အေမရိကန္ျပည္၊ ကြန္နက္တီကပ္ ျပည္နယ္တြင္ ဧကေပါင္း ၃၂၀ က်ယ္ဝန္းကာ တစ္ခ်ိန္က ျပည္နယ္၏ အၾကီးမားဆံုး ႏြားေမြးျမဴေရးျခံျဖစ္ခဲ့ေသာ ျခံဝန္းၾကီးကို ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

အေမရိကန္ျပည္၊ ကြန္နက္တီကပ္ ျပည္နယ္တြင္ ဧကေပါင္း ၃၂၀ က်ယ္ဝန္းကာ တစ္ခ်ိန္က ျပည္နယ္၏ အၾကီးမားဆံုး ႏြားေမြးျမဴေရးျခံျဖစ္ခဲ့ေသာ ျခံဝန္းၾကီးကို ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 12:39 pm တွင် တင်ခဲ့သည်
942 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ ျပည္နယ္တြင္ ဧကေပါင္း ၃၂၀ က်ယ္ဝန္းကာ တစ္ခ်ိန္က ျပည္နယ္၏ အၾကီးမားဆံုး ႏြားေမြးျမဴေရးျခံျဖစ္ခဲ့ေသာ ျခံဝန္းၾကီးကို ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ျခံဝန္းၾကီးကို The Greyledge ဟု အမည္ေပးထားျပီး စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းသည့္ ပင္မစံအိမ္တစ္လံုး ပါဝင္ကာ စားက်က္ေျမမ်ားကို ရႈျမင္ႏိုင္သည့္ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

ကြန္နက္တီကပ္ျပည္နယ္အေနာက္ပိုင္းတြင္ တည္ရွိျပီး ဧက ၃၂၀ က်ယ္ဝန္းသည့္ ျခံၾကီးျဖစ္သည္။

၁၈၂၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့သည့္ ေနအိမ္တစ္လံုးပါဝင္ကာ ျပီးခဲ့ေသာ ေသာၾကာေန႔က ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

Greyledge Estate ျခံၾကီးသည္ ကြန္နက္တီကပ္ျပည္နယ္၊ Bridgewater ႏွင့္ Roxbury ခရိုင္မ်ားအတြင္း ျဖန္႔က်က္တည္ရွိျပီး ပင္မစံအိမ္မွာ ေရွးေဟာင္းသမိုင္းဝင္ျဖစ္သည္။

ျခံကြက္ ၈ ခုေပါင္းစည္းထားျခင္းျဖစ္ျပီး စိုက္ခင္းေျမ ဧက ၁၀၀ ေက်ာ္ ပါဝင္သည္။

“အမဲလိုက္ဖို႔ ေကာင္းမြန္တဲ့ ေနရာေတြပါဝင္ျပီး ငါးမွ်ားဖို႔ ေရကန္တစ္ခုနဲ႔ ျမင္းစီးဖို႔ေနရာေတြလည္း ပါဝင္ပါတယ္။ ဒီျခံၾကီးထဲမွာ ေတာ္ေတာ္ေလး စံုစံုလင္လင္ ပါဝင္တာေတြ႔ရပါတယ္” ဟု Mark Madonna & Phillips Real Estate Group အိမ္ျခံေျမ ကုမၸဏီမွ ဂ်က္ဖရီ ဖိလစ္က ေျပာၾကားသည္။

ပိုင္ရွင္ျဖစ္သူ ေသာမတ္စ္ ဖစ္ဂါရဲက ယခုျခံဝန္းၾကီးကို ၁၉၉၃ ခုႏွစ္က ဝယ္ယူခဲ့ရာတြင္ အဓိကရည္ရြယ္ခ်က္မွာ ရႈပ္ေထြးဆူညံလွေသာ ျမိဳ႕ျပလူေနမႈဘဝမွ အလွည့္အေျပာင္းျဖစ္မည့္ေနရာမ်ဳိး မိသားစုကို ေပးအပ္လိုေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

ေသာမတ္စ္ ဖစ္ဂါရဲသည္ နယူးေယာက္အေျခစိုက္ ကုမၸဏီ Longbow Capital Partners ကို တည္ေထာင္သူတစ္ဦး ျဖစ္သည္။

ပထမဆံုးျခံဝန္းကို ဝယ္ယူျပီးေနာက္ပိုင္း ၁၅ ႏွစ္တာကာလအတြင္း ကပ္လ်က္ေျမကြက္မ်ားကို ဆက္လက္ဝယ္ယူခဲ့ျပီး ကန္ေဒၚလာ ၈ သန္းခန္႔ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ပင္မေနအိမ္မွာ ေနအိမ္ ၂ လံုးေပါင္းစပ္ထားျခင္းျဖစ္ျပီး ၁၈၂၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္ Bridgewater House ဟူေသာ စံအိမ္ႏွင့္ Roxbury House အမည္ရွိေသာ စံအိမ္တို႔ ျဖစ္သည္။ Roxbury House စံအိမ္သည္ မူလက တည္းခိုအိမ္အျဖစ္ ၁၇၈၉ ခုႏွစ္က အသံုးျပဳခဲ့ျခင္းျဖစ္ျပီး ၁၉၄၀ ျပည့္လြန္ကာလမ်ားတြင္ ေနရာေရႊ႕ေျပာင္းေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ေသာမတ္စ္ ဖစ္ဂါရဲတို႔ မိသားစုက ေနာက္ပိုင္းတြင္ စတုရန္းေပ ၁၈၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၂ ခန္းပါဝင္ျပီး ဧည့္သည္မ်ားအတြက္ ရည္ရြယ္ေသာ ေရကူးကန္ေဘးအိမ္တစ္လံုး ျဖည့္စြက္ေဆာက္လုပ္ခဲ့သည္။

စတုရန္းေပ ၁၀၀၀၀ ခန္႔ က်ယ္ဝန္းေသာ ပင္မစံအိမ္တြင္ အိပ္ခန္း ၁၀ ခန္း၊ ဧည့္ခန္းေပါင္းမ်ားစြာ၊ ဝရန္တာ ၂ ခု၊ စာၾကည့္တိုက္၊ မီးလင္းဖို ၉ ခု၊ စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္သည့္ မီးဖိုေဆာင္ႏွင့္ လူ ၂၄ ဦးအတြက္ ညစာတည္ခင္းႏိုင္ေသာ ညစာစားခန္းတို႔ ပါဝင္သည္။

ေစ်းကြက္တင္ေပးသည္မွာ Sotheby’s International Realty မွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ မာ့ခ္ မက္ဒြန္နားႏွင့္ ဂ်က္ဖရီ ဖိလစ္တို႔ ျဖစ္ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ် ပြည်နယ်တွင် ဧကပေါင်း ၃၂၀ ကျယ်ဝန်းကာ တစ်ချိန်က ပြည်နယ်၏ အကြီးမားဆုံး နွားမွေးမြူရေးခြံဖြစ်ခဲ့သော ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခြံဝန်းကြီးကို The Greyledge ဟု အမည်ပေးထားပြီး စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့် ပင်မစံအိမ်တစ်လုံး ပါဝင်ကာ စားကျက်မြေများကို ရှုမြင်နိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

ကွန်နက်တီကပ်ပြည်နယ်အနောက်ပိုင်းတွင် တည်ရှိပြီး ဧက ၃၂၀ ကျယ်ဝန်းသည့် ခြံကြီးဖြစ်သည်။

၁၈၂၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သည့် နေအိမ်တစ်လုံးပါဝင်ကာ ပြီးခဲ့သော သောကြာနေ့က ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

Greyledge Estate ခြံကြီးသည် ကွန်နက်တီကပ်ပြည်နယ်၊ Bridgewater နှင့် Roxbury ခရိုင်များအတွင်း ဖြန့်ကျက်တည်ရှိပြီး ပင်မစံအိမ်မှာ ရှေးဟောင်းသမိုင်းဝင်ဖြစ်သည်။

ခြံကွက် ၈ ခုပေါင်းစည်းထားခြင်းဖြစ်ပြီး စိုက်ခင်းမြေ ဧက ၁၀၀ ကျော် ပါဝင်သည်။

“အမဲလိုက်ဖို့ ကောင်းမွန်တဲ့ နေရာတွေပါဝင်ပြီး ငါးမျှားဖို့ ရေကန်တစ်ခုနဲ့ မြင်းစီးဖို့နေရာတွေလည်း ပါဝင်ပါတယ်။ ဒီခြံကြီးထဲမှာ တော်တော်လေး စုံစုံလင်လင် ပါဝင်တာတွေ့ရပါတယ်” ဟု Mark Madonna & Phillips Real Estate Group အိမ်ခြံမြေ ကုမ္ပဏီမှ ဂျက်ဖရီ ဖိလစ်က ပြောကြားသည်။

ပိုင်ရှင်ဖြစ်သူ သောမတ်စ် ဖစ်ဂါရဲက ယခုခြံဝန်းကြီးကို ၁၉၉၃ ခုနှစ်က ဝယ်ယူခဲ့ရာတွင် အဓိကရည်ရွယ်ချက်မှာ ရှုပ်ထွေးဆူညံလှသော မြို့ပြလူနေမှုဘဝမှ အလှည့်အပြောင်းဖြစ်မည့်နေရာမျိုး မိသားစုကို ပေးအပ်လိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

သောမတ်စ် ဖစ်ဂါရဲသည် နယူးယောက်အခြေစိုက် ကုမ္ပဏီ Longbow Capital Partners ကို တည်ထောင်သူတစ်ဦး ဖြစ်သည်။

ပထမဆုံးခြံဝန်းကို ဝယ်ယူပြီးနောက်ပိုင်း ၁၅ နှစ်တာကာလအတွင်း ကပ်လျက်မြေကွက်များကို ဆက်လက်ဝယ်ယူခဲ့ပြီး ကန်ဒေါ်လာ ၈ သန်းခန့် သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ပင်မနေအိမ်မှာ နေအိမ် ၂ လုံးပေါင်းစပ်ထားခြင်းဖြစ်ပြီး ၁၈၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည့် Bridgewater House ဟူသော စံအိမ်နှင့် Roxbury House အမည်ရှိသော စံအိမ်တို့ ဖြစ်သည်။ Roxbury House စံအိမ်သည် မူလက တည်းခိုအိမ်အဖြစ် ၁၇၈၉ ခုနှစ်က အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၁၉၄၀ ပြည့်လွန်ကာလများတွင် နေရာရွှေ့ပြောင်းဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သောမတ်စ် ဖစ်ဂါရဲတို့ မိသားစုက နောက်ပိုင်းတွင် စတုရန်းပေ ၁၈၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၂ ခန်းပါဝင်ပြီး ဧည့်သည်များအတွက် ရည်ရွယ်သော ရေကူးကန်ဘေးအိမ်တစ်လုံး ဖြည့်စွက်ဆောက်လုပ်ခဲ့သည်။

စတုရန်းပေ ၁၀၀၀၀ ခန့် ကျယ်ဝန်းသော ပင်မစံအိမ်တွင် အိပ်ခန်း ၁၀ ခန်း၊ ဧည့်ခန်းပေါင်းများစွာ၊ ဝရန်တာ ၂ ခု၊ စာကြည့်တိုက်၊ မီးလင်းဖို ၉ ခု၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်နှင့် လူ ၂၄ ဦးအတွက် ညစာတည်ခင်းနိုင်သော ညစာစားခန်းတို့ ပါဝင်သည်။

ဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty မှ အကျိုးဆောင်များဖြစ်သော မာ့ခ် မက်ဒွန်နားနှင့် ဂျက်ဖရီ ဖိလစ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service