၂၀၁၉ ကို အာရှဟိုတယ်ရင်းနှီးမြှုပ်နှံမှုတွင် ထူးကဲများပြားသည့်နှစ်အဖြစ် မြင်ရ
၂၀၁၉ ကို အာရှဟိုတယ်ရင်းနှီးမြှုပ်နှံမှုတွင် ထူးကဲများပြားသည့်နှစ်အဖြစ် မြင်ရ - Property News in Myanmar from iMyanmarHouse.com
12 Dec 2019 10:27 am တွင် တင်ခဲ့သည်
604 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
၂၀၁၉ ခုနှစ်တစ်နှစ်တာလုံး၌ အာရှပစိဖိတ်တွင် ဟိုတယ်ရင်းနှီးမြှုပ်နှံမှုများသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်လွန်ကာ ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား မြင့်တက်နိုင်ခြေရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဟိုတယ်ဝယ်လိုအားသည်ဆက်လက်အားကောင်းဆဲဖြစ်သဖြင့်ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ JLL မှ မကြာသေးမီကထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်အရ သိရသည်။
ယခုနှစ်ပထမကိုးလတာအတွင်း အာရှပစိဖိတ်ဒေသအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလျံတန်ကြေးရှိ အရောင်းအဝယ်များ အောင်မြင်ပြီးစီးခဲ့သည်။ ထို့ကြောင့် နှစ်ကုန်အထိ တစ်နှစ်တာလုံးအတွက်မူ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကျော်သွားပြီး ပြီးခဲ့သည့်ဆယ်နှစ်အတွင်း တတိယအကြိမ်အဖြစ် စံချိန်တင်များပြားနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ၎င်း ၁၁ ဘီလျံကဲ့သို့သော အရောင်းအဝယ်ပမာဏသည် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ၂၀၁၇ နှင့် ၂၀၁၅ တွင်သာ ရှိခဲ့ပေသည်။
အာရှပစိတ်ဖိတ်တွင် ဟိုတယ်အရောင်းအဝယ်၌ ဂျပန်က စွမ်းဆောင်ရည်အကောင်းဆုံးနိုင်ငံဖြစ်လာမည်ဟု ထင်မှတ်ရပေသည်။ ဂျပန်တွင် ယခင်နှစ်ကထက် အရောင်းအဝယ် ၆၀ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၄ ဘီလျံဖိုးရှိလာမည်ဟု ခန့်မှန်းရသည်။
၎င်းပမာဏသည် နိုင်ငံသက်တမ်းတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သည့် ၂၀၀၇ ခုနှစ်ရောင်းအားထက်ပင် သာလွန်ပေသည်။ ထို့အပြင် ယင်းအားကောင်းမှုသည် နောင်နှစ်များသို့တိုင် အရှိန်ဆက်ပါမည်ဟု ခန့်မှန်းရပေသည်။ ခရီးသွားဝင်ရောက်မှုတိုးတက်စေပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးမည့် ၂၀၂၀ အိုလံပစ်အားကစားပွဲတော်နှင့် ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲတို့အပါအဝင် လာမည့်နှစ်အနည်းငယ်အတွင်း အခမ်းအနားကြီးများကို ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
ကုန်သွယ်ရေးစွမ်းဆောင်ရည်ကောင်းမှု၊ ခရီးသွားဝင်ရောက်မှုအားကောင်းမှုနှင့် ခရီးသွားလုပ်ငန်းခြေလှမ်းသစ်များကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ စက်ကွင်းတွင် အမြဲထိပ်ရောက်ဆဲဖြစ်သည့် စင်္ကာပူတွင်ဟိုတယ်မြေနေရာအရောင်းအဝယ်များအပါအဝင်ယခုနှစ်အတွင်း စုစုပေါင်းအရောင်းအဝယ်ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကျော်လွန်ကာ နိုင်ငံသမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်ဖြစ်လာမည်ဟု ခန့်မှန်းရသည်။
နိုင်ငံတော်အဆင့်စီမံကိန်းများအရ ကျွန်းနိုင်ငံငယ်လေး၏ မြင်ကွင်းကို လာမည့်နှစ်များအတွင်း တဖြည်းဖြည်းပြောင်းလဲကာ ကမ္ဘာ့စီးပွားရေးတံခါးပေါက်နှင့် ခရီးသွားဘုံနန်းအဖြစ် ၎င်း၏ရပ်တည်မှုကို ပိုမိုအဆင့်မြှင့်သွားမည်ဟု သိရသည်။
တရုတ်တွင် ရုံခန်းငှားလိုအား အားပျော့လာခြင်းနှင့် လက်လီရောင်းအားကျဆင်းလာခြင်းတို့က ရင်းနှီးမြှုပ်နှံသူများအား ဟိုတယ်များသို့မျက်စိကျလာစေခဲ့သည်။
ယခုနှစ်အတွင်း တရုတ်တွင်ဟိုတယ်အရောင်းအဝယ်ပမာဏ အသင့်အတင့်သာရှိမည်ဟု ခန့်မှန်းရသော်လည်း လာမည့်နှစ်တွင်မူ ရှန်ဟိုင်းနှင့် ပေကျင်းတို့တွင် ယခုနှစ်အတွင်းမပြီးပြတ်သေးသည့် နာမည်ကြီးအရောင်းအဝယ်များစွာ ပြီးဖြစ်မြောက်နိုင်သဖြင့် ပမာဏမြင့်တက်နိုင်ခြေရှိသည်ဟု JLL ၏ အစီရင်ခံစာတွင်ဖော်ပြခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
mya-villa
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service