အိမ္ေထာင္ သုံးဆက္က်ခဲ့သည့္ မိခင္ပုိင္ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္

အိမ္ေထာင္ သုံးဆက္က်ခဲ့သည့္ မိခင္ပုိင္ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2019 1:42 pm တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

“မဂၤလာပါ ဆရာ”ဟု ႏႈတ္ခြန္းဆက္သံေၾကာင့္ ႐ုံးခန္း၌ စာေရးေန ေသာ စာေရးသူသည္ အသံလာရာသို႔ ေမာ့ၾကည့္လုိက္သည္။

“လာဗ်ာ ဦးသက္ႏုိင္ မေရာက္တာၾကာၿပီေနာ္”

“ဟုတ္ကဲ့ ဆရာ၊ ေဆြးေႏြးတုိင္ပင္စရာရွိမွပဲ ဆရာ့ဆီေရာက္လာေတာ့တယ္”

ဦးသက္ႏိုင္သည္ အိမ္ ၿခံ ေျမ ေရာင္း၀ယ္ငွား အက်ဳိးေဆာင္လုပ္ငန္းလုပ္ကုိင္ေနသူတစ္ဦးျဖစ္သည္။

“အခြန္အေကာက္ဥပေဒအရ အခြန္ႏႈန္းေလွ်ာ့ခ်လိုက္ေတာ့ အိမ္ ေျမ အေရာင္းအ၀ယ္မ်ားလာမွာေပါ့”

“ဟုတ္ကဲ့ အရင္ကာလထက္ေတာ့ ပိုၿပီး သြက္လက္လာတယ္ဆုိ ရမွာပါ”

“ဦးသက္ႏုိင္ေရာက္လာရင္ ေတာ့ ထူးထူးျခားျခားကိစ္ၥရပ္ေတြပါလာတတ္တယ္”

“ဟုတ္တယ္ ဆရာ။ အခုကိစၥလည္း နည္းနည္း႐ႈပ္ေထြးေနလုိ႔ ဆရာ”

“နားေထာင္ၾကည့္တာေပါ့။ ျဖစ္စဥ္ ေျပာပါဦး”

“မိခင္ျဖစ္သူက အိမ္ေထာင္သုံး ဆက္က်ခဲ့တယ္”

“ဒါဆုိရင္ေတာ့ ဒီအမ်ဳိးသမီးက အေတာ္ေခ်ာပုံေပၚတယ္”ဟု စာေရးသူက ရႊတ္ေနာက္ေနာက္ေျပာလုိက္မိ သည္။

“ေခ်ာ မေခ်ာေတာ့ မသိဘူး ဆရာ။ အခုကိစၥက ပထမအိမ္ေထာင္နဲ႔ ရရွိခဲ့တဲ့ အိမ္နဲ႔ေျမကုိ ေရာင္းခ်င္တာ ဆရာ”

“ဘယ္သူက ေရာင္းမွာလဲ”

“ပထမအိမ္ေထာင္က သားသမီးေတြဆုိပါေတာ့”

“ဆုိပါေတာ့ဆုိရင္ သားသမီး အားလုံးက သေဘာမတူလုိ႔လား။ သားသမီး ဘယ္ႏွဦးက်န္ခဲ့လုိ႔လဲ”

“ပထမအိမ္ေထာင္နဲ႔က သားသမီး သုံးဦးရွိတယ္ ဆရာ”

“မိခင္ျဖစ္သူက ပထမအိမ္ေထာင္နဲ႔ကြဲသြားတာလား။ ဒါမွမဟုတ္ ပထမလင္ေယာက်္ားက ဆုံးပါး ကြယ္လြန္ သြားတာလား”

“လင္ေယာက်္ားကြယ္လြန္ၿပီးမွ ဒုတိယ အိမ္ေထာင္ျပဳလုိက္တာ ဆရာ”

“ေရာင္းမယ္ဆုိတဲ့ အိမ္က ပထမအိမ္ေထာင္နဲ႔ရတဲ့ လက္ထက္ပြားပစၥည္းျဖစ္မယ္”

“ဟုတ္ကဲ့ ဆရာ”

“ဒုတိယ အိမ္ေထာင္ျပဳေတာ့ သားသမီးေတြက ဘယ္အရြယ္ေရာက္ေနၾကၿပီလဲ”

“သူတုိ႔ေျပာစကားအရေတာ့ အဘြားျဖစ္သူက ၾကည့္႐ႈေစာင့္ေရွာက္ထားတယ္။ အႀကီးဆုံးသားက တပ္ထဲမွာ၊ အလတ္ျဖစ္တဲ့ သမီးက ၁၀ တန္းေအာင္ၿပီးစလုိ႔ ေျပာတယ္။ သားငယ္ကို မိခင္က ေခၚသြားတယ္ ေျပာတယ္””

“ဒါဆုိ မိခင္ျဖစ္သူက ေနာက္အိမ္ေထာင္နဲ႔ အျခားတစ္ေနရာမွာေနတဲ့ သေဘာေပါ့”

“ဟုတ္ပါတယ္ ဆရာ။ ပဲခူးၿမိဳ႕မွာ ေနတယ္လုိ႔ ေျပာပါတယ္”

“ဒုတိယအိမ္ေထာင္နဲ႔က ပစၥည္း ခန္းဘယ္လုိရွိသလဲ။ အိမ္ေထာင္ႀကီး ခ်င္း ျပန္လက္ဆက္ၾကတာလား”

“ဒုတိယ လင္ေယာက်္ားက အိမ္ေထာင္ႀကီးေတာ့ ဟုတ္တယ္။ သူ႔ဇနီးက ကြယ္လြန္သြားၿပီဆုိေတာ့ မုဆုိးဖုိေပါ့ ဆရာ”

“မုဆုိးဖုိမွာ သားသမီးက်န္ရစ္ခဲ့တာ ရွိ မရွိ ဘာသိေသးသလဲ”

“သူတုိ႔က သားသမီးမထြန္းကားခဲ့ဘူး။ မိန္းမက သားအိမ္ကင္ဆာနဲ႔ ကြယ္လြန္သြားတယ္လုိ႔ ေျပာပါတယ္”

“ဒုတိယလင္ေယာက်္ားမွာလည္း ေနအိမ္ရွိတယ္ေပါ့။ ပါရင္း ပစ္ၥည္းျဖစ္မွာေပါ့”

“ဟုတ္ကဲ့ ဆရာ၊ ဒုတိယအိမ္ေထာင္နဲ႔က သားသမီးႏွစ္ဦး ေမြးဖြားတယ္”

“တတိယ အိမ္ေထာင္က ဘယ္လုိ ဆက္စပ္လာတာလဲ”

“ဒီမွာလည္း ခင္ပြန္းျဖစ္သူက က်န္းမာေရး မေကာင္းေတာ့ ကြယ္လြန္သြားတယ္”

“ဒါဆုိရင္ လူမမယ္ကေလးႏွစ္ ေယာက္နဲ႔ က်န္ေနခဲ့မွာေပါ့”

“ဒါနဲ႔ ကုန္ကူးရင္းနဲ႔ ျပည္ၿမိဳ႕မွာ တတိယအိမ္ေထာင္ျပဳလုိက္တယ္ ေျပာပါတယ္”

“ျပည္ၿမိဳ႕မွာ မိသားစုေျပာင္းေနၾကတာေပါ့။ ဒီလုိလား”

“ဟုတ္ပါတယ္။ တတိယ လင္ ေယာက်္ားနဲ႔ေတာ့ သားသမီးမထြန္း ကားဘူး ဆရာ”

“တတိယ ခင္ပြန္းက သက္ရွိ ထင္ရွားရွိေသးလား”

“တတိယ ခင္ပြန္းကလည္း ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ခန္႔က ကြယ္လြန္သြားၿပီလုိ႔ ေျပာတယ္”

“ပဲခူးၿမိဳ႕က ရွိတဲ့ အိမ္က ဘာလုပ္ထားသလဲ”

“ပထမအိမ္ေထာင္နဲ႔ရတဲ့ သမီးျဖစ္သူက အိမ္ေထာင္က်ၿပီး ပဲခူးၿမိဳ႕ရွိ အိမ္မွာ လာေနထုိင္တယ္”

“အခု သားသမီးအားလုံးရဲ႕ မိခင္ကုိယ္တုိင္ ကြယ္လြန္သြားၿပီးေနာက္မွာ အိမ္ေထာင္ႏွစ္ဆက္က သားသမီးေတြ ပဲရွိေတာ့တယ္”

“အဲဒီလုိ မဟုတ္ဘူး ဆရာ။ မိခင္ျဖစ္သူက အခုထိ သက္ရွိထင္ ရွားရွိေသးတယ္”

“စတုတၳအိမ္ေထာင္မ်ားျပဳေန ဦးမလားဗ်ာ”ဟု စာေရးသူက ရယ္ရယ္ေမာေမာေျပာမိသည္။

“အခုကိစၥက ပထမအိမ္ေထာင္နဲ႔ ရရွိခဲ့တဲ့ ေနအိမ္ကို သားသမီးေတြက ေရာင္းခ်င္တာ ဆရာ”

“ေရာင္းမယ္ဆုိတဲ့ ေနအိမ္က ရန္ကုန္မွာ မဟုတ္လား”

“ေျမာက္ဥကၠလာဘက္မွာပါ ဆရာ၊ ဂရန္ေျမျဖစ္လုိ႔ ၀ယ္လက္က သေဘာက်ေနတာပါ”

“ေျမအမည္ေပါက္က ရွင္းရဲ႕လား”

“ကြယ္လြန္သြားတဲ့ ဖခင္အမည္ ေပါက္ျဖစ္ေနတယ္ ဆရာ”

“မိခင္က သက္ရွိထင္ရွားရွိေနေသးတဲ့အတြက္ အဆင္ေျပသြားတယ္။ ပိုင္ဆုိင္ေၾကာင္း ေၾကညာ စာခ်ဳပ္အဆင့္ဆင့္ျပဳလုပ္ခ်ဳပ္ဆုိၿပီး အေရာင္းအ၀ယ္ျပဳလုပ္ႏုိင္တာေပါ့”

ခက္တာက ဒုတိယ အိမ္ေထာင္နဲ႔ရတဲ့ သားသမီးအတြက္ အေမြရ ႏုိင္ပါသလား ဆရာ။ သူတုိ႔က ကန္႔ကြက္လာမွာကုိ ၀ယ္သူအေနနဲ႔ စုိးရိမ္ေနလုိ႔ပါ။

“အဓိက အေျခအေနက မိခင္ျဖစ္သူပဲ။ သူသေဘာတူမွရမွာျဖစ္တယ္”

“မိခင္ကြယ္လြန္သြားရင္ေတာ့ မေအတူဖေအကြဲ ေမာင္ႏွမေတြ အားလုံးက သက္ဆုိင္လာမွာျဖစ္တယ္။ အခုကိစၥမွာ မိခင္သက္ရွိ ထင္ရွားရွိေနေသးတဲ့အတြက္ မိခင္က သေဘာတူလက္မွတ္ေရးထုိးမွ အေရာင္းအ၀ယ္ ေဆာင္ရြက္လုိ႔ရမွာ ျဖစ္တယ္”

“ေရာင္းမယ့္ အိမ္မွာ အႀကီးဆုံးသားေနတယ္။ က်န္းမာေရးမေကာင္းလုိ႔ တပ္ထဲက ထြက္လာၿပီးေနတာ ဆရာ။ သူက ေရာင္းခ်င္ေနတယ္။ ကန္႔ကြက္မွာလည္း စုိးရိမ္တယ္။ ဥပေဒအရဆုိရင္ ပထမအိမ္ေထာင္နဲ႔ရတဲ့ လက္ထက္ပြားပစၥည္းကုိ အဲဒီ သားသမီးအားလုံးကသာ ပုိင္ဆုိင္ခြင့္ရွိတယ္ မဟုတ္လားဆရာ””

“ဥပေဒအရေျပာရရင္ က်န္ရစ္သူ မိဘတစ္ဦးဦးက ေနာက္အိမ္ေထာင္ျပဳရင္ က်န္သားသမီးအားလုံးသည္ ထုိမိဘလက္၀ယ္ရွိ ပစၥည္းတစ္၀က္တိတိကို အေမြရရွိသည္လုိ႔ မေရႊယူႏွင့္ မခင္ၫႊန္႔ ရန္ကုန္စီရင္ ထုံးအတြဲ (၇) စာမ်က္ႏွာ (၂၄၀) မွာ ဆုံးျဖတ္အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ အခုေရာင္းမယ္ဆုိတဲ့ အိမ္နဲ႔ေျမအေပၚမွာ မိခင္ျဖစ္သူက ထက္ ၀က္ခံစားခြင့္ရွိမွာ ျဖစ္တယ္”

“မိခင္ျဖစ္သူကေတာ့ ပထမ အိမ္ေထာင္ကရတဲ့ အိမ္နဲ႔ေျမဟာ ပထမအိမ္ေထာင္က သားသမီးေတြကိုေပးမယ္။ ဒုတိယ အိမ္ေထာင္ကရတဲ့ ပဲခူးေျမနဲ႔ အိမ္ကို ဒုတိယအိမ္ေထာင္က သားသမီးႏွစ္ေယာက္ကုိ ေပးမယ္။ လက္ရွိ ျပည္ၿမိဳ႕မွာရွိတဲ့ အိမ္နဲ႔ေျမကုိေတာ့ သူေသမွပဲခြဲယူလုိ႔ ေျပာထားေၾကာင္း သိရပါတယ္””

“ဥပေဒနဲ႔အညီ တရား၀င္ေဆာင္ရြက္တာက ေရရွည္ျပႆနာ မျဖစ္ႏုိင္တာမုိ႔ ယခုေရာင္းမယ့္အိမ္နဲ႔ ေျမမွ ရပုိင္ခြင့္ထက္၀က္ကုိ မိခင္က ပထမအိမ္ေထာင္ရဲ႕ သားသမီး သုံးဦးထံ စြန္႔လႊတ္ေၾကာင္း စာခ်ဳပ္ ခ်ဳပ္ဆုိကာ အေရာင္းအ၀ယ္ျပဳလုပ္ ႏုိင္ပါတယ္”ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

“မင်္ဂလာပါ ဆရာ”ဟု နှုတ်ခွန်းဆက်သံကြောင့် ရုံးခန်း၌ စာရေးနေ သော စာရေးသူသည် အသံလာရာသို့ မော့ကြည့်လိုက်သည်။

“လာဗျာ ဦးသက်နိုင် မရောက်တာကြာပြီနော်”

“ဟုတ်ကဲ့ ဆရာ၊ ဆွေးနွေးတိုင်ပင်စရာရှိမှပဲ ဆရာ့ဆီရောက်လာတော့တယ်”

ဦးသက်နိုင်သည် အိမ် ခြံ မြေ ရောင်းဝယ်ငှား အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။

“အခွန်အကောက်ဥပဒေအရ အခွန်နှုန်းလျှော့ချလိုက်တော့ အိမ် မြေ အရောင်းအဝယ်များလာမှာပေါ့”

“ဟုတ်ကဲ့ အရင်ကာလထက်တော့ ပိုပြီး သွက်လက်လာတယ်ဆို ရမှာပါ”

“ဦးသက်နိုင်ရောက်လာရင် တော့ ထူးထူးခြားခြားကိစ်္စရပ်တွေပါလာတတ်တယ်”

“ဟုတ်တယ် ဆရာ။ အခုကိစ္စလည်း နည်းနည်းရှုပ်ထွေးနေလို့ ဆရာ”

“နားထောင်ကြည့်တာပေါ့။ ဖြစ်စဉ် ပြောပါဦး”

“မိခင်ဖြစ်သူက အိမ်ထောင်သုံး ဆက်ကျခဲ့တယ်”

“ဒါဆိုရင်တော့ ဒီအမျိုးသမီးက အတော်ချောပုံပေါ်တယ်”ဟု စာရေးသူက ရွှတ်နောက်နောက်ပြောလိုက်မိ သည်။

“ချော မချောတော့ မသိဘူး ဆရာ။ အခုကိစ္စက ပထမအိမ်ထောင်နဲ့ ရရှိခဲ့တဲ့ အိမ်နဲ့မြေကို ရောင်းချင်တာ ဆရာ”

“ဘယ်သူက ရောင်းမှာလဲ”

“ပထမအိမ်ထောင်က သားသမီးတွေဆိုပါတော့”

“ဆိုပါတော့ဆိုရင် သားသမီး အားလုံးက သဘောမတူလို့လား။ သားသမီး ဘယ်နှဦးကျန်ခဲ့လို့လဲ”

“ပထမအိမ်ထောင်နဲ့က သားသမီး သုံးဦးရှိတယ် ဆရာ”

“မိခင်ဖြစ်သူက ပထမအိမ်ထောင်နဲ့ကွဲသွားတာလား။ ဒါမှမဟုတ် ပထမလင်ယောကျ်ားက ဆုံးပါး ကွယ်လွန် သွားတာလား”

“လင်ယောကျ်ားကွယ်လွန်ပြီးမှ ဒုတိယ အိမ်ထောင်ပြုလိုက်တာ ဆရာ”

“ရောင်းမယ်ဆိုတဲ့ အိမ်က ပထမအိမ်ထောင်နဲ့ရတဲ့ လက်ထက်ပွားပစ္စည်းဖြစ်မယ်”

“ဟုတ်ကဲ့ ဆရာ”

“ဒုတိယ အိမ်ထောင်ပြုတော့ သားသမီးတွေက ဘယ်အရွယ်ရောက်နေကြပြီလဲ”

“သူတို့ပြောစကားအရတော့ အဘွားဖြစ်သူက ကြည့်ရှုစောင့်ရှောက်ထားတယ်။ အကြီးဆုံးသားက တပ်ထဲမှာ၊ အလတ်ဖြစ်တဲ့ သမီးက ၁၀ တန်းအောင်ပြီးစလို့ ပြောတယ်။ သားငယ်ကို မိခင်က ခေါ်သွားတယ် ပြောတယ်””

“ဒါဆို မိခင်ဖြစ်သူက နောက်အိမ်ထောင်နဲ့ အခြားတစ်နေရာမှာနေတဲ့ သဘောပေါ့”

“ဟုတ်ပါတယ် ဆရာ။ ပဲခူးမြို့မှာ နေတယ်လို့ ပြောပါတယ်”

“ဒုတိယအိမ်ထောင်နဲ့က ပစ္စည်း ခန်းဘယ်လိုရှိသလဲ။ အိမ်ထောင်ကြီး ချင်း ပြန်လက်ဆက်ကြတာလား”

“ဒုတိယ လင်ယောကျ်ားက အိမ်ထောင်ကြီးတော့ ဟုတ်တယ်။ သူ့ဇနီးက ကွယ်လွန်သွားပြီဆိုတော့ မုဆိုးဖိုပေါ့ ဆရာ”

“မုဆိုးဖိုမှာ သားသမီးကျန်ရစ်ခဲ့တာ ရှိ မရှိ ဘာသိသေးသလဲ”

“သူတို့က သားသမီးမထွန်းကားခဲ့ဘူး။ မိန်းမက သားအိမ်ကင်ဆာနဲ့ ကွယ်လွန်သွားတယ်လို့ ပြောပါတယ်”

“ဒုတိယလင်ယောကျ်ားမှာလည်း နေအိမ်ရှိတယ်ပေါ့။ ပါရင်း ပစ်္စည်းဖြစ်မှာပေါ့”

“ဟုတ်ကဲ့ ဆရာ၊ ဒုတိယအိမ်ထောင်နဲ့က သားသမီးနှစ်ဦး မွေးဖွားတယ်”

“တတိယ အိမ်ထောင်က ဘယ်လို ဆက်စပ်လာတာလဲ”

“ဒီမှာလည်း ခင်ပွန်းဖြစ်သူက ကျန်းမာရေး မကောင်းတော့ ကွယ်လွန်သွားတယ်”

“ဒါဆိုရင် လူမမယ်ကလေးနှစ် ယောက်နဲ့ ကျန်နေခဲ့မှာပေါ့”

“ဒါနဲ့ ကုန်ကူးရင်းနဲ့ ပြည်မြို့မှာ တတိယအိမ်ထောင်ပြုလိုက်တယ် ပြောပါတယ်”

“ပြည်မြို့မှာ မိသားစုပြောင်းနေကြတာပေါ့။ ဒီလိုလား”

“ဟုတ်ပါတယ်။ တတိယ လင် ယောကျ်ားနဲ့တော့ သားသမီးမထွန်း ကားဘူး ဆရာ”

“တတိယ ခင်ပွန်းက သက်ရှိ ထင်ရှားရှိသေးလား”

“တတိယ ခင်ပွန်းကလည်း ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က ကွယ်လွန်သွားပြီလို့ ပြောတယ်”

“ပဲခူးမြို့က ရှိတဲ့ အိမ်က ဘာလုပ်ထားသလဲ”

“ပထမအိမ်ထောင်နဲ့ရတဲ့ သမီးဖြစ်သူက အိမ်ထောင်ကျပြီး ပဲခူးမြို့ရှိ အိမ်မှာ လာနေထိုင်တယ်”

“အခု သားသမီးအားလုံးရဲ့ မိခင်ကိုယ်တိုင် ကွယ်လွန်သွားပြီးနောက်မှာ အိမ်ထောင်နှစ်ဆက်က သားသမီးတွေ ပဲရှိတော့တယ်”

“အဲဒီလို မဟုတ်ဘူး ဆရာ။ မိခင်ဖြစ်သူက အခုထိ သက်ရှိထင် ရှားရှိသေးတယ်”

“စတုတ္ထအိမ်ထောင်များပြုနေ ဦးမလားဗျာ”ဟု စာရေးသူက ရယ်ရယ်မောမောပြောမိသည်။

“အခုကိစ္စက ပထမအိမ်ထောင်နဲ့ ရရှိခဲ့တဲ့ နေအိမ်ကို သားသမီးတွေက ရောင်းချင်တာ ဆရာ”

“ရောင်းမယ်ဆိုတဲ့ နေအိမ်က ရန်ကုန်မှာ မဟုတ်လား”

“မြောက်ဥက္ကလာဘက်မှာပါ ဆရာ၊ ဂရန်မြေဖြစ်လို့ ဝယ်လက်က သဘောကျနေတာပါ”

“မြေအမည်ပေါက်က ရှင်းရဲ့လား”

“ကွယ်လွန်သွားတဲ့ ဖခင်အမည် ပေါက်ဖြစ်နေတယ် ဆရာ”

“မိခင်က သက်ရှိထင်ရှားရှိနေသေးတဲ့အတွက် အဆင်ပြေသွားတယ်။ ပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ် အဆင့်ဆင့်ပြုလုပ်ချုပ်ဆိုပြီး အရောင်းအဝယ်ပြုလုပ်နိုင်တာပေါ့”

ခက်တာက ဒုတိယ အိမ်ထောင်နဲ့ရတဲ့ သားသမီးအတွက် အမွေရ နိုင်ပါသလား ဆရာ။ သူတို့က ကန့်ကွက်လာ မှာကို ဝယ်သူအနေနဲ့ စိုးရိမ်နေလို့ပါ။

“အဓိက အခြေအနေက မိခင်ဖြစ်သူပဲ။ သူသဘောတူမှရမှာဖြစ်တယ်”

“မိခင်ကွယ်လွန်သွားရင်တော့ မအေတူဖအေကွဲ မောင်နှမတွေ အားလုံးက သက်ဆိုင်လာမှာဖြစ်တယ်။ အခု ကိစ္စမှာ မိခင်သက်ရှိ ထင်ရှားရှိနေသေးတဲ့အတွက် မိခင်က သဘောတူလက်မှတ်ရေးထိုးမှ အရောင်းအဝယ် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်”

“ရောင်းမယ့် အိမ်မှာ အကြီးဆုံးသားနေတယ်။ ကျန်းမာရေးမကောင်းလို့ တပ်ထဲက ထွက်လာပြီးနေတာ ဆရာ။ သူက ရောင်းချင်နေတယ်။ ကန့်ကွက်မှာလည်း စိုးရိမ်တယ်။ ဥပဒေအရဆိုရင် ပထမအိမ်ထောင်နဲ့ ရတဲ့ လက် ထက်ပွားပစ္စည်းကို အဲဒီ သားသမီးအားလုံးကသာ ပိုင်ဆိုင်ခွင့် ရှိတယ် မဟုတ်လား ဆရာ””

“ဥပဒေအရပြောရရင် ကျန်ရစ်သူ မိဘတစ်ဦးဦးက နောက်အိမ်ထောင်ပြုရင် ကျန်သားသမီးအားလုံးသည် ထိုမိဘလက်ဝယ်ရှိ ပစ္စည်းတစ်ဝက်တိတိကို အမွေရရှိသည်လို့ မရွှေယူနှင့် မခင်ညွှန့် ရန်ကုန်စီရင် ထုံးအတွဲ (၇) စာမျက်နှာ (၂၄၀) မှာ ဆုံးဖြတ်အတည်ပြုထားပါတယ်။ ဒါကြောင့် အခုရောင်းမယ်ဆိုတဲ့ အိမ်နဲ့မြေအပေါ်မှာ မိခင်ဖြစ်သူက ထက် ဝက်ခံစားခွင့်ရှိမှာ ဖြစ်တယ်”

“မိခင်ဖြစ်သူကတော့ ပထမ အိမ်ထောင်ကရတဲ့ အိမ်နဲ့မြေဟာ ပထမအိမ်ထောင်က သားသမီးတွေကိုပေးမယ်။ ဒုတိယ အိမ်ထောင်ကရတဲ့ ပဲခူးမြေနဲ့ အိမ်ကို ဒုတိယအိမ်ထောင်က သားသမီးနှစ်ယောက်ကို ပေးမယ်။ လက်ရှိ ပြည်မြို့မှာရှိတဲ့ အိမ်နဲ့မြေကိုတော့ သူသေမှပဲခွဲယူလို့ ပြောထားကြောင်း သိရပါတယ်””

“ဥပဒေနဲ့အညီ တရားဝင်ဆောင်ရွက်တာက ရေရှည်ပြဿနာ မဖြစ်နိုင်တာမို့ ယခုရောင်းမယ့်အိမ်နဲ့ မြေမှ ရပိုင်ခွင့်ထက်ဝက်ကို မိခင်က ပထမအိမ်ထောင်ရဲ့ သားသမီး သုံးဦးထံ စွန့်လွှတ်ကြောင်း စာချုပ် ချုပ်ဆိုကာ အရောင်းအဝယ်ပြုလုပ် နိုင်ပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
pan-swal-taw
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service