အေထြေထြကိုယ္စားလွယ္လႊဲစာ (GP) ဆိုတာဘာလဲ။ အထူးကိုယ္စားလွယ္လႊဲစာ (SP) ဆိုတာဘာလဲ။ GP, SP နဲ႕ပတ္သက္ၿပီး ဘာေတြသတိထားဖို႔ လိုအပ္မလဲ ?

အေထြေထြကိုယ္စားလွယ္လႊဲစာ (GP) ဆိုတာဘာလဲ။ အထူးကိုယ္စားလွယ္လႊဲစာ (SP) ဆိုတာဘာလဲ။ GP, SP နဲ႕ပတ္သက္ၿပီး ဘာေတြသတိထားဖို႔ လိုအပ္မလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
4 Nov 2019 10:26 am တွင် တင်ခဲ့သည်
10491 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

အေထြေထြကိုယ္စားလွယ္လႊဲစာ GP ( General Power )

အေထြေထြကိုယ္စားလွယ္လႊဲစာဆိုသည္မွာ လူတစ္ဦးမွ အျခားလူတစ္ဦးသို႔ ၎ပိုင္ဆိုင္ေသာ မေရႊ႕ မေျပာင္းႏိုင္ေသာပစၥည္း၊ ေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းႏွင့္ အရပ္ရပ္ကိစၥအားလံုးအတြက္ ၎ကိုယ္တိုင္ ေဆာင္ရြက္ဘိသကဲ့သို႔ ၎ကိုယ္စားလက္မွတ္ေရးထိုးလုပ္ကိုင္ေဆာင္ရြက္ႏိုင္ေစရန္အတြက္ ခန္႔အပ္သည့္ ကိုယ္စားလွယ္လႊဲျခင္းကို ဆိုလိုသည္။

အထူးကိုယ္စားလွယ္လႊဲစာ SP (Special Power) အထူးကိုယ္စားလွယ္လႊဲစာဆိုသည္မွာ လူတစ္ဦးမွမိမိပိုင္းေရးဆိုင္ခြင့္အားလံုးထဲမွ တစ္စံုတစ္ခုကို သီးသန္႔ေဆာင္ရြက္နိုင္ရန္ ရည္ရြယ္၍ အထူးကိုယ္စားလွယ္လႊဲစာကို ေပးအပ္ျခင္း ျဖစ္ပါသည္။ (အထူးသျဖင့္ အိမ္၊ ျခံ၊ ေျမ အေရာင္းအဝယ္လုပ္ရာတြင္ အမည္ေပါက္ပိုင္ဆိုင္သူမွ တစ္ဆင့္ဝယ္ယူသို႔ ေရာင္းခ်ရာတြင္ ဝယ္ယူသူအမည္ေပါက္ရရွိေရးအတြက္ သက္ဆိုင္ရာရံုးဌာနအသီးသီးတြင္လိုက္လံ ေဆာင္ရြက္နိုင္ရန္ အထူးကိုယ္စားလွယ္လႊဲစာကိုသာ ေပးက်ျခင္းျဖစ္ပါသည္။

အထူးကိုယ္စားလွယ္လႊဲစာ SP (Special Power) သတိျပဳရမည့္အခ်က္မ်ား

- SP ေပးသည္ဆိုရာ၌ ေျမအမည္ေပါက္သူကိုယ္တိုင္ေပးရမည္ျဖစ္ၿပီး ေျမကြက္တစ္ခု၏ SP ရထားသူမွ အျခားသူတစ္ဦးသို႔ယင္းေျမကြက္ႏွင့္ပတ္သက္ၿပီးထပ္ဆင့္ SP လႊဲေပးလို႔မရပါ။

- SP ေပးလို႔ရေသာ ေျမမ်ားမွာ ဂရန္ေျမ၊ ဘိုးဘြားပိုင္ေျမ ( ေျမပိုင္ေျမ )၊ လန -၃၉ နွင့္ ၃ ( ခ ) တို႔ျဖစ္ျပီး စလစ္ေျမ၊ ပါမစ္ေျမ၊ က်ဴးေက်ာ္ေျမတို႔မွာ SP ေပးလို႔မရပါ။

- လယ္ေျမ နွင့္ ဥယ်ာဥ္ျခံေျမ တို႔တြင္ အမည္ေပါက္ ပံုစံ (၇) က်ျပီးပါက SP ေပးလို႔ရပါသည္။

- SP လႊဲအပ္ရာတြင္ သက္ဆိုင္ရာ ေၾကးတိုင္းနွင့္ေျမစာရင္းရံုးတြင္ မွတ္ပံုတင္အရာရွိေရွ႕တြင္ လည္းေကာင္း၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္လည္းေကာင္း မွတ္ပံုတင္ျပီးေပးမွ တရားဝင္မည္ ျဖစ္ပါသည္။

အေထြေထြကိုယ္စားလွယ္လႊဲစာ GP ( General Power ) သတိျပဳရမည့္အခ်က္မ်ား

- GP ေပးသည္ဆိုရာ၌ မိမိ၏ ပိုင္ဆိုင္သမွ်အရာအားလံုးကို လႊဲအပ္ခံရသူအား မိမိကိုယ္စား လုပ္ခြင့္ေပးျခင္းျဖစ္ၿပီး GP ရထားသူမွ အျခားသူတစ္ဦးသို႔ယင္းေျမကြက္ႏွင့္ပတ္သက္ၿပီး ထပ္ဆင့္ GP လႊဲေပးလို႔မရပါ။

SP, GP ကို ဘယ္လိုလႊဲအပ္မလဲ။

- သက္ဆိုင္ရာ ေၾကးတိုင္းနွင့္ ေျမစာရင္းရံုးတြင္လည္းေကာင္း၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ လည္းေကာင္း လႊဲအပ္သူ၊ သက္ေသ (၂) ဦးတို႔ လက္မွတ္ေရးထိုး၍ လူကိုယ္တိုင္လိုက္ပါေဆာင္ရြက္ရန္လိုအပ္ပါတယ္။

- လႊဲအပ္သူက ေနမေကာင္းလို႔ ေဆးရံုေပၚေရာက္ေနရင္လည္း ေဆးကုေနေၾကာင္း အေထာက္အထား၊ သတိေကာင္းေၾကာင္း အေထာက္အထားမ်ားရယူျပီး သက္ဆိုင္ရာရံုးကို ျပင္ပသို႔လိုက္ပါ မွတ္ပံုတင္ေပးရန္(ေကာ္မရွင္နာ) ေလၽွာက္ထားပါက သက္ဆိုင္ရာအရာရွိမွ ေနအိမ္သို႔ လိုက္ပါ ေဆာင္ရြက္ေပးမွာျဖစ္ပါတယ္။

- လႊဲအပ္မည့္သူက ႏိုင္ငံျခားေရာက္ေနတာဆိုရင္ေတာ့ သူေရာက္ေနနဲ႔ ႏိုင္ငံမွာ ျမန္မာႏိုင္ငံဆိုင္ရာ သံရံုးရွိ တာဝန္ရွိသူေရွ႕ေမွာက္မွာ လႊဲအပ္လို႔ရပါတယ္။ သံရံုးမရွိရင္ေတာ့ ေကာင္စစ္ဝန္ရံုးမွာ လႊဲရပါတယ္။ သံရံုးေရာ၊ ေကာင္စစ္ဝန္ရံုးေရာမရွိတဲ့ ေဒသေရာက္ေနတာဆိုရင္ေတာ့ ရွိတဲ့ဆီသြားလႊဲရမွာျဖစ္ပါတယ္။

- လႊဲအပ္မည့္သူက ရဲအခ်ဳပ္က်ေနရင္ စခန္းမႉး၊တာဝန္မွဴးေရွ႕ေမွာက္မွာ လႊဲရပါတယ္၊ ေထာင္က်ေနတာဆိုရင္ေတာ့ တာဝန္ခံေထာင္းမွဴးေရွ႕မွာလႊဲအပ္ရယူႏိူင္ၾကပါတယ္။

Special Power ၊ General Power ေတြဟာ အေျခအေန (၇) မ်ိဳးမွာ ျပန္လည္ပ်က္ျပယ္သြားႏိုုင္ပါတယ္။အဲဒီအေျခအေနေတြကေတာ့ -

(၁) SP, GP အားျပန္လည္႐ုုပ္သိမ္းေသာအခါ SP, GP ကိုလဲႊေပးသူကအေၾကာင္းခိုုင္လံုုမႈ႐ိွရင္ မိမိသေဘာအရ ျပန္လည္႐ုုပ္သိမ္းႏိုုင္ပါသည္။ ထိုသိုု႔႐ုုပ္သိမ္းေသာအခါ SP, GP ေတြဟာ ပ်က္ျပယ္သြားတတ္တယ္။

(၂) လက္ခံသူမွျငင္းပယ္၍ ပ်က္ျပယ္ျခင္း SP, GP တို႕ကို တစ္စံုတစ္ေယာက္ေသာသူက ကိုုယ္စားလွယ္လဲႊအပ္ေပးေပမယ့္ လက္ခံရမယ့္သူကအေၾကာင္းတစ္စံုုတစ္ရာျပၿပီး လက္ခံျခင္းမ႐ိွခဲ့လွ်င္ ထိုု SP, GP တို႕ဟာ ပ်က္ျပယ္ပါတယ္။

(၃) ကိစၥၿပီးဆံုုးလွ်င္လည္း ပ်က္ျပယ္ပါသည္ SP တစ္ေစာင္ကို အေၾကာင္းအရာတစ္ခုုျဖင့္ လဲႊအပ္ေပးပါတယ္။ ဥပမာ- ေျမပံုေျမရာဇဝင္ထုုတ္ယူဖိုု႔နဲ႔ ၿခံစည္း႐ိုုးခတ္ရန္။ အဲဒီလိုအေၾကာင္းအရာႏွစ္ခုုနဲ႕လဲႊအပ္ေပးထားတဲ့ SP တစ္ေစာင္ဟာ ေျမပံုေျမရာဇဝင္ ထုတ္ယူဖိုု႔နဲ႔ ၿခံစည္း႐ိုုးနဲ႔ပတ္သက္တဲ့ ကိစၥအဝဝ ၿပီးဆံုးသြားၿပီဆိုတဲ့အခ်ိန္မွာ ထို SP သည္ ၿပီးဆံုုးျခင္း၊ ပ်က္ျပယ္ျခင္းသို႕ေရာက္ပါတယ္။

(၄) လဲႊအပ္/ လက္ခံသူတစ္ဦးဦးေသဆံုးျခင္း SP, GP တိုု႔ကို လဲႊအပ္သူ(သို႕) လဲႊအပ္ျခင္းလက္ခံသူ တစ္ဦးဦးေသဆံုုးသြားခဲ့လွ်င္ ထို SP, GP ေတြဟာ ပ်က္ျပယ္ျခင္း၊ ၿပီးဆံုုးျခင္းသို႕ေရာက္ပါတယ္။

(၅) ႐ူးသြပ္ၾကျခင္း အလားတူပင္ SP, GP တို႕ကို လဲႊအပ္/ လက္ခံသူတစ္ဦးဦး ႐ူးသြပ္သြားခဲ့လွ်င္လည္း ထိုု SP, GP တိုု.သည္ ပ်က္ျပယ္သည္(သိုု႔) ၿပီးဆံုုးျခင္းသို႕ေရာက္ပါတယ္။

(၆) ႏွစ္႐ွည္ေထာင္က်ျခင္း SP, GP တို႕ကို လဲႊအပ္သူ(သိုု႔)လက္ခံသူတစ္ဦးဦးသည္ ႏွစ္႐ွည္ အက်ဥ္းေထာင္က်ျခင္းခံခဲ့ရပါမူ ထို SP, GP တိုု႔သည္ ပ်က္ျပယ္ျခင္း(သိုု႔) ၿပီးဆံုုးျခင္းသို႕ေရာက္ပါတယ္။

(၇) လူမဲြအျဖစ္ခံယူၾကျခင္း SP, GP တို႕ကို လဲႊအပ္သူ(သိုု႔) လက္ခံသူတစ္ဦးဦးက လူမဲြအျဖစ္ခံယူလိုုက္လွ်င္ အဲဒီ SP, GP တိုု႔ပ်က္ျပယ္ျခင္း(သို႕) ၿပီးဆံုးသြားၿပီးလို႕မွတ္ယူရပါမယ္။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်ဦးမှ အခြားလူတစ်ဦးသို့ ၎င်းပိုင်ဆိုင်သော မရွှေ့ မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အရပ်ရပ်ကိစ္စအားလုံးအတွက် ၎င်းကိုယ်တိုင် ဆောင်ရွက်ဘိသကဲ့သို့ ၎င်းကိုယ်စားလက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ခန့်အပ်သည့် ကိုယ်စားလှယ်လွှဲခြင်းကို ဆိုလိုသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP (Special Power) အထူးကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။ (အထူး သဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တစ်ဆင့် ဝယ်ယူသို့ ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာရုံးဌာနအသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် အထူးကိုယ်စားလှယ်လွှဲစာကိုသာ ပေးကျခြင်းဖြစ်ပါသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP (Special Power) သတိပြုရမည့်အချက်များ

- SP ပေးသည်ဆိုရာ၌ မြေအမည်ပေါက်သူကိုယ်တိုင်ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ SP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့်ပတ်သက်ပြီး ထပ်ဆင့် SP လွှဲပေးလို့မရပါ။

- SP ပေးလို့ရသော မြေများမှာ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှာ SP ပေးလို့မရပါ။

- လယ်မြေ နှင့် ဥယျာဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက SP ပေးလို့ရပါသည်။

- SP လွှဲအပ်ရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့်မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်လည်းကောင်း မှတ်ပုံတင်ပြီးပေးမှ တရားဝင်မည် ဖြစ်ပါသည်။

အထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power ) သတိပြုရမည့်အချက်များ

- GP ပေးသည်ဆိုရာ၌ မိမိ၏ ပိုင်ဆိုင်သမျှအရာအားလုံးကို လွှဲအပ်ခံရသူအား မိမိကိုယ်စား လုပ်ခွင့်ပေးခြင်းဖြစ်ပြီး GP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့်ပတ်သက်ပြီး ထပ်ဆင့် GP လွှဲပေးလို့မရပါ။

SP, GP ကို ဘယ်လိုလွှဲအပ်မလဲ။

- သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင်လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် လည်းကောင်း လွှဲအပ်သူ၊ သက်သေ (၂) ဦးတို့ လက်မှတ်ရေးထိုး၍ လူကိုယ်တိုင်လိုက်ပါဆောင်ရွက်ရန်လိုအပ်ပါတယ်။

- လွှဲအပ်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊ သတိကောင်းကြောင်း အထောက်အထားများရယူပြီး သက်ဆိုင်ရာရုံးကို ပြင်ပသို့လိုက်ပါ မှတ်ပုံတင်ပေးရန်(ကော်မရှင်နာ) လျှောက်ထားပါက သက်ဆိုင်ရာအရာရှိမှ နေအိမ်သို့ လိုက်ပါ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

- လွှဲအပ်မည့်သူက နိုင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိုင်ငံမှာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးရှိ တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်။ သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်။ သံရုံးရော၊ ကောင်စစ်ဝန်ရုံးရောမရှိတဲ့ ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရမှာဖြစ်ပါတယ်။

- လွှဲအပ်မည့်သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူးရှေ့မှောက်မှာ လွှဲရပါတယ်၊ ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်းမှူးရှေ့မှာလွှဲအပ်ရယူနိူင်ကြပါတယ်။

Special Power ၊ General Power တွေဟာ အခြေအနေ (၇) မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်။ အဲဒီအခြေအနေတွေကတော့ -

(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ SP, GP ကိုလွဲှပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို့ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။

(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း SP, GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွဲှအပ်ပေးပေမယ့် လက်ခံရမယ့်သူကအကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။

(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည် SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွဲှအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နဲ့ ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့လွဲှအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ ခြံစည်းရိုးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝ ပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။

(၄) လွဲှအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း SP, GP တို့ကို လွဲှအပ်သူ(သို့) လွဲှအပ်ခြင်းလက်ခံသူ တစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထို SP, GP တွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၅) ရူးသွပ်ကြခြင်း အလားတူပင် SP, GP တို့ကို လွဲှအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း ထို SP, GP တို.သည် ပျက်ပြယ်သည်(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၆) နှစ်ရှည်ထောင်ကျခြင်း SP, GP တို့ကို လွဲှအပ်သူ(သို့)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည် အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၇) လူမွဲအဖြစ်ခံယူကြခြင်း SP, GP တို့ကို လွဲှအပ်သူ(သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို့ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးသွားပြီးလို့မှတ်ယူရပါမယ်။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service