စုပံုေနေသာစကၤာပူလူေနအိမ္ေရာင္းလိုအားကို ႏွစ္ႏွင့္ခ်ီၿဖိဳရမည္ဟု ပညာရွင္မ်ား သတိေပး

စုပံုေနေသာစကၤာပူလူေနအိမ္ေရာင္းလိုအားကို ႏွစ္ႏွင့္ခ်ီၿဖိဳရမည္ဟု ပညာရွင္မ်ား သတိေပး - Property News in Myanmar from iMyanmarHouse.com
11 Dec 2019 10:48 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူသည္ ႏွစ္ႏွင့္ခ်ီအခ်ိန္ယူရွင္းလင္းရမည့္ ပုဂၢလိကေနအိမ္အလွ်ံအပယ္ျဖစ္မႈႏွင့္ လက္တေလာရင္ဆုိင္ေနရေၾကာင္း ဘလြန္းဘတ္သတင္းတစ္ရပ္တြင္ ေဖာ္ျပခဲ့သည္။

စကၤာပူဗဟိုဘဏ္ကလည္း ယင္းအေျခအေနသည္ အထူးသျဖင့္ ျပည္တြင္းစီးပြားေရး၏အနာဂတ္မေရမရာျဖစ္သည္ႏွင့္အမွ် ေဈးႏႈန္းျပန္လည္နာလန္ထူလာစျပဳမႈကို အေႏွာင့္အယွက္ျဖစ္ေစႏုိင္ေၾကာင္း သတိေပးခဲ့သည္။

စက္တင္ဘာ ၃၀ အထိ စကၤာပူတြင္ ေရာင္းမထြက္ေသးသည့္ ေနအိမ္အေရအတြက္ ၃၁၉၄၈ ရွိေၾကာင္း စကၤာပူၿမိဳ႕ေတာ္စည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕ (URA) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔အျပင္ Cushman & Wakefield ၏ စကၤာပူႏွင့္ အေရွ႕ေတာင္အာရွဆုိင္ရာ သုေတသနေခါင္းေဆာင္ ခရစၥတင္းလီကလည္း ယခုႏွစ္အတြင္း သီတင္းပတ္တစ္ခုလွ်င္ ေနအိမ္ ၂၅၀၀ ပ်မ္းမွ်ေရာင္းခ်ခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ URA ၏ ထုတ္ျပန္ခ်က္ပါ ပံုေနေသာေနအိမ္အေရအတြက္အားလံုး ေရာင္းထြက္သြားရန္ ေလးႏွစ္ဝန္းက်င္ၾကာ အခ်ိန္ယူရမည့္အဓိပၸါယ္သက္ေရာက္ေနေၾကာင္း ေျပာၾကားခဲ့သည္။

၎ေနအိမ္အလွ်ံအပယ္ျဖစ္ေနမႈကို ရင္ဆုိုင္ေျဖရွင္းရန္အလို႔ငွာ အိ္မ္ၿခံေျမ developer မ်ားက ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ တံဆိပ္ေခါင္းခြန္ ၂၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးရန္ႏွင့္ ျပစ္ဒဏ္အခြန္အေကာက္မ်ား အေကာင္အထည္မေဖာ္မီ အိမ္ၿခံေျမမ်ားေရာင္းခ်ခ်ိန္ပိုမိုေပးရန္ အစိုးရထံ ေတာင္းဆိုခဲ့ၾကသည္။

ျပည္တြင္းစီးပြားေရးမေရရာသည္ႏွင့္အမွ် ေနအိမ္ေရာင္းအားသည္ လာမည့္ႏွစ္အတြင္း ငါးရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းအၾကား က်ဆင္းႏုိင္ေၾကာင္း စကၤာပူအေျခစိုက္အိမ္ၿခံေျမကုမၸဏီ OrangeTee & Tie ၏ သုေတသနေခါင္းေဆာင္ ခရစၥတင္းဆန္းကလည္း ေျပာၾကားခဲ့သည္။

မည္သုိ႔ပင္ျဖစ္ေစ လာမည့္ႏွစ္တြင္ စကၤာပူစီးပြားေရး အမ်ားအျပားမက်ဆင္းသေရြ႕ အိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၁ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းအၾကား ေႏွးေကြးေသာႏႈန္းျဖင့္ ျမင့္တက္ႏုိင္ေသးေပသည္။

ထိုေနအိမ္ေရာင္းလိုအားအလြန္မ်ားျပားမႈသည္ စကၤာပူတစ္ႏုိင္ငံလံုးတြင္ ပိုင္ရွင္မ်ားက စုေပါင္း၍ တိုက္ခန္းအစုလိုက္အကြက္လိုက္ကို developer မ်ားသို႔ ေရာင္းခ်ျခင္းျဖစ္သည့္ စုေပါင္းေရာင္းခ်မႈေရာဂါထခဲ့သျဖင့္ အိမ္ၿခံေျမအေရာင္းအဝယ္အလြန္ေကာင္းခဲ့သည့္ကာလျဖစ္ေသာ ၂၀၁၇ မွ ၂၀၁၈ အၾကား စတင္ခဲ့ျခင္းျဖစ္သည္ဟု Cushman & Wakefield ၏ သုေတသီမ်ားက ယူဆထားၾကသည္။

၎ေရာဂါထပ္မံမျဖစ္ပြားေစရန္ အစိုးရအေနျဖင့္ ပိုမိုတင္းက်ပ္ေသာ စီမံခ်က္မ်ား အေကာင္အထည္ေဖာ္ခ်မွတ္သင့္သည္ဟုလည္း လီက သံုးသပ္အႀကံျပဳထားေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူသည် နှစ်နှင့်ချီအချိန်ယူရှင်းလင်းရမည့် ပုဂ္ဂလိကနေအိမ်အလျှံအပယ်ဖြစ်မှုနှင့် လက်တလောရင်ဆိုင်နေရကြောင်း ဘလွန်းဘတ်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

စင်္ကာပူဗဟိုဘဏ်ကလည်း ယင်းအခြေအနေသည် အထူးသဖြင့် ပြည်တွင်းစီးပွားရေး၏အနာဂတ်မရေမရာဖြစ်သည်နှင့်အမျှ ဈေးနှုန်းပြန်လည်နာလန်ထူလာစပြုမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။

စက်တင်ဘာ ၃၀ အထိ စင်္ကာပူတွင် ရောင်းမထွက်သေးသည့် နေအိမ်အရေအတွက် ၃၁၉၄၈ ရှိကြောင်း စင်္ကာပူမြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ (URA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် Cushman & Wakefield ၏ စင်္ကာပူနှင့် အရှေ့တောင်အာရှဆိုင်ရာ သုတေသနခေါင်းဆောင် ခရစ္စတင်းလီကလည်း ယခုနှစ်အတွင်း သီတင်းပတ်တစ်ခုလျှင် နေအိမ် ၂၅၀၀ ပျမ်းမျှရောင်းချခဲ့ရကြောင်း၊ ထို့ကြောင့် URA ၏ ထုတ်ပြန်ချက်ပါ ပုံနေသောနေအိမ်အရေအတွက်အားလုံး ရောင်းထွက်သွားရန် လေးနှစ်ဝန်းကျင်ကြာ အချိန်ယူရမည့်အဓိပ္ပါယ်သက်ရောက်နေကြောင်း ပြောကြားခဲ့သည်။

၎င်းနေအိမ်အလျှံအပယ်ဖြစ်နေမှုကို ရင်ဆိုင်ဖြေရှင်းရန်အလို့ငှာ အိမ်ခြံမြေ developer များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တံဆိပ်ခေါင်းခွန် ၂၀ ရာခိုင်နှုန်း လျှော့ချပေးရန်နှင့် ပြစ်ဒဏ်အခွန်အကောက်များ အကောင်အထည်မဖော်မီ အိမ်ခြံမြေများရောင်းချချိန်ပိုမိုပေးရန် အစိုးရထံ တောင်းဆိုခဲ့ကြသည်။

ပြည်တွင်းစီးပွားရေးမရေရာသည်နှင့်အမျှ နေအိမ်ရောင်းအားသည် လာမည့်နှစ်အတွင်း ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ကျဆင်းနိုင်ကြောင်း စင်္ကာပူအခြေစိုက်အိမ်ခြံမြေကုမ္ပဏီ OrangeTee & Tie ၏ သုတေသနခေါင်းဆောင် ခရစ္စတင်းဆန်းကလည်း ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ လာမည့်နှစ်တွင် စင်္ကာပူစီးပွားရေး အများအပြားမကျဆင်းသရွေ့ အိမ်ခြံမြေဈေးနှုန်းများသည် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား နှေးကွေးသောနှုန်းဖြင့် မြင့်တက်နိုင်သေးပေသည်။

ထိုနေအိမ်ရောင်းလိုအားအလွန်များပြားမှုသည် စင်္ကာပူတစ်နိုင်ငံလုံးတွင် ပိုင်ရှင်များက စုပေါင်း၍ တိုက်ခန်းအစုလိုက်အကွက်လိုက်ကို developer များသို့ ရောင်းချခြင်းဖြစ်သည့် စုပေါင်းရောင်းချမှုရောဂါထခဲ့သဖြင့် အိမ်ခြံမြေအရောင်းအဝယ်အလွန်ကောင်းခဲ့သည့်ကာလဖြစ်သော ၂၀၁၇ မှ ၂၀၁၈ အကြား စတင်ခဲ့ခြင်းဖြစ်သည်ဟု Cushman & Wakefield ၏ သုတေသီများက ယူဆထားကြသည်။

၎င်းရောဂါထပ်မံမဖြစ်ပွားစေရန် အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သော စီမံချက်များ အကောင်အထည်ဖော်ချမှတ်သင့်သည်ဟုလည်း လီက သုံးသပ်အကြံပြုထားကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service