သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံမှုများနှင့်ပတ်သက်၍ စိုးရိမ်မှု နော်ဝေ တိုးမြှင့်

သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံမှုများနှင့်ပတ်သက်၍ စိုးရိမ်မှု နော်ဝေ တိုးမြှင့် - Property News in Myanmar from iMyanmarHouse.com
17 Jan 2021 11:50 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် သေဆုံးသူအရေအတွက်အား ၂၉ ဦးသို့ တိုးမြှင့်ပြီးနောက် နော်ဝေအစိုးရသည် ဆိုးရွားသည့်ကျန်းမာရေးအခြေအနေရှိသည့် သက်ကြီးရွယ်အိုများအတွက် Pfizer နှင့် BioNTech ကုမ္ပဏီတို့မှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ဘေးကင်းမှုနှင့်ပတ်သက်၍ စိုးရိမ်မှုကို တိုးမြှင့်ဖော်ပြလိုက်ပြီဖြစ်သည်။

ယခုအရေအတွက်သည် နော်ဝေတွင် ကနဦး သိရှိထားကြပြီးဖြစ်သည့် သေဆုံးသူအရေအတွက်တွင် ခြောက်ဦးတိုးလာခြင်းဖြစ်ပြီး ထိခိုက်စေသည်ဟု ယူဆရသည့် အသက်အရွယ်အုပ်စုအားလည်း ၈၀ မှ ၇၅ သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။ သေဆုံးမှုများ မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည်ကို အတိအကျရှင်းလင်းစွာ မသိရသေးစဥ် နော်ဝေအစိုးရက လူ ၄၂,၀၀၀ ခန့်အား ကာကွယ်ဆေးထိုးနှံမှု အနည်းဆုံးတစ်ကြိမ်ပေးပြီးဖြစ်ကာ သက်ကြီးရွယ်အိုများအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလျှင် အန္တရာယ်အရှိဆုံးဟု ယူဆရသူများကို အဓိကထိုးနှံပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ အထိ Pfizer နှင့် BioNTech ကုမ္ပဏီတို့မှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးသာလျှင် နော်ဝေတွင် ရှိခဲ့သောကြောင့် သေဆုံးမှုအားလုံးသည် ယင်းကာကွယ်ဆေးနှင့် ဆက်နွှယ်ကြောင်း နော်ဝေဆေးပညာဌာနက ဘလွန်းဘတ်သတင်းဌာနသို့ ဇန်နဝါရီ ၁၆ ရက်တွင် စာဖြင့် ရေးသားဖြေကြားချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

“ရင်ခွဲစစ်ဆေးပြီးတဲ့ သေဆုံးမှု ၁၃ ခု ရှိပါတယ်၊ လက်ရှိလည်း စစ်ဆေးနေတဲ့ နောက်ထပ်သေဆုံးမှု ၁၆ ခုရှိတယ်လို့လည်း ကျွန်ုပ်တို့ သိထားပါတယ်” ဟုလည်း ၎င်းဌာနက ပြောကြားခဲ့သည်။ ထိုသေဆုံးသူအားလုံးသည် ပြင်းထန်သောကျန်းမာရေးယိုယွင်းမှုအခြေခံရှိသည့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ လူအများစုသည် ကာကွယ်ဆေး၏ ခေါင်းကိုက်ခြင်းနှင့် အော့အန်ခြင်း၊ ဖျားခြင်း၊ ဆေးထိုးထားသောနေရာတွင် ဓာတ်မတည့်သည့် လက္ခဏာများပေါ်ခြင်းနှင့် ရောဂါအခံပိုမိုဆိုးရွားလာခြင်း စသည့် မျှော်လင့်ထားပြီးဖြစ်သော ‌ဘေးထွက်ဆိုးကျိုးများကို ကြုံတွေ့ခံစားရခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အစိုးရများက COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရန် ကြိုးပမ်းရေး ကာကွယ်ဆေးထိုးနှံမှုများ အလောတကြီးဆောင်ရွက်နေသည်ဖြစ်ရာ ဓာတ်မတည့်မှုနှင့်ပတ်သက်သော တရားဝင်အစီရင်ခံစာများ ရှားပါးလာသည်။ အမေရိကန်တွင် Pfizer နှင့် BioNTech တို့မှ တီထွင်သည့် ကနဦး ကာကွယ်ဆေး ၁ ဒသမ ၉ သန်းခန့် ထိုးနှံပေးပြီးနောက် ဒီဇင်ဘာ ၁၄ မှ ၂၃ အတွင်း ပြင်းပြင်းထန်ထန်ဓာတ်မတည့်မှုခံစားရသူ ၂၁ ဦး ရှိကြောင်း အာဏာပိုင်များက အစီရင်ခံခဲ့သည်။ Pfizer နှင့် BioNTech ကာကွယ်ဆေးနှင့်ပတ်သက်သော ပထမဆုံးဥရောပတစ်ခွင်ဘေးကင်းမှုအစီရင်ခံစာသည် ယခုဇန်နဝါရီလကုန်တွင် ထွက်ရှိလာမည်ဖြစ်သည်။

နော်ဝေနိုင်ငံကြုံတွေ့ရသော အထက်ဖော်ပြပါအတွေ့အကြုံသည် အသက်ငယ်သော၊ ကျန်းမာသောသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းမှ ရှောင်ကြဥ်သင့်သည်ဟု မဆိုလိုပေ။ သို့သော် ကမ္ဘာ့နိုင်ငံများက ကာကွယ်ဆေးများနှင့်ပတ်သက်သော ဘေးကင်းမှုဆိုင်ရာစောင့်ကြည့်မှုအစီရင်ခံစာများ ထုတ်ပြန်ရန် စတင်နေစဥ် ယင်းသည် မည်သည်အားစောင့်ကြည့်ရမည်ကို စောစီးစွာညွှန်ပြမှုတစ်ခုသာ ဖြစ်သည်။ ဥရောပဆေးပညာဌာန၏ အကြီးအကဲသစ် အမ်မာကွတ်ခ်က COVID-19 ကာကွယ်ဆေးများ၏ ‌ဘေးကင်းမှု အထူးသဖြင့် messenger RNA ကဲ့သို့သော နည်းပညာများကို အမှီပြုထားသည့် ကာကွယ်ဆေးထိုးနှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားသည့်အခါ အကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။

ဥရောပတွင် (Moderna ကုမ္ပဏီမှတီထွင်ထုတ်လုပ်သည့် ကာကွယ်ဆေးပါ ထည့်တွက်လျှင်) အတည်ပြုထားပြီးဖြစ်သည့် ကာကွယ်ဆေးနှစ်မျိုးစလုံးကို အသက် ၈၀ ကျော်နှောင်းပိုင်းအရွယ်များ၊ ၉၀ ‌ကျော်နှောင်းပိုင်းအရွယ်များအပါအဝင် မိမိတို့၏သဘောဆန္ဒအလျောက်ပါဝင်စမ်းသပ်ခံသူ လူသောင်းနှင့်ချီတွင် လက်တွေ့စမ်းသပ်ခဲ့သော်လည်း ထိုလက်တွေ့စမ်းသပ်မှုတွင်ပါဝင်ခဲ့သူတို့၏အသက်များအား ပျမ်းမျှတွက်သော် အသက် ၅၀ သာသာ အရွယ်များဖြစ်သည်။ ကမ္ဘာ့နိုင်ငံများက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မြင့်မားသည့် သက်ကြီးဂေဟာများမှ သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံရန် စိုင်းပြင်းနေကြသည်ဖြစ်ရာ ကမ္ဘာ့နေရာအများအပြားတွင် ကာကွယ်ဆေးပထမဆုံးထိုးနှံခံရမည့်သူများမှာ ၎င်းပျမ်းမျှအသက်ထက် ပိုမိုကြီးရင့်နေပါသည်။

COVID-19 ကာကွယ်ဆေးများသည် အသက်အလွန်ကြီးပြီး အလွန်အမင်းနေမကောင်းဖြစ်နေသူများအတွက် အန္တရာယ်သိပ်များနိုင်သည်ဟု နော်ဝေးအစိုးရအနေဖြင့် အကြံပြုစေရန် အထက်ပါတွေ့ရှိချက်များက မဆိုင်းမတွဆောင်ရွက်စေလိုက်ခြင်းဖြစ်သည်။ ၎င်းအကြံပြုချက်မှာ ဥရောပကျန်းမာရေးအာဏာပိုင်အဖွဲ့တစ်ဖွဲ့ထံမှ (ယခုအချိန်အထိ) သတိထားသင့်ဆုံးထုတ်ပြန်ချက် ဖြစ်ပါသည်။

နော်ဝေပြည်သူ့ကျန်းမာရေးသိပ္ပံက “အားနည်းချိနဲ့မှု သိပ်ပြင်းတဲ့သူတွေအတွက်က ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးတွေ တော်တော်လေး အားပျော့ရင်တောင်မှ ပြင်းထန်တဲ့အကျိုးဆက်တွေကို ဖြစ်စေနိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ကျန်ဘဝသက်တမ်းနည်းနည်းပဲ ရှိတော့တဲ့သူတွေအတွက်က ကာကွယ်ဆေးရဲ့အကျိုးကျေးဇူးဆိုတာ တွက်ခြေမကိုက်၊ မဆီမဆိုင်ဖြစ်နေနိုင်ပါတယ်” ဟု ဝေဖန်အကဲဖြတ်ထားသည်။

Pfizer နှင့် BioNTech ဆေးကုမ္ပဏီတို့သည် နော်ဝေးတွင် အထက်ပါသေဆုံးမှုများအား စုံစမ်းစစ်ဆေးရန် နော်ဝေအာဏာပိုင်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း Pfizer က အီးမေးလ်ဖြင့် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ ထိုသေဆုံးမှုအရေအတွက်သည် စိုးရိမ်ဖွယ်ရာမဟုတ်ဘဲ ကြိုတင်ခန့်မှန်းထားချက်များနှင့်အညီ ဖြစ်ကြောင်း ဥရောပဆေးပညာဌာနက တွေ့ရှိခဲ့သည်ဟုလည်း Pfizer က ထုတ်ပြန်ခဲ့သည်။

နော်ဝေဆေးပညာဌာနက “အခြားနိုင်ငံတွေမှာလည်း သေဆုံးမှုတွေ အစီရင်ခံ,ခံထားရတယ်လို့ ကျွန်တော်လို့ သိထားပါတယ်၊ ဒါပေမဲ့ အခုထိ အသေးစိတ်အချက်အလက်အပြည့်အစုံ မရှိသေးပါဘူး။ ကာကွယ်ဆေးထိုးနှံမှုမှာ ဘယ်သူတွေကို ဦးစားပေးတယ်ဆိုတာကလည်း နိုင်ငံတွေအကြား ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်၊ ဒါဟာ သေဆုံးမှုအပါအဝင် ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး အစီရင်ခံခြင်းမှာသွားပြီးတော့ သက်ရောက်မှုရှိနေနိုင်ပါတယ်” ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Norway Raises Concern Over Vaccine Jabs for the Elderly (bloomberg)

 

[Zawgyi]

သက္ႀကီး႐ြယ္အိုမ်ားကို ကာကြယ္ေဆးထိုးႏွံမႈမ်ားႏွင့္ပတ္သက္၍ စိုးရိမ္မႈ ေနာ္ေဝ တိုးျမႇင့္

ကာကြယ္ေဆးထိုးႏွံမႈခံယူၿပီးေနာက္ ေသဆုံးသူအေရအတြက္အား ၂၉ ဦးသို႔ တိုးျမႇင့္ၿပီးေနာက္ ေနာ္ေဝအစိုးရသည္ ဆိုး႐ြားသည့္က်န္းမာေရးအေျခအေန႐ွိသည့္ သက္ႀကီး႐ြယ္အိုမ်ားအတြက္ Pfizer ႏွင့္ BioNTech ကုမၸဏီတို႔မွ တီထြင္ထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆး ေဘးကင္းမႈႏွင့္ပတ္သက္၍ စိုးရိမ္မႈကို တိုးျမႇင့္ေဖာ္ျပလိုက္ၿပီျဖစ္သည္။

ယခုအေရအတြက္သည္ ေနာ္ေဝတြင္ ကနဦး သိ႐ွိထားၾကၿပီးျဖစ္သည့္ ေသဆုံးသူအေရအတြက္တြင္ ေျခာက္ဦးတိုးလာျခင္းျဖစ္ၿပီး ထိခိုက္ေစသည္ဟု ယူဆရသည့္ အသက္အ႐ြယ္အုပ္စုအားလည္း ၈၀ မွ ၇၅ သို႔ ေလွ်ာ့ခ်လိုက္ျခင္းျဖစ္သည္။ ေသဆုံးမႈမ်ား မည္သည့္အခ်ိန္တြင္ ျဖစ္ပြားခဲ့သည္ကို အတိအက်႐ွင္းလင္းစြာ မသိရေသးစဥ္ ေနာ္ေဝအစိုးရက လူ ၄၂,၀၀၀ ခန္႔အား ကာကြယ္ေဆးထိုးႏွံမႈ အနည္းဆုံးတစ္ႀကိမ္ေပးၿပီးျဖစ္ကာ သက္ႀကီး႐ြယ္အိုမ်ားအပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရလွ်င္ အႏၲရာယ္အ႐ွိဆုံးဟု ယူဆရသူမ်ားကို အဓိကထိုးႏွံေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဇန္နဝါရီ ၁၅ အထိ Pfizer ႏွင့္ BioNTech ကုမၸဏီတို႔မွ တီထြင္ထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆးသာလွ်င္ ေနာ္ေဝတြင္ ႐ွိခဲ့ေသာေၾကာင့္ ေသဆုံးမႈအားလုံးသည္ ယင္းကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္ေၾကာင္း ေနာ္ေဝေဆးပညာဌာနက ဘလြန္းဘတ္သတင္းဌာနသို႔ ဇန္နဝါရီ ၁၆ ရက္တြင္ စာျဖင့္ ေရးသားေျဖၾကားခ်က္တစ္ရပ္၌ ေျပာၾကားခဲ့သည္။

“ရင္ခြဲစစ္ေဆးၿပီးတဲ့ ေသဆုံးမႈ ၁၃ ခု ႐ွိပါတယ္၊ လက္႐ွိလည္း စစ္ေဆးေနတဲ့ ေနာက္ထပ္ေသဆုံးမႈ ၁၆ ခု႐ွိတယ္လို႔လည္း ကြၽႏ္ုပ္တို႔ သိထားပါတယ္” ဟုလည္း ၎ဌာနက ေျပာၾကားခဲ့သည္။ ထိုေသဆုံးသူအားလုံးသည္ ျပင္းထန္ေသာက်န္းမာေရးယိုယြင္းမႈအေျခခံ႐ွိသည့္ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ေၾကာင္း၊ လူအမ်ားစုသည္ ကာကြယ္ေဆး၏ ေခါင္းကိုက္ျခင္းႏွင့္ ေအာ့အန္ျခင္း၊ ဖ်ားျခင္း၊ ေဆးထိုးထားေသာေနရာတြင္ ဓာတ္မတည့္သည့္ လကၡဏာမ်ားေပၚျခင္းႏွင့္ ေရာဂါအခံပိုမိုဆိုး႐ြားလာျခင္း စသည့္ ေမွ်ာ္လင့္ထားၿပီးျဖစ္ေသာ ‌ေဘးထြက္ဆိုးက်ိဳးမ်ားကို ၾကဳံေတြ႕ခံစားရျခင္းျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

အစိုးရမ်ားက COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းေရး ကာကြယ္ေဆးထိုးႏွံမႈမ်ား အေလာတႀကီးေဆာင္႐ြက္ေနသည္ျဖစ္ရာ ဓာတ္မတည့္မႈႏွင့္ပတ္သက္ေသာ တရားဝင္အစီရင္ခံစာမ်ား ႐ွားပါးလာသည္။ အေမရိကန္တြင္ Pfizer ႏွင့္ BioNTech တို႔မွ တီထြင္သည့္ ကနဦး ကာကြယ္ေဆး ၁ ဒသမ ၉ သန္းခန္႔ ထိုးႏွံေပးၿပီးေနာက္ ဒီဇင္ဘာ ၁၄ မွ ၂၃ အတြင္း ျပင္းျပင္းထန္ထန္ဓာတ္မတည့္မႈခံစားရသူ ၂၁ ဦး ႐ွိေၾကာင္း အာဏာပိုင္မ်ားက အစီရင္ခံခဲ့သည္။ Pfizer ႏွင့္ BioNTech ကာကြယ္ေဆးႏွင့္ပတ္သက္ေသာ ပထမဆုံးဥေရာပတစ္ခြင္ေဘးကင္းမႈအစီရင္ခံစာသည္ ယခုဇန္နဝါရီလကုန္တြင္ ထြက္႐ွိလာမည္ျဖစ္သည္။

ေနာ္ေဝႏိုင္ငံၾကဳံေတြ႕ရေသာ အထက္ေဖာ္ျပပါအေတြ႕အၾကဳံသည္ အသက္ငယ္ေသာ၊ က်န္းမာေသာသူမ်ားအေနျဖင့္ ကာကြယ္ေဆးထိုးႏွံမႈခံယူျခင္းမွ ေ႐ွာင္ၾကဥ္သင့္သည္ဟု မဆိုလိုေပ။ သို႔ေသာ္ ကမ႓ာ့ႏိုင္ငံမ်ားက ကာကြယ္ေဆးမ်ားႏွင့္ပတ္သက္ေသာ ေဘးကင္းမႈဆိုင္ရာေစာင့္ၾကည့္မႈအစီရင္ခံစာမ်ား ထုတ္ျပန္ရန္ စတင္ေနစဥ္ ယင္းသည္ မည္သည္အားေစာင့္ၾကည့္ရမည္ကို ေစာစီးစြာၫႊန္ျပမႈတစ္ခုသာ ျဖစ္သည္။ ဥေရာပေဆးပညာဌာန၏ အႀကီးအကဲသစ္ အမ္မာကြတ္ခ္က COVID-19 ကာကြယ္ေဆးမ်ား၏ ‌ေဘးကင္းမႈ အထူးသျဖင့္ messenger RNA ကဲ့သို႔ေသာ နည္းပညာမ်ားကို အမွီျပဳထားသည့္ ကာကြယ္ေဆးထိုးႏွံမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္သြားသည့္အခါ အႀကီးဆုံးစိန္ေခၚမႈတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း ေျပာၾကားထားၿပီးျဖစ္သည္။

ဥေရာပတြင္ (Moderna ကုမၸဏီမွတီထြင္ထုတ္လုပ္သည့္ ကာကြယ္ေဆးပါ ထည့္တြက္လွ်င္) အတည္ျပဳထားၿပီးျဖစ္သည့္ ကာကြယ္ေဆးႏွစ္မ်ိဳးစလုံးကို အသက္ ၈၀ ေက်ာ္ေႏွာင္းပိုင္းအ႐ြယ္မ်ား၊ ၉၀ ‌ေက်ာ္ေႏွာင္းပိုင္းအ႐ြယ္မ်ားအပါအဝင္ မိမိတို႔၏သေဘာဆႏၵအေလ်ာက္ပါဝင္စမ္းသပ္ခံသူ လူေသာင္းႏွင့္ခ်ီတြင္ လက္ေတြ႕စမ္းသပ္ခဲ့ေသာ္လည္း ထိုလက္ေတြ႕စမ္းသပ္မႈတြင္ပါဝင္ခဲ့သူတို႔၏အသက္မ်ားအား ပ်မ္းမွ်တြက္ေသာ္ အသက္ ၅၀ သာသာ အ႐ြယ္မ်ားျဖစ္သည္။ ကမ႓ာ့ႏိုင္ငံမ်ားက ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ျမင့္မားသည့္ သက္ႀကီးေဂဟာမ်ားမွ သက္ႀကီး႐ြယ္အိုမ်ားကို ကာကြယ္ေဆးထိုးႏွံရန္ စိုင္းျပင္းေနၾကသည္ျဖစ္ရာ ကမ႓ာ့ေနရာအမ်ားအျပားတြင္ ကာကြယ္ေဆးပထမဆုံးထိုးႏွံခံရမည့္သူမ်ားမွာ ၎ပ်မ္းမွ်အသက္ထက္ ပိုမိုႀကီးရင့္ေနပါသည္။

COVID-19 ကာကြယ္ေဆးမ်ားသည္ အသက္အလြန္ႀကီးၿပီး အလြန္အမင္းေနမေကာင္းျဖစ္ေနသူမ်ားအတြက္ အႏၲရာယ္သိပ္မ်ားႏိုင္သည္ဟု ေနာ္ေဝးအစိုးရအေနျဖင့္ အၾကံျပဳေစရန္ အထက္ပါေတြ႕႐ွိခ်က္မ်ားက မဆိုင္းမတြေဆာင္႐ြက္ေစလိုက္ျခင္းျဖစ္သည္။ ၎အၾကံျပဳခ်က္မွာ ဥေရာပက်န္းမာေရးအာဏာပိုင္အဖြဲ႕တစ္ဖြဲ႕ထံမွ (ယခုအခ်ိန္အထိ) သတိထားသင့္ဆုံးထုတ္ျပန္ခ်က္ ျဖစ္ပါသည္။

ေနာ္ေဝျပည္သူ႕က်န္းမာေရးသိပၸံက “အားနည္းခ်ိနဲ႔မႈ သိပ္ျပင္းတဲ့သူေတြအတြက္က ကာကြယ္ေဆးေဘးထြက္ဆိုးက်ိဳးေတြ ေတာ္ေတာ္ေလး အားေပ်ာ့ရင္ေတာင္မွ ျပင္းထန္တဲ့အက်ိဳးဆက္ေတြကို ျဖစ္ေစႏိုင္တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ လက္က်န္ဘဝသက္တမ္းနည္းနည္းပဲ ႐ွိေတာ့တဲ့သူေတြအတြက္က ကာကြယ္ေဆးရဲ႕အက်ိဳးေက်းဇူးဆိုတာ တြက္ေျခမကိုက္၊ မဆီမဆိုင္ျဖစ္ေနႏိုင္ပါတယ္” ဟု ေဝဖန္အကဲျဖတ္ထားသည္။

Pfizer ႏွင့္ BioNTech ေဆးကုမၸဏီတို႔သည္ ေနာ္ေဝးတြင္ အထက္ပါေသဆုံးမႈမ်ားအား စုံစမ္းစစ္ေဆးရန္ ေနာ္ေဝအာဏာပိုင္မ်ားႏွင့္ လက္တြဲေဆာင္႐ြက္လ်က္႐ွိေၾကာင္း Pfizer က အီးေမးလ္ျဖင့္ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေျပာၾကားခဲ့သည္။ ထိုေသဆုံးမႈအေရအတြက္သည္ စိုးရိမ္ဖြယ္ရာမဟုတ္ဘဲ ႀကိဳတင္ခန္႔မွန္းထားခ်က္မ်ားႏွင့္အညီ ျဖစ္ေၾကာင္း ဥေရာပေဆးပညာဌာနက ေတြ႕႐ွိခဲ့သည္ဟုလည္း Pfizer က ထုတ္ျပန္ခဲ့သည္။

ေနာ္ေဝေဆးပညာဌာနက “အျခားႏိုင္ငံေတြမွာလည္း ေသဆုံးမႈေတြ အစီရင္ခံ,ခံထားရတယ္လို႔ ကြၽန္ေတာ္လို႔ သိထားပါတယ္၊ ဒါေပမဲ့ အခုထိ အေသးစိတ္အခ်က္အလက္အျပည့္အစုံ မ႐ွိေသးပါဘူး။ ကာကြယ္ေဆးထိုးႏွံမႈမွာ ဘယ္သူေတြကို ဦးစားေပးတယ္ဆိုတာကလည္း ႏိုင္ငံေတြအၾကား ကြဲျပားျခားနားခ်က္ေတြ ႐ွိေနပါတယ္၊ ဒါဟာ ေသဆုံးမႈအပါအဝင္ ေဘးထြက္ဆိုးက်ိဳးေတြနဲ႔ပတ္သက္ၿပီး အစီရင္ခံျခင္းမွာသြားၿပီးေတာ့ သက္ေရာက္မႈ႐ွိေနႏိုင္ပါတယ္” ဟုလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Norway Raises Concern Over Vaccine Jabs for the Elderly (bloomberg)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service