ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို အသံုးျပဳခြင့္ေလွ်ာက္ထားလို႔ရပါသလား။ မည္သည့္ဌာနတြင္ ေလွ်ာက္ထား မလဲ?

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို အသံုးျပဳခြင့္ေလွ်ာက္ထားလို႔ရပါသလား။ မည္သည့္ဌာနတြင္ ေလွ်ာက္ထား မလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
13 Dec 2019 1:22 pm တွင် တင်ခဲ့သည်
3605 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးနည္းဥပေဒ ၃အရ ေအာက္ပါပုဂၢိဳလ္ႏွင့္အဖြဲ႔အစည္းမ်ား သည္ ဗဟိုေကာ္မတီသို႔ ေလွ်ာက္ထားႏိုင္ပါသည္။

(၁) ျမန္မာႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံသူမ်ား၊

(၂) အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္းႏွင့္ အစိုးရမဟုတ္ေသာအဖြဲ႔အစည္းမ်ား၊

(၃) ၁၉၈၇ခုႏွစ္၊ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒပုဒ္မ ၁၄အရ သက္ဆိုင္ရာ၀န္ႀကီးဌာနက ကင္းလြတ္ခြင့္ျပဳထားသူမ်ားျဖစ္သည့္ ႏိုင္ငံေတာ္ႏွင့္သံတမန္အဆက္အသြယ္ရွိေသာ ႏိုင္ငံျခားသံတမန္အဖြဲ႕အစည္းမ်ား၊ ကုလသမဂၢအဖြဲ႔အစည္းမ်ား အျခားမည္သည့္အဖြဲ႔အစည္း သို႔မဟုတ္ ပုဂၢိဳလ္၊

(၄) အစိုးရဌာန၊ အစိုးရအဖြဲ႔အစည္းတစ္ရပ္ရပ္ႏွင့္ အက်ိဳးတူကိစၥရပ္မ်ားအတြက္ေဆာင္ရြက္မည့္ ႏိုင္ငံျခား ရင္းႏွီးႁမွဳပ္ႏွံမႈဥပေဒအရ ခြင့္ျပဳထားေသာ ရင္းႏွီးျမဳပ္ႏွံသူမ်ား၊

(၅) ျမန္မာႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ အက်ိဳးတူကိစၥရပ္မ်ားအတြက္ ေဆာင္ရြက္မည့္ ႏိုင္ငံျခားရင္းႏွီး ျမဳပ္ႏွံမႈဥပေဒအရ ခြင့္ျပဳထားေသာ ရင္းႏွီးႁမွဳပ္ႏွံသူမ်ား၊

(၆) ေက်းလက္ေဒသ ေတာင္သူလယ္သမားမ်ားႏွင့္ မိသားစုတစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဳးေရးလုပ္ကိုင္လိုသူမ်ား၊ အထက္တြင္ေဖာ္ျပထားသသည့္သူမ်ားသည္ ေအာက္ပါလုပ္ငန္းမ်ားအတြက္ ေလွ်ာက္ထားႏိုင္သည္-

(၁) စိုက္ပ်ိဳးေရးလုပ္ငန္း

(၂) ေမြးျမဴေရးလုပ္ငန္း

(၃) ဓါတ္သတၱဳထုတ္လုပ္ျခင္းလုပ္ငန္း

(၄) အစိုးရကခြင့္ျပဳထားေသာဥပေဒႏွင့္ညီၫႊတ္သည့္အျခားလုပ္ငန္းမ်ား ေလွ်ာက္ထားသူသည္ တိုင္းေဒသႀကီးလယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွဴးရံုးတြင္ ေလွ်ာက္လႊာထုတ္ယူၿပီး ေအာက္ပါအတိုင္းေလွ်ာက္ထားႏိုင္သည္။

ေအာက္ပါေျမဧကအတြက္ ဗဟိုေကာ္မတီသို႔ ေလွ်ာက္ထားရမည္ျဖစ္သည္။

- စီးပြားျဖစ္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖစ္သည့္ ႏွစ္ရွည္ပင္၊ ဥယ်ာဥ္ျခံသီးႏွံႏွင့္ စက္မႈကုန္ၾကမ္း၊ ရာသီ သီးႏွံမ်ားအတြက္ တစ္ႀကိမ္လွ်င္ ဧက ၃၀၀ႏွင့္အထက္ ဧက ၃၀၀၀ထက္ မပိုသည့္ ေလွ်ာက္ထားမႈမ်ား၊

- ေမြးျမဴေရးလုပ္ငန္းသည္ ဧက ၅၀အထက္ ေလွ်ာက္ထားမႈမ်ား၊

- ဓါတ္သတၱဳထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊

- အစိုးရကခြင့္ျပဳထားေသာဥပေဒႏွင့္ညီၫြတ္သည့္ အျခားလုပ္ငန္းမ်ား။ ေအာက္ပါေျမဧကအတြက္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ သို႔မဟုတ္ ျပည္ေထာင္စုနယ္ေျမ စီမံ ခန္႔ခြဲေရးေကာ္မတီသို႔ ေလွ်ာက္ထားရမည္။

- စီးပြားျဖစ္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖစ္သည့္ ႏွစ္ရွည္ပင္၊ ဥယ်ာဥ္ျခံသီးႏွံႏွင့္ စက္မႈကုန္ၾကမ္း၊ ရာသီသီးႏွံ မ်ားအတြက္ တစ္ႀကိမ္လွ်င္ ဧက ၃၀၀ ေအာက္ ေလွ်ာက္ထားမႈမ်ား၊

- မိသားစုတစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဳးေရးလုပ္ငန္းျဖစ္သည့္ ရာသီသီးႏွံအပါအ၀င္ စက္မႈကုန္ၾကမ္း ရာသီ သီးႏွံမ်ားအတြက္ တစ္ႀကိမ္လွ်င္ ဧက ၅၀ ႏွင့္ေအာက္ ေလွ်ာက္ထားမႈမ်ား၊

- မိသားစုတစ္ႏိုင္တစ္ပိုင္ေမြးျမဴေရး လုပ္ငန္းမ်ားအတြက္ တစ္ႀကိမ္လွ်င္ ဧက ၅၀ႏွင့္ေအာက္ ေလွ်ာက္ထားမႈမ်ား။ ေလွ်ာက္လႊာႏွင့္အတူေအာက္ပါအခ်က္အလက္မ်ား ပူးတြဲတင္သြင္းရမည္။

- ကြင္းေျမပံုရွိေသာ ေဒသျဖစ္လွ်င္ တည္ဆဲႏွစ္အတြက္ အသံုးျပဳလ်က္ရွိေသာ ၁၆ လက္မ=၁ မိုင္ စေကးေျမပံု (၂) ပံု။

- ကြင္းေျမပံုမရွိေသာေဒသျဖစ္လွ်င္ ၁လက္မ= ၁ မိုင္ စေကး သို႔မဟုတ္ ၁၅၀၀၀၀ စေကးျဖင့္ ေရးဆြဲ ထားသည့္ ယာယီေျမပံုၾကမ္း (၂) ပံု

- ေလွ်ာက္ထားသည့္ ေျမတည္ေနရာ၏ ရပ္ကြက္/ေက်းရြာအုပ္စု ပတ္၀န္းက်င္အၫႊန္းျပေျမပံု

- ေလွ်ာက္ထားသည့္ ေျမတည္ေနရာ၏ အနားေလးရပ္ဓာတ္ပံုမွတ္တမ္းႏွင့္ Google Map

- ေလွ်ာက္ထားသည့္လုပ္ငန္းအမ်ိဳးအစားအလိုက္ Site Plan

- လုပ္ငန္းစီမံခ်က္

- ေလွ်ာက္ထားသည့္နည္းလမ္းအတိုင္းသတ္မွတ္ကာလအတြင္း ေလွ်ာက္ထားသည့္လုပ္ငန္းကို ၿပီးစီး ေအာင္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေလွ်ာက္ထားသူ၏ ၀န္ခံခ်က္

- ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္မိတၱဴ

- ေလွ်ာက္ထားသူ၏ အိမ္ေထာင္စုစာရင္း မိတၱဴ

- မတည္ရင္းႏွီးေငြရွိေၾကာင္းေဖာ္ျပခ်က္ (Bank Statement)

- နီးစပ္ေသာ ေက်းရြာဥပစာ နယ္နိမိတ္မွ (၂)မိုင္ကြာေ၀းျခင္း ရွိ/မရွိ

- စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၏ ေထာက္ခံခ်က္

- ေမြးျမဴေရးလုပ္ငန္းအတြက္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ ေထာက္ခံခ်က္

- သစ္ေတာႀကိဳးဝိုင္းႏွင့္ကင္းလြတ္ေၾကာင္း၊ ပယ္ဖ်က္ထားေၾကာင္း ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၏ ေထာက္ခံခ်က္

- စားက်က္ေျမႏွင့္ကင္းလြတ္ေၾကာင္း/ပယ္ဖ်က္ထားေၾကာင္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေထာက္ခံခ်က္

- ပတ္၀န္းက်င္ေတာင္သူမ်ားမွ ကန္႔ကြက္ရန္မရွိေၾကာင္း ေထာက္ခံခ်က္

- ကုမၸဏီအဖြဲဲ႕အစည္းျဖစ္ပါက ကုမၸဏီ၏ရာဇ၀င္၊ အဖြဲ႕အစည္းဆိုင္ရာအခ်က္အလက္မ်ား

- လုပ္ငန္းသံုး စက္ကိရိယာပစၥည္းအမ်ိဳးအစား တစ္ခုခ်င္းအလိုက္စာရင္းႏွင့္ ဓာတ္ပံုမွတ္တမ္းမ်ား စသည္တို႔ပူးတြဲတင္ျပရပါမည္။

သတ္မွတ္ထားသည့္ေျမဧကအလိုက္ ဗဟိုေကာ္မတီမွ တိုင္းေဒသႀကီးစီမံခန္႔ခြဲေရးေကာ္မတီ၊ တိုင္းေဒသ ႀကီးစီမံခန္႔ခြဲေရးေကာ္မတီမွ တိုင္းေဒသႀကီးလယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွဴးရံုး၊ တိုင္းေဒသ ႀကီးလယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွဴးရံုးမွ သက္ဆိုင္ရာခ႐ိုင္ဦးစီးဌာနရံုး၊ သက္ဆိုင္ရာ ခ႐ိုင္ဦးစီးဌာနရံုးမွ ၿမိဳ႕နယ္ဦးစီးဌာနရံုး၊ ၿမိဳ႕နယ္ဦးစီးဌာနရံုးမွ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွဴးရံုးသို႔ အဆင့္ဆင့္ သေဘာထားမွတ္ခ်က္မ်ားေတာင္းခံၿပီး အထက္တြင္ေဖာ္ျပထားသည့္ ေျမဧရိယာ သတ္မွတ္ခ်က္လုပ္ပိုင္ခြင့္အတိုင္း လုပ္ကိုင္ခြင့္ ခြင့္ျပဳ/မျပဳ ဆံုးျဖတ္သည္။ ခြင့္ျပဳခ်က္ရရွိသည့္အခါ ျမန္မာ့ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္သို႔ အာမခံေၾကးေပးသြင္းေစပါသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္အသံုးျပဳခြင့္ ရရွိသူသည္ ေအာက္ပါစည္းကမ္းခ်က္မ်ားကို လိုက္နာရမည္။

- ခြင့္ျပဳထားသည့္ လုပ္ငန္းအမ်ိဳးအစားႏွင့္ ယင္းႏွင့္ဆက္ႏြယ္လွ်က္ရွိေသာ စီးပြားေရးလုပ္ငန္းကိုသာ လုပ္ကိုင္ရမည္။

- လုပ္ပိုင္ခြင့္ရေျမကို စတင္ခြင့္ျပဳသည့္ေန႔မွစ၍ (၄) ႏွစ္အတြင္း သတ္မွတ္ခ်က္အတိုင္း လုပ္ငန္းၿပီးစီးသည္အထိ ေဖာ္ထုတ္လုပ္ကိုင္ရမည္။ (၄) ႏွစ္ေက်ာ္လြန္သည္အထိ အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းမရွိလွ်င္ ႏိုင္ငံေတာ္ကျပန္လည္သိမ္းယူၿပီးျဖစ္သည္ဟု မွတ္ယူရမည္။ ေျမလြတ္၊ ေျမလပ္ ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒပုဒ္မ-၂၂(ဂ)

- စတင္ခြင့္ျပဳသည့္ေန႔မွ (၄) ႏွစ္အတြင္း သတ္မွတ္ထားသည့္စည္းကမ္းခ်က္ႏွင့္အညီ လုပ္ငန္း ေဆာင္ရြက္ရန္ပ်က္ကြက္ေၾကာင္း သို႔မဟုတ္ စည္းကမ္းခ်က္ကို ခ်ိဳးေဖာက္ေၾကာင္းေတြ႕ရွိပါက အာမခံေၾကးကို ႏိုင္ငံဘ႑ာေငြအျဖစ္ သိမ္းဆည္းခံရမည့္အျပင္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသံုးျပဳခြင့္ကို ျပန္လည္႐ုပ္သိမ္းျခင္းခံရမည္။ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒပုဒ္မ-၂၂ (ဃ)

- ခြင့္ျပဳခ်က္ရယူထားေသာ လုပ္ငန္းမွအပ ေျမေပၚေျမေအာက္ရွိ အျခားသယံဇာတပစၥည္းမ်ားကို ထုတ္ယူျခင္းမျပဳရ။

အထက္ပါ လိုအပ္ခ်က္၊ ကန္႔သတ္ခ်က္၊ စည္းမ်ဥ္းမ်ားအတိုင္း ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္ အသံုးျပဳခြင့္ကို ေလွ်ာက္ထားရမည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေ ၃အရ အောက်ပါပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ သည် ဗဟိုကော်မတီသို့ လျှောက်ထားနိုင်ပါသည်။

(၁) မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံသူများ၊

(၂) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊

(၃) ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ ၁၄အရ သက်ဆိုင်ရာဝန်ကြီးဌာနက ကင်းလွတ်ခွင့်ပြုထားသူများဖြစ်သည့် နိုင်ငံတော်နှင့်သံတမန်အဆက်အသွယ်ရှိသော နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အခြားမည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၊

(၄) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်နှင့် အကျိုးတူကိစ္စရပ်များအတွက်ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြုပ်နှံသူများ၊

(၅) မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံသူများနှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊

(၆) ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ကိုင်လိုသူများ၊ အထက်တွင်ဖော်ပြထားသသည့်သူများသည် အောက်ပါလုပ်ငန်းများအတွက် လျှောက်ထားနိုင်သည်-

(၁) စိုက်ပျိုးရေးလုပ်ငန်း

(၂) မွေးမြူရေးလုပ်ငန်း

(၃) ဓါတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း

(၄) အစိုးရကခွင့်ပြုထားသောဥပဒေနှင့်ညီညွှတ်သည့်အခြားလုပ်ငန်းများ လျှောက်ထားသူသည် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးတွင် လျှောက်လွှာထုတ်ယူပြီး အောက်ပါအတိုင်းလျှောက်ထားနိုင်သည်။

အောက်ပါမြေဧကအတွက် ဗဟိုကော်မတီသို့ လျှောက်ထားရမည်ဖြစ်သည်။

- စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း၊ ရာသီ သီးနှံများအတွက် တစ်ကြိမ်လျှင် ဧက ၃၀၀နှင့်အထက် ဧက ၃၀၀၀ထက် မပိုသည့် လျှောက်ထား မှုများ၊

- မွေးမြူရေးလုပ်ငန်းသည် ဧက ၅၀အထက် လျှောက်ထားမှုများ၊

- ဓါတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများ၊

- အစိုးရကခွင့်ပြုထားသောဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ။ အောက်ပါမြေဧကအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ စီမံ ခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။

- စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း၊ ရာသီသီးနှံ များအတွက် တစ်ကြိမ်လျှင် ဧက ၃၀၀ အောက် လျှောက်ထားမှုများ၊

- မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ရာသီသီးနှံအပါအဝင် စက်မှုကုန်ကြမ်း ရာသီ သီးနှံများအတွက် တစ်ကြိမ်လျှင် ဧက ၅၀ နှင့်အောက် လျှောက်ထားမှုများ၊

- မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ငန်းများအတွက် တစ်ကြိမ်လျှင် ဧက ၅၀နှင့်အောက် လျှောက်ထားမှုများ။ လျှောက်လွှာနှင့်အတူအောက်ပါအချက်အလက်များ ပူးတွဲတင်သွင်းရမည်။

- ကွင်းမြေပုံရှိသော ဒေသဖြစ်လျှင် တည်ဆဲနှစ်အတွက် အသုံးပြုလျက်ရှိသော ၁၆ လက်မ=၁ မိုင် စကေးမြေပုံ (၂) ပုံ။

- ကွင်းမြေပုံမရှိသောဒေသဖြစ်လျှင် ၁လက်မ= ၁ မိုင် စကေး သို့မဟုတ် ၁၅၀၀၀၀ စကေးဖြင့် ရေးဆွဲ ထားသည့် ယာယီမြေပုံကြမ်း (၂) ပုံ

- လျှောက်ထားသည့် မြေတည်နေရာ၏ ရပ်ကွက်/ကျေးရွာအုပ်စု ပတ်ဝန်းကျင်အညွှန်းပြမြေပုံ

- လျှောက်ထားသည့် မြေတည်နေရာ၏ အနားလေးရပ်ဓာတ်ပုံမှတ်တမ်းနှင့် Google Map

- လျှောက်ထားသည့်လုပ်ငန်းအမျိုးအစားအလိုက် Site Plan

- လုပ်ငန်းစီမံချက်

- လျှောက်ထားသည့်နည်းလမ်းအတိုင်းသတ်မှတ်ကာလအတွင်း လျှောက်ထားသည့်လုပ်ငန်းကို ပြီးစီး အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှောက်ထားသူ၏ ဝန်ခံချက်

- လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ

- လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း မိတ္တူ

- မတည်ရင်းနှီးငွေရှိကြောင်းဖော်ပြချက် (Bank Statement)

- နီးစပ်သော ကျေးရွာဥပစာ နယ်နိမိတ်မှ (၂)မိုင်ကွာဝေးခြင်း ရှိ/မရှိ

- စိုက်ပျိုးရေးလုပ်ငန်းအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်

- မွေးမြူရေးလုပ်ငန်းအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်

- သစ်တောကြိုးဝိုင်းနှင့်ကင်းလွတ်ကြောင်း၊ ပယ်ဖျက်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာန၏ ထောက်ခံချက်

- စားကျက်မြေနှင့်ကင်းလွတ်ကြောင်း/ပယ်ဖျက်ထားကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်

- ပတ်ဝန်းကျင်တောင်သူများမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်

- ကုမ္ပဏီအဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၏ရာဇဝင်၊ အဖွဲ့အစည်းဆိုင်ရာအချက်အလက်များ

- လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းအမျိုးအစား တစ်ခုချင်းအလိုက်စာရင်းနှင့် ဓာတ်ပုံမှတ်တမ်းများ စသည်တို့ပူးတွဲတင်ပြရပါမည်။

သတ်မှတ်ထားသည့်မြေဧကအလိုက် ဗဟိုကော်မတီမှ တိုင်းဒေသကြီးစီမံခန့်ခွဲရေးကော်မတီ၊ တိုင်းဒေသ ကြီးစီမံခန့်ခွဲရေးကော်မတီမှ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံး၊ တိုင်းဒေသ ကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးမှ သက်ဆိုင်ရာခရိုင်ဦးစီးဌာနရုံး၊ သက်ဆိုင်ရာ ခရိုင်ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးဌာနရုံး၊ မြို့နယ်ဦးစီးဌာနရုံးမှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးရုံးသို့ အဆင့်ဆင့် သဘောထားမှတ်ချက်များတောင်းခံပြီး အထက်တွင်ဖော်ပြထားသည့် မြေဧရိယာ သတ်မှတ်ချက်လုပ်ပိုင်ခွင့်အတိုင်း လုပ်ကိုင်ခွင့် ခွင့်ပြု/မပြု ဆုံးဖြတ်သည်။ ခွင့်ပြုချက်ရရှိသည့်အခါ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ အာမခံကြေးပေးသွင်းစေပါသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် ရရှိသူသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်။

- ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားနှင့် ယင်းနှင့်ဆက်နွယ်လျှက်ရှိသော စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။

- လုပ်ပိုင်ခွင့်ရမြေကို စတင်ခွင့်ပြုသည့်နေ့မှစ၍ (၄) နှစ်အတွင်း သတ်မှတ်ချက်အတိုင်း လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်။ (၄) နှစ်ကျော်လွန်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိလျှင် နိုင်ငံတော်ကပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၂(ဂ)

- စတင်ခွင့်ပြုသည့်နေ့မှ (၄) နှစ်အတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်နှင့်အညီ လုပ်ငန်း ဆောင်ရွက်ရန်ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်းတွေ့ရှိပါက အာမခံကြေးကို နိုင်ငံဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၂ (ဃ)

- ခွင့်ပြုချက်ရယူထားသော လုပ်ငန်းမှအပ မြေပေါ်မြေအောက်ရှိ အခြားသယံဇာတပစ္စည်းများကို ထုတ်ယူခြင်းမပြုရ။

အထက်ပါ လိုအပ်ချက်၊ ကန့်သတ်ချက်၊ စည်းမျဉ်းများအတိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ကို လျှောက်ထားရမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။ iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service