နေအိမ်နဲ့ကားမှာဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာတစ်ခု ကိုယ်တိုင်လုပ်ကြရအောင်

နေအိမ်နဲ့ကားမှာဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာတစ်ခု ကိုယ်တိုင်လုပ်ကြရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2020 12:21 pm တွင် တင်ခဲ့သည်
1647 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်မှာနေရင်းပဲဖြစ်ဖြစ် သွားရင်းလာရင်းပဲဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေ၊ အပူလောင်တာ၊ ဓာတ်မတည့်တာမျိုးတွေ၊ ပိုးကောင်ကိုက်ခံရတာနဲ့ အခြားထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့အခါမြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့အတွက်နေအိမ်မှာရော၊ ကားပေါ်မှာပါ အရေးပေါ်ဆေးသေတ္တာတွေဆောင်ထားသင့်ပါတယ်။ အဲလိုထားရှိခြင်းက ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းလျှော့ချနိုင်ပါတယ်။

နေအိမ်က အရေးပေါ်ဆေးသေတ္တာထဲမှာဘာတွေထည့်ထားမလဲ

တစ်ခါသုံးအပျော့စားရော်ဘာလက်အိတ်

အနာတွေထဲကို ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်စေအောင်ကာကွယ်ဖို့အတွက်ပါ။ အသုံးပြုပြီးတိုင်းမှာလည်း အသစ်လဲဖို့မမေ့ပါနဲ့။

အရက်ပြန်

အနာကို သုတ်သင်ဆေးကြောဖို့ပါ။ ဒါမှမဟုတ်လည်း အနာထဲကပစ္စည်းတွေကိုဖယ်ရှားရာမှာ အသုံးပြုတဲ့ဇာဂနာကို ပိုးသတ်ဖို့အတွက်ပါ။

အရက်ပြန်စွတ်ထားတဲ့ ဂွမ်း

အနာကို ဆေးကြောဖို့နဲ့ အနာဝန်းကျင်မှာ ရှိနေနိုင်တဲ့ပိုးတွေကို ဖယ်ရှားဖို့ပါ။

ပတ်တီးအရွယ်အစားအမျိုးမျိုး

အနာကို ပြင်ပအရာဝတ္ထုတွေမဝင်ရောက်နိုင်အောင် ကာကွယ်ဖို့ပါ။ ပိုးမဝင်အောင်လည်းကာကွယ်ပေးပါတယ်။ ဒဏ်ရာအမျိုးမျိုးအတွက် အသုံးပြုနိုင်ဖို့ ပတ်တီးအရွယ်အစားမျိုးစုံ ထည့်ပေးထားသင့်ပါတယ်။

ပလာစတာ

အသေးစားထိခိုက်ရှနာတွေကို ကပ်ဖို့ပါ။ ရေစိုခံပလာစတာနဲ့ ရိုးရိုးပလာစတာတွေထည့်ထားဖို့လိုအပ်ပါတယ်။ ပလာစတာတွေက ထိခိုက်ဒဏ်ရာတွေကိုပြင်ပက ပိုးမွှားတွေမဝင်လာစေဖို့နဲ့ အနာကျက်မြန်စေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။

ပိုးသတ်ထားတဲ့ဆေးပါပြီးသား ပလာစတာ

အပူလောင်နာတွေ၊ ကုတ်ခြစ်ဒဏ်ရာတွေနဲ့ အကြီးစားပြတ်ရှတွေမှာအသုံးပြုနိုင်စေဖို့ပါ။ ဒီပလာစတာတွေကသွေးတိတ်အောင်လုပ်ပေးပါတယ်။

အပူလောင်ဒဏ်ရာတွေကိုလူးဖို့ ဂျယ်လ်တစ်မျိုးမျိုး

ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်းလိုပါတယ်။

စက္ကူတိတ်

အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။

ကတ်ကြေး

ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။

ဇာဂနာ

အနာထဲက အစအနတွေ၊ အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့ပြင်ပအရာဝတ္ထုတွေကိုဖယ်ရှားဖို့ပါ။

Hydrocortisone Cream

ပိုးကောင်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။

တွယ်ချိတ်

ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။

အဖျားတိုင်းကိရိယာ

အဖျားရှိ၊မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။

ပဋိဇီဝဆေးတစ်မျိုးမျိုး

ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။

အဖျားကျဆေး

ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။

ချောင်းဆိုးပျောက်ဆေး

ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။

ဒဏ်ကြေလိမ်းဆေး

ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ ရာပန်းဆီနဲ့ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်းရပါတယ်။

ဒီဖော်ပြထားတဲ့ပစ္စည်းတွေအပြင် အခြားကိုယ်နဲ့အသုံးတည့်မယ့်ပစ္စည်းလေးတွေကိုလည်း ဘူးခွံတစ်ခုထဲမှာ သပ်သပ်ရပ်ရပ်စုထည့်ထားပြီး အလွယ်တကူယူလို့ရမယ့်နေရာတစ်ခုမှာထားထားပေးရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်တစ်ဦးမှာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူအသုံးပြုနိုင်စေဖို့ဖြစ်ပါတယ်။

ကားပေါ်မှာထားမယ့် အရေးပေါ်ဆေးသတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေ

လက်သန့်ဆေးရည် (သို့မဟုတ်) လက်အိတ်

အနာကို ပိုးမဝင်ရောက်စေအောင်ကာကွယ်တဲ့အနေနဲ့ အနာကိုမကိုင်ခင်လက်သန့်စင်ဖို့ပါ။ လက်နဲ့ကိုင်ရမှာအဆင်မပြေရင် လက်အိတ်စွပ်ပြီးကိုင်လို့လည်းရပါတယ်။

အရက်ပြန်

အနာကို သန့်စင်နိုင်ဖို့ပါ။

အရက်ပြန်စွပ်ထားတဲ့ဂွမ်း

အနာကို သန့်စင်ဖို့နဲ့ အနာကိုကိုင်တွယ်ရာမှာအသုံးပြုမယ့် ဇာဂနာလိုမျိုး ကိရိယာတွေကို ပိုးသတ်ဖို့ပါ။

ပလာစတာ

အသေးစား ထိခိုက်ရှနာဒဏ်ရာတွေမှာ ပိုးမဝင်အောင်နဲ့ အနာမရင်းအောင် ကပ်ထားဖို့ပါ။

ပတ်တီး အမျိုးမျိုး

အနာကို ပိုးမဝင်အောင်အုပ်ထားဖို့နဲ့ အနာကျက်စေနိုင်ဖို့ပါ။ ပတ်တီးစည်းထားတာက အနာမရင်းစေအောင် အထောက်အပံ့ရသလို အနာထဲကိုပြင်ပအရာဝတ္ထုတွေမဝင်ရောက်နိုင်အောင်လည်းကာကွယ်ပေးပါတယ်။

Hydrocortisone Cream

ပိုးကောင်တွေ ကိုက်တာကြောင့်ဖြစ်တဲ့ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။

တွယ်ချိတ်

ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။

အဖျားတိုင်းကိရိယာ

အဖျားရှိ၊မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။

ဇာဂနာ

ထိခိုက်မိတဲ့ဒဏ်ရာထဲက အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့အခြားပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားဖို့ပါ။

ပဋိဇီဝဆေးတစ်မျိုးမျိုး

ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။

အဖျားကျဆေး

ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။

ချောင်းဆိုးပျောက်ဆေး

ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။

ဒဏ်ကြေလိမ်းဆေး

ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ရာပန်းဆီနဲ့ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်းရပါတယ်။

Chemical “Instant” Ice Pack

ဓာတုစ္စည်းတွေနဲ့လုပ်ထားတဲ့ ချိုးလိုက်ရင်အေးခဲသွားတဲ့ အရန်သင့်သုံးရေခဲအိတ်ကိုပြောချင်တာပါ။ အနာကသွေးမတိတ်တဲ့အခါမျိုးမှာသွေးတိတ်အောင်ကပ်ပေးလို့ရပါတယ်။

ဓာတ်မတည့်မှုတွေအတွက်သောက်ဆေး

ဘာမီတွန်လိုမျိုး အရေပြားမှာ ဓာတ်မတည့်မှုကြောင့်အဖုအပိမ့်တွေဖြစ်ရင်သောက်လို့ရတဲ့ဆေးတစ်မျိုးမျိုးကိုဆိုလိုချင်တာပါ။

စက္ကူတိတ်

အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။

ကတ်ကြေး

ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။

အပူလောင်ဒဏ်ရာတွေကိုလူးဖို့ ဂျယ်လ်တစ်မျိုးမျိုး

ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်းလိုပါတယ်။

ပလပ်စတစ်အိတ်အလွတ်တွေ

သွားရင်းလာရင်းထိခိုက်မိတဲ့ဒဏ်ရာတွေကိုဆေးကြောသန့်စင်ရာမှာသုံးလိုက်တဲ့ဂွမ်းစတွေနဲ့ အခြားအရာဝတ္ထုတွေကို ထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ပါ။

တစ်ရှုးအစို

ရေမရှိတဲ့ အလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးမှာ အနာကို သန့်စင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။

လက်နှိပ်ဓါတ်မီးနဲ့ ဓာတ်ခဲအပို

ထိခိုက်ဒဏ်ရာကိုကြည့်ရှုနိုင်ဖို့ဖြစ်ပါတယ်။

ဒီဆေးတွေနဲ့ လိုအပ်မယ့်ပစ္စည်းကိရိယာလေးတွေကို ဗူးအလွတ်တစ်ခုထဲကိုထည့်ပြီး ကားနောက်ခန်းထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် ထားလို့အဆင်ပြေမယ့်နေရာတစ်ခုခုမှာထည့်ထားပေးလို့ရပါတယ်။

နေအိမ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် အရေးပေါ်ဆေးသေတ္တာလေးတွေဆောင်ထားတာက ထိခိုက်ဒဏ်ရာရတဲ့အခါမြန်မြန်ဆန်ဆန်ကုစားနိုင်ပြီး အနာကိုပိုးမဝင်အောင်ကာကွယ်နိုင်တဲ့အပြင် မလိုလားအပ်တဲ့နောက်ဆက်တွဝြေဒနာတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ အမှန်တကယ်လိုအပ်တဲ့ဆေးသေတ္တာလေးတွေကို နေအိမ်မှာရော ကားပေါ်မှာ မိသားစုများဆောင်ထားသင့်ပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ေနအိမ္နဲ႔ကားမွာေဆာင္ထားသင့္တဲ့ အေရးေပၚေဆးေသတၱာတစ္ခု ကိုယ္တိုင္လုပ္ၾကရေအာင္

အိမ္မွာေနရင္းပဲျဖစ္ျဖစ္ သြားရင္းလာရင္းပဲျဖစ္ျဖစ္ မေတာ္တဆထိခိုက္ဒဏ္ရာရတာမ်ိဳးေတြ၊ အပူေလာင္တာ၊ ဓာတ္မတည့္တာမ်ိဳးေတြ၊ ပိုးေကာင္ကိုက္ခံရတာနဲ႔ အျခားထိခိုက္ဒဏ္ရာျဖစ္တာမ်ိဳးေတြၾကဳံေတြ႕ရႏိုင္ပါတယ္။ ဒီလိုထိခိုက္ဒဏ္ရာရတဲ့အခါျမန္ျမန္ဆန္ဆန္ ကုစားႏိုင္ဖို႔အတြက္ေနအိမ္မွာေရာ၊ ကားေပၚမွာပါ အေရးေပၚေဆးေသတၱာေတြေဆာင္ထားသင့္ပါတယ္။ အဲလိုထား႐ွိျခင္းက ထိခိုက္ဒဏ္ရာရ႐ွိျခင္းေတြကို အလ်င္အျမန္သက္သာေစႏိုင္ၿပီး မလိုလားအပ္တဲ့ေနာက္ဆက္တြဲဆိုးက်ိဳးေတြကိုလည္းေလွ်ာ့ခ်ႏိုင္ပါတယ္။

ေနအိမ္က အေရးေပၚေဆးေသတၱာထဲမွာဘာေတြထည့္ထားမလဲ

တစ္ခါသုံးအေပ်ာ့စားေရာ္ဘာလက္အိတ္

အနာေတြထဲကို ေရာဂါပိုးေတြနဲ႔ အညစ္အေၾကးေတြ မဝင္ေရာက္ေစေအာင္ကာကြယ္ဖို႔အတြက္ပါ။ အသုံးျပဳၿပီးတိုင္းမွာလည္း အသစ္လဲဖို႔မေမ့ပါနဲ႔။

အရက္ျပန္

အနာကို သုတ္သင္ေဆးေၾကာဖို႔ပါ။ ဒါမွမဟုတ္လည္း အနာထဲကပစၥည္းေတြကိုဖယ္႐ွားရာမွာ အသုံးျပဳတဲ့ဇာဂနာကို ပိုးသတ္ဖို႔အတြက္ပါ။

အရက္ျပန္စြတ္ထားတဲ့ ဂြမ္း

အနာကို ေဆးေၾကာဖို႔နဲ႔ အနာဝန္းက်င္မွာ ႐ွိေနႏိုင္တဲ့ပိုးေတြကို ဖယ္႐ွားဖို႔ပါ။

ပတ္တီးအ႐ြယ္အစားအမ်ိဳးမ်ိဳး

အနာကို ျပင္ပအရာဝတၳဳေတြမဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ဖို႔ပါ။ ပိုးမဝင္ေအာင္လည္းကာကြယ္ေပးပါတယ္။ ဒဏ္ရာအမ်ိဳးမ်ိဳးအတြက္ အသုံးျပဳႏိုင္ဖို႔ ပတ္တီးအ႐ြယ္အစားမ်ိဳးစုံ ထည့္ေပးထားသင့္ပါတယ္။

ပလာစတာ

အေသးစားထိခိုက္႐ွနာေတြကို ကပ္ဖို႔ပါ။ ေရစိုခံပလာစတာနဲ႔ ႐ိုး႐ိုးပလာစတာေတြထည့္ထားဖို႔လိုအပ္ပါတယ္။ ပလာစတာေတြက ထိခိုက္ဒဏ္ရာေတြကိုျပင္ပက ပိုးမႊားေတြမဝင္လာေစဖို႔နဲ႔ အနာက်က္ျမန္ေစဖို႔အတြက္ အရမ္းအသုံးဝင္ပါတယ္။

ပိုးသတ္ထားတဲ့ေဆးပါၿပီးသား ပလာစတာ

အပူေလာင္နာေတြ၊ ကုတ္ျခစ္ဒဏ္ရာေတြနဲ႔ အႀကီးစားျပတ္႐ွေတြမွာအသုံးျပဳႏိုင္ေစဖို႔ပါ။ ဒီပလာစတာေတြကေသြးတိတ္ေအာင္လုပ္ေပးပါတယ္။

အပူေလာင္ဒဏ္ရာေတြကိုလူးဖို႔ ဂ်ယ္လ္တစ္မ်ိဳးမ်ိဳး

႐ွားေစာင္းလက္ပပ္ဂ်ယ္လ္လိုမ်ိဳး အပူေလာင္ဒဏ္ရာေတြကို လူးဖို႔ဂ်ယ္လ္တစ္မ်ိဳးမ်ိဳးထည့္ထားဖို႔လည္းလိုပါတယ္။

စကၠဴတိတ္

အနာကို ပတ္တီးစည္းၿပီးတဲ့အခါ ကပ္ဖို႔အတြက္ပါ။ အခ်ိဳ႕အေသးစားဒဏ္ရာေတြမွာဆိုရင္လည္း အနာကိုဂြမ္းအုပ္ၿပီး အေပၚကေနကပ္ထားေပးလို႔ရပါတယ္။

ကတ္ေၾကး

ပတ္တီး၊ တိတ္နဲ႔ ညႇပ္ဖို႔လိုအပ္တဲ့အရာေတြကို ညႇပ္ဖို႔အတြက္ပါ။

ဇာဂနာ

အနာထဲက အစအနေတြ၊ အမိႈက္စေတြ၊ဖန္ကြဲစေတြနဲ႔ျပင္ပအရာဝတၳဳေတြကိုဖယ္႐ွားဖို႔ပါ။

Hydrocortisone Cream

ပိုးေကာင္ေတြကိုက္တာေၾကာင့္ျဖစ္တဲ့ ယားယံတာနဲ႔ ပ်ားတုပ္ခံရတာေၾကာင့္ နာက်င္ယားယံတာေတြကို သက္သာေစဖို႔အတြက္လူးေပး ဖို႔ပါ။

တြယ္ခ်ိတ္

ဒူးေတြ၊ လက္ေကာက္ဝတ္ေတြနဲ႔ အဆစ္ေတြမွာထိခိုက္ဒဏ္ရာရတဲ့အခါ ပတ္တီးစည္းၿပီးရင္ ပတ္တီးေျပမသြားေအာင္ခ်ိတ္ထားႏိုင္ဖို႔အတြက္ပါ။

အဖ်ားတိုင္းကိရိယာ

အဖ်ား႐ွိ၊မ႐ွိ သိ႐ွိေအာင္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ပါ။

ပဋိဇီဝေဆးတစ္မ်ိဳးမ်ိဳး

ထိခိုက္႐ွနာဒဏ္ရာေတြကို ပိုးမဝင္ေအာင္ လူးဖို႔အတြက္ျဖစ္ပါတယ္။

အဖ်ားက်ေဆး

ပါရာစီတေမာလိုမ်ိဳး ဖ်ားနာမႈေတြအတြက္ေသာက္သုံးလို႔ရမယ့္ေဆးမ်ိဳးပါ။

ေခ်ာင္းဆိုးေပ်ာက္ေဆး

ေခ်ာင္းဆိုးတာကို သက္သာေအာင္ေသာက္သုံးႏိုင္ဖို႔ပါ။

ဒဏ္ေၾကလိမ္းေဆး

ေညာင္းညာကိုက္ခဲတာ၊ အဆစ္အျမစ္နာက်င္တာေတြသက္သာေစဖို႔အတြက္ လူးေပးႏိုင္ဖို႔ျဖစ္ပါတယ္။ ပ႐ုတ္ဆီ၊ ရာပန္းဆီနဲ႔ေဆးျမစ္စုံလိမ္းေဆးရည္ေတြေဆာင္ထားလို႔လည္းရပါတယ္။

ဒီေဖာ္ျပထားတဲ့ပစၥည္းေတြအျပင္ အျခားကိုယ္နဲ႔အသုံးတည့္မယ့္ပစၥည္းေလးေတြကိုလည္း ဘူးခြံတစ္ခုထဲမွာ သပ္သပ္ရပ္ရပ္စုထည့္ထားၿပီး အလြယ္တကူယူလို႔ရမယ့္ေနရာတစ္ခုမွာထားထားေပးရမွာျဖစ္ပါတယ္။ ကိုယ္တိုင္ျဖစ္ျဖစ္ မိသားစုဝင္တစ္ဦးမွာျဖစ္ျဖစ္ ထိခိုက္ဒဏ္ရာရတဲ့အခါ အလြယ္တကူအသုံးျပဳႏိုင္ေစဖို႔ျဖစ္ပါတယ္။

ကားေပၚမွာထားမယ့္ အေရးေပၚေဆးသတၱာထဲမွာထည့္ထားသင့္တဲ့အရာေတြ

လက္သန္႔ေဆးရည္ (သို႔မဟုတ္) လက္အိတ္

အနာကို ပိုးမဝင္ေရာက္ေစေအာင္ကာကြယ္တဲ့အေနနဲ႔ အနာကိုမကိုင္ခင္လက္သန္႔စင္ဖို႔ပါ။ လက္နဲ႔ကိုင္ရမွာအဆင္မေျပရင္ လက္အိတ္စြပ္ၿပီးကိုင္လို႔လည္းရပါတယ္။

အရက္ျပန္

အနာကို သန္႔စင္ႏိုင္ဖို႔ပါ။

အရက္ျပန္စြပ္ထားတဲ့ဂြမ္း

အနာကို သန္႔စင္ဖို႔နဲ႔ အနာကိုကိုင္တြယ္ရာမွာအသုံးျပဳမယ့္ ဇာဂနာလိုမ်ိဳး ကိရိယာေတြကို ပိုးသတ္ဖို႔ပါ။

ပလာစတာ

အေသးစား ထိခိုက္႐ွနာဒဏ္ရာေတြမွာ ပိုးမဝင္ေအာင္နဲ႔ အနာမရင္းေအာင္ ကပ္ထားဖို႔ပါ။

ပတ္တီး အမ်ိဳးမ်ိဳး

အနာကို ပိုးမဝင္ေအာင္အုပ္ထားဖို႔နဲ႔ အနာက်က္ေစႏိုင္ဖို႔ပါ။ ပတ္တီးစည္းထားတာက အနာမရင္းေစေအာင္ အေထာက္အပံ့ရသလို အနာထဲကိုျပင္ပအရာဝတၳဳေတြမဝင္ေရာက္ႏိုင္ေအာင္လည္းကာကြယ္ေပးပါတယ္။

Hydrocortisone Cream

ပိုးေကာင္ေတြ ကိုက္တာေၾကာင့္ျဖစ္တဲ့ယားယံတာနဲ႔ ပ်ားတုပ္ခံရတာေၾကာင့္ နာက်င္ယားယံတာေတြကို သက္သာေစဖို႔အတြက္လူးေပး ဖို႔ပါ။

တြယ္ခ်ိတ္

ဒူးေတြ၊ လက္ေကာက္ဝတ္ေတြနဲ႔ အဆစ္ေတြမွာထိခိုက္ဒဏ္ရာရတဲ့အခါ ပတ္တီးစည္းၿပီးရင္ ပတ္တီးေျပမသြားေအာင္ခ်ိတ္ထားႏိုင္ဖို႔အတြက္ပါ။

အဖ်ားတိုင္းကိရိယာ

အဖ်ား႐ွိ၊မ႐ွိ သိ႐ွိေအာင္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ပါ။

ဇာဂနာ

ထိခိုက္မိတဲ့ဒဏ္ရာထဲက အမိႈက္စေတြ၊ဖန္ကြဲစေတြနဲ႔အျခားျပင္ပအရာဝတၳဳေတြကို ဖယ္႐ွားဖို႔ပါ။

ပဋိဇီဝေဆးတစ္မ်ိဳးမ်ိဳး

ထိခိုက္႐ွနာဒဏ္ရာေတြကို ပိုးမဝင္ေအာင္ လူးဖို႔အတြက္ျဖစ္ပါတယ္။

အဖ်ားက်ေဆး

ပါရာစီတေမာလိုမ်ိဳး ဖ်ားနာမႈေတြအတြက္ေသာက္သုံးလို႔ရမယ့္ေဆးမ်ိဳးပါ။

ေခ်ာင္းဆိုးေပ်ာက္ေဆး

ေခ်ာင္းဆိုးတာကို သက္သာေအာင္ေသာက္သုံးႏိုင္ဖို႔ပါ။

ဒဏ္ေၾကလိမ္းေဆး

ေညာင္းညာကိုက္ခဲတာ၊ အဆစ္အျမစ္နာက်င္တာေတြသက္သာေစဖို႔အတြက္ လူးေပးႏိုင္ဖို႔ျဖစ္ပါတယ္။ ပ႐ုတ္ဆီ၊ရာပန္းဆီနဲ႔ေဆးျမစ္စုံလိမ္းေဆးရည္ေတြေဆာင္ထားလို႔လည္းရပါတယ္။

Chemical “Instant” Ice Pack

ဓာတုစၥည္းေတြနဲ႔လုပ္ထားတဲ့ ခ်ိဳးလိုက္ရင္ေအးခဲသြားတဲ့ အရန္သင့္သုံးေရခဲအိတ္ကိုေျပာခ်င္တာပါ။ အနာကေသြးမတိတ္တဲ့အခါမ်ိဳးမွာေသြးတိတ္ေအာင္ကပ္ေပးလို႔ရပါတယ္။

ဓာတ္မတည့္မႈေတြအတြက္ေသာက္ေဆး

ဘာမီတြန္လိုမ်ိဳး အေရျပားမွာ ဓာတ္မတည့္မႈေၾကာင့္အဖုအပိမ့္ေတြျဖစ္ရင္ေသာက္လို႔ရတဲ့ေဆးတစ္မ်ိဳးမ်ိဳးကိုဆိုလိုခ်င္တာပါ။

စကၠဴတိတ္

အနာကို ပတ္တီးစည္းၿပီးတဲ့အခါ ကပ္ဖို႔အတြက္ပါ။ အခ်ိဳ႕အေသးစားဒဏ္ရာေတြမွာဆိုရင္လည္း အနာကိုဂြမ္းအုပ္ၿပီး အေပၚကေနကပ္ထားေပးလို႔ရပါတယ္။

ကတ္ေၾကး

ပတ္တီး၊ တိတ္နဲ႔ ညႇပ္ဖို႔လိုအပ္တဲ့အရာေတြကို ညႇပ္ဖို႔အတြက္ပါ။

အပူေလာင္ဒဏ္ရာေတြကိုလူးဖို႔ ဂ်ယ္လ္တစ္မ်ိဳးမ်ိဳး

႐ွားေစာင္းလက္ပပ္ဂ်ယ္လ္လိုမ်ိဳး အပူေလာင္ဒဏ္ရာေတြကို လူးဖို႔ဂ်ယ္လ္တစ္မ်ိဳးမ်ိဳးထည့္ထားဖို႔လည္းလိုပါတယ္။

ပလပ္စတစ္အိတ္အလြတ္ေတြ

သြားရင္းလာရင္းထိခိုက္မိတဲ့ဒဏ္ရာေတြကိုေဆးေၾကာသန္႔စင္ရာမွာသုံးလိုက္တဲ့ဂြမ္းစေတြနဲ႔ အျခားအရာဝတၳဳေတြကို ထည့္ၿပီး အမိႈက္ပုံးထဲပစ္ဖို႔ပါ။

တစ္႐ႈးအစို

ေရမ႐ွိတဲ့ အလြယ္တကူမရႏိုင္တဲ့အေျခအေနမ်ိဳးမွာ အနာကို သန္႔စင္ႏိုင္ဖို႔အတြက္ျဖစ္ပါတယ္။

လက္ႏွိပ္ဓါတ္မီးနဲ႔ ဓာတ္ခဲအပို

ထိခိုက္ဒဏ္ရာကိုၾကည့္႐ႈႏိုင္ဖို႔ျဖစ္ပါတယ္။

ဒီေဆးေတြနဲ႔ လိုအပ္မယ့္ပစၥည္းကိရိယာေလးေတြကို ဗူးအလြတ္တစ္ခုထဲကိုထည့္ၿပီး ကားေနာက္ခန္းထဲမွာျဖစ္ျဖစ္ ဒါမွမဟုတ္ ထားလို႔အဆင္ေျပမယ့္ေနရာတစ္ခုခုမွာထည့္ထားေပးလို႔ရပါတယ္။

ေနအိမ္မွာျဖစ္ျဖစ္ ကားေပၚမွာျဖစ္ျဖစ္ အေရးေပၚေဆးေသတၱာေလးေတြေဆာင္ထားတာက ထိခိုက္ဒဏ္ရာရတဲ့အခါျမန္ျမန္ဆန္ဆန္ကုစားႏိုင္ၿပီး အနာကိုပိုးမဝင္ေအာင္ကာကြယ္ႏိုင္တဲ့အျပင္ မလိုလားအပ္တဲ့ေနာက္ဆက္တြေျဝဒနာေတြမျဖစ္ေအာင္လည္း ကာကြယ္ၿပီးသားျဖစ္မွာပါ။ အမွန္တကယ္လိုအပ္တဲ့ေဆးေသတၱာေလးေတြကို ေနအိမ္မွာေရာ ကားေပၚမွာ မိသားစုမ်ားေဆာင္ထားသင့္ပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service