ဇူလိုင်မှာ ပြည်ပသွင်းကုန်ဝင်ရောက်မှု လျော့ကျလာ

ဇူလိုင်မှာ ပြည်ပသွင်းကုန်ဝင်ရောက်မှု လျော့ကျလာ - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 1:40 pm တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့တဲ့ ဇူလိုင်မှာ ကုန်သေတ္တာဝင်ရောက်မှုအနည်းငယ်လျော့နည်းလာပြီး စက်သုံးဆီတင်သွင်းမှုလည်း လျော့ကျသွားတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံကသိရပါတယ်။

ကိုဗစ်ကာလထဲမှာ ဇွန်လအထိ ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက်မှုကထင်သလောက် မလျော့နည်းသွားပေမယ့် ကုန်သေတ္တာဝင်ရောက်မှုအပိုင်းမှာတော့ ဇူလိုင်လက စတင်လျော့ကျခဲ့တာလို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ အထွေထွေမန်နေဂျာ ဦးစိန်ဝင်းကပြောပါတယ်။

မတ်၊ ဧပြီ၊ မေ သုံးလတာအတွင်း ပင်လယ်ရေလမ်းကြောင်းကနေကုန်စည်ဝင်ရောက်မှုက ကျဆင်းခဲ့မှုမရှိခဲ့ပေမယ့် ဇူလိုင်လကစတင်ပြီးလက်ရှိမှာ စတင်ကျဆင်းနေတာပါ။

ရန်ကုန်ဆိပ်ကမ်းဟာတစ်နှစ်မှာ ကုန်သေတ္တာ ၁ ဒသမ ၁ မီလီယံလောက် ကိုင်တွယ်ပြီးဝင်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။ အခုနှစ်မှာလည်း အဲ့ဒီ့ပမာဏကိုပြည့်မှီနိုင်တယ်လို့ ဦးစိန်ဝင်းကဆိုပါတယ်။

ပြည်ပကနေဝင်ရောက်တဲ့ နိုင်ငံတကာပင်လယ်ကူးသင်္ဘောတွေထဲမှာအာရှနိုင်ငံတွေကဝင်ရောက်တဲ့သင်္ဘောတွေကဝင်ရောက်မှုနည်းပါးတာလို့ သိရပါတယ်။ အထူးသဖြင့် စင်ကာပူ တရုတ်နိုင်ငံတွေက ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက်မှုလျော့ကျလာတာပါ။

ဆိပ်ကမ်းအတွင်း ကုန်သေတ္တာ၊ ယာဉ်၊ ယန္တရားနဲ့ အခြားကုန်စည်တွေ ထားရှိခြင်းအတွက် ပေးဆောင်ရတဲ့ နှောင့်နှေးကြေးကို လျှော့ချကောက်ခံလိုက်ပါပြီ။

ဒီလိုလျှော့ချကောက်ခံနိုင်ဖို့ အတွက် ဧပြီ ၉ ရက်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို နှောင့်နှေးကြေးကို လျှော့ချကောက်ခံရတာဟာ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် ဆိပ်ကမ်းအတွင်း ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေ ထုတ်ယူရာမှာ အများပြည်သူနဲ့ ဆိပ်ကမ်းသုံးစွဲမှုအပေါ် အခွန်နှုန်းထားဖိစီးမှု မရှိစေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် လျော့နည်းသက်သာစေဖို့ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်အောင်လို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဧပြီလ ၉ ရက်နေ့က စတင်ပြီး နှောင့်နှေးကြန့်ကြာကြေးတွေကို လျှော့ချထားတဲ့ နှုန်းထားတွေအတိုင်းသာ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဧပြီ ၉ ရက်နေ့မှ စတင်ပြီး ကုန်ပစ္စည်းထုတ်ယူတဲ့နေ့အထိ ဆိပ်ကမ်းအတွင်းထားရှိတဲ့ နေ့ရက်တွေကိုသာ လျှော့ချနှုန်းထားအသစ်တွေနဲ့ ကောက်ခံမှာ ဖြစ်ပြီး ဧပြီ ၈ ရက်နေ့အထိ ကာလအပိုင်းအခြားကိုတော့ ယခင်နှုန်းထားအတိုင်းသာ ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

ဆိပ်ကမ်းအတွင်းမှာ ကောက်ခံတဲ့ နှောင်နှေးကြေး အားလုံးကို ယခင်နှုန်းထားထက် ငါးဆယ်ရာခိုင်နှုန်း ထက်ဝက်လျှော့ချပေးလိုက်တာဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]
















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service