ေတာင္ကိုရီးယား ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီက ဂ်ာမနီႏိုင္ငံ၊ ကိုလုန္းျမိဳ ႔ရွိ ျမိဳ ႔ေတာ္ခန္းမကို ယူရို သန္း ၅၀၀ ျဖင့္ ေရာင္းခ်

ေတာင္ကိုရီးယား ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီက ဂ်ာမနီႏိုင္ငံ၊ ကိုလုန္းျမိဳ ႔ရွိ ျမိဳ ႔ေတာ္ခန္းမကို ယူရို သန္း ၅၀၀ ျဖင့္ ေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
11 Dec 2019 12:34 pm တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေတာင္ကိုရီးယား ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ Mirae သည္ ဂ်ာမနီႏိုင္ငံ၊ ကိုလုန္းျမိဳ ႔ရွိ ျမိဳ ႔ေတာ္ခန္းမကို ယူရို သန္း ၅၀၀ ျဖင့္ ေရာင္းခ်လိုက္ေၾကာင္း ရွန္ဟိုင္း အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

Mirae Asset Global Investments သည္ ကိုလုန္းျမိဳ ႔ေတာ္ခန္းမကို ဂ်ာမနီကုမၸဏီ DIC Asset AG ထံ ယူရို သန္း ၅၀၀ (ကန္ေဒၚလာ ၅၅၅ သန္း) ျဖင့္ ေရာင္းခ်လိုက္ျခင္းျဖစ္သည္။

Mirae က အဆိုပါအေဆာက္အအံုၾကီးကို ၃ ႏွစ္ခြဲေက်ာ္ ပိုင္ဆိုင္ခဲ့ျပီးေနာက္ ယခုျပန္လည္ေရာင္းထုတ္ရာတြင္ ၂၇ ရာခိုင္ႏႈန္းခန္႔ ျမတ္စြန္းခဲ့သည္ဟု ဆိုသည္။

ေဒသတြင္းတြင္ Stadthaus အေဆာက္အအံုဟု လူသိမ်ားသည္။

ဂ်ာမနီႏိုင္ငံ အေနာက္ပိုင္းတြင္ တည္ရွိျပီး ဗိသုကာပညာရွင္ Peter Böhm ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ခဲ့သည့္ အဆိုပါအေဆာက္အအံုၾကီးတြင္ အစိုးရဝန္ထမ္းေပါင္း ၃၅၀၀ ကို ေနရာခ်ထားထားသည္။

လက္ရွိအားျဖင့္ ယင္းအေဆာက္အအံုကို ကိုလုန္းျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ထံ အငွားခ်ထားျခင္းျဖစ္ျပီး က်န္ရွိေသာ အငွားသက္တမ္းမွာ ၉ ႏွစ္ ျဖစ္သည္။

ဖရန္႔ဖတ္ျမိဳ ႔အေျခစိုက္ ဝယ္လက္ DIC က ေၾကညာထားရာတြင္ ၎တို႔ကုမၸဏီသည္ ဂ်ာမန္ရင္းႏွီးျမွဳပ္ႏွံသူ ၅ ဦးကိုယ္စား အဆိုပါအေဆာက္အအံုကို ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေၾကညာထားသည္။

DIC ကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ Sonja Wärntges က ေျပာၾကားရာတြင္ Stadthaus အေဆာက္အအံုသည္ စြဲေဆာင္မႈ အားေကာင္းေသာ အထင္ကရ အေဆာက္အအံုတစ္ခုျဖစ္ျပီး တည္ျငိမ္ေသာ ေရရွည္ဝင္ေငြရွိေၾကာင္း ေျပာၾကားသည္။

Mirae ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးက ေတာင္ကိုရီးယားသတင္းမီဒီယာသို႔ ေျပာၾကားခဲ့ရာတြင္ အဆိုပါအေဆာက္အအံုကို ကမၻာလံုးဆိုင္ရာ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ရန္ပံုေငြမွတဆင့္ဝယ္ယူခဲ့ျခင္းျဖစ္ျပီး တည္ျငိမ္ေသာ ႏွစ္စဥ္ဝင္ေငြ ၈ ရာခုိင္ႏႈန္းခန္႔ ရရွိေၾကာင္း ေျပာၾကားသည္။

Bf Deutz ျမန္ႏႈန္းျမင့္ ရထားဘူတာရံုႏွင့္ ကပ္လ်က္တည္ရွိသည့္ Stadthaus အေဆာက္အအံုကို Mirae Asset က ၂၀၁၆ ခုႏွစ္၊ ဧျပီလအတြင္း ယူရို ၃၆၅ သန္းျဖင့္ ဂ်ာမနီ အိမ္ျခံေျမလုပ္ငန္းရွင္ Joseph Esch ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Joseph Esch သည္ အဆိုပါ အေဆာက္အအံုၾကီးကို ပုဂၢလိက ဘဏ္တစ္ခုျဖစ္ေသာ Sal Oppenheim ႏွင့္ ပူးေပါင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ပုဂၢလိကဘဏ္ Sal Oppenheim ကို ၂၀၁၀ ျပည့္ႏွစ္တြင္ Deutsche Bank က ပိုင္ဆိုင္သြားသည္။

Stadthaus အေဆာက္အအံုတည္ရွိရာဝန္းကို ၁၉၉၈ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျပီး ရံုးခန္းအေဆာက္အအံုမ်ား ေပါင္းစည္းထားသည့္ေနရာတစ္ခုျဖစ္ကာ အငွားခ်ထားႏိုင္သည့္ ၾကမ္းခင္းဧရိယာ ၁၀၃၅၉၃ စတုရန္းမီတာ ( စတုရန္းေပ ၁ ဒသမ ၁ သန္း) ရွိျပီး ကားအစင္းေရ ၂၉၀၀ ခန္႔ ရပ္နားႏိုင္သည့္ေနရာမ်ား ပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Mirae သည် ဂျာမနီနိုင်ငံ၊ ကိုလုန်းမြို့ရှိ မြို့တော်ခန်းမကို ယူရို သန်း ၅၀၀ ဖြင့် ရောင်းချလိုက်ကြောင်း ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။ Mirae Asset Global Investments သည် ကိုလုန်းမြို့တော်ခန်းမကို ဂျာမနီကုမ္ပဏီ DIC Asset AG ထံ ယူရို သန်း ၅၀၀ (ကန်ဒေါ်လာ ၅၅၅ သန်း) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်။

Mirae က အဆိုပါအဆောက်အအုံကြီးကို ၃ နှစ်ခွဲကျော် ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုပြန်လည်ရောင်းထုတ်ရာတွင် ၂၇ ရာခိုင်နှုန်းခန့် မြတ်စွန်းခဲ့သည်ဟု ဆိုသည်။

ဒေသတွင်းတွင် Stadthaus အဆောက်အအုံဟု လူသိများသည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိပြီး ဗိသုကာပညာရှင် Peter Böhm ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့သည့် အဆိုပါအဆောက်အအုံကြီးတွင် အစိုးရဝန်ထမ်းပေါင်း ၃၅၀၀ ကို နေရာချထားထားသည်။

လက်ရှိအားဖြင့် ယင်းအဆောက်အအုံကို ကိုလုန်းမြို့အုပ်ချုပ်ရေးအဖွဲ့ထံ အငှားချထားခြင်းဖြစ်ပြီး ကျန်ရှိသော အငှားသက်တမ်းမှာ ၉ နှစ် ဖြစ်သည်။

ဖရန့်ဖတ်မြို့အခြေစိုက် ဝယ်လက် DIC က ကြေညာထားရာတွင် ၎င်းတို့ကုမ္ပဏီသည် ဂျာမန်ရင်းနှီးမြှုပ်နှံသူ ၅ ဦးကိုယ်စား အဆိုပါအဆောက်အအုံကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

DIC ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Sonja Wärntges က ပြောကြားရာတွင် Stadthaus အဆောက်အအုံသည် စွဲဆောင်မှု အားကောင်းသော အထင်ကရ အဆောက်အအုံတစ်ခုဖြစ်ပြီး တည်ငြိမ်သော ရေရှည်ဝင်ငွေရှိကြောင်း ပြောကြားသည်။

Mirae ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက တောင်ကိုရီးယားသတင်းမီဒီယာသို့ ပြောကြားခဲ့ရာတွင် အဆိုပါအဆောက်အအုံကို ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေမှတဆင့်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တည်ငြိမ်သော နှစ်စဉ်ဝင်ငွေ ၈ ရာခိုင်နှုန်းခန့် ရရှိကြောင်း ပြောကြားသည်။

Bf Deutz မြန်နှုန်းမြင့် ရထားဘူတာရုံနှင့် ကပ်လျက်တည်ရှိသည့် Stadthaus အဆောက်အအုံကို Mirae Asset က ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ယူရို ၃၆၅ သန်းဖြင့် ဂျာမနီ အိမ်ခြံမြေလုပ်ငန်းရှင် Joseph Esch ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Joseph Esch သည် အဆိုပါ အဆောက်အအုံကြီးကို ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သော Sal Oppenheim နှင့် ပူးပေါင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိကဘဏ် Sal Oppenheim ကို ၂၀၁၀ ပြည့်နှစ်တွင် Deutsche Bank က ပိုင်ဆိုင်သွားသည်။

Stadthaus အဆောက်အအုံတည်ရှိရာဝန်းကို ၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ရုံးခန်းအဆောက်အအုံများ ပေါင်းစည်းထားသည့်နေရာတစ်ခုဖြစ်ကာ အငှားချထားနိုင်သည့် ကြမ်းခင်းဧရိယာ ၁၀၃၅၉၃ စတုရန်းမီတာ ( စတုရန်းပေ ၁ ဒသမ ၁ သန်း) ရှိပြီး ကားအစင်းရေ ၂၉၀၀ ခန့် ရပ်နားနိုင်သည့်နေရာများ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service