မယ္သီလမ်ား အေမြရခြင့္ ရွိပါသလား ??

မယ္သီလမ်ား အေမြရခြင့္ ရွိပါသလား ?? - Property Knowledge in Myanmar from iMyanmarHouse.com
5 Nov 2019 10:56 am တွင် တင်ခဲ့သည်
1645 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

''ကြၽန္ေတာ္ အိမ္ဝယ္လုိက္တယ္ ဆရာ။ ကန္႔ကြက္သူေပၚလာလုိ႔ ဘယ္လုိ ေဆာင္ရြက္ရမယ္ဆုိတာ သိခ်င္လုိ႔ ပါ''ဟု စာဖတ္သူ ပရိသတ္တစ္ဦးက စာေရးသူထံ လာေရာက္ ေဆြးေႏြးျခင္းျဖစ္ပါသည္။

''ဒါကေတာ့ မၾကာခဏ ေတြ႕ႀကံဳေလ့ရွိတဲ့ ကိစၥတစ္ခုပါ။ အေၾကာင္းအရင္းသိဖုိ႔ေတာ့ လုိတယ္။ ဒါမွ ေျဖရွင္းရ တာအဆင္ေျပမွာ ျဖစ္တယ္။ အိမ္ဆုိေတာ့ ေျမနဲ႔အိမ္ဝယ္လုိက္တာလား''

''ဟုတ္ကဲ့ ဆရာ။ မူလအစကေတာ့ ကြန္ဒုိတုိက္ခန္းဝယ္မယ္စိတ္ကူးထားတာ၊ ေနာက္ပုိင္းသူငယ္ခ်င္း တစ္ဦး ရဲ႕ အစ္မဝမ္းကြဲေတာ္စပ္သူက ေျမနဲ႔အိမ္ေရာင္းမယ္ဆုိလုိ႔ စိတ္ကူးေျပာင္းသြားတာ ဆရာ''

''ေျမက ဂရန္ေျမလား၊ ဘယ္လုိ ေျမအမ်ဳိးအစားလဲ''

''ေျမာက္ဒဂုံၿမိဳ႕သစ္မွာပါ ဆရာ။ ေျမကြက္ကလည္း ေပ ၄ဝx ေပ ၆ဝဆုိေတာ့ စိတ္ဝင္စားသြားတယ္။ ေျမျပည့္ တစ္ထပ္တုိက္ ေဆာက္ထားေတာ့ လက္တင္တက္ေန႐ုံပဲ ဆရာ''

''ေျမကြက္အမည္ေပါက္က ေရာင္းမယ္ဆုိတဲ့ အမ်ဳိးသမီးအမည္ေပါက္လား၊ မွတ္ပုံတင္ အေရာင္းခ်ဳပ္ဆုိထား တာရွိမရွိ စုံစမ္းေသးလား''

''သူက တစ္ဆင့္ဝယ္ထားတာ မဟုတ္ဘူးဆရာ။ ေျမကြက္က သူ႔မိဘေတြ အမည္ေပါက္လုိ႔ သိရတယ္''

''မိဘႏွစ္ဦးလုံးက ကြယ္လြန္သြားၾကၿပီလား''

''ဟုတ္တယ္ ဆရာ''

''ၿမိဳ႕ေတာ္စည္ပင္သာယာေရး

ေကာ္မတီေျမယာဌာနမွာ သြားေရာက္စုံစမ္းေသးလား''

''ဂရန္စာခ်ဳပ္ျပေတာ့ ကြၽန္ေတာ္လည္းအစက မစုံစမ္းမိဘူး။ ကန္႔ကြက္သူေပၚလာမွ စုံစမ္းခဲ့တယ္''

''ေျမကြက္အမည္ေပါက္က မိဘႏွစ္ဦးအမည္ေပါက္ဆုိေတာ့ အခက္အခဲေတာ့ မရွိပါဘူး''

''ဟုတ္ကဲ့ ဆရာ၊ သားသမီးက ႏွစ္ဦးရွိတယ္။ ေရာင္းမယ့္အိမ္မွာပဲ ေနထုိင္ၾကတယ္။ အစ္မႀကီးျဖစ္သူက အပ်ဳိႀကီးျဖစ္ၿပီး ေမာင္ျဖစ္သူ အိမ္ေထာင္သည္နဲ႔အတူေနပါတယ္။ ဒါေၾကာင့္ ပိုင္ဆုိင္မႈရွင္းတယ္ဆုိၿပီး ဝယ္လုိက္တာ ဆရာ''

''စရန္ေငြ တစ္စိတ္တစ္ပုိင္းေတာ့ ေပးထားၿပီးၿပီေပါ့''

''ဟုတ္ကဲ့ ဆရာ။ ေငြအၿပီးေခ်ဖုိ႔ တစ္ပတ္ခန္႔အလုိမွာ အိမ္ပြဲစားေတြဆီကတစ္ဆင့္ၾကားတာေပါ့ ဆရာ။ အျခား ေမာင္ႏွမတစ္ဦးရွိသလုိလုိ ေျပာၾကတယ္။ ဒါနဲ႔ ကြၽန္ေတာ္လည္း သတင္းစာထဲမွာ ကန္႔ကြက္သူရွိ မရွိ ကန္႔ ကြက္ႏုိင္ေၾကာင္း ေၾကညာထည့္ခဲ့တယ္''

''အဲဒီေတာ့ ေဆြမ်ဳိးသားခ်င္း တစ္ဦးေပၚလာတယ္ဆုိပါေတာ့''

''ဟုတ္တယ္ ဆရာ။ ကန္႔ကြက္သူက သီလရွင္လုိ႔ေတာ့ မေၾကညာဘူး။ ဒါေပမယ့္ သီလရွင္ဝတ္ေနတာ ဆရာ''

''ဘယ္လုိ ေဆြမ်ဳိးေတာ္စပ္တာလဲ။ ေမးၾကည့္ျဖစ္ေသးလား''

''အစ္မအႀကီးဆုံးလုိ႔ ေျပာတယ္''

''ေမာင္ႏွမအရင္းေပါ့။ ကိတိၱမ ေမြးစားထားတာမ်ဳိးေတာ့ မဟုတ္ဘူး''

''ေသခ်ာ ေမးၾကည့္မွ အတူေန ေမာင္ႏွမနဲ႔က ဖေအတူ မေအကြဲ ေမာင္ႏွမလုိ႔ ေျပာတယ္။ ေမာင္ႏွမအရင္း ေတာ့ မဟုတ္ဘူး''

''ဒါဆုိရင္ အခု ေရာင္းမယ္ဆုိတဲ့ အိမ္မွာေနတဲ့ ေမာင္ႏွမႏွစ္ေယာက္က ေမာင္ႏွမအရင္းျဖစ္မယ္။ ဖခင္ျဖစ္သူရဲ႕ ေနာက္အိမ္ေထာင္က ေမြးဖြားတဲ့ သားသမီးေတြျဖစ္တယ္''

''ဟုတ္တယ္ ဆရာ။ ဖခင္ရဲ႕ ပထမဇနီးက ေမာင္ႏွမႏွစ္ဦးရဲ႕ ႀကီး ေဒၚေခၚမလား။ သူတုိ႔ မိခင္ရဲ႕ အစ္မအရင္း လို႔ ေျပာပါတယ္''

''ပထမဇနီး ကြယ္လြန္လုိ႔ ခယ္မျဖစ္သူနဲ႔ လက္ထပ္တဲ့ သေဘာျဖစ္မယ္''

''ဟုတ္ပါတယ္ ဆရာ။ သီလရွင္ဝတ္သြားတာ ကုိးဝါနီးပါးရွိၿပီလို႔ သိရတယ္။ သူ႔ဖခင္ဆုံးၿပီး တစ္ႏွစ္ေလာက္ အၾကာမွာ သီလရွင္ဝတ္သြားတယ္လုိ႔ ေျပာပါတယ္။ လူဝတ္အျဖစ္ ျပန္ထြက္ဖုိ႔အစီအစဥ္မရွိဘဲ ကန္႔ကြက္တာလုိ႔ သိရတယ္''

''ဒုတိယ ဇနီးကြယ္လြန္သြားတာ ဘယ္ေလာက္ၾကာၿပီလဲ''

''ႏွစ္ႏွစ္ခန္႔ရွိၿပီ ေျပာပါတယ္။ ေျမကြက္အမည္ေပါက္မွာေတာ့ ဒုတိယ ဇနီးအမည္နဲ႔ တြဲဖက္ထားတာျဖစ္တယ္''

''ဒုတိယဇနီးနဲ႔ လက္ထက္ပြား ပစၥည္းျဖစ္ေနတာေပါ့။ ဥပေဒ စကားအရ ေျပာရရင္ေတာ့ သီလရွင္ ဆရာေလးက လင္ပါသမီးျဖစ္ေနတယ္။ ဖခင္ကြယ္လြန္ခ်ိန္မွာ အေမြခဲြေဝေပးခဲ့ျခင္းရွိ မရွိ ဘာသိေသးသလဲ''

''အဲဒါေတာ့ ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး။ အေမြမရေသးလုိ႔ ကန္႔ကြြက္တာ ျဖစ္မွာေပါ့ဆရာ''

''ဒါလည္း ဟုတ္တာပဲေလ။ ခြဲေဝေပးခဲ့တာရွိရင္ေတာ့ စာခ်ဳပ္စာတမ္း ရွိမရွိ ေမးျမန္းထားဖုိ႔လုိတယ္''

''ကြၽန္ေတာ္သိခ်င္တာက သီလရွင္ဝတ္သြားတဲ့သူ၊ တစ္နည္းေျပာရရင္ သာသနာ့ေဘာင္ထဲဝင္သြားသူက အေမြ ရခြင့္မရွိဘူးလုိ႔ ကြၽန္ေတာ္ ၾကားဖူးထားတယ္ဆရာ။ ဘုန္းႀကီးေတြဆုိရင္ ဝိနည္းအရ လူပုဂၢိဳလ္ေတြ လုိေငြေၾကး ကိုကိုင္ၿပီး သုံးစြဲခြင့္မရွိဘူးလုိ႔ သိထားပါတယ္။ ဒါေၾကာင့္ သီလရွင္ ဆရာေလးအေနနဲ႔ အေမြေတာင္းခြင့္ရွိပါသလား ဆရာ''

''ရဟန္းသံဃာေတာ္ေတြနဲ႔ ပတ္သက္လုိ႔ကေတာ့ ဗုဒၶဘာသာျမန္မာ့ ဓေလ့ထုံးတမ္းဥပေဒအရ ရဟန္းေတာ္မ်ား သည္ မိဘႏွင့္ ေဆြမ်ဳိးမ်ား၏ အေမြကိုဆက္ခံခြင့္မရွိ။ ထုိ႔အတူ ရဟန္းေတာ္၏ အေမြကိုလည္း ေဆြမ်ဳိးမ်ားက အေမြဆက္ခံ ခြင့္မရွိလုိ႔ ေရႊတုံးႏွင့္ ထြန္းလင္း၊ ေအာက္ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ ႏွာ-၂၂ဝ ႏွင့္ ေမာင္ပြဲႏွင့္ ဦးအကၤုရ (၁၉၁၇ - ၂ဝ) အထက္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၉၁ အမႈေတြမွာ ဆုံးျဖတ္အတည္ျပဳထားပါတယ္။

''ရဟန္းေဘာင္မဝင္မီက ပိုင္ခဲ့တဲ့ပစၥည္းဆုိင္ရင္ ဘယ္လုိေဆာင္ရြက္ေပးခဲ့လုိ႔ ရပါသလား''

''ျခြင္းခ်က္အေနနဲ႔ ရဟန္းေဘာင္ကူးေျပာင္းမသြားမီ က်န္ခဲ့တဲ့ အိမ္ေျမေတြကုိေတာ့ သားသမီး၊ ေဆြမ်ဳိးသားခ်င္း ေတြက အေမြဆက္ခံခြင့္ ရွိပါတယ္။ ဒါနဲ႔ ပတ္သက္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးျမေရႊႏွင့္ ဦးသာ ထြန္းအမႈ ၁၉၉၂ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ - ၁၁၅ အမႈမွာ ရဟန္းေဘာင္ကူး ေျပာင္းသြားသည့္ ဖခင္၏ အေမြကို သားသမီးမ်ားက ဆက္ခံခြင့္ရွိတယ္လုိ႔ ဆုံးျဖတ္ထားပါတယ္''

''ဒါဆုိရင္ အခုကိစၥက သီလရွင္ဘဝနဲ႔ အေမြေတာင္းတာဆုိေတာ့ ရႏုိင္ပါ့မလား''

''ဒါနဲ႔ ပတ္သက္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ မမိမင္းဒင္ ႏွင့္ မမိေလွ (၁၉ဝ၄-ဝ၆) ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး (အထက္ ျမန္မာ) ျမန္မာ့ဓေလ့အေမြ (၁၁) အမႈ။ ေဒၚစိန္ႏွင့္ မမယ္မ-ေအအုိင္အာ - ၁၉၃၈ ခုႏွစ္ ရန္ကုန္စီရင္ထုံး စာမ်က္ႏွာ ၃ဝ၃ အမႈတုိ႔မွာ မယ္သီလမ်ားသည္ သာမန္ပုဂၢိဳလ္မ်ားထက္ အနည္း ငယ္သာသူတုိ႔ျဖစ္သည္။ ထုိ႔ေၾကာင့္ သာမန္ ပုဂၢိဳလ္မ်ားနည္းတူ အေမြဆက္ခံခြင့္ရွိသည္လုိ႔ ဆုံးျဖတ္ထုံးဖြဲ႔ထာ ပါတယ္''

''ဆရာရွင္းျပခ်က္အရဆုိရင္ေတာ့ ကြၽန္ေတာ္တုိ႔ ကိစၥမွာ ကန္႔ကြက္သူ သီလရွင္ဆရာေလးက အေမြရခြင့္ရွိတာေပါ့''

''မွန္ပါတယ္။ ဒါေပမယ့္ ဥပေဒအရ ပထမဇနီးနဲ႔ ေမြးတဲ့ သမီးျဖစ္ေနတဲ့အတြက္ ဖခင္ကြယ္လြန္စဥ္က အေမြခဲြ ေဝရရွိခဲ့ၿပီးျဖစ္ရင္ေတာ့ အေမြထပ္မံရပုိင္ခြင့္မရွိေတာ့ဘူး။ ဒါကိုေတာ့ ေသခ်ာေမးျမန္းဖုိ႔လုိပါတယ္''

''ဘယ္လုိပဲျဖစ္ျဖစ္ အေမြခြဲေဝးေပးရမယ့္ သေဘာေပါ့''

''မွန္ပါတယ္။ သီလရွင္ျဖစ္ေနလုိ႔ အေမြရခြင့္မရွိဘူးဆုိတာေတာ့ မဟုတ္ဘူး။ ဥပေဒနဲ႔အညီ အေမြရခြင့္ရွိမွာ ျဖစ္ပါတယ္''ဟု ရွင္းျပေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

''ကျွန်တော် အိမ်ဝယ်လိုက်တယ် ဆရာ။ ကန့်ကွက်သူပေါ်လာလို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိချင်လို့ ပါ''ဟု စာဖတ်သူ ပရိသတ် တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးခြင်းဖြစ်ပါသည်။

''ဒါကတော့ မကြာခဏ တွေ့ကြုံလေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ အကြောင်းအရင်းသိဖို့တော့ လိုတယ်။ ဒါမှ ဖြေရှင်းရ တာအဆင်ပြေမှာ ဖြစ်တယ်။ အိမ်ဆိုတော့ မြေနဲ့အိမ်ဝယ်လိုက်တာလား''

''ဟုတ်ကဲ့ ဆရာ။ မူလအစကတော့ ကွန်ဒိုတိုက်ခန်းဝယ်မယ်စိတ်ကူးထားတာ၊ နောက်ပိုင်းသူငယ်ချင်း တစ်ဦး ရဲ့ အစ်မဝမ်းကွဲတော်စပ်သူက မြေနဲ့အိမ်ရောင်းမယ်ဆိုလို့ စိတ်ကူးပြောင်းသွားတာ ဆရာ''

''မြေက ဂရန်မြေလား၊ ဘယ်လို မြေအမျိုးအစားလဲ''

''မြောက်ဒဂုံမြို့သစ်မှာပါ ဆရာ။ မြေကွက်ကလည်း ပေ ၄ဝx ပေ ၆ဝဆိုတော့ စိတ်ဝင်စားသွားတယ်။ မြေပြည့် တစ်ထပ်တိုက် ဆောက်ထားတော့ လက်တင်တက်နေရုံပဲ ဆရာ''

''မြေကွက်အမည်ပေါက်က ရောင်းမယ်ဆိုတဲ့ အမျိုးသမီးအမည်ပေါက်လား၊ မှတ်ပုံတင် အရောင်းချုပ်ဆိုထား တာရှိမရှိ စုံစမ်းသေးလား''

''သူက တစ်ဆင့်ဝယ်ထားတာ မဟုတ်ဘူးဆရာ။ မြေကွက်က သူ့မိဘတွေ အမည်ပေါက်လို့ သိရတယ်''

''မိဘနှစ်ဦးလုံးက ကွယ်လွန်သွားကြပြီလား''

''ဟုတ်တယ် ဆရာ''

''မြို့တော်စည်ပင်သာယာရေး

ကော်မတီမြေယာဌာနမှာ သွားရောက်စုံစမ်းသေးလား''

''ဂရန်စာချုပ်ပြတော့ ကျွန်တော်လည်းအစက မစုံစမ်းမိဘူး။ ကန့်ကွက်သူပေါ်လာမှ စုံစမ်းခဲ့တယ်''

''မြေကွက်အမည်ပေါက်က မိဘနှစ်ဦးအမည်ပေါက်ဆိုတော့ အခက်အခဲတော့ မရှိပါဘူး''

''ဟုတ်ကဲ့ ဆရာ၊ သားသမီးက နှစ်ဦးရှိတယ်။ ရောင်းမယ့်အိမ်မှာပဲ နေထိုင်ကြတယ်။ အစ်မကြီးဖြစ်သူက အပျိုကြီးဖြစ်ပြီး မောင်ဖြစ်သူ အိမ်ထောင်သည်နဲ့အတူနေပါတယ်။ ဒါကြောင့် ပိုင်ဆိုင်မှုရှင်းတယ်ဆိုပြီး ဝယ်လိုက်တာ ဆရာ''

''စရန်ငွေ တစ်စိတ်တစ်ပိုင်းတော့ ပေးထားပြီးပြီပေါ့''

''ဟုတ်ကဲ့ ဆရာ။ ငွေအပြီးချေဖို့ တစ်ပတ်ခန့်အလိုမှာ အိမ်ပွဲစားတွေဆီကတစ်ဆင့်ကြားတာပေါ့ ဆရာ။ အခြား မောင်နှမတစ်ဦးရှိသလိုလို ပြောကြတယ်။ ဒါနဲ့ ကျွန်တော်လည်း သတင်းစာထဲမှာ ကန့်ကွက်သူရှိ မရှိ ကန့် ကွက်နိုင်ကြောင်း ကြေညာထည့်ခဲ့တယ်''

''အဲဒီတော့ ဆွေမျိုးသားချင်း တစ်ဦးပေါ်လာတယ်ဆိုပါတော့''

''ဟုတ်တယ် ဆရာ။ ကန့်ကွက်သူက သီလရှင်လို့တော့ မကြေညာဘူး။ ဒါပေမယ့် သီလရှင်ဝတ်နေတာ ဆရာ''

''ဘယ်လို ဆွေမျိုးတော်စပ်တာလဲ။ မေးကြည့်ဖြစ်သေးလား''

''အစ်မအကြီးဆုံးလို့ ပြောတယ်''

''မောင်နှမအရင်းပေါ့။ ကိတ္တိမ မွေးစားထားတာမျိုးတော့ မဟုတ်ဘူး''

''သေချာ မေးကြည့်မှ အတူနေ မောင်နှမနဲ့က ဖအေတူ မအေကွဲ မောင်နှမလို့ ပြောတယ်။ မောင်နှမအရင်း တော့ မဟုတ်ဘူး''

''ဒါဆိုရင် အခု ရောင်းမယ်ဆိုတဲ့ အိမ်မှာနေတဲ့ မောင်နှမနှစ်ယောက်က မောင်နှမအရင်းဖြစ်မယ်။ ဖခင်ဖြစ်သူရဲ့ နောက်အိမ်ထောင်က မွေးဖွားတဲ့ သားသမီးတွေဖြစ်တယ်''

''ဟုတ်တယ် ဆရာ။ ဖခင်ရဲ့ ပထမဇနီးက မောင်နှမနှစ်ဦးရဲ့ ကြီး ဒေါ်ခေါ်မလား။ သူတို့ မိခင်ရဲ့ အစ်မအရင်း လို့ ပြောပါတယ်''

''ပထမဇနီး ကွယ်လွန်လို့ ခယ်မဖြစ်သူနဲ့ လက်ထပ်တဲ့ သဘောဖြစ်မယ်''

''ဟုတ်ပါတယ် ဆရာ။ သီလရှင်ဝတ်သွားတာ ကိုးဝါနီးပါးရှိပြီလို့ သိရတယ်။ သူ့ဖခင်ဆုံးပြီး တစ်နှစ်လောက် အကြာမှာ သီလရှင်ဝတ်သွားတယ်လို့ ပြောပါတယ်။ လူဝတ်အဖြစ် ပြန်ထွက်ဖို့အစီအစဉ်မရှိဘဲ ကန့်ကွက်တာ လို့ သိရတယ်''

''ဒုတိယ ဇနီးကွယ်လွန်သွားတာ ဘယ်လောက်ကြာပြီလဲ''

''နှစ်နှစ်ခန့်ရှိပြီ ပြောပါတယ်။ မြေကွက်အမည်ပေါက်မှာတော့ ဒုတိယ ဇနီးအမည်နဲ့ တွဲဖက်ထားတာဖြစ်တယ်''

''ဒုတိယဇနီးနဲ့ လက်ထက်ပွား ပစ္စည်းဖြစ်နေတာပေါ့။ ဥပဒေ စကားအရ ပြောရရင်တော့ သီလရှင် ဆရာ လေးက လင်ပါသမီးဖြစ်နေတယ်။ ဖခင်ကွယ်လွန်ချိန်မှာ အမွေခွဲဝေပေးခဲ့ခြင်းရှိ မရှိ ဘာသိသေးသလဲ''

''အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး။ အမွေမရသေးလို့ ကန့်ကွက်တာ ဖြစ်မှာပေါ့ ဆရာ''

''ဒါလည်း ဟုတ်တာပဲလေ။ ခွဲဝေပေးခဲ့တာရှိရင်တော့ စာချုပ်စာတမ်း ရှိ မရှိ မေးမြန်းထားဖို့လိုတယ်''

''ကျွန်တော်သိချင်တာက သီလရှင်ဝတ်သွားတဲ့သူ၊ တစ်နည်းပြောရရင် သာသနာ့ဘောင်ထဲဝင်သွားသူက အမွေ ရခွင့်မရှိဘူးလို့ ကျွန်တော် ကြားဖူးထားတယ် ဆရာ။ ဘုန်းကြီးတွေဆိုရင် ဝိနည်းအရ လူပုဂ္ဂိုလ်တွေ လိုငွေကြေး ကိုကိုင်ပြီး သုံးစွဲခွင့်မရှိဘူးလို့ သိထားပါတယ်။ ဒါကြောင့် သီလရှင် ဆရာလေးအနေနဲ့ အမွေတောင်းခွင့်ရှိ ပါသလား ဆရာ''

''ရဟန်းသံဃာတော်တွေနဲ့ ပတ်သက်လို့ကတော့ ဗုဒ္ဓဘာသာမြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ ရဟန်းတော်များ သည် မိဘနှင့် ဆွေမျိုးများ၏ အမွေကိုဆက်ခံခွင့်မရှိ။ ထို့အတူ ရဟန်းတော်၏ အမွေကိုလည်း ဆွေမျိုးများက အမွေဆက်ခံ ခွင့်မရှိလို့ ရွှေတုံးနှင့် ထွန်းလင်း၊ အောက်မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ-၂၂ဝ နှင့် မောင်ပွဲနှင့် ဦးအင်္ကုရ (၁၉၁၇ - ၂ဝ) အထက် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၉၁ အမှုတွေမှာ ဆုံးဖြတ် အတည်ပြုထားပါတယ်။

''ရဟန်းဘောင်မဝင်မီက ပိုင်ခဲ့တဲ့ ပစ္စည်းဆိုင်ရင် ဘယ်လိုဆောင်ရွက်ပေးခဲ့လို့ ရပါသလား''

''ခြွင်းချက်အနေနဲ့ ရဟန်းဘောင်ကူးပြောင်းမသွားမီ ကျန်ခဲ့တဲ့ အိမ်မြေတွေကိုတော့ သားသမီး၊ ဆွေမျိုးသားချင်း တွေက အမွေဆက်ခံခွင့် ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြရွှေနှင့် ဦးသာ ထွန်းအမှု ၁၉၉၂ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၁၁၅ အမှုမှာ ရဟန်းဘောင်ကူး ပြောင်းသွားသည့် ဖခင်၏ အမွေကို သားသမီးများက ဆက်ခံခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်''

''ဒါဆိုရင် အခုကိစ္စက သီလရှင်ဘဝနဲ့ အမွေတောင်းတာဆိုတော့ ရနိုင်ပါ့မလား''

''ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မမိမင်းဒင် နှင့် မမိလှေ (၁၉ဝ၄-ဝ၆) ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး (အထက် မြန်မာ) မြန်မာ့ဓလေ့အမွေ (၁၁) အမှု။ ဒေါ်စိန်နှင့် မမယ်မ-အေအိုင်အာ - ၁၉၃၈ ခုနှစ် ရန်ကုန်စီရင်ထုံး စာမျက်နှာ ၃ဝ၃ အမှုတို့မှာ မယ်သီလများသည် သာမန်ပုဂ္ဂိုလ်များထက် အနည်း ငယ်သာသူတို့ဖြစ်သည်။ ထို့ကြောင့် သာမန် ပုဂ္ဂိုလ်များနည်းတူ အမွေဆက်ခံခွင့်ရှိသည်လို့ ဆုံးဖြတ်ထုံးဖွဲ့ထာ ပါတယ်''

''ဆရာရှင်းပြချက်အရဆိုရင်တော့ ကျွန်တော်တို့ ကိစ္စမှာ ကန့်ကွက်သူ သီလရှင်ဆရာလေးက အမွေရခွင့်ရှိတာ ပေါ့''

''မှန်ပါတယ်။ ဒါပေမယ့် ဥပဒေအရ ပထမဇနီးနဲ့ မွေးတဲ့ သမီးဖြစ်နေတဲ့အတွက် ဖခင်ကွယ်လွန်စဉ်က အမွေခွဲ ဝေရရှိခဲ့ပြီးဖြစ်ရင်တော့ အမွေထပ်မံရပိုင်ခွင့်မရှိတော့ဘူး။ ဒါကိုတော့ သေချာမေးမြန်းဖို့လိုပါတယ်''

''ဘယ်လိုပဲဖြစ်ဖြစ် အမွေခွဲဝေးပေးရမယ့် သဘောပေါ့''

''မှန်ပါတယ်။ သီလရှင်ဖြစ်နေလို့ အမွေရခွင့်မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ဥပဒေနဲ့အညီ အမွေရခွင့်ရှိမှာ ဖြစ်ပါတယ်''ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
thukha-garden-residence
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service