ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအား တောင်သူများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) လွှဲပြောင်းပေးအပ်

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအား တောင်သူများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) လွှဲပြောင်းပေးအပ် - Property News in Myanmar from iMyanmarHouse.com
16 Jan 2021 10:28 am တွင် တင်ခဲ့သည်
550 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရပ်စောက်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအား တောင်သူများ ထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ -၇) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်က ရပ်စောက်မြို့၊ရဿဝတီခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဗိုလ်ချုပ်မြင့်နွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြန်လည်စွန့်လွှတ်သည့်မြေများအား လက်ခံရယူကြ မည့် တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံခဲ့သည့် ကန်တော်မင် ဧရိယာ ၁၀၆၃၄ ဒသမ ၉၅၆ ဧကအတွင်းရှိ စိုက်ပျိုးမြေ ဧရိယာဧက ၅၁၈၄ ဒသမ ၇၀ ဖြစ်ကြောင်းသိရ သည်။

အဆိုပါစွန့်လွှတ်လယ်ယာမြေများကို မူလတောင်သူ ၁၁၁၆ ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်အပ်ပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကအမှာစကားပြောကြားရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့်မြေများအနက် ယခုအကြိမ်သည် ပမာဏအများဆုံးဖြစ်ကြောင်း၊ စွန့်လွှတ်အပ်နှံမြေများ မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စွန့် လွှတ် ထားပြီးဖြစ်သော်လည်း မူလ လက်ငုတ်နှင့် လက်ရှိ လက်ငုတ်အငြင်းပွားနေမှုများကြောင့် ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိရန် အချိန် ကြန့်ကြာနေမှုများကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အောက်ခြေမှ စိစစ်တွေ့ရှိချက်များနှင့် မြေပြင် ပကတိ အခြေအနေ ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြော ကြားသည်။

ထို့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိ ကြသည့် တောင်သူများအနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပါ လယ်ယာမြေကို လုပ်ပိုင်ခွင့်နှင့် ယင်းမှပေါ်ထွက် လာသော အကျိုးအမြတ်ခံစားခွင့်များအပြင် သတ်မှတ် စည်းကမ်းများနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်နှင့် အမွေဆက်ခံခွင့်များကိုလည်း ရရှိကြမည်ဖြစ်ပါ ကြောင်း ဒုတိယ သမ္မတကပြောသည်။

ဆက်လက်ပြီး ယခုကဲ့သို့သော စွန့်လွှတ်အပ်နှံမြေများကို မူလ တောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်ပေးအပ် နိုင်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများကို နိုင်ငံကိုယ်စား၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကိုယ်စားကျေးဇူး တင် အသိအမှတ်ပြုပါကြောင်း၊ တောင်သူ လယ်သမားကြီးများအနေဖြင့်လည်း မိမိတို့ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရမြေယာများကို သားစဉ်မြေးဆက်တိုင် အဘက်ဘက်က တိုးတက်အောင် ရင်းနှီးမြှုုပ်နှံလုပ်ကိုင်ရင်း စားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပြည်ပ ပို့ကုန် ထုတ်လုပ်တင်ပို့သူများအဖြစ်ပါ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံ ကျော်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသက်နိုင်ဦးတို့က ဟွေးကျေးရွာအုပ်စု၊ ဖောင်းတော ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာအုပ်စုနှင့် လွယ်ကိုး ကျေးရွာအုပ်စုတို့မှ တောင်သူ ၁၁၁၆ ဦး ကိုယ်စား တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) များ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကာကြယ္ေရးဝန္ႀကီးဌာနမွ ျပန္လည္စြန႔္လႊတ္အပ္ႏွံသည့္ လယ္ယာေျမမ်ားအား ေတာင္သူမ်ားထံ လယ္ယာေၿမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပုံစံ-၇) လႊဲေျပာင္းေပးအပ္

ရပ္ေစာက္ၿမိဳ႕နယ္အတြင္း ကာကြယ္ေရးဝန္ႀကီးဌာနမွ ျပန္လည္စြန႔္လႊတ္အပ္ႏွံသည့္ လယ္ယာေျမမ်ားအား ေတာင္သူမ်ား ထံသို႔ လယ္ယာေၿမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပုံစံ -၇) လႊဲေျပာင္းေပးအပ္ျခင္း အခမ္းအနားကို ဇန္နဝါရီ ၁၄ ရက္က ရပ္ေစာက္ၿမိဳ့၊ရႆဝတီခန္းမ၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ဗဟိုေကာ္မတီ ဥကၠ႒ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၊ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာေအာင္သူ၊ ဒုတိယဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးတင္ျမင့္၊ ဗိုလ္ခ်ဳပ္ စိုးတင့္နိုင္ႏွင့္ဗိုလ္ခ်ဳပ္ျမင့္ႏြယ္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ျပန္လည္စြန႔္လႊတ္သည့္ေျမမ်ားအား လက္ခံရယူၾက မည့္ ေတာင္သူမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ေတာင္ႀကီးခရိုင္ ရပ္ေစာက္ၿမိဳ႕နယ္ ဗထူးတပ္နယ္အတြင္းရွိ ကာကြယ္ေရး ဝန္ႀကီးဌာနမွ ျပန္လည္စြန႔္လႊတ္အပ္ႏွံခဲ့သည့္ ကန္ေတာ္မင္ ဧရိယာ ၁၀၆၃၄ ဒသမ ၉၅၆ ဧကအတြင္းရွိ စိုက္ပ်ိဳးေၿမ ဧရိယာဧက ၅၁၈၄ ဒသမ ၇၀ ျဖစ္ေၾကာင္းသိရ သည္။

အဆိုပါစြန္႔လႊတ္လယ္ယာေျမမ်ားကို မူလေတာင္သူ ၁၁၁၆ ဦးထံသို႔ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပုံစံ-၇)မ်ား ေပးအပ္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္အပ္ပြဲတြင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကအမွာစကားေျပာၾကားရာ ကာကြယ္ေရးဝန္ႀကီးဌာနမွ ျပန္လည္စြန႔္လႊတ္အပ္ႏွံသည့္ေျမမ်ားအနက္ ယခုအႀကိမ္သည္ ပမာဏအမ်ားဆုံးျဖစ္ေၾကာင္း၊ စြန႔္လႊတ္အပ္ႏွံေျမမ်ား မူလပိုင္ရွင္သို႔ ျပန္လည္လႊဲေျပာင္းေပးနိုင္ေရး ေဆာင္ရြက္ရာတြင္ သက္ဆိုင္ရာဝန္ႀကီးဌာနမွ စြန႔္ လႊတ္ ထားၿပီးျဖစ္ေသာ္လည္း မူလ လက္ငုတ္ႏွင့္ လက္ရွိ လက္ငုတ္အျငင္းပြားေနမႈမ်ားေၾကာင့္ ကာယကံရွင္လက္ဝယ္သို႔ ေရာက္ရွိရန္ အခ်ိန္ ၾကန႔္ၾကာေနမႈမ်ားကိုလည္း ေတြ႕ရွိရပါေၾကာင္း၊ ထို႔ေၾကာင့္ ေအာက္ေျခမွ စိစစ္ေတြ႕ရွိခ်က္မ်ားႏွင့္ ေျမျပင္ ပကတိ အေျခအေန ကြဲလြဲမႈမရွိေစေရးအတြက္ ကြင္းဆင္းစိစစ္ ၾကပ္မတ္ေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္းေျပာ ၾကားသည္။

ထို႔အျပင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ရရွိ ၾကသည့္ ေတာင္သူမ်ားအေနျဖင့္ ၂၀၁၂ ခုႏွစ္ လယ္ယာေၿမ ဥပေဒပါ လယ္ယာေျမကို လုပ္ပိုင္ခြင့္ႏွင့္ ယင္းမွေပၚထြက္ လာေသာ အက်ိဳးအျမတ္ခံစားခြင့္မ်ားအျပင္ သတ္မွတ္ စည္းကမ္းမ်ားႏွင့္ အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္၊ ေပးကမ္းခြင့္ႏွင့္ အေမြဆက္ခံခြင့္မ်ားကိုလည္း ရရွိၾကမည္ျဖစ္ပါ ေၾကာင္း ဒုတိယ သမၼတကေျပာသည္။

ဆက္လက္ၿပီး ယခုကဲ့သို႔ေသာ စြန႔္လႊတ္အပ္ႏွံေျမမ်ားကို မူလ ေတာင္သူလယ္သမားမ်ားလက္ဝယ္သို႔ ျပန္လည္ေပးအပ္ နိုင္ေအာင္ ႀကိဳးစားေဆာင္ရြက္ေပးခဲ့ၾကသည့္ ကာကြယ္ေရး ဝန္ႀကီးဌာန၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားကို နိုင္ငံကိုယ္စား၊ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီကိုယ္စားေက်းဇူး တင္ အသိအမွတ္ျပဳပါေၾကာင္း၊ ေတာင္သူ လယ္သမားႀကီးမ်ားအေနျဖင့္လည္း မိမိတို႔ ပိုင္ဆိုင္လုပ္ကိုင္ခြင့္ရေျမယာမ်ားကို သားစဥ္ေျမးဆက္တိုင္ အဘက္ဘက္က တိုးတက္ေအာင္ ရင္းႏွီးျမႇုဳပ္ႏွံလုပ္ကိုင္ရင္း စားနပ္ရိကၡာ ဖူလုံေစ႐ုံသာမက ျပည္ပ ပို႔ကုန္ ထုတ္လုပ္တင္ပို႔သူမ်ားအျဖစ္ပါ လုပ္ကိုင္ေဆာင္ရြက္သြားနိုင္ၾကပါေစရန္ ဆုမြန္ေကာင္း ေတာင္းအပ္ပါေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ေနာက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူ၊ ျပည္နယ္ဝန္ ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္ျမင့္၊ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ စိုးတင့္နိုင္၊ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ျမင့္ႏြယ္၊ ျပည္နယ္ဝန္ႀကီး ဦးစိုင္းလုံ ေက်ာ္ႏွင့္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ဦးသက္နိုင္ဦးတို႔က ေဟြးေက်းရြာအုပ္စု၊ ေဖာင္းေတာ ေက်းရြာအုပ္စု၊ မက်ီးကုန္းေက်းရြာအုပ္စုႏွင့္ လြယ္ကိုး ေက်းရြာအုပ္စုတို႔မွ ေတာင္သူ ၁၁၁၆ ဦး ကိုယ္စား ေတာင္သူမ်ားအား လယ္ယာေၿမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပုံစံ - ၇) မ်ား ေပးအပ္ခဲ့ၾကေၾကာင္းသိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service