်။

အရင်က နိုင်ငံပေါင်း၈နိုင်ငံမှာ ထားရှိနိုင်ခဲ့ရာကနေ ထပ်မံပြီး လေးနိုင်ငံကိုစေလွှတ်နိုင်ခဲ့တာကြောင့်စုစုပေါင်း ၁၂နိုင်ငံမှာ မြန်မာ့စီးပွားရေးသံမှူးတွေ ထားနိုင်ပြီလို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူကပြောပါတယ်။

နိုင်ငံပေါင်း ၁၂နိုင်ငံမှာ စုစုပေါင်းသံမှူး ၁၅ဦးထိထားရှိနိုင်ခဲ့တာပါ။ ထပ်မံတိုးချဲ့စေလွှတ်ခဲ့တဲ့လေးနိုင်ငံကတော့ တောင်အာဖရိက၊ ဂျာမနီ၊ဩစတြေးလျနဲ့တရုတ်နိုင်ငံ(ကူမင်း)ကိုပဲဖြစ်ပါတယ်။

သံမှူးတွေက ရင်းနှီးမြှပ်နှံမှုတွေကိုဖိတ်ခေါ်တာ၊ ပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံသူတွေကို ချိတ်ဆက်ပေးနိုင်တအပြင် မြန်မာ့ထုတ်ကုန်တွေ နိုင်ငံတကာဈေးကွက်မှာဝင်ရောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်က အခုလိုသုံးသပ်ပါတယ်။

စီးပွားရေးသံမှူးတွေကို သက်ဆိုင်ရာမြန်မာသံရုံးတွေလက်အောက်မှာ တာဝန်ပေးအပ်ထားတာလည်းဖြစ်ပါတယ်။

ဈေးကွက်မှာကုန်သွယ်ရေးအရ အားကောင်းလာနိုင်ချေရှိတဲ့နိုင်ငံတွေကို စီးပွားရေးသံမှူးတွေ ထပ်မံစေလွှတ်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ (ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်) နှင့် အမေရိကန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများက ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများလည်းရှိနေပြီဖြစ်ပါတယ်။

စီးပွားရေးသံမှူးတွေကတဆင့် မြန်မာနိုင်ငံတွင် E-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ တာဝန်ကျနေသည့် နိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာပြီး ချိတ်ဆက်ပေးသွားရန်၊ MSME လုပ်ငန်းများတွင် အသုံးပြုသည့် စက်ကိရိယာများဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကိုရီးယားနှင့်ဂျပန်နိုင်ငံများသို့ အလုပ်သမားများစေလွှတ်နိုင်ရေး အလားအလာရှိသည့် လုပ်ငန်းများအား လေ့လာတင်ပြရန်၊ ခရီးသွားကဏ္ဍတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စီးပွားရေးသံမှူးများအကြား သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်သွားဖို့ရည်ရွယ်ထားတာပါ။

ပြည်ပနိုင်ငံသို့ စေလွှတ်ထားသော မြန်မာစီးပွားရေးသံမှူးများက နိုင်ငံတိုင်းတွင် နှစ်စဉ်နှစ်တိုင်း ကုန်စည်ပြပွဲများ၊ ဟောပြောပွဲများ ပြုလုပ်လျှက်ရှိရာ နည်းပညာနှင့် ပတ်သက်၍ ပြပွဲများလည်း ပါဝင်လျှက်ရှိသဖြင့် မြန်မာနိုင်ငံမှ အိုင်စီတီကုမ္ပဏီများမှ ဝင်ရောက်ပြသစေလိုပြီး ယခုအခါတွင် Covid-19 ရောဂါကြောင့် Online မှ ပြပွဲများ၊ ဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ပါဝင်ရန် ပိုမိုလွယ်ကူကြောင်း၊ နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးမှုများ၊ နိုင်ငံတကာမှ အိုင်တီကုမ္ပဏီများနှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ႏိုင္ငံေလးႏိုင္ငံမွာ စီးပြားေရးသံမႉးေတြ ထပ္မံခန္႔အပ္ႏိုင္ခဲ့

ေစ်းကြက္႐ွာေဖြဖို႔နဲ႔ရင္းႏွီးျမႇပ္ႏွံမႈေတြတိုးခ်ဲ႕ႏိုင္ဖို႔ စီးပြားေရးသံမႉးေတြကို အခုႏွစ္သစ္မွာ ႏိုင္ငံေလးႏိုင္ငံကို ထပ္မံတိုးခ်ဲ႕ၿပီး ေစလႊတ္ႏိုင္ခဲ့တယ္လို႔ စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနထံကသိရပါတယ္။

အရင္က ႏိုင္ငံေပါင္း၈ႏိုင္ငံမွာ ထား႐ွိႏိုင္ခဲ့ရာကေန ထပ္မံၿပီး ေလးႏိုင္ငံကိုေစလႊတ္ႏိုင္ခဲ့တာေၾကာင့္စုစုေပါင္း ၁၂ႏိုင္ငံမွာ ျမန္မာ့စီးပြားေရးသံမႉးေတြ ထားႏိုင္ၿပီလို႔ ကုန္သြယ္ေရးဦးစီးဌာနရဲ႕ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းသူကေျပာပါတယ္။

ႏိုင္ငံေပါင္း ၁၂ႏိုင္ငံမွာ စုစုေပါင္းသံမႉး ၁၅ဦးထိထား႐ွိႏိုင္ခဲ့တာပါ။ ထပ္မံတိုးခ်ဲ႕ေစလႊတ္ခဲ့တဲ့ေလးႏိုင္ငံကေတာ့ ေတာင္အာဖရိက၊ ဂ်ာမနီ၊ဩစေၾတးလ်နဲ႔တ႐ုတ္ႏိုင္ငံ(ကူမင္း)ကိုပဲျဖစ္ပါတယ္။

သံမႉးေတြက ရင္းႏွီးျမႇပ္ႏွံမႈေတြကိုဖိတ္ေခၚတာ၊ ျပည္တြင္းျပည္ပရင္းႏွီးျမႇပ္ႏွံသူေတြကို ခ်ိတ္ဆက္ေပးႏိုင္တအျပင္ ျမန္မာ့ထုတ္ကုန္ေတြ ႏိုင္ငံတကာေစ်းကြက္မွာဝင္ေရာက္ႏိုင္ေရးအတြက္ အေထာက္အကူျဖစ္ေစတယ္လို႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္က အခုလိုသုံးသပ္ပါတယ္။

စီးပြားေရးသံမႉးေတြကို သက္ဆိုင္ရာျမန္မာသံ႐ုံးေတြလက္ေအာက္မွာ တာဝန္ေပးအပ္ထားတာလည္းျဖစ္ပါတယ္။

ေစ်းကြက္မွာကုန္သြယ္ေရးအရ အားေကာင္းလာႏိုင္ေခ်႐ွိတဲ့ႏိုင္ငံေတြကို စီးပြားေရးသံမႉးေတြ ထပ္မံေစလႊတ္ဖို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံ (ေပက်င္း၊ နန္နင္း၊ ေဟာင္ေကာင္) ႏွင့္ အေမရိကန္၊ ဂ်ပန္၊ ကိုရီးယားႏိုင္ငံမ်ားသို႔ ေစလႊတ္ထားသည့္ စီးပြားေရးသံမႉးမ်ားက ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားႏွင့္ ေဆာင္႐ြက္ၿပီးစီးမႈမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္မည့္အစီအမံမ်ားလည္း႐ွိေနၿပီျဖစ္ပါတယ္။

စီးပြားေရးသံမႉးေတြကတဆင့္ ျမန္မာႏိုင္ငံတြင္ E-commerce ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လက္႐ွိ တာဝန္က်ေနသည့္ ႏိုင္ငံမ်ားတြင္ ေဆာင္႐ြက္ေနမႈမ်ားကို ေလ့လာၿပီး ခ်ိတ္ဆက္ေပးသြားရန္၊ MSME လုပ္ငန္းမ်ားတြင္ အသုံးျပဳသည့္ စက္ကိရိယာမ်ားဝယ္ယူႏိုင္ေရး ခ်ိတ္ဆက္ေဆာင္႐ြက္ေပးရန္၊ ကိုရီးယားႏွင့္ဂ်ပန္ႏိုင္ငံမ်ားသို႔ အလုပ္သမားမ်ားေစလႊတ္ႏိုင္ေရး အလားအလာ႐ွိသည့္ လုပ္ငန္းမ်ားအား ေလ့လာတင္ျပရန္၊ ခရီးသြားက႑တိုးတက္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ႏွင့္ စီးပြားေရးသံမႉးမ်ားအၾကား သတင္းအခ်က္အလက္မ်ား အျပန္အလွန္ ဖလွယ္သြားဖို႔ရည္႐ြယ္ထားတာပါ။

ျပည္ပႏိုင္ငံသို႔ ေစလႊတ္ထားေသာ ျမန္မာစီးပြားေရးသံမႉးမ်ားက ႏိုင္ငံတိုင္းတြင္ ႏွစ္စဥ္ႏွစ္တိုင္း ကုန္စည္ျပပြဲမ်ား၊ ေဟာေျပာပြဲမ်ား ျပဳလုပ္လွ်က္႐ွိရာ နည္းပညာႏွင့္ ပတ္သက္၍ ျပပြဲမ်ားလည္း ပါဝင္လွ်က္႐ွိသျဖင့္ ျမန္မာႏိုင္ငံမွ အိုင္စီတီကုမၸဏီမ်ားမွ ဝင္ေရာက္ျပသေစလိုၿပီး ယခုအခါတြင္ Covid-19 ေရာဂါေၾကာင့္ Online မွ ျပပြဲမ်ား၊ ေဟာေျပာပြဲမ်ား ျပဳလုပ္လ်က္႐ွိရာ ပါဝင္ရန္ ပိုမိုလြယ္ကူေၾကာင္း၊ ႏိုင္ငံတကာမွ ပညာ႐ွင္မ်ားႏွင့္ ပူးေပါင္း၍ ေဆြးေႏြးမႈမ်ား၊ ႏိုင္ငံတကာမွ အိုင္တီကုမၸဏီမ်ားႏွင့္ ပူးေပါင္း၍ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကိုလည္း ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service