အကွက်ရိုက်ရောင်းချနေတဲ့ မြေတွဝယ်ရင် ဘယ်လိုသတိထားသင့်လဲ

အကွက်ရိုက်ရောင်းချနေတဲ့ မြေတွဝယ်ရင် ဘယ်လိုသတိထားသင့်လဲ - Property News in Myanmar from iMyanmarHouse.com
15 Jan 2021 11:12 am တွင် တင်ခဲ့သည်
867 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မှာ မြေကွက်တွေအကွက်ရိုက်ရောင်းချ၊ အိမ်တွေဆောက်နေတာတွေဟာ လယ်မြေနဲ့ သစ်တောမြေတွေပါ ပါနေတာ ဖြစ်လို့ နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။

လယ်ယာမြေပေါ်မှာ အကွက်ရိုက်ရောင်းချနေတာတွေကို အချိန်မီတားဆီးဖို့ လိုအပ်ပြီး ဥပဒေနဲ့အညီစီမံဆောင်ရွက်မှုများလုပ်ဆောင်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပြီး မန္တလေးတိုင်းလွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဖြစ်သူ ဦးတင်အောင်က အခုလိုပဲပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အိမ်ခြံမြေ Group တွေ Page တွေထဲကနေ လယ်ယာမြေတွေ အကွက်ရိုက်ပြီး ဈေးအမျိုးမျိုးရောင်းချနေကြတာ ဖြစ်ပါတယ်။

ပေ ၄၀ ပေ ၆၀ တစ်ကွက်ကို အနည်း ဆုံး သိန်း၂၀ ကနေ အများဆုံး သိန်း ၃၀၀ အထိရှိနိုင်ပြီး နေရာပေါ်မူတည်ပြီး ဈေးကွာသွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ အများစုကြာ်ငြာရောင်းချနေတာက ပုံစံ - ၇၊ အခြားနည်းသုံးစွဲခွင့်၊ ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ ကျပြီးဖြစ်တယ်လို့ ကြော်ငြာတွေရောင်းချနေကြတာတွေ့ရပါတယ်။

အဲဒီလိုရောင်းချနေမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းကအခုလိုပဲပြောပါတယ်။

ဒါ့အပြင် ရွာမြေတိုးချဲ့မြေဝယ်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကအခုလိုပဲပြောပြပါတယ်။

မန္တလေးတိုင်းအတွင်းမှာ လယ်ယာမြေဧက ခြောက်သိန်းကျော်ရှိပြီး မြေလွတ်မြေရိုင်းကတော့ ဧကပေါင်း၂သိန်းကျော်ရှိပါတယ်။ လယ်မြေတွေပေါ်မှာ အကွက်ရိုက်တာ အဆောက်အအုံဆောက် တာတွေကြောင့် တားမြစ်တာ၊ အမှုဖွင့်အရေးယူတာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

အများဆုံးကတော့ မန္တလေးခရိုင်အတွင်းနဲ့ ပြင်ဦးလွင်တို့မှာဖြစ်ပါတယ်။

ဒါ့အပြင် သစ်တောမြေဧရိယာထဲမှာ ဝင်ရောက်ပြီး အကွက်ရိုက် အိမ်ဆောက်လုပ်မှုတွေရှိလို့ တားမြစ်ရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လယ်ယာမြေများကို ဧက လိုက်ဝယ်ယူပြီး အကွက်ရိုက်ရောင်းချ ရောင်းချရောင်းသူက ရောင်းပြီးတဲ့ နောက် အဆင့်ဆင့်လက်လွှဲရောင်းချပြီးမှ ဥပဒေကြောင်းအရ ရင်ဆိုင်နေကြတာလည်းရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ထံကနေ စုံစမ်းသိရပါတယ်။

အကွက်ရိုက်ရောင်းတာတွေများလာတာကြောင့် သစ်ပင်တွေခုတ်လှဲတာတွေရှိနေလို့ သဘာဝပတ်ဝန်ကျင်ထိခိုက်မှုများစွာရှိနေတယ်လို့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့က အတွင်းရေးမှူး ဦးကိုကိုကြီးက အခုလိုပဲပြောပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အကြက္႐ိုက္ေရာင္းခ်ေနတဲ့ ေျမတြဝယ္ရင္ ဘယ္လိုသတိထားသင့္လဲ

ေတာင္ေပၚၿမိဳ႕ျဖစ္တဲ့ ျပင္ဦးလြင္မွာ ေျမကြက္ေတြအကြက္႐ိုက္ေရာင္းခ်၊ အိမ္ေတြေဆာက္ေနတာေတြဟာ လယ္ေျမနဲ႔ သစ္ေတာေျမေတြပါ ပါေနတာ ျဖစ္လို႔ နစ္နာမႈေတြ ျဖစ္လာႏိုင္ပါတယ္။

လယ္ယာေျမေပၚမွာ အကြက္႐ိုက္ေရာင္းခ်ေနတာေတြကို အခ်ိန္မီတားဆီးဖို႔ လိုအပ္ၿပီး ဥပေဒနဲ႔အညီစီမံေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သင့္တယ္လို႔ တရားလႊတ္ေတာ္ေ႐ွ႕ေနတစ္ဦးလည္းျဖစ္ၿပီး မႏၲေလးတိုင္းလႊတ္ေတာ္ရဲ႕ ဥပေဒျပဳေရးဆိုင္ရာေကာ္မတီဥကၠဌ ျဖစ္သူ ဦးတင္ေအာင္က အခုလိုပဲေျပာပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ အိမ္ျခံေျမ Group ေတြ Page ေတြထဲကေန လယ္ယာေျမေတြ အကြက္႐ိုက္ၿပီး ေစ်းအမ်ိဳးမ်ိဳးေရာင္းခ်ေနၾကတာ ျဖစ္ပါတယ္။

ေပ ၄၀ ေပ ၆၀ တစ္ကြက္ကို အနည္း ဆုံး သိန္း၂၀ ကေန အမ်ားဆုံး သိန္း ၃၀၀ အထိ႐ွိႏိုင္ၿပီး ေနရာေပၚမူတည္ၿပီး ေစ်းကြာသြားတယ္လို႔ အိမ္ျခံေျမအက်ိဳးေဆာင္ေတြက ဆိုပါတယ္။

ေဖ့စ္ဘြတ္ခ္မွာ အမ်ားစုၾကာ္ျငာေရာင္းခ်ေနတာက ပုံစံ - ၇၊ အျခားနည္းသုံးစြဲခြင့္၊ ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ က်ၿပီးျဖစ္တယ္လို႔ ေၾကာ္ျငာေတြေရာင္းခ်ေနၾကတာေတြ႕ရပါတယ္။

အဲဒီလိုေရာင္းခ်ေနမႈနဲ႔ပတ္သက္ၿပီး မႏၲေလးတိုင္းအစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာစိုးသန္းကအခုလိုပဲေျပာပါတယ္။

ဒါ့အျပင္ ႐ြာေျမတိုးခ်ဲ႕ေျမဝယ္ယူမႈနဲ႔ပတ္သက္ၿပီးေတာ့လည္း ဝန္ႀကီးကအခုလိုပဲေျပာျပပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ လယ္ယာေျမဧက ေျခာက္သိန္းေက်ာ္႐ွိၿပီး ေျမလြတ္ေျမ႐ိုင္းကေတာ့ ဧကေပါင္း၂သိန္းေက်ာ္႐ွိပါတယ္။ လယ္ေျမေတြေပၚမွာ အကြက္႐ိုက္တာ အေဆာက္အအုံေဆာက္ တာေတြေၾကာင့္ တားျမစ္တာ၊ အမႈဖြင့္အေရးယူတာေတြလည္း ဆက္တိုက္လုပ္ေနတယ္လို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက သိရပါတယ္။

အမ်ားဆုံးကေတာ့ မႏၲေလးခ႐ိုင္အတြင္းနဲ႔ ျပင္ဦးလြင္တို႔မွာျဖစ္ပါတယ္။

ဒါ့အျပင္ သစ္ေတာေျမဧရိယာထဲမွာ ဝင္ေရာက္ၿပီး အကြက္႐ိုက္ အိမ္ေဆာက္လုပ္မႈေတြ႐ွိလို႔ တားျမစ္ရတာေတြလည္း႐ွိေနတယ္လို႔ သိရပါတယ္။

လယ္ယာေျမမ်ားကို ဧက လိုက္ဝယ္ယူၿပီး အကြက္႐ိုက္ေရာင္းခ် ေရာင္းခ်ေရာင္းသူက ေရာင္းၿပီးတဲ့ ေနာက္ အဆင့္ဆင့္လက္လႊဲေရာင္းခ်ၿပီးမွ ဥပေဒေၾကာင္းအရ ရင္ဆိုင္ေနၾကတာလည္း႐ွိတယ္လို႔ အိမ္ျခံေျမအက်ိဳးေဆာင္အခ်ိဳ႕ထံကေန စုံစမ္းသိရပါတယ္။

အကြက္႐ိုက္ေရာင္းတာေတြမ်ားလာတာေၾကာင့္ သစ္ပင္ေတြခုတ္လွဲတာေတြ႐ွိေနလို႔ သဘာဝပတ္ဝန္က်င္ထိခိုက္မႈမ်ားစြာ႐ွိေနတယ္လို႔ စိမ္းလန္းျပင္ဦးလြင္အဖြဲ႕က အတြင္းေရးမႉး ဦးကိုကိုႀကီးက အခုလိုပဲေျပာပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service