မိဘပိုင် “ မြေ ” ကို သားသမီးအမည်နဲ့ ဂရန်မြေ လုပ်ခဲ့မိလို့.......

မိဘပိုင် “ မြေ ” ကို သားသမီးအမည်နဲ့ ဂရန်မြေ လုပ်ခဲ့မိလို့....... - Property Knowledge in Myanmar from iMyanmarHouse.com
28 May 2020 1:40 pm တွင် တင်ခဲ့သည်
34241 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

စာရေးသူရဲ့ အိမ်ရှေ့မှာ “ အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်စာချုပ်စာတမ်း ဝန်ဆောင်မှုလုပ်ငန်း ” လို့ ဆိုင်းဘုတ်တင်ထားပါတယ်။ ဆိုင်းဘုတ်ရဲ့ အောက်ခြေမှာ “ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ” ထုတ်ဝေပြီးသော အိမ်ခြံမြေစာအုပ်များကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ် လို့လည်း ရေးသားပေးထားပါတယ်။ " ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင် "ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြင်တွေ့ဖတ်ရှုမိသူအပေါင်းက အလိုရှိသူတွေကို တဆင့်ပြန်လည်ဖောက်သည်ချပေးစေလိုတဲ့ ဆန္ဒလည်း ပါတာပေါ့လေ။

ဖတ်သူ၊ မြင်သူ အများအပြားရှိတဲ့ အထဲမှာမှ တစ်နေ့တော့ အသက် (၅၀)ခန့် အမျိုးသမီးတစ်ဦးနဲ့ အသက် (၂၀) ကျော် အမျိုးသမီး သားအမိ (၂)ယောက် စာရေးသူရဲ့ အိမ်ကိုရောက်လာပါတယ်။ သမီးကတော့ အိမ်ခြံမြေစာအုပ်ဝယ်ဖို့ပါ၊ အမေဖြစ်သူကတော့ သမီးနဲ့ အတူလိုက်လာရင်း သူမရဲ့ အမွေဆိုင်ဂရန်မြေကို အမည်ပြောင်းချင်တာပါ။ အမေဖြစ်သူရဲ့ အမည်က “တိုးတိုး” ၊ သမီးဖြစ်သူက "မိုးမိုး" တဲ့ ဘွဲ့ရပညာတတ်တွေပါ။

“တိုးတိုး”း မှာ မောင်နှမ (၅) ယောက်ရှိပါတယ်။ အစ်ကို (၃)ယောက်နဲ့ အမ (၁) ယောက်၊ “တိုးတိုး” က အငယ်ဆုံး၊ ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိက နဲ့ ဒုတိယနှစ်အထိကျောင်းတက်ခဲ့သူပါ။ ဒုတိယနှစ်မှာ ချစ်သူတွေ့ပြီး ခိုးရာလိုက်ပြေးခဲ့တယ်။ အိမ်ထောင်သည်ဘဝမှာ တဖက်ကအဝေးသင်နဲ့ ဘွဲ့ယူခဲ့ပါတယ်။ အစိုးရဝန်ထမ်းမလုပ်တော့ဘဲ “ ဒဂုံသီရိ” ဈေးထဲမှာ ဆန်၊ ဆီ၊ ဆား ကုန်မျိုးစုံ ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ပါတယ်။ “တိုးတိုး” အိမ်ထောင်မကျခင်ကတည်းက အစ်ကို (၃)ယောက်က အိမ်ထောင်ပြုပြီး အိမ်ခွဲနေကြပါတယ်။ အိမ်မှာတော့ ဖခင်ကြီးက ကွယ်လွန်သွားတဲ့အတွက် (၇၅) နှစ်အရွယ် အမေရယ် အပျိုးကြီးဖြစ်သူ နဲ့ “တိုးတိုး” တို့ မိသားစု အတူတကွနေထိုင်ပါတယ်။

အပျိုကြီးကတော့ ကျန်းမာရေးမကောင်းလို့ မိခင်အိုကိုစောင့်ရှောက်ရင်း အိမ်တွင်းမှု အလုပ်တွေကို တာဝန်ယူပါတယ်။ အမွေဆိုင်အိမ်က ပါမစ်မြေကိုတစ်ဆင့်ဝယ်ပြီး အိမ်ဆောက်နေတာပါ။ ၁၉၉၂ ခုနှစ် လောက်မှာ အထူးဂရန် စီမံချက်ဆိုပြီး အိုးအိမ်ဦးစီးဌာနက “တိုးတိုး” တို့နေထိုင်တဲ့ မြို့နယ်မှာအပြီး အိမ်တိုင်ရာရောက် ဂရန်စာအုပ်တွေ လုပ်ပေးပါတယ်။ ဒီအချိန်မှာ “တိုးတိုး” ရဲ့ ကုန်မျိုးစုံဆိုင်ကလည်း အရောင်းအဝယ်ကောင်းနေလို့ မအားတာနဲ့ အပျိုကြီး အမည်နဲ့ ဂရန်သစ်လျှောက်ခိုင်းလိုက်ပါတယ်။

ဂရန်သစ်လျှောက်တဲ့ ကုန်ကျစရိတ်တွေနဲ့ နေ့စဉ်အိမ်ရဲ့ စာသောက်နေထိုင်မှုကုန်ကျစရိတ်အားလုံးကိုတော့ “တိုးတိုး” က အကုန်အကျခံခဲ့တာပါ။ အရေးမကြီးဘူးထင်ပြီး အလွယ်လုပ်လိုက်မိတဲ့ ဂရန်ကိစ္စက အပျိုကြီးဖြစ်သူ မမျှော်လင့်ဘဲကွယ်လွန်သွားတဲ့အခါ အပျိုကြီး အမည်ပေါက် ဂရန်မြေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ စိတ်ရှုပ်စရာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သမီးဖြစ်သူက မောင်ကောင်းဖေရဲ့ ရှေ့နေဆိုင်းဘုတ်ကိုတွေ့ပြီး အိမ်ကိုရောက်လာတာပါ။

သက်ရှိထင်ရှာ မိခင်ကြီးက စီမံတာကတော့ မြေနဲ့အိမ် သိန်း (၃၀၀) နဲ့ ရောင်းမယ်။ ကျန်တဲ့ သားသမီး (၄) ယောက်ကို သိန်း (၅၀) စီခွဲပေးလိုက်မယ်။ သိန်း (၁၀၀)ကိုတော့ မိခင်ကြီး ကျန်မားရေးနဲ့ စားသောက်ဖို့အတွက် ဘဏ်မှာအပ်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရောင်းတာပါ။ မသေမှီနေထိုင်ဖို့ကတော့ သမီး အငယ်ဆုံး “တိုးတိုး” တို့ မိသားစုနဲ့ နေထိုင်သွားမှာပါ။ နောက်ဆုံးတော့လည်း အငယ်ဆုံး ဖြစ်တဲ့ “တိုးတိုး” ကဘဲ အမွေဆိုင်မြေနဲ့အိမ်ကို သိန်း (၃၀၀) နဲ့ ပြန်ဝယ်လိုက်ပါတယ်။

ကတိအတိုင်း မိခင်ကြီးစီမံသလို အမွေခွဲဝေပြီးပေမဲ့ အပျိုကြီး အမည်ပေါက်ဖြစ်နေတဲ့ အိမ်ဂရန် အမည်ပြောင်းဖို့ကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ အခက်အခဲဖြစ်နေတုန်းမှာ အခုလို မောင်ကောင်းဖေ ဆိုင်းဘုတ်ကိုတွေ့လို့ စာအုပ်ဝယ်ရင်း အမည်ပြောင်းဖို့ကိစ္စတိုင်ပင်ရင်းရောက်လာရတာပါ။ အိမ်ခြံမြေ ကိစ္စတွေကတော့ ရေးပြရင်ကုန်နိုင်မယ်မထင်ပါဘူး အခုလို အပျိုကြီးအမည်ပေါက် မှ ညီမအငယ်ဆုံး အမည်ပေါက် ဖြစ်ဖို့ဆိုရင် အမေအို ကဘဲ အမွေဆက်ခံပြီး အမေအိုက တဆင့် သမီးအငယ်ဆုံး “တိုးတိုး” ကိုမေတ္တာနဲ့ အပိုင်ပေးလိုက်တဲ့ နည်းကကောင်းပါတယ်။ အမွေဝေစုရပြီးတဲ့ သား (၃) ဦးကတော့ ညီမဖြစ်သူကို ပေးအပ်ခြင်းကို သဘောတူတဲ့အကြောင်း ကျမ်းကျိန်လွှာလည်း လုပ်ပေးဖို့ လိုအပ်ပါတယ်။

မေတ္တာနဲ့ အပိုင်ပေးစာချုပ်ကို ရန်ကုန်ုမြို့ စာချုပ်စာတမ်းမှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်တဲ့နေ့မှာတော့ အစ်ကို (၃) ဦး က အသိသက်သေ လက်မှတ်ရေးထိုးပေးဖို့လိုအပ်ပါတယ်။ စာချုပ်ရုံးက မှတ်ပုံတင်စာချုပ်ရရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ထံမှာ “တိုးတိုး” အမည်ပြောင်းလိုက်ရင်ရပါပြီ။

နောက်တစ်နည်းကတော့ မောင်နှမ (၅)ယောက်ရှိတဲ့ အထဲက အမည်ပေါက်အပျိုကြီး သေသွားတဲ့အတွက် မောင်နှမ (၄) ဦးက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်မယ်ပြီးတော့ အစ်ကို (၃) ဦးက စွန့်လွှတ်စာချုပ်ချုပ်ပြီး ညီမအငယ်ဆုံး “တိုးတိုး” ကို မေတ္တာနဲ့ အပိုင်ပေးလိုက်တဲ့ စာချုပ်ချုပ်ပြီး အမည်ပြောင်းလို့လည်းရပါတယ်ဆိုတာ အကြံပေးလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မိဘပိုင္ “ ေျမ ” ကို သားသမီးအမည္နဲ႕ ဂရန္ေျမ လုပ္ခဲ့မိလို႕.......

စာေရးသူရဲ႕ အိမ္ေရွ႕မွာ “ အိမ္ျခံေျမတိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္စာတမ္း ဝန္ေဆာင္မႈလုပ္ငန္း ” လုိ႕ ဆိုင္းဘုတ္တင္ထားပါတယ္။ ဆိုင္းဘုတ္ရဲ႕ ေအာက္ေျခမွာ “ လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ” ထုတ္ေ၀ျပီးေသာ အိမ္ျခံေျမစာအုပ္မ်ားကိုလည္း ဝယ္ယူအားေပးႏိုင္ပါတယ္ လို႕လည္း ေရးသားေပးထားပါတယ္။ " ပန္းသတင္းေလညွင္းေဆာင္ လူသတင္းလူခ်င္းေဆာင္ "ဆိုတဲ့ ဆိုရုိးစကားအတိုင္း ျမင္ေတြ႕ဖတ္ရႈမိသူအေပါင္းက အလိုရွိသူေတြကို တဆင့္ျပန္လည္ေဖာက္သည္ခ်ေပးေစလိုတဲ့ ဆႏၵလည္း ပါတာေပါ့ေလ။

ဖတ္သူ၊ ျမင္သူ အမ်ားအျပားရွိတဲ့ အထဲမွာမွ တစ္ေန႕ေတာ့ အသက္ (၅၀)ခန္႕ အမ်ိဳးသမီးတစ္ဦးနဲ႕ အသက္ (၂၀) ေက်ာ္ အမ်ိဳးသမီး သားအမိ (၂)ေယာက္ စာေရးသူရဲ႔ အိမ္ကိုေရာက္လာပါတယ္။ သမီးကေတာ့ အိမ္ျခံေျမစာအုပ္ဝယ္ဖို႕ပါ၊ အေမျဖစ္သူကေတာ့ သမီးနဲ႕ အတူလိုက္လာရင္း သူမရဲ႕ အေမြဆိုင္ဂရန္ေျမကို အမည္ေျပာင္းခ်င္တာပါ။ အေမျဖစ္သူရဲ႕ အမည္က “တိုးတိုး” ၊ သမီးျဖစ္သူက "မိုးမိုး" တဲ့ ဘြဲ႕ရပညာတတ္ေတြပါ။

“တိုးတိုး”း မွာ ေမာင္နွမ (၅) ေယာက္ရွိပါတယ္။ အစ္ကို (၃)ေယာက္နဲ႕ အမ (၁) ေယာက္၊ “တိုးတိုး” က အငယ္ဆံုး၊ ဒဂံုတကၠသို္လ္မွာ အဂၤလိပ္စာအဓိက နဲ႕ ဒုတိယနွစ္အထိေက်ာင္းတက္ခဲ့သူပါ။ ဒုတိယနွစ္မွာ ခ်စ္သူေတြ႕ျပီး ခိုးရာလိုက္ေျပးခဲ့တယ္။ အိမ္ေထာင္သည္ဘဝမွာ တဖက္ကအေဝးသင္နဲ႕ ဘြဲ႕ယူခဲ့ပါတယ္။ အစိုးရဝန္ထမ္းမလုပ္ေတာ့ဘဲ “ ဒဂံုသီရိ” ေဈးထဲမွာ ဆန္၊ ဆီ၊ ဆား ကုန္မ်ိဳးစံု ဆိုင္ဖြင့္ျပီး စီးပြားေရးလုပ္ကိုင္ခဲ့ပါတယ္။ “တိုးတိုး” အိမ္ေထာင္မက်ခင္ကတည္းက အစ္ကို (၃)ေယာက္က အိမ္ေထာင္ျပဳျပီး အိမ္ခြဲေနၾကပါတယ္။ အိမ္မွာေတာ့ ဖခင္ၾကီးက ကြယ္လြန္သြားတဲ့အတြက္ (၇၅) နွစ္အရြယ္ အေမရယ္ အပ်ိဳးၾကီးျဖစ္သူ နဲ႕ “တိုးတိုး” တို႕ မိသားစု အတူတကြေနထိုင္ပါတယ္။

အပ်ိဳၾကီးကေတာ့ က်န္းမာေရးမေကာင္းလို႕ မိခင္အိုကိုေစာင့္ေရွာက္ရင္း အိမ္တြင္းမႈ အလုပ္ေတြကို တာ၀န္ယူပါတယ္။ အေမြဆိုင္အိမ္က ပါမစ္ေျမကိုတစ္ဆင့္၀ယ္ျပီး အိမ္ေဆာက္ေနတာပါ။ ၁၉၉၂ ခုနွစ္ ေလာက္မွာ အထူးဂရန္ စီမံခ်က္ဆိုျပီး အိုးအိမ္ဦးစီးဌာနက “တိုးတိုး” တို႕ေနထိုင္တဲ့ ျမိဳ႕နယ္မွာအျပီး အိမ္တိုင္ရာေရာက္ ဂရန္စာအုပ္ေတြ လုပ္ေပးပါတယ္။ ဒီအခ်ိန္မွာ “တိုးတိုး” ရဲ႕ ကုန္မ်ိဳးစံုဆိုင္ကလည္း အေရာင္းအဝယ္ေကာင္းေနလို႕ မအားတာနဲ႕ အပ်ိဳၾကီး အမည္နဲ႕ ဂရန္သစ္ေလွ်ာက္ခိုင္းလိုက္ပါတယ္။

ဂရန္သစ္ေလွ်ာက္တဲ့ ကုန္က်စရိတ္ေတြနဲ႕ ေန႕စဥ္အိမ္ရဲ႕ စာေသာက္ေနထိုင္မႈကုန္က်စရိတ္အားလံုးကိုေတာ့ “တိုးတိုး” က အကုန္အက်ခံခဲ့တာပါ။ အေရးမၾကီးဘူးထင္ျပီး အလြယ္လုပ္လိုက္မိတဲ့ ဂရန္ကိစၥက အပ်ိဳၾကီးျဖစ္သူ မေမွ်ာ္လင့္ဘဲကြယ္လြန္သြားတဲ့အခါ အပ်ိဳၾကီး အမည္ေပါက္ ဂရန္ေျမကို ဘယ္လိုေဆာင္ရြက္ရမလဲဆိုတာ စိတ္ရႈပ္စရာေတြ ျဖစ္လာပါေတာ့တယ္။ ဒီလိုနဲ႕ တစ္ေန႕မွာေတာ့ သမီးျဖစ္သူက ေမာင္ေကာင္းေဖရဲ႕ ေရွ႕ေနဆိုင္းဘုတ္ကိုေတြ႕ျပီး အိမ္ကိုေရာက္လာတာပါ။

သက္ရွိထင္ရွာ မိခင္ၾကီးက စီမံတာကေတာ့ ေျမနဲ႕အိမ္ သိန္း (၃၀၀) နဲ႔ ေရာင္းမယ္။ က်န္တဲ့ သားသမီး (၄) ေယာက္ကို သိန္း (၅၀) စီခြဲေပးလိုက္မယ္။ သိန္း (၁၀၀)ကိုေတာ့ မိခင္ၾကီး က်န္မားေရးနဲ႕ စားေသာက္ဖို႕အတြက္ ဘဏ္မွာအပ္ထားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႕ေရာင္းတာပါ။ မေသမွီေနထိုင္ဖို႕ကေတာ့ သမီး အငယ္ဆံုး “တိုးတိုး” တို႕ မိသားစုနဲ႕ ေနထိုင္သြားမွာပါ။ ေနာက္ဆံုးေတာ့လည္း အငယ္ဆံုး ျဖစ္တဲ့ “တိုးတိုး” ကဘဲ အေမြဆိုင္ေျမနဲ႕အိမ္ကို သိန္း (၃၀၀) နဲ႕ ျပန္ဝယ္လိုက္ပါတယ္။

ကတိအတိုင္း မိခင္ၾကီးစီမံသလို အေမြခြဲေဝျပီးေပမဲ့ အပ်ိဳၾကီး အမည္ေပါက္ျဖစ္ေနတဲ့ အိမ္ဂရန္ အမည္ေျပာင္းဖို႕ကို ဘယ္လိုေဆာင္ရြက္ရမလဲဆိုတာ အခက္အခဲျဖစ္ေနတုန္းမွာ အခုလို ေမာင္ေကာင္းေဖ ဆိုင္းဘုတ္ကိုေတြ႕လို႕ စာအုပ္ဝယ္ရင္း အမည္ေျပာင္းဖို႕ကိစၥတိုင္ပင္ရင္းေရာက္လာရတာပါ။ အိမ္ျခံေျမ ကိစၥေတြကေတာ့ ေရးျပရင္ကုန္ႏိုင္မယ္မထင္ပါဘူး အခုလို အပ်ိဳၾကီးအမည္ေပါက္ မွ ညီမအငယ္ဆံုး အမည္ေပါက္ ျဖစ္ဖို႕ဆိုရင္ အေမအို ကဘဲ အေမြဆက္ခံျပီး အေမအိုက တဆင့္ သမီးအငယ္ဆံုး “တိုးတိုး” ကိုေမတၱာနဲ႕ အပိုင္ေပးလို္က္တဲ့ နည္းကေကာင္းပါတယ္။ အေမြေဝစုရျပီးတဲ့ သား (၃) ဦးကေတာ့ ညီမျဖစ္သူကို ေပးအပ္ျခင္းကို သေဘာတူတဲ့အေၾကာင္း က်မ္းကိိ်န္လႊာလည္း လုပ္ေပးဖို႕ လိုအပ္ပါတယ္။

ေမတၱာနဲ႕ အပိုင္ေပးစာခ်ဳပ္ကို ရန္ကုန္ုျမိဳ႕ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ ရုံးမွာ မွတ္ပံုတင္တဲ့ေန႕မွာေတာ့ အစ္ကို (၃) ဦး က အသိသက္ေသ လက္မွတ္ေရးထိုးေပးဖို႔လိုအပ္ပါတယ္။ စာခ်ဳပ္ရုံးက မွတ္ပံုတင္စာခ်ဳပ္ရရင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီျမိဳ႕ျပစီမံကိန္းလုပ္ငန္းတာဝန္ခံအဖြဲ႕ ထံမွာ “တိုးတိုး” အမည္ေျပာင္းလိုက္ရင္ရပါျပီ။

ေနာက္တစ္နည္းကေတာ့ ေမာင္နွမ (၅)ေယာက္ရွိတဲ့ အထဲက အမည္ေပါက္အပ်ိဳၾကီး ေသသြားတဲ့အတြက္ ေမာင္နွမ (၄) ဦးက အေမြဆက္ခံပို္င္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္မယ္ျပီးေတာ့ အစ္ကို (၃) ဦးက စြန္႕လႊတ္စာခ်ဳပ္ခ်ဳပ္ျပီး ညီမအငယ္ဆံုး “တိုးတိုး” ကို ေမတၱာနဲ႕ အပိုင္ေပးလိုက္တဲ့ စာခ်ဳပ္ခ်ဳပ္ျပီး အမည္ေျပာင္းလို႕လည္းရပါတယ္ဆိုတာ အၾကံေပးလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service