အသက် ၈၀ ကျော် နာမကျန်းသူများအတွက် ကာကွယ်ဆေးအန္တရာယ်များ နော်ဝေ သတိပေး

အသက် ၈၀ ကျော် နာမကျန်းသူများအတွက် ကာကွယ်ဆေးအန္တရာယ်များ နော်ဝေ သတိပေး - Property News in Myanmar from iMyanmarHouse.com
16 Jan 2021 10:36 am တွင် တင်ခဲ့သည်
9634 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကာကွယ်ဆေးများသည် အသက်အလွန်ကြီးပြီး အလွန်အမင်းနေမကောင်းဖြစ်နေသူများအတွက် အန္တရာယ်သိပ်များနိုင်ကြောင်း နော်ဝေးအစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းသည် ထောက်ခံချက်ရရှိရန် ပထမအကြိမ်ထိုးနှံမှုများ၏ အကယ်စင်စစ်ဘေးထွက်ဆိုးကျိုးများကို ကမ္ဘာ့နိုင်ငံများက အကဲဖြတ်နေစဉ် ဥရောပကျန်းမာရေးအာဏာပိုင်အဖွဲ့တစ်ဖွဲ့ထံမှ (ယခုအချိန်အထိ) သတိထားသင့်ဆုံးထုတ်ပြန်ချက်ဖြစ်ပေသည်။

နော်ဝေတွင် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးနောက် အချိန်တိုအတွင်း ၂၃ ဦး သေဆုံး သွားပြီဖြစ်ကြောင်း နော်ဝေအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုသေဆုံးသူများအနက် ၁၃ ဦးကို ရင်ခွဲစစ်ဆေးပြီးဖြစ်ကာ ကာကွယ်ဆေး၏ယေဘုယျဘေးထွက်ဆိုးကျိုးများသည် အားနည်းသော သက်ကြီးရွယ်အိုများတွင် ပြင်းထန်သော ဓာတ်မတည့်သည့်လက္ခဏာများကို ဖြစ်စေနိုင်ကြောင်း စစ်ဆေးမှု ရလဒ်များက ညွှန်ပြခဲ့သည်ဟု နော်ဝေဆေးပညာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အားနည်းချိနဲ့မှု သိပ်ပြင်းတဲ့သူတွေအတွက်က ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးတွေ တော်တော်လေး အားပျော့ရင်တောင်မှ ပြင်းထန်တဲ့အကျိုးဆက်တွေကို ဖြစ်စေနိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ကျန်ဘဝသက်တမ်းနည်းနည်းပဲ ရှိတော့တဲ့သူတွေအတွက်က ကာကွယ်ဆေးရဲ့အကျိုးကျေးဇူးဆိုတာ တွက်ခြေမကိုက်၊ မဆီမဆိုင်ဖြစ်နေနိုင်ပါတယ်” ဟု နော်ဝေပြည်သူ့ကျန်းမာရေးသိပ္ပံက ထုတ်ပြန်ခဲ့သည်။

ထိုအကြံပြုချက်က အသက်ငယ်သော၊ ကျန်းမာသောသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု မဆိုလိုပေ။ သို့သော် ကမ္ဘာ့နိုင်ငံများက ကာကွယ်ဆေးများနှင့်ပတ်သက်သော ဘေးကင်းမှုဆိုင်ရာစောင့်ကြည့်မှုအစီရင်ခံစာများ ထုတ်ပြန်ရန် စတင်နေစဉ် ယင်းသည် မည်သည်အားစောင့်ကြည့်ရမည်ကို စောစီးစွာညွှန်ပြမှုတစ်ခုဖြစ်သည်။ ဥရောပဆေးပညာဌာန၏ အကြီးအကဲသစ် အမ်မာကွတ်ခ်က COVID-19 ကာကွယ်ဆေးများ၏ ‌ဘေးကင်းမှု အထူးသဖြင့် messenger RNA ကဲ့သို့သော နည်းပညာများကို အမှီပြုထားသည့် ကာကွယ်ဆေးများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိသည့်အခါ အကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။

Pfizer နှင့် BioNTech ဆေးကုမ္ပဏီတို့သည် နော်ဝေးတွင် အထက်ပါသေဆုံးမှုများအား စုံစမ်းစစ်ဆေးရန် နော်ဝေအာဏာပိုင်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း Pfizer က အီးမေးလ်ဖြင့် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ ထိုသေဆုံးမှုအရေအတွက်သည် စိုးရိမ်ဖွယ်ရာမဟုတ်ဘဲ ကြိုတင်ခန့်မှန်းထားချက်များနှင့်အညီ ဖြစ်ကြောင်း ဥရောပဆေးပညာဌာနက တွေ့ရှိခဲ့သည်ဟုလည်း Pfizer က ထုတ်ပြန်ခဲ့သည်။

ဓာတ်မတည့်သည့်လက္ခဏာများသည် ယခုအချိန် အဆန်းမဟုတ်ပေ။ အမေရိကန်တွင် Pfizer နှင့် BioNTech တို့မှ တီထွင်သည့် ကနဦး ကာကွယ်ဆေး ၁ ဒသမ ၉ သန်းခန့် ထိုးနှံပေးပြီးနောက် ဒီဇင်ဘာ ၁၄ မှ ၂၃ အတွင်း ပြင်းပြင်းထန်ထန်ဓာတ်မတည့်မှုခံစားရသူ ၂၁ ဦး ရှိကြောင်း အာဏာပိုင်များက အစီရင်ခံခဲ့သည်။ ယင်းမှာ ထိုးနှံမှု ၁ သန်းတွင် ၁၁ ဒသမ ၁ ဦး ဓာတ်မတည့်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဥရောပတွင် (Moderna ကုမ္ပဏီမှတီထွင်သည့် ကာကွယ်ဆေးအပါအဝင်) အတည်ပြုထားပြီးဖြစ်သည့် ကာကွယ်ဆေးနှစ်မျိုးစလုံးကို အသက် ၈၀ ကျော်၊ ၉၀ ‌ကျော်များအပါအဝင် မိမိတို့၏သဘောဆန္ဒအလျောက်ပါဝင်စမ်းသပ်ခံသူ လူသောင်းနှင့်ချီတွင် လက်တွေ့စမ်းသပ်ခဲ့သော်လည်း ထိုလက်တွေ့စမ်းသပ်မှုတွင်ပါဝင်ခဲ့သူတို့၏အသက်များအား ပျမ်းမျှတွက်သော် ၅၀ နှစ်ဝန်းကျင်များဖြစ်သည်။ ကမ္ဘာ့နိုင်ငံများက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မြင့်မားသည့် သက်ကြီးဂေဟာများမှ သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံရန် စိုင်းပြင်းနေကြသည်ဖြစ်ရာ ကမ္ဘာ့နေရာအများအပြားတွင် ကာကွယ်ဆေးပထမဆုံးထိုးနှံခံရမည့်သူများမှာ ထိုပျမ်းမျှအသက်ထက် ပိုမိုကြီးရင့်နေပေသည်။

နော်ဝေတွင် သက်ကြီးရွယ်အိုများအပါအဝင် ကူးစက်ခံရလျှင် အန္တရာယ်အများဆုံးဖြစ်မည်ဟုယူဆရသူများကို အဓိကထား၍ လူ ၃၃,၀၀၀ ခန့်ထက်မနည်းကို ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးပြီးဖြစ်‌ကြောင်း သိရသည်။

ပြင်သစ်တွင်လည်း သက်ကြီးဂေဟာတစ်ခုမှ အားချိနဲ့‌သော လူနာတစ်ဦးသည် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် နှစ်နာရီအကြာတွင် သေဆုံးခဲ့သည်၊ သို့သော် ထိုသေဆုံးမှုမှာ ကာကွယ်ဆေးနှင့် ဆက်နွှယ်နေသည်ဟု ညွှန်ပြချက်မရှိကြောင်း လူနာ၏ ‌ကျန်းမာရေးမှတ်တမ်းကို အထောက်အထားပြုလျက် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၁၄ ကမူ ပြင်သစ်ဆေးဝါးဘေးကင်းရေးဌာနက ကာကွယ်ဆေးထိုးနှံပြီးနောက် နှလုံးခုန်နှန်ုးမူမမှန်သည့်ဖြစ်ရပ်နှစ်ခုနှင့် ပြင်းပြင်းထန်ထန်ဓာတ်မတည့်သည့်ဖြစ်ရပ်လေးခုတို့ကို အစီရင်ခံခဲ့သည်။

Pfizer နှင့် BioNTech ကာကွယ်ဆေးနှင့်ပတ်သက်သော ပထမဆုံးဥရောပတစ်ခွင်ဘေးကင်းမှုအစီရင်ခံစာသည် ယခုဇန်နဝါရီလကုန်တါ် ထွက်ရှိလာနိုင်ဖွယ်ရှိနေသည်။ ကာကွယ်ဆေးတီထွင်ထုတ်လုပ်သည့်ကုမ္ပဏီများသည် ကာကွယ်ဆေးနှင့်ပတ်သက်သော အချက်အလက်များကို လစဉ်တင်ပြကြရသည်။

ဥရောပရှိ အခြားမည်သည့်နေရာထက်မဆို လူတစ်ဦးချင်စီကာကွယ်ဆေးထိုးနှံမှုအား ပိုမိုလုပ်ဆောင်သည့် ဗြတိန်တွင် အာဏာပိုင်များက ဘေးကင်းမှုအချက်အလက်ကို အကဲဖြတ်၍ ပုံမှန်အခြေခံအားဖြင့် သံသယရှိသည့် ဓာတ်မတည့်မှုအသေးစိတ်ကို ထုတ်ပြန်ရန် စီစဉ်မည်ဖြစ်ကြောင်း ဗြိတိန်ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များ ကြီးကြပ်ရေးဌာနက ကာလသတ်မှတ်ချက်မပေးဘဲ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Norway Warns of Vaccination Risks for Sick Patients Over 80 (Bloomberg)

[Zawgyi]

အသက္ ၈၀ ေက်ာ္ နာမက်န္းသူမ်ားအတြက္ ကာကြယ္ေဆးအႏၲရာယ္မ်ား ေနာ္ေဝ သတိေပး

COVID-19 ကာကြယ္ေဆးမ်ားသည္ အသက္အလြန္ႀကီးၿပီး အလြန္အမင္းေနမေကာင္းျဖစ္ေနသူမ်ားအတြက္ အႏၲရာယ္သိပ္မ်ားႏိုင္ေၾကာင္း ေနာ္ေဝးအစိုးရက ထုတ္ျပန္ခဲ့သည္။ ယင္းသည္ ေထာက္ခံခ်က္ရ႐ွိရန္ ပထမအႀကိမ္ထိုးႏွံမႈမ်ား၏ အကယ္စင္စစ္ေဘးထြက္ဆိုးက်ိဳးမ်ားကို ကမ႓ာ့ႏိုင္ငံမ်ားက အကဲျဖတ္ေနစဥ္ ဥေရာပက်န္းမာေရးအာဏာပိုင္အဖြဲ႕တစ္ဖြဲ႕ထံမွ (ယခုအခ်ိန္အထိ) သတိထားသင့္ဆုံးထုတ္ျပန္ခ်က္ျဖစ္ေပသည္။

ေနာ္ေဝတြင္ ကာကြယ္ေဆးပထမအႀကိမ္ထိုးႏွံမႈခံယူၿပီးေနာက္ အခ်ိန္တိုအတြင္း ၂၃ ဦး ေသဆုံး သြားၿပီျဖစ္ေၾကာင္း ေနာ္ေဝအစိုးရတာဝန္႐ွိသူမ်ားက ေျပာၾကားခဲ့သည္။ ထိုေသဆုံးသူမ်ားအနက္ ၁၃ ဦးကို ရင္ခြဲစစ္ေဆးၿပီးျဖစ္ကာ ကာကြယ္ေဆး၏ေယဘုယ်ေဘးထြက္ဆိုးက်ိဳးမ်ားသည္ အားနည္းေသာ သက္ႀကီး႐ြယ္အိုမ်ားတြင္ ျပင္းထန္ေသာ ဓာတ္မတည့္သည့္လကၡဏာမ်ားကို ျဖစ္ေစႏိုင္ေၾကာင္း စစ္ေဆးမႈ ရလဒ္မ်ားက ၫႊန္ျပခဲ့သည္ဟု ေနာ္ေဝေဆးပညာဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

“အားနည္းခ်ိနဲ႔မႈ သိပ္ျပင္းတဲ့သူေတြအတြက္က ကာကြယ္ေဆးေဘးထြက္ဆိုးက်ိဳးေတြ ေတာ္ေတာ္ေလး အားေပ်ာ့ရင္ေတာင္မွ ျပင္းထန္တဲ့အက်ိဳးဆက္ေတြကို ျဖစ္ေစႏိုင္တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ လက္က်န္ဘဝသက္တမ္းနည္းနည္းပဲ ႐ွိေတာ့တဲ့သူေတြအတြက္က ကာကြယ္ေဆးရဲ႕အက်ိဳးေက်းဇူးဆိုတာ တြက္ေျခမကိုက္၊ မဆီမဆိုင္ျဖစ္ေနႏိုင္ပါတယ္” ဟု ေနာ္ေဝျပည္သူ႕က်န္းမာေရးသိပၸံက ထုတ္ျပန္ခဲ့သည္။

ထိုအၾကံျပဳခ်က္က အသက္ငယ္ေသာ၊ က်န္းမာေသာသူမ်ားအေနျဖင့္ ကာကြယ္ေဆးထိုးႏွံမႈခံယူျခင္းမွ ေ႐ွာင္ၾကဥ္သင့္သည္ဟု မဆိုလိုေပ။ သို႔ေသာ္ ကမ႓ာ့ႏိုင္ငံမ်ားက ကာကြယ္ေဆးမ်ားႏွင့္ပတ္သက္ေသာ ေဘးကင္းမႈဆိုင္ရာေစာင့္ၾကည့္မႈအစီရင္ခံစာမ်ား ထုတ္ျပန္ရန္ စတင္ေနစဥ္ ယင္းသည္ မည္သည္အားေစာင့္ၾကည့္ရမည္ကို ေစာစီးစြာၫႊန္ျပမႈတစ္ခုျဖစ္သည္။ ဥေရာပေဆးပညာဌာန၏ အႀကီးအကဲသစ္ အမ္မာကြတ္ခ္က COVID-19 ကာကြယ္ေဆးမ်ား၏ ‌ေဘးကင္းမႈ အထူးသျဖင့္ messenger RNA ကဲ့သို႔ေသာ နည္းပညာမ်ားကို အမွီျပဳထားသည့္ ကာကြယ္ေဆးမ်ားသည္ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖန္႔ခ်ိသည့္အခါ အႀကီးဆုံးစိန္ေခၚမႈတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း ေျပာၾကားထားၿပီးျဖစ္သည္။

Pfizer ႏွင့္ BioNTech ေဆးကုမၸဏီတို႔သည္ ေနာ္ေဝးတြင္ အထက္ပါေသဆုံးမႈမ်ားအား စုံစမ္းစစ္ေဆးရန္ ေနာ္ေဝအာဏာပိုင္မ်ားႏွင့္ လက္တြဲေဆာင္႐ြက္လ်က္႐ွိေၾကာင္း Pfizer က အီးေမးလ္ျဖင့္ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေျပာၾကားခဲ့သည္။ ထိုေသဆုံးမႈအေရအတြက္သည္ စိုးရိမ္ဖြယ္ရာမဟုတ္ဘဲ ႀကိဳတင္ခန္႔မွန္းထားခ်က္မ်ားႏွင့္အညီ ျဖစ္ေၾကာင္း ဥေရာပေဆးပညာဌာနက ေတြ႕႐ွိခဲ့သည္ဟုလည္း Pfizer က ထုတ္ျပန္ခဲ့သည္။

ဓာတ္မတည့္သည့္လကၡဏာမ်ားသည္ ယခုအခ်ိန္ အဆန္းမဟုတ္ေပ။ အေမရိကန္တြင္ Pfizer ႏွင့္ BioNTech တို႔မွ တီထြင္သည့္ ကနဦး ကာကြယ္ေဆး ၁ ဒသမ ၉ သန္းခန္႔ ထိုးႏွံေပးၿပီးေနာက္ ဒီဇင္ဘာ ၁၄ မွ ၂၃ အတြင္း ျပင္းျပင္းထန္ထန္ဓာတ္မတည့္မႈခံစားရသူ ၂၁ ဦး ႐ွိေၾကာင္း အာဏာပိုင္မ်ားက အစီရင္ခံခဲ့သည္။ ယင္းမွာ ထိုးႏွံမႈ ၁ သန္းတြင္ ၁၁ ဒသမ ၁ ဦး ဓာတ္မတည့္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း အေမရိကန္ကူးစက္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဥေရာပတြင္ (Moderna ကုမၸဏီမွတီထြင္သည့္ ကာကြယ္ေဆးအပါအဝင္) အတည္ျပဳထားၿပီးျဖစ္သည့္ ကာကြယ္ေဆးႏွစ္မ်ိဳးစလုံးကို အသက္ ၈၀ ေက်ာ္၊ ၉၀ ‌ေက်ာ္မ်ားအပါအဝင္ မိမိတို႔၏သေဘာဆႏၵအေလ်ာက္ပါဝင္စမ္းသပ္ခံသူ လူေသာင္းႏွင့္ခ်ီတြင္ လက္ေတြ႕စမ္းသပ္ခဲ့ေသာ္လည္း ထိုလက္ေတြ႕စမ္းသပ္မႈတြင္ပါဝင္ခဲ့သူတို႔၏အသက္မ်ားအား ပ်မ္းမွ်တြက္ေသာ္ ၅၀ ႏွစ္ဝန္းက်င္မ်ားျဖစ္သည္။ ကမ႓ာ့ႏိုင္ငံမ်ားက ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ျမင့္မားသည့္ သက္ႀကီးေဂဟာမ်ားမွ သက္ႀကီး႐ြယ္အိုမ်ားကို ကာကြယ္ေဆးထိုးႏွံရန္ စိုင္းျပင္းေနၾကသည္ျဖစ္ရာ ကမ႓ာ့ေနရာအမ်ားအျပားတြင္ ကာကြယ္ေဆးပထမဆုံးထိုးႏွံခံရမည့္သူမ်ားမွာ ထိုပ်မ္းမွ်အသက္ထက္ ပိုမိုႀကီးရင့္ေနေပသည္။

ေနာ္ေဝတြင္ သက္ႀကီး႐ြယ္အိုမ်ားအပါအဝင္ ကူးစက္ခံရလွ်င္ အႏၲရာယ္အမ်ားဆုံးျဖစ္မည္ဟုယူဆရသူမ်ားကို အဓိကထား၍ လူ ၃၃,၀၀၀ ခန္႔ထက္မနည္းကို ကာကြယ္ေဆးပထမအႀကိမ္ထိုးႏွံေပးၿပီးျဖစ္‌ေၾကာင္း သိရသည္။

ျပင္သစ္တြင္လည္း သက္ႀကီးေဂဟာတစ္ခုမွ အားခ်ိနဲ႔‌ေသာ လူနာတစ္ဦးသည္ ကာကြယ္ေဆးထိုးႏွံမႈခံယူၿပီးေနာက္ ႏွစ္နာရီအၾကာတြင္ ေသဆုံးခဲ့သည္၊ သို႔ေသာ္ ထိုေသဆုံးမႈမွာ ကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္ေနသည္ဟု ၫႊန္ျပခ်က္မ႐ွိေၾကာင္း လူနာ၏ ‌က်န္းမာေရးမွတ္တမ္းကို အေထာက္အထားျပဳလ်က္ အာဏာပိုင္မ်ားက ထုတ္ျပန္ခဲ့သည္။ ဇန္နဝါရီ ၁၄ ကမူ ျပင္သစ္ေဆးဝါးေဘးကင္းေရးဌာနက ကာကြယ္ေဆးထိုးႏွံၿပီးေနာက္ ႏွလုံးခုန္ႏွႏ္ုးမူမမွန္သည့္ျဖစ္ရပ္ႏွစ္ခုႏွင့္ ျပင္းျပင္းထန္ထန္ဓာတ္မတည့္သည့္ျဖစ္ရပ္ေလးခုတို႔ကို အစီရင္ခံခဲ့သည္။

Pfizer ႏွင့္ BioNTech ကာကြယ္ေဆးႏွင့္ပတ္သက္ေသာ ပထမဆုံးဥေရာပတစ္ခြင္ေဘးကင္းမႈအစီရင္ခံစာသည္ ယခုဇန္နဝါရီလကုန္တၚ ထြက္႐ွိလာႏိုင္ဖြယ္႐ွိေနသည္။ ကာကြယ္ေဆးတီထြင္ထုတ္လုပ္သည့္ကုမၸဏီမ်ားသည္ ကာကြယ္ေဆးႏွင့္ပတ္သက္ေသာ အခ်က္အလက္မ်ားကို လစဥ္တင္ျပၾကရသည္။

ဥေရာပ႐ွိ အျခားမည္သည့္ေနရာထက္မဆို လူတစ္ဦးခ်င္စီကာကြယ္ေဆးထိုးႏွံမႈအား ပိုမိုလုပ္ေဆာင္သည့္ ျဗတိန္တြင္ အာဏာပိုင္မ်ားက ေဘးကင္းမႈအခ်က္အလက္ကို အကဲျဖတ္၍ ပုံမွန္အေျခခံအားျဖင့္ သံသယ႐ွိသည့္ ဓာတ္မတည့္မႈအေသးစိတ္ကို ထုတ္ျပန္ရန္ စီစဥ္မည္ျဖစ္ေၾကာင္း ၿဗိတိန္ေဆးဝါးမ်ားႏွင့္ က်န္းမာေရးေစာင့္ေ႐ွာက္မႈထုတ္ကုန္မ်ား ႀကီးၾကပ္ေရးဌာနက ကာလသတ္မွတ္ခ်က္မေပးဘဲ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Norway Warns of Vaccination Risks for Sick Patients Over 80 (Bloomberg)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service