နေအိမ်တိုင်းမှာ မရှိမဖြစ်အသုံးဝင်တဲ့ ဆောင်ထားသင့်စရာ ဆောက်လုပ်ရေးပစ္စည်းများ
နေအိမ်တိုင်းမှာ မရှိမဖြစ်အသုံးဝင်တဲ့ ဆောင်ထားသင့်စရာ ဆောက်လုပ်ရေးပစ္စည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
7 Aug 2020 3:17 pm တွင် တင်ခဲ့သည်
2785 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ကျွန်တော်တို့နေထိုင်တဲ့ နေအိမ်တိုင်း နေအိမ်တိုင်းမှာ အိမ်နဲ့ပတ်သက်တဲ့ အိမ်ဆောက် ကိရိယာတန်ဆာပလာတွေ ဆောင်ထားကြဖို့ လိုပါတယ်။ အိမ်တွင်းနေအခန်းများ ကျိုးပဲပျက်စီးခြင်းများ၊ အခန်းအသစ် ဖွဲ့ပြင်ဆင်ခြင်းများ အိမ်ခေါင်မိုး၊ အတွင်းပိုင်းအပြင်ပိုင်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ အစရှိတဲ့ တစ်အိမ်စာ နေရာအတွက် ပြင်ဆင်ခြင်းများ၊ အလှဆင်ခြင်းများပြုလုပ်မယ်ဆိုရင် အိမ်ဆောက်လုပ်ရေးပစ္စည်း ကိရိယာတွေက မရှိမဖြစ် လိုအပ်တာကြောင့် အိမ်တိုင်းမှာ ရှိထားသင့်တဲ့ အိမ်ဆောက်ပစ္စည်းတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။
၁။ ဝက်အူလှည့် (Screwdriver)
မရှိမဖြစ်ဆောင်ထားသင့်တဲ့ အရာပါ။ ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံဖြစ်ပြီး အိမ်ဆောက်လုပ်ခြင်းမှာ များစွာအသုံးတည့်ပါတယ်။ ပစ္စည်းဝယ်ရလွယ်ကူတယ်။ ဈေးလည်းသက်သာတယ်။ သုံးစွဲရလွယ်ကူပြီး တစ်ခါဝယ်ထားရင် အချိန်နှစ်နဲ့ချီပြီး အသုံးပြုနိုင်ပါတယ်။
၂။ တူ (Hammer )
အိမ်နံရံ၊ တိုင်များ၊ သစ်သားများ တစ်ခုနဲ့တစ်ခု ခိုင်ခိုင်ခံ့ခံ့ ချိတ်ဆက်နိုင်ဖို့ သံချောင်းတွေကို တူနဲ့ရိုက်ထည့်အသုံးပြုနိုင်ပါတယ်။ ခိုင်ခံ့ပြီးကောင်းမွန်ပြီး အသုံးတည့်တဲ့ တူတစ်ချောင်းရှိမယ်ဆိုရင် သင့်အိမ်ရဲ့နှစ်ရှည် ခိုင်ခံ့မှုအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။
၃။ ပလယ်ရာ (Pliers)
အိမ်ရိုက်သံတွေနဲ့ ဝါယာကြိုးခွေတွေ စွဲနှုတ်ရာ၊ ခွေရာတွေမှာ အလွန်အသုံးဝင်ပါတယ်။ ကြေးနန်းကြိုး၊ သံကြိုးခွေများဖြတ်တောက်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
၄။ ဂွ (Crescent wrench)
သံချောင်း၊ သစ်သားချောင်းများ၊ တံခါးရွက်များ ခိုင်ခံ့အောင် ကြပ်ဖို့ဆိုရင် နတ် nuts အလုံးငယ်များခံပြီး ကြပ်ရပါတယ်။ အဲ့ဒီ့အတွက် ဒီ ဂွကိုအသုံးပြု ဖို့လိုပါတယ်။ နက်အရွယ်အစားကိုချိန်ပြီး ဂွရဲ့အကျယ်ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ စတီး၊ သံထည်၊ အလူမီနီယမ်တို့နဲ့ ပြုလုပ်ထားတာကြောင့် ကျိုးပျက်စီးမှာကို မပူရပါဘူး။
၅။ ဝါယာကြိုးဖျက် ကတ်ကြေး (Wire cutter )
လက်နဲ့ခက်ခက်ခဲခဲ ဖြတ်တောက်ဖို့တောင် မလွယ်ကူတဲ့ ဝါယာကြိုးခွေ၊ မီးကြိုးခွေများကို ဒီဝါယာကြိုးဖျက်ကတ်ကြေးနဲ့ လွယ်ကူစွာပဲ ဖြတ်ယူနိုင်ပါတယ်။
၆။ လျှပ်စစ်လွန်းထိုးစက် (Power drill)
အိမ်အုတ်နံရံများ၊ သစ်သားနံရံများမှာ ပန်းချီကား၊ ခန်းစီလိုက်ကာချပ်များ၊ အဲကွန်းများ၊ ပန်ကာများ၊ အဝတ်ဗီဒို အကန့်များအသေတပ်ဆင်ထားခြင်းတို့မှာ အုတ်နံရံတွေကို ဖောက်ထွင်းရာမှာအသုံးပြုနိုင်ပါတယ်။
၇။ ဓာတ်မီး (Flashlight)
မီးအလင်းအားကောင်းကောင်း လင်းတဲ့ဓာတ်မီးတစ်လက်က သင့်အိမ်တစ်ခုလုံးစာထိန်လင်းစေနိုင်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်သွားရင်ဖြစ်စေ၊ အရေးပေါ် မီးဆက်သွယ်လို့ မရသေးရင်ဖြစ်စေ နေရောင်ခြည်စွမ်းအင်သုံး၊ ဘက်ထရီ မီးအိမ်၊ မီးချောင်း၊ ဓာတ်မီးတို့ကို အလွယ်တကူအသုံးပြုနိုင်မှာပါ။
၈။ ဘက်စုံသုံးဓါး (Utility knife)
အသွားထက်ထက်နဲ့ အရွယ်အစားအကြီးအသေး ဘက်စုံသုံးဓါးတွေက စက္ကူ၊ သစ်သားပြား၊ ကြိုးခွေနဲ့ အခြားသော ဖြတ်တောက်အသုံးပြုရတဲ့ အရာများကို လွယ်လင့်တကူဖြတ်တောက်တဲ့ နေရာမှာ များစွာအသုံးဝင်ပါတယ်။
၉။ ပေကြိုး (Measuring tape)
အရမ်းအသုံးဝင်ပါတယ်။ သင့်အိမ်ခန်း၊ အကျယ်အဝန်း၊ ပရိဘောဂပစ္စည်းများသိုမှီးခြင်း၊ နေရာချထားခြင်း၊ အခန်းများကန့်ခြင်း၊ အကျယ်အဝန်းတိုင်းတာခြင်းတို့အတွက် ၂၅ ပေ ရှိတဲ့ ပေကြိုးခွေနဲ့တိုင်းတာနိုင်ပါတယ်။ လက်တစ်ဝါးစာသာသာရှိတဲ့ အရွယ်အစားကြောင့် သိမ်းဆည်းမှုကိုလည်း အလွန်လွယ်ကူစေနိုင်ပါတယ်။
၁၀။ ကော်စက် (Glue gun)
ဖန်ချပ်များ၊ မှန်ချပ်များ၊ ဖိုက်ဘာပြားများ၊ အလူမီနီယံကော်ပြားများ တစ်ခုနဲ့ တစ်ခုကပ်ရာတွင် ကြာရှည်စွာမြဲမြံခိုင်ခံ့စေရန် အရည်သွေးမြင့်ကော်များ အသုံးပြု၍ ကပ်ရပါတယ်။ ကော်စက်မောင်းတံ ညှစ်ဆွဲလိုက်ရုံနဲ့ ကော်များလိုအပ်သလိုထွက်လာပြီး ကပ်လိုတဲ့ အရာဝတ္ထုတွေပေါ် အလွယ်တကူ ကပ်စေ၍ အသုံးပြုလို့ရနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
၂။ တူ (Hammer )
၃။ ပလယ်ရာ (Pliers)
၎။ ဂွ (Crescent wrench)
၇။ ဓာတ်မီး (Flashlight)
၁၀။ ကော်စက် (Glue gun)
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
area-one-business-complex
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service