ဈေးဝယ်စင်တာများတွင် ပြောင်သလင်းခါသည်အထိ ဝယ်ယူကြမှုကြောင့် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော eBay တွင် ဒက်တောကို ပေါင် ၅၆၀၀ ခန့်အထိ ဈေးခေါ်ကာ ရောင်းချလာကြ
ဈေးဝယ်စင်တာများတွင် ပြောင်သလင်းခါသည်အထိ ဝယ်ယူကြမှုကြောင့် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော eBay တွင် ဒက်တောကို ပေါင် ၅၆၀၀ ခန့်အထိ ဈေးခေါ်ကာ ရောင်းချလာကြ - Property News in Myanmar from iMyanmarHouse.com
28 Mar 2020 12:52 pm တွင် တင်ခဲ့သည်
1060 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ### 
ဈေးဝယ်စင်တာများတွင် ပိုးသတ်ဆေးထုတ်ကုန်များကို ပြောင်သလင်းခါသည်အထိ ဝယ်ယူကြမှုကြောင့် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော eBay တွင် လောဘကြီးသော ဈေးရောင်းသူတို့က ဒက်တောပိုးသတ်ဆေးကို ပေါင် ၅၆၀၀ ခန့်အထိ ဈေးခေါ်ကာ ရောင်းချလာကြကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပြန့်နှံ့ခဲ့ချိန်တွင် လူတို့သည် အစားအသောက်များ၊ ပိုးသတ်ဆေးထုတ်ကုန်များကို ခြောက်ခြားစွာအလုအယက်ဝယ်ယူကြမှုကြောင့် ဈေးဝယ်စင်တာများတွင် မရှိမဖြစ်လိုအပ်သည့်အရာများအားလုံး ပြတ်လတ်သွားခဲ့သည်။
ထိုသို့သော အခြေအနေတွင် အချို့သူများက တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသကဲ့သို့ ပိုးသတ်ဆေးထုတ်ကုန်များကို အဆမတန်ဈေးခေါ်ရောင်းချလာကြသည်။
ဒက်တောဆေးရည်ပုလင်းများကို eBay တွင် ရောင်းချလာမှုများစွာတွေ့ရပြီး ပေါင် ၅၆၀၀ ခန့်အထိ ဈေးခေါ်ရောင်းချလာကြသည်။ ပုံမှန်အားဖြင့် ဒက်တောတစ်ဗူး၏ တန်ကြေးမှာ ပေါင်အနည်းငယ်သာရှိသည်။
eBay တွင် အရောင်းကြော်ငြာထားသည့် ကြော်ငြာတစ်ခုတွင် ဒက်တောတစ်ဘူးကို ပေါင် ၂၀၅၀ ဖြင့် ဈေးဖွင့်ထားပြီး လူပေါင်း ၁၉ ဦးက ဈေးပြိုင်ပေးကာ ဝယ်ယူနေကြသည်ကို တွေ့ရသည်။
အဆိုပါဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းကြောင့် အွန်လိုင်းဈေးရောင်းဝက်ဘ်ဆိုက်များတွင် ကပ်ရောဂါကို အသုံးချ အမြတ်ထုတ်လိုကြသည့် ဝိသမလောဘသားများကို ထိန်းချုပ်တားမြစ်သွားရန် စီစဉ်လာကြသည်။
eBay မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်သုံးစွဲသူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်လာသည့် ဈေးရောင်းသူများကို သည်းခံလိမ့်မည်မဟုတ်ကြောင်းနှင့် ဈေးနှုန်းကန့်သတ်သည့် မူဝါဒချမှတ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ကုန်ပစ္စည်းများကို မဆီလျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချလာခြင်းမပြုရန် ကြပ်မတ်ထားမှုများရှိပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်ပလက်ဖောင်းပေါ်မှတဆင့် အမြတ်ထုတ်လာခြင်းမျိုးကို ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဈေးကွက်တင်ရောင်းချခြင်း တင်းကြပ်သည့်အရေးပေါ် လုပ်ဆောင်မှုတစ်ရပ်ကိုလည်း အကောင်အထည်ဖော်ထားပြီး ဈေးနှုန်းအဆမတန် ရောင်းချလာမှုများကို report တင်နိုင်မည့်လုပ်ဆောင်ချက်တစ်ခုကို eBay က ဖြည့်သွင်းပေးလာသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
thukha-garden-residence
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service