ဝယ္လက္မ်ားအား ပန္းၿခံျမင္ကြင္းအစား ပလတ္စတစ္ေရကန္ ေပးခဲ့သည့္ တ႐ုတ္အိမ္ၿခံေျမ developer ေဝဖန္ခံေနရ

ဝယ္လက္မ်ားအား ပန္းၿခံျမင္ကြင္းအစား ပလတ္စတစ္ေရကန္ ေပးခဲ့သည့္ တ႐ုတ္အိမ္ၿခံေျမ developer ေဝဖန္ခံေနရ - Property News in Myanmar from iMyanmarHouse.com
27 Nov 2019 12:04 pm တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တ႐ုတ္ႏုိင္ငံအလယ္ပိုင္း ဟူနန္ျပည္နယ္ ခ်န္ရွားၿမိဳ႕တြင္ အိမ္ၿခံေျမ developer တစ္ဦးသည္ ကတိေပးခဲ့သည့္အတိုင္း အမ်ားျပည္သူပိုင္ဧရိယာတြင္ ျမက္ပင္ဖံုးလႊမ္းမႈမ်ားႏွင့္ ပန္းၿခံျမင္ကြင္းမ်ားဖန္တီးေပးရမည့္အစား ပလတ္စတစ္ေရကန္ ဖန္တီးေပးလိုက္သျဖင့္ အိမ္ဝယ္ယူခဲ့ၾကသူမ်ား၏ ျပင္းျပင္းထန္ထန္ျပစ္တင္ေဝဖန္မႈမ်ားႏွင့္ ရင္ဆုိင္ေနရသည္။

ခ်န္ရွားၿမိဳ႕ရွိ လူေနအိမ္စီမံကိန္းသစ္တစ္ခုကို ဝယ္ယူခဲ့ၾကသူမ်ားသည္ ၿပီးခဲ့သည့္သီတင္းပတ္ကုန္တြင္ ေသာ့အပ္ခံရသျဖင့္ သူတို႔၏အခန္းမ်ားသို႔ သြားေရာက္ခဲ့ၾကသည့္အခါမွ ပလတ္စတစ္ေရကန္ကို ေတြ႕ရွိခဲ့ၾကျခင္းျဖစ္သည္။

“မသိရင္ေတာ့ ေရျပာအိုင္ရဲ႕အလယ္မွာ ကၽြန္ေတာ္မတ္တပ္ရပ္ေနတယ္လုိ႔ ထင္ရပါတယ္။ တကယ္တမ္းေတာ့ မဟုတ္ပါဘူး။ ေက်ာက္ေဆာင္ေတြ၊ သစ္ပင္ေတြလည္း မရွိပါဘူး။” ဟု ပိုင္ရွင္တစ္ဦးက ေျပာၾကားခဲ့သည္။

ျမက္ပင္မ်ား၊ သစ္ပင္မ်ားျဖင့္ ၿခံဳလႊမ္းၿပီး စိမ္းလန္းစိုေျပေနရမည့္ေျမေနရာမ်ားတြင္ ကားပါကင္ႏွင့္ ကားေျပးလမ္းတို႔၌သံုးေသာ 'ျမက္ေပါက္ရန္ အလယ္တြင္ အေပါက္ေဖာက္ထားသည့္ လမ္းခင္းတုံး' မ်ား ျဖန္႔ၾကက္ထားသည္ကိုလည္း ဝယ္လက္မ်ားက ေတြ႕ခဲ့ၾကရသည္။

“ဒီ grass block paver ေတြကို ျမင္ရတာ ကၽြန္ေတာ္တုိ႔ အရမ္းကို စိတ္မခ်မ္းမသာျဖစ္ရပါတယ္။ ဒါေတြကမ်ားေသာအားျဖင့္ ကားပါကင္နဲ႔ ကားေျပးလမ္းေတြမွာ သံုးတာေလ။ ကေလးေတြနဲ႔ သက္ႀကီးရြယ္အိုေတြအတြက္ အႏၱရာယ္ေတာင္ရွိႏိုင္တယ္။” ဟု အျခားအိမ္ပိုင္ရွင္တစ္ဦးကလည္း စိတ္ပ်က္စကားဆုိခဲ့သည္။

Changsha Shiji Yujing Real Estate ၏ ဝန္ထမ္းတစ္ဦးကလည္း ဤကဲ့သို႔ ျပန္လည္တုန္႔ျပန္ခဲ့သည္။ “အဲ့ဒီ grass block paving ကို အစိုးရစံခ်ိန္စံညႊန္းေတြနဲ႔အညီတည္ေဆာက္ခဲ့တာပါ။ မီးေဘးလံုၿခံဳေရးလိုအပ္ခ်က္ေတြနဲ႔ ေျမယာ႐ႈခင္းျပဳုပင္ေရးလိုအပ္ခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး လိုအပ္လို႔ ကၽြန္ေတာ္တို႔ အဲ့ဒီလိုလုပ္ခဲ့တာပါ။” ဟု ၎ဝန္ထမ္းက ေျပာၾကားခဲ့သည္။

ယခုအခါ ထိုကိစၥအား မီးသတ္ဦးစီးဌာနႏွင့္ၿမိဳ႕ျပစီမံကိန္းဌာနတို႔ႏွင့္အတူ လက္တြဲေျဖရွင္းရန္ ၎ရပ္ကြက္ကိုအုပ္ခ်ဳပ္ေသာ ခ႐ိုင္ခြဲ႐ံုးက အိမ္ခန္းပိုင္ရွင္မ်ားအား အစည္းအေဝးေခၚယူထားေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့တွင် အိမ်ခြံမြေ developer တစ်ဦးသည် ကတိပေးခဲ့သည့်အတိုင်း အများပြည်သူပိုင်ဧရိယာတွင် မြက်ပင်ဖုံးလွှမ်းမှုများနှင့် ပန်းခြံမြင်ကွင်းများဖန်တီးပေးရမည့်အစား ပလတ်စတစ်ရေကန် ဖန်တီးပေးလိုက်သဖြင့် အိမ်ဝယ်ယူခဲ့ကြသူများ၏ ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ချန်ရှားမြို့ရှိ လူနေအိမ်စီမံကိန်းသစ်တစ်ခုကို ဝယ်ယူခဲ့ကြသူများသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် သော့အပ်ခံရသဖြင့် သူတို့၏အခန်းများသို့ သွားရောက်ခဲ့ကြသည့်အခါမှ ပလတ်စတစ်ရေကန်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

“မသိရင်တော့ ရေပြာအိုင်ရဲ့အလယ်မှာ ကျွန်တော်မတ်တပ်ရပ်နေတယ်လို့ ထင်ရပါတယ်။ တကယ်တမ်းတော့ မဟုတ်ပါဘူး။ ကျောက်ဆောင်တွေ၊ သစ်ပင်တွေလည်း မရှိပါဘူး။” ဟု ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြက်ပင်များ၊ သစ်ပင်များဖြင့် ခြုံလွှမ်းပြီး စိမ်းလန်းစိုပြေနေရမည့်မြေနေရာများတွင် ကားပါကင်နှင့် ကားပြေးလမ်းတို့၌သုံးသော 'မြက်ပေါက်ရန် အလယ်တွင် အပေါက်ဖောက်ထားသည့် လမ်းခင်းတုံး' များ ဖြန့်ကြက်ထားသည်ကိုလည်း ဝယ်လက်များက တွေ့ခဲ့ကြရသည်။

“ဒီ grass block paver တွေကို မြင်ရတာ ကျွန်တော်တို့ အရမ်းကို စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဒါတွေကများသောအားဖြင့် ကားပါကင်နဲ့ ကားပြေးလမ်းတွေမှာ သုံးတာလေ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်တောင်ရှိနိုင်တယ်။” ဟု အခြားအိမ်ပိုင်ရှင်တစ်ဦးကလည်း စိတ်ပျက်စကားဆိုခဲ့သည်။

Changsha Shiji Yujing Real Estate ၏ ဝန်ထမ်းတစ်ဦးကလည်း ဤကဲ့သို့ ပြန်လည်တုန့်ပြန်ခဲ့သည်။ “အဲ့ဒီ grass block paving ကို အစိုးရစံချိန်စံညွှန်းတွေနဲ့အညီတည်ဆောက်ခဲ့တာပါ။ မီးဘေးလုံခြုံရေးလိုအပ်ချက်တွေနဲ့ မြေယာရှုခင်းပြုုပင်ရေးလိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး လိုအပ်လို့ ကျွန်တော်တို့ အဲ့ဒီလိုလုပ်ခဲ့တာပါ။” ဟု ၎င်းဝန်ထမ်းက ပြောကြားခဲ့သည်။

ယခုအခါ ထိုကိစ္စအား မီးသတ်ဦးစီးဌာနနှင့်မြို့ပြစီမံကိန်းဌာနတို့နှင့်အတူ လက်တွဲဖြေရှင်းရန် ၎င်းရပ်ကွက်ကိုအုပ်ချုပ်သော ခရိုင်ခွဲရုံးက အိမ်ခန်းပိုင်ရှင်များအား အစည်းအဝေးခေါ်ယူထားကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service