လူဦးရေ ၉၇ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ တစ်ယောက်မှ မရှိစေဖို့ ဘယ်လိုကိုင်တွယ်စီမံခဲ့သလဲ

လူဦးရေ ၉၇ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ တစ်ယောက်မှ မရှိစေဖို့ ဘယ်လိုကိုင်တွယ်စီမံခဲ့သလဲ - Property News in Myanmar from iMyanmarHouse.com
3 Jun 2020 12:01 pm တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်ခုလည်းမဟုတ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အဆင့်မြင့်ခြင်းလည်း မရှိသည့် ဗီယက်နမ်နိုင်ငံသည် လူဦးရေ ၉၇ သန်းတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူတစ်ဦးမျှ မရှိစေရအောင် မည်သို့မည်ပုံ ကိုင်တွယ်ခဲ့ပါသနည်း။ ရိုးရှင်းပါသည်။ ဆောလျင် လျင်မြန်စွာ ကိုင်တွယ်ခဲ့ခြင်းကြောင့် ဖြစ်၏။

တရုတ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) တို့၏ ကနဦး ထုတ်ပြန်ချက်များဖြစ်သော “ကိုရိုနာဗိုင်းရပ်စ်သည် လူအချင်းချင်း ကူးစက်သည်ဟူသည့် အထောက်အထားမရှိသေး”ဟု ထုတ်ပြန်ထားခြင်းအပေါ် လစ်လျူရှုခဲ့ပြီး ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ တစ်ဦးမျှ မတွေ့သေးချိန်မှာပင် တင်းကြပ်သည့် ကွာရန်တင်းချမှတ်မှုများ၊ ထိတွေ့မှု ခြေရာခံ (contact tracing) ခြင်းများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ဟာ WHO ရဲ့လမ်းညွှန်ချက်ကိုပဲ စောင့်နေတာမျိုး မလုပ်ပါဘူး။ အတွင်းအပြင်က စုဆောင်းရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အဆောတလျင်ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဟနွိုင်းမြို့ရှိ အမျိုးသားတကိုယ်ရည်သန့်ရှင်းမှုနှင့် ကူးစက်ရောဂါ အင်စတီကျုရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန လက်ထောက်အကြီးအကဲ Pham Quang Thai က ပြောကြားသည်။

ဗိုင်းရပ်စ်ပေါ်ပေါက်ရာ ဗဟိုချက်ဖြစ်သော တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ရောက်ရှိလာသည့် ခရီးသည်များကို ဇန်နဝါရီလ အစောပိုင်းမှစတင်ကာ လေဆိပ်များတွင် အပူချိန်တိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်း တစ်ပတ်ခန့်အကြာတွင် နယ်စပ်ဝင်ပေါက်များ၊ ပင်လယ်ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် ပိုမိုတင်းကြပ်သော ကွာရန်တင်း လုပ်ထုံးလုပ်နည်းများ ချမှတ်ခဲ့သည်။

ဇန်နဝါရီလ ၂၃ ရက်အထိ ဗီယက်နမ်တွင် ပထမဆုံးလူနာကို မတွေ့ရှိသေးချေ။ လူနာစတင်တွေ့ရှိချိန်တွင်ကား တိုင်းပြည်မှာ ပြင်ဆင်ပြီး အနေအထားဖြစ်နေပြီ ဖြစ်သည်။

နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ၆ ဦးမျှသာ ရှိသေးသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် အမျိုးသားကပ်ရောဂါဘေးအဖြစ် ကြေညာခဲ့သည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းစေခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တရုတ်နိုင်ငံသားများကို ဗီဇာထုတ်ပေးခြင်း ရပ်ဆိုင်းလိုက်သည်။

ရက်သတ္တ ၃ ပတ်အကြာ lockdown ချထားအပြီး ဧပြီလကုန်ပိုင်းတွင် လူချင်းခွာနေရမည့် (social distancing) စည်းမျဉ်းများ ရုပ်သိမ်းပေးခဲ့သည်။

ရက်ပေါင်း ၄၀ အတွင်း ပြည်တွင်းကူးစက်မှု (local transmission) မရှိခဲ့ချေ။

စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ပြီး ဘဝမှာ ပုံမှန်အခြေအနေသို့ တဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How did Vietnam manage to avoid even one coronavirus death? (New York Post)

 [Zawgyi]

လူဦးေရ ၉၇ သန္းရွိတဲ့ ဗီယက္နမ္မွာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ေသဆံုးသူ တစ္ေယာက္မွ မရွိေစဖို႔ ဘယ္လိုကိုင္တြယ္စီမံခဲ့သလဲ

ခ်မ္းသာၾကြယ္ဝသည့္ ႏိုင္ငံတစ္ခုလည္းမဟုတ္၊ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ အဆင့္ျမင့္ျခင္းလည္း မရွိသည့္ ဗီယက္နမ္ႏိုင္ငံသည္ လူဦးေရ ၉၇ သန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ေသဆံုးသူတစ္ဦးမွ် မရွိေစရေအာင္ မည္သို႔မည္ပံု ကိုင္တြယ္ခဲ့ပါသနည္း။ ရိုးရွင္းပါသည္။ ေဆာလ်င္ လ်င္ျမန္စြာ ကိုင္တြယ္ခဲ့ျခင္းေၾကာင့္ ျဖစ္၏။

တရုတ္ႏွင့္ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) တို႔၏ ကနဦး ထုတ္ျပန္ခ်က္မ်ားျဖစ္ေသာ “ကိုရိုနာဗိုင္းရပ္စ္သည္ လူအခ်င္းခ်င္း ကူးစက္သည္ဟူသည့္ အေထာက္အထားမရွိေသး”ဟု ထုတ္ျပန္ထားျခင္းအေပၚ လစ္လ်ဴရႈခဲ့ျပီး ဗီယက္နမ္တြင္ ကိုရိုနာဗိုင္းရပ္စ္ လူနာ တစ္ဦးမွ် မေတြ႔ေသးခ်ိန္မွာပင္ တင္းၾကပ္သည့္ ကြာရန္တင္းခ်မွတ္မႈမ်ား၊ ထိေတြ႔မႈ ေျခရာခံ (contact tracing) ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

“ကၽြန္ေတာ္တို႔ဟာ WHO ရဲ႕လမ္းညႊန္ခ်က္ကိုပဲ ေစာင့္ေနတာမ်ဳိး မလုပ္ပါဘူး။ အတြင္းအျပင္က စုေဆာင္းရရွိတဲ့ အခ်က္အလက္ေတြကို အသံုးျပဳျပီး အေဆာတလ်င္ကိုင္တြယ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္” ဟု ဟႏြိဳင္းျမိဳ ႔ရွိ အမ်ဳိးသားတကိုယ္ရည္သန္႔ရွင္းမႈႏွင့္ ကူးစက္ေရာဂါ အင္စတီက်ဳရွိ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာန လက္ေထာက္အၾကီးအကဲ Pham Quang Thai က ေျပာၾကားသည္။

ဗိုင္းရပ္စ္ေပၚေပါက္ရာ ဗဟိုခ်က္ျဖစ္ေသာ တရုတ္ႏိုင္ငံ၊ ဝူဟန္ျမိဳ ႔မွ ေရာက္ရွိလာသည့္ ခရီးသည္မ်ားကို ဇန္နဝါရီလ အေစာပိုင္းမွစတင္ကာ ေလဆိပ္မ်ားတြင္ အပူခ်ိန္တိုင္းျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ယင္းေနာက္ပိုင္း တစ္ပတ္ခန္႔အၾကာတြင္ နယ္စပ္ဝင္ေပါက္မ်ား၊ ပင္လယ္ဆိပ္ကမ္းမ်ားႏွင့္ ေလဆိပ္မ်ားတြင္ ပိုမိုတင္းၾကပ္ေသာ ကြာရန္တင္း လုပ္ထံုးလုပ္နည္းမ်ား ခ်မွတ္ခဲ့သည္။

ဇန္နဝါရီလ ၂၃ ရက္အထိ ဗီယက္နမ္တြင္ ပထမဆံုးလူနာကို မေတြ႔ရွိေသးေခ်။ လူနာစတင္ေတြ႔ရွိခ်ိန္တြင္ကား တိုင္းျပည္မွာ ျပင္ဆင္ျပီး အေနအထားျဖစ္ေနျပီ ျဖစ္သည္။

ႏိုင္ငံအတြင္း ေရာဂါကူးစက္ခံရသူ ၆ ဦးမွ်သာ ရွိေသးသည့္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ အမ်ဳိးသားကပ္ေရာဂါေဘးအျဖစ္ ေၾကညာခဲ့သည္။

ဗီယက္နမ္ႏွင့္ တရုတ္ႏိုင္ငံအၾကား ေျပးဆြဲေနသည့္ ေလေၾကာင္းခရီးစဥ္အားလံုးကို ရပ္ဆိုင္းေစခဲ့ျပီး ေဖေဖာ္ဝါရီ ၂ ရက္တြင္ တရုတ္ႏိုင္ငံသားမ်ားကို ဗီဇာထုတ္ေပးျခင္း ရပ္ဆိုင္းလိုက္သည္။

ရက္သတၱ ၃ ပတ္အၾကာ lockdown ခ်ထားအျပီး ဧျပီလကုန္ပိုင္းတြင္ လူခ်င္းခြာေနရမည့္ (social distancing) စည္းမ်ဥ္းမ်ား ရုပ္သိမ္းေပးခဲ့သည္။

ရက္ေပါင္း ၄၀ အတြင္း ျပည္တြင္းကူးစက္မႈ (local transmission) မရွိခဲ့ေခ်။

စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စာသင္ေက်ာင္းမ်ားလည္း ျပန္လည္ဖြင့္လွစ္ထားျပီျဖစ္ျပီး ဘဝမွာ ပံုမွန္အေျခအေနသို႔ တျဖည္းျဖည္းခ်င္း ျပန္လည္ေရာက္ရွိလာေနျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How did Vietnam manage to avoid even one coronavirus death? (New York Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
pan-swal-taw
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service