တစ်နာရီ ၉ ဒေါ်လာသာရသည့် ပန်းစိုက်အလုပ်သမားဘဝ၊ တံခါးစောင့်အလုပ်သမားဘဝ၊ သူငယ်ချင်းတစ်ဦး၏ နေအိမ်နောက်ဘက် ကားနောက်တွဲတစ်ခုကို တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ ဖြင့် ငှားရမ်းနေထိုင်ရသည့်ဘဝမှ Rich Dad Poor Dad စာအုပ်ဖတ်ရှုပြီးနောက် အသက် ၃၀ မတိုင်မီ အိမ်ခြံမြေများ ဝယ်ယူအငှားချသည့်လုပ်ငန်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာသူ

တစ်နာရီ ၉ ဒေါ်လာသာရသည့် ပန်းစိုက်အလုပ်သမားဘဝ၊ တံခါးစောင့်အလုပ်သမားဘဝ၊ သူငယ်ချင်းတစ်ဦး၏ နေအိမ်နောက်ဘက် ကားနောက်တွဲတစ်ခုကို တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ ဖြင့် ငှားရမ်းနေထိုင်ရသည့်ဘဝမှ Rich Dad Poor Dad စာအုပ်ဖတ်ရှုပြီးနောက် အသက် ၃၀ မတိုင်မီ အိမ်ခြံမြေများ ဝယ်ယူအငှားချသည့်လုပ်ငန်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာသူ - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2019 12:10 pm တွင် တင်ခဲ့သည်
18324 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Unicode Version ###

ဆာရှာ ဟော့ပ်ကင်းစ်သည် သြစတေးလျနိုင်ငံ၊ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်မှ ကျောင်းထွက်လိုက်ရချိန်တွင် မိဘနှစ်ပါးကလည်း ကွာရှင်းပြတ်စဲလိုက်ကြချိန်ဖြစ်ကာ ကံကြမ္မာဆိုးများ စုပြုံရင်ဆိုင်နေရချိန် ဖြစ်သည်။

ထိုသို့ အဆိုးရွားဆုံးဘဝနေ့ရက်များကို ဖြတ်သန်းနေရစဉ် တစ်ရက်တွင် သူ၏အတွေးအတွင်း ဝင်ရောက်လာသည်ကား မိမိမှာ ဘဝကို ယခုအခြေအနေမျိုးဖြင့် မဟုတ်ဘဲ အောင်မြင်သည့်ဘဝမျိုးကို လိုချင်ကြောင်း ဆင်ခြင်သုံးသပ်ခဲ့မိသည်။

ဆာရှာ ဟော့ပ်ကင်းစ်သည် ကွင်းစလန်ပြည်နယ်တွင် ကျောင်းတက်ခဲ့ပြီး ကျောင်းတွင် ကွန်ပြူတာများခိုးယူမှုဖြင့် အသက် ၁၇ နှစ်အရွယ်တွင် ကျောင်းထုတ်ခံလိုက်ရခြင်းဖြစ်၏။

နောက်ပိုင်းတွင် ဟော့ပ်ကင်းစ်သည် ကားပေါ်တွင်သာ နေထိုင်ခဲ့ရကာ နေအိမ်ဝယ်နိုင်ရန်အတွက် လုပ်အားခ အလွန်နည်းပါးသော အလုပ်များကို အဆက်မပြတ်လုပ်ကိုင်ခဲ့ရသည်။

သူ၏ စုဆောင်းရမိငွေများမှ အချို့ကိုလည်း ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ တိုးပွားလာစေရန် ကြိုးပမ်းခဲ့သေး၏။

အသက် ၂၁ နှစ်အရွယ်တွင်ကား ဟော့ပ်ကင်းသည် သြစတေးလျနိုင်ငံ တောင်ဘက် တက်စ်မန်ပင်လယ်ပြင်အတွင်းရှိ ပြည်နယ်တစ်ခုဖြစ်သော တက်စ်မေးနီးယားကျွန်းပေါ်ရှိ ဟိုဘာ့ထ်မြို့တော်မှ မြို့ပြင်ရှိ မြေကွက်တစ်ခုကို ဒေါ်လာ ၃၀၀၀၀၀ ဖြင့် ဝယ်ယူကာ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ပြီး ၈ နှစ်တာအတွင်း ဒေါ်လာ ၉ သန်းခန့်အထိ ကြွယ်ဝလာသည်။ လွန်ခဲ့သော ၂ နှစ်တာအတွင်း သူ၏ကြွယ်ဝလာမှုမှာ အဆိုပါပမာဏထက် ၅ ဆကျော် သာလွန်သွားပြီ ဖြစ်သည်။

နေထိုင်ရန် နေအိမ်တစ်လုံးဝယ်ယူကာ စုဆောင်းထားငွေများ အကုန်ခံသည်ထက် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်ချက်ပြောင်းလဲလိုက်ပြီးနောက်ပိုင်း မိမိဘဝပြောင်းလဲသွားခြင်းဖြစ်ကြောင်း ကလေး ၂ ဦး၏ ဖခင်ဖြစ်နေပြီဖြစ်သော ဟော့ပ်ကင်းက ဆိုသည်။

ပထမဆုံး နေအိမ် ၂ လုံးစတင်ဝယ်ယူခဲ့ချိန်များမှာ မိမိ၏ဘဝလမ်းတွင် အခက်ခဲဆုံးကာလများဖြစ်ခဲ့ကြောင်း လူငယ်အိမ်ခြံမြေ သူဌေးကြီးက ပြောပြ၏။

သို့ရာတွင် တတိယမြောက်နေအိမ်ကို ဝယ်ယူချိန်တွင်ကား ယခင်ကထက် လွယ်ကူသွားပြီ ဖြစ်သည်။

မိမိတွင် မဟာဗျူဟာ မရှိခဲ့သည့်အတွက် ပထမဆုံးနှစ်ကာလများသည် ခက်ခဲခဲ့ကြောင်း ဟော့ပ်ကင်းက ထုတ်ဖော်ဝန်ခံ၏။ သို့ရာတွင် နည်းဗျူဟာတစ်ခု တွေ့ပြီးသည်နှင့် လွယ်ကူသွားသည်ဟု ဆိုသည်။

အိမ်ခြံမြေတို့ကို ပြန်လည်အငှားချထားခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတို့ လိုအပ်နေသည့် ဝင်ငွေစီးဆင်းမှု ရလာနိုင်မည်ဖြစ်ကာ မိမိတို့၏ အရင်းအနှီးကြီးထွားမှု ရလာနိုင်စေမည်ဖြစ်ကြောင်း ဟော့ပ်ကင်းက လမ်းညွှန်၏။

“နေအိမ်ဝယ်ဖို့ ပထမဆုံးပေးသွင်းရမယ့်ငွေအတွက် စုဆောင်းရတာ ခက်ခဲပါလိမ့်မယ်။ ဒုတိယမြောက်နေအိမ်တစ်လုံး ထပ်ဝယ်ရေး ကလည်း ခက်ခဲနေဦးမှာပါပဲ။ ဒါပေမယ့် ခင်ဗျားမှာ တတိယမြောက်နေအိမ် ပိုင်ဆိုင်လာပြီဆိုရင် ပြန်ရလာမယ့် အငှားချထားငွေတွေ များပြားလာပြီး ရှေ့ဆက်ရမယ့်လမ်းက အရင်ထက်အများကြီး လွယ်သွားပါပြီ” နေအိမ်ပထမဆုံးဝယ်ယူကြမည့် ဝယ်လက်များအနေဖြင့် မိမိတို့နေထိုင်လိုသော စိတ်ကူးအိပ်မက်ထဲက နေအိမ်ကို ဝယ်ယူခြင်းမျိုးဖြင့် ပိတ်မိမသွားသင့်ကြောင်း၊ ပထမဆုံးဝယ်လက်များသည် အဆုံးသတ်ရလဒ်ထက် လမ်းစဉ်ကိုသာ တွေးတောဆင်ခြင်သုံးသပ်ကြရန် လိုကြောင်း ဟော့ပ်ကင်းက ပြောကြားသည်။

နေအိမ်ဝယ်လက်များအနေဖြင့် နေအိမ်တစ်လုံးတည်း ဝယ်ကာ ယင်းအပေါ်တွင် မှီခိုနေ၍ မရနိုင်ကြောင်း၊ အကြွးများပြန်ဆပ်ကာ အဆိုပါနေအိမ်တွင် နေထိုင်ရန်သာ တွေးတောခြင်းမျိုးမှာ အလုပ်မဖြစ်ကြောင်း ဟော့ပ်ကင်းက သတိပေး၏။

မျိုးဆက်သစ်လူငယ်တို့အနေဖြင့် ဈေးကွက်တွင်းသို့ ထိုးဖောက်နိုင်ရန် ကွဲပြားသောနည်းလမ်းများ အသုံးပြုသင့်ကြောင်း ဟော့ပ်ကင်းက အကြံပြုသည်။

ပထမဆုံးနေအိမ်ဝယ်ယူမည့်သူများအနေဖြင့် သတင်းမီဒီယာ၊ မိတ်ဆွေများနှင့် မိသားစုထံမှ အသံပေါင်းများစွာ ကြားရမည်ဖြစ်ပြီး ထိုအသံများအားလုံးကို လစ်လျူရှုသင့်သည်ဟု မစ္စတာဟော့ပ်ကင်းက ဆိုသည်။

“ဒီလိုအသံတွေကြားတွေကနေ ဖောက်ထွက်နိုင်ဖို့က တော်တော်ခက်တယ်။ တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေတာတွေ အရမ်းများလွန်းတော့ ဆုံးဖြတ်ချက်မချဖြစ်တော့တဲ့ အခြေအနေမျိုး ရောက်သွားနိုင်တာမျိုး ဖြစ်လာစေနိုင်ပါတယ်”

“ဒီလိုအခြေအနေမျိုးဟာ လူတွေကို စိတ်လှုပ်ရှားမှုတွေများစေပြီး ဆုံးဖြတ်ချက်အမှားတွေ ချမိတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ မှန်ကန်တဲ့လမ်းညွှန်မှု၊ သုတေသနတွေ မရခဲ့၊ မရှိခဲ့လို့ပါပဲ။”

မစ္စတာ ဟော့ပ်ကင်းစ်သည် A Team Property Group ကိုလည်း တည်ထောင်ခဲ့ပြီး ပထမဆုံးအကြိမ် နေအိမ်ဝယ်ယူမည့် ဝယ်လက်များအနေဖြင့် စိတ်လှုပ်ရှားမှုများ မရှိစေရန် အကြုံပြုမှုများ ပြုလုပ်ခဲ့သည်။ “ရင်းနှီးမြှုပ်နှံမှုဆိုတာ အဖြစ်အပျက်တွေ၊ ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေရဲ့ ကိစ္စပါ။ ဒီအိမ်မှာ ခင်ဗျားအနေနဲ့ နေချင်တယ်၊ မနေချင်ဘူးဆိုတာနဲ့ တွက်ချက်လို့ မရပါဘူး”

ဟော့ပ်ကင်းက ပြောကြားရာတွင် စိတ်ခံစားမှုအပေါ် မူတည်၍ အိမ်ခြံမြေဝယ်ယူမှု ပြုလုပ်သူများသည် ၎င်းတို့အကျွမ်းဝင်သည့်ဒေသများ (သို့မဟုတ်) နေထိုင်ရာရပ်ကွက်တွင်ပင် ဝယ်ယူမှုများ ပြုလုပ်လေ့ရှိကြကြောင်း၊ ထိုသို့သော ခြေလှမ်းမျိုးမှာ အိမ်ခြံမြေလောကတွင် အောင်မြင်ရန် ခက်ခဲကြောင်း ပြောကြားသည်။

အိမ်ခြံမြေကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသူတို့၏ အခြားမှားလေ့ရှိသော အမှားတစ်ခုမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနယ်ကို ပြင်းပြင်းထန်ထန်ကြိုးပမ်းအားထုတ်မှုများ မလုပ်ဘဲ ချမ်းသာရန်ဖြတ်လမ်းတစ်ခုသဖွယ် သဘောထားခြင်းမျိုး ဖြစ်သည်ဟု မစ္စတာ ဟော့ပ်ကင်းက ထောက်ပြသည်။

“အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဟာ နေ့ချင်းညချင်း ဘဝပြောင်းသွားနိုင်မယ့်အရာမျိုး မဟုတ်ပါဘူး”

“ဒါပေမယ့် ၁၀ နှစ်လောက် တစိုက်မတ်မတ် အာရုံစိုက်ပြီး စွဲစွဲမြဲမြဲ အားထုတ်ရင်း တချို့အရာတွေကို စတေးတာတွေ လုပ်နိုင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ကျန်တဲ့ဘဝသက်တမ်းအတွက် ဘဝကို ခိုင်မာအောင်ထူထောင်နိုင်မယ်လို့ ကျွန်တော်အာမခံပါတယ်”

မစ္စတာ ဟော့ပ်ကင်းက ပြောကြားရာတွင် အလုပ်များ အဆက်မပြတ်လုပ်ကိုင်နေရခြင်း၏ အကြောင်းရင်းမှာ ဇနီး၊ ကလေး ၂ ဦးနှင့် ၎င်းနှင့်ထိတွေ့ရသူတိုင်းအတွက် အကောင်းဆုံးဘဝများကို ဆောင်ကြဉ်းပေးလိုသောကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

၈ နှစ်တာကာလအတွင်း တစ်နာရီလျှင် ၉ ဒေါ်လာဖြင့် လုပ်ရသည့် အလုပ်သမားဘဝမှ ဒေါ်လာ ၉ သန်းအထိ ပိုင်ဆိုင်လာခဲ့ပြီး နောက်ဆုံး ၂ နှစ်တာအတွင်းတွင်မူ အဆိုပါ ပိုင်ဆိုင်မှု၏ ၅ ဆကျော် မြင့်တက်သွားခဲ့သည်။

“ပညာတွေ ဗဟုသုတတွေ ကျွန်တော်ဆက်လက်ဆည်းပူးတယ်။ လူတော်တွေပဲ ကျွန်တော့်ဘေးမှာ ရှိနေစေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမျိုးမျိုးစမ်းသပ်တယ်။ အဆောက်အအုံတွေ တစ်ခုပြီးတစ်ခု ဝယ်ပါတယ်”

“ဒါတွေကို ဘယ်လိုများလုပ်ခဲ့လဲဆိုရင် ဒါက စီးပွားရေးလုပ်ငန်းတွေ ဆက်လက်အောင်မြင်နေမှုနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ အများကြီးဆောက်လုပ်တာ၊ အိမ်ခြံမြေတွေကို လျင်လျင်မြန်မြန် ဝယ်ယူခဲ့တာတွေ ပေါင်းစည်းထားတာ ဖြစ်ပါတယ်”

“စကားဝှက်ကို ခင်ဗျားဖော်နိုင်ပြီဆိုတာနဲ့ နောက်ပိုင်းက သူ့ဟာသူ လွယ်ကူသွားမှာဖြစ်ပြီး ခင်ဗျားရဲ့ ကြွယ်ဝမှုကလည်း ပိုမိုလျင်မြန်လာပါလိမ့်မယ်”

(ဆာရှာဟော့ပ်ကင်းပြောပြသည့် ဘဝသင်ခန်းစာများ)

(ဆောင်ရန်)

ဗဟုသုတ ရှာမှီးပါ။

ရင်းနှီးမြှုပ်နှံမှုကို စီးပွားရေးလုပ်ငန်းတစ်ခုအသွင် လုပ်ဆောင်ပါ။ ကောင်းစွာအားထုတ်ပါက ဖြစ်မြောက်လာရမည်သာဖြစ်သည်။

သက်ဆိုင်ရာကဏ္ဍ ကျွမ်းကျင်သူများသာ သင့်နံဘေးတွင် ရှိပါစေ

(ရှောင်ရန်)

စိတ်လှုပ်ရှားမှု များပြားခြင်း

သင်အကျွမ်းဝင်ရင်းနှီးသော အရာများထံတွင်သာ ခြေဦးတည်ခြင်း

အိမ်ခြံမြေလောကကို နေ့ချင်းညချင်း ချမ်းသာသွားမည့်လုပ်ငန်းအဖြစ် ယူဆထားခြင်း အကြံဉာဏ်မယူသင့်သူများထံမှ အကြံဉာဏ်ရယူခြင်း။ (သို့မဟုတ်) မှန်ကန်သည့် အကြံပေးချက် မရရှိခြင်း

…… (propertyinvestory.com က ဆာရှာဟော့ပ်ကင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြချက်များ)

ကျွန်ုပ်၏ အမည်အပြည့်အစုံမှာ ဆာရှာ ဟော့ပ်ကင်းစ်ဖြစ်ပြီး ကျွနု်ပ်သည် The A Team အိမ်ခြံမြေအုပ်စု၏ အမှုဆောင်အရာရှိချုပ်၊ ဒါရိုက်တာတစ်ဦး ဖြစ်ပါသည်။

The A Team သည် မိမိတို့၏ ဖောက်သည်များကို မည်သို့ရင်းနှီးမြှုပ်နှံရမည်ဟူသော မဟာဗျူဟာများ လမ်းညွှန်ပြရန်နှင့် လုပ်ငန်းတစ်ခုလုံး စီမံခန့်ခွဲပေးခြင်းများ ပြုလုပ်နေသည့် ပင်မ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထိုသို့သော လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် အခြားသော ညီနောင် ကုမ္ပဏီများရှိသော်လည်း ပင်မမှာ The A Team ဖြစ်သည်။

ဆာရှာ ဟော့ပ်ကင်းက ကုမ္ပဏီ၏ အမည်ရွေးချယ်ခဲ့ပုံနှင့် စပ်လျဉ်းပြီး ပြန်ပြောင်းပြောပြရာတွင် တစ်ခါက သူသည် ဘာလီကျွန်းသို့ အပန်းဖြေရောက်ရှိနေပြီး တပြိုင်တည်းဆိုသလိုပင် မြို့ပြအိမ်ရာဆောက်လုပ်ရေးတစ်ခုအတွက် ငွေရင်းရှာဖွေလျက်ရှိချိန်ဖြစ်သည်။

ထိုစဉ်က သူ၏ကြိုးပမ်းမှုများ အထမမြောက်ခဲ့ရသောကြောင့် ဆာရှာ ဟော့ပ်ကင်းက ရင်းနှီးမြှုပ်နှံမှု၊ ကြီးပွားအောင်မြင်ရေးဆိုင်ရာ အကြံဉာဏ်များပေးမည့် ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု (A team of professionals ) ရှိသင့်ကြောင်း တွေးတောမိပြီး တည်ထောင်မည့် ကုမ္ပဏီကို The A Team ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

(တစ်နေ့တာကို ဘယ်လိုဖြတ်သန်းသလဲ)

ကျွန်တော် မနက်ဆိုရင် ၅း၃၀ မတိုင်ခင် အိပ်ယာနိုးပါတယ်။ ပြီးရင် အားကစားလေ့ကျင့်တဲ့နေရာကို သွားတယ်။

ကျွန်တော်က မနက်ခင်းလူသားပါ။ အဲဒီနောက်မှာ ကျွန်တော်အိမ်ပြန်လာတယ်။ ပုံမှန်အားဖြင့် အိမ်ပြန်ရောက်ချိန်မှာ ဇနီးနဲ့ သမီးလည်း နိုးနေပါပြီ။ ကျွန်တော့်သမီးက ၁၅ လအရွယ်ရှိပြီဖြစ်ပြီး winter (ဟေမာန်) လို့ခေါ်ပါတယ်။

မနက်ပိုင်းမှာ သူတို့နဲ့အတူ အချိန်ခဏလောက် ကုန်ဆုံးလေ့ရှိပါတယ်။ မနက်စာစားတယ်။

သမီးလေးကို မနက်စာကျွေးတယ်။ ပြီးရင် သမီး (ဒါမှမဟုတ်) တခါတရံမှာ ဇနီးဟာ ခွေးကလေးနဲ့အတူ ပန်းခြံကို သွားပါတယ်။

ကျွန်တော်လည်း ဟေမန်နဲ့အတူ ခဏလောက်နေပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်ဟာ တစ်နေ့တာအတွက် အသင့်ဖြစ်ပါပြီ။ အများအားဖြင့် ရုံးကို ၈း၃၀ ကနေ ၉ နာရီကြား သွားလေ့ရှိပါတယ်။

ရုံးမှာတော့ ကျွန်တော့်အဖွဲ့ လူအင်အားက ၁၀ ယောက်ကနေ ၁၂ ယောက်ကြား ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ပန်းတိုင်ကတော့ လူတွေရဲ့ ဘဝတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် များများပြောင်းလဲပေးနိုင်ဖို့ပါပဲ။

ချမ်းသာကြွယ်ဝမှုဆီကို ချီတက်နေကြသူတွေကို သူတို့ရဲ့ခရီးစဉ်တွေ ရှေ့ဆက်ဖို့ (ဒါမှမဟုတ်) စတင်ဖို့ အတွက် ကူညီပေးကြပြီး ဒီခရီးမှာ အိမ်ခြံမြေလောကကို ယာဉ်အဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။

(နယူးဆောက်ဝေးပြည်နယ် မြောက်ပိုင်းတွင် ကြီးပြင်းခဲ့ပြီး ကွင်းစလန်တွင် အထက်တန်းပညာရေးဆည်းပူးခဲ့သူ ဟော့ပ်ကင်းက သူ၏ ပထမဆုံးအလုပ်က သူ့အတွက် ဘဝလမ်းကြောင်းတစ်ခုလိုနေပြီဖြစ်ကြောင်း အတွေးစိတ်ဝင်လာစေခဲ့သည်ဟု ဆိုသည်)

ဆယ်ကျော်သက် ကာလတွေ မတိုင်မီက ကျွန်တော်ဟာ နင်မ်ဘင်လို့ခေါ်တဲ့ မြို့လေးရဲ့ မြို့ပြင် မိနစ် ၂၀လောက် ဝေးတဲ့အရပ်မှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာကို ခင်ဗျားတို့ သိမလားတော့ မသိဘူး။ ဒီမြို့က သြစတေးလျရဲ့ ဆေးခြောက်မြို့တော်ပါပဲ။ ကျွန်တော်ဟာ ငယ်ငယ်တုန်းက ဒီမြို့လေးရဲ့ လူနေမှုပုံစံနဲ့အတူ လေလွင့်သူ ဟစ်ပီတစ်ယောက်လို ကြီးပြင်းခဲ့ပြီး အခုတော့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဆန့်ကျင်ဘက် ဖြစ်နေပါပြီ။

အဲ့ဒီနောက်ပိုင်း Noosa (ကွင်းစလန်ပြည်နယ်တောင်ပိုင်း၊ ကမ်းရိုးတန်းဒေသ) ကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဘဝသစ်ကို စတင်ခဲ့တယ်။

၅ နှစ်၊ ၆ နှစ်လောက်နေတော့ ကံမကောင်းစွာပဲ မိဘနှစ်ပါး ကွာရှင်းတာနဲ့ ကြုံရတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ၁၆ နှစ်သား အရွယ် ဖြစ်နေပါပြီ။ ဒီလိုအပြောင်းအလဲဟာ ကျွန်တော့်အတွက် အောက်ကိုဆင်းတဲ့ လှေကားတစ်ခုလို ဖြစ်သွားခဲ့ပြီး ကျောင်းထုတ်ခံရတဲ့ အဖြစ်အပျက်ပါ ကြုံခဲ့ရပါတယ်။

ကျွန်တော်က တခြားကျောင်းကို ပြောင်းတက်ပြီး အထက်တန်းစာမေးပွဲ အောင်မြင်အောင်လုပ်ဖို့ ရည်မှန်းခဲ့ပေမယ့် ကျောင်းစာသင်ခန်းတွေက ကျွန်တော့်အတွက် မဟုတ်တော့ပါဘူး။

ဒါကြောင့် ကျွန်တော် အလုပ်စလုပ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်ကတော့ ပျိုးခြံတစ်ခုမှာ အလုပ်လုပ်ရတာဖြစ်ပြီး တနေကုန် ပန်းအိုးတွေ စိုက်နေရတဲ့ အလုပ်ပါ။

အဲဒီအလုပ်မှာ ၅ လလောက်လုပ်ခဲ့ပြီးတဲ့နောက် တစ်ရက်မှာတော့ အဲဒီနေ့အတွက် ၁၅၀ မြောက်ပန်းအိုးကို စိုက်အပြီးမှာ အတွေးတစ်ခု ခေါင်းထဲ ဝင်လာခဲ့ပါတယ်။

ဘဝကို ငါဘယ်လိုပုံစံမျိုးသွားနေတာလဲ။ ဒီလိုမျိုးဖြတ်သန်းနေတာ ပြက်လုံးတစ်ခုလိုပဲ။ ငါဟာ ကျောင်းလည်းတက် မနေဘူး။

ငါ့မှာ ဘာမှလည်း မရှိဘူး။ ဘာရည်မှန်းချက်မှလည်း မရှိဘူး။ ဒါတွေအားလုံးက တကယ်ပဲ ငါပဲလား။ အဲဒီအခိုက်အတန့်လေးဟာ ကျွန်တော့်ဘဝမှာ ဦးနှောက်ထဲ မီးပွင့်သလို ပထမဆုံးအလင်းဓာတ်တစ်ခု ပွင့်သွားတဲ့အခိုက်အတန့် လေးပါပဲ။

ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့လိုတယ်ဆိုတာ ချက်ချင်းသုံးသပ်မိလိုက်တယ်။

ဘာကြောင့်လဲဆို အခုလမ်းကြောင်းအတိုင်း ရှေ့ဆက်နေမယ်ဆိုရင် ကျွန်တော်ဘယ်ကိုမှ ရောက်မှာမဟုတ်လို့ပါ။ ဒါကြောင့် မိသားစုကို ကျောခိုင်းထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ကျောင်းပြီးအောင်တက်မယ်လို့ ဆုံးဖြတ်ပြီး အသက် ၁၇ နှစ်အရွယ်မှာ အိမ်က ထွက်ခဲ့ပါတယ်။

အဲ့လိုနဲ့ မဲလ်ဘုန်းကို ထွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ အထက်တန်းအောင်ခဲ့ပါတယ်။ ဒီနှစ်က ကျွန်တော့်ကို စမ်းသပ်တဲ့နှစ်ကာလပဲ ဖြစ်ပါဦးမယ်။ နောက်ပိုင်းမှာ ၁၁ နှစ်လောက် ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းရပါသေးတယ်။ အထက်တန်းအောင်သွားရင် ဘာဆက်လုပ်ချင်တယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။

အသက် ၁၇ နှစ်လောက်အရွယ်လိုမျိုး ခပ်ငယ်ငယ်နဲ့ အိမ်က စထွက်လာတဲ့သူမျိုးဆိုရင် ဘဝမှာ ပထမဆုံးသိလာမှာက ငွေလိုတယ် ဆိုတာ ခပ်မြန်မြန်ပဲ သိလာပါလိမ့်မယ်။

ကျွန်တော့်ဘဝမှာ အစောဆုံးသိလာတဲ့ သင်ခန်းစာတစ်ခုက တစ်ခုခုလုပ်ချင်တယ်ဆိုရင် လေ့လာဖို့လိုတယ်။ ငွေရဖို့လိုတယ်ဆိုတာပါပဲ။

ဒါကြောင့် ကျွန်တော်အလုပ်တွေ စလုပ်တယ်။ ကျွန်တော်က ငွေရဲ့ သဘောသဘာဝကို သဘောကျတယ်ဗျ။ ကျွန်တော်လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊ ကောင်းမွန်တဲ့ဘဝမျိုးမှာ နေထိုင်နိုင်ဖို့၊ မိသားစုကို စောင့်ရှောက်နိုင်ဖို့ ငွေက အကူအညီပေး ပါတယ်။

ကျွန်တော်ဟာ ငွေစုတဲ့ဘက်မှာ ဝီရိယရှိသူဖြစ်သလို အလုပ်ကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စတင်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

(ယင်းနောက် ဟော့ပ်ကင်းသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ပထမဆုံးစတင်ခဲ့ပြီး စာအုပ်တစ်အုပ်ကို ဖတ်ရှုရပြီးနောက်ပိုင်းတွင်ကား သူ၏စိတ်ကူးအာရုံများမှာ အိမ်ခြံမြေလောကဘက် ကူးပြောင်းခဲ့သည်။)

အသက် ၁၈ နှစ်မှာ ကျွန်တော်ဟာ ရှယ်ယာတွေဝယ်ပြီး စတင်ရင်းနှီးမြှုပ်နှံနေပြီ။ ဒါကလည်း ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။

နှစ်အတော်ကြာလုပ်ခဲ့ပြီး ငွေအကြောင်းကို တော်တော်လေ့လာခဲ့တယ်။ ငွေက တော်တော်စိတ်ဝင်စားစရာကောင်းတယ်ဗျ။

ဘာကြောင့်လဲဆို ကျွန်တော်က သူ့အကြောင်းကို ကောင်းကောင်းသိမယ်ဆိုရင် သူ့ကို ကျွန်တော်နားလည်လာမယ်။ ဒါဆိုရင် ဘဝမှာ ကျွန်တော်လုပ်ချင်တာတွေ အများကြီးလုပ်လို့ရမယ်။ အဲဒီနောက်ပိုင်း Rich Dad Poor Dad ဆိုတဲ့ စာအုပ်ဖတ်ရတယ်။

ဒီစာအုပ်ဖတ်ရပြီးနောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်ထဲကို ရောက်လာခဲ့ပါတယ်။

အဲဒါနဲ့ တစ်ချိန်တည်းဆိုသလိုပဲ ကျွန်တော်ဟာ လာနာလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံစည်းခဲ့တယ်။

ကျွန်တော်ဟာ သူနဲ့အတူ ၁၀ နှစ်လောက် ရင်းရင်းနှီးနှီးဖြတ်သန်းခဲ့ပြီး အခုတော့ ကျွန်တော့်ဇနီးဖြစ်နေပါပြီ။ ဒီလို မိန်းကလေးနဲ့ တွေ့ခဲ့တာက ကျွန်တော့်အတွက် နောက်ထပ် လှုံ့ဆော်ချက်တစ်ခုဖြစ်ခဲ့သလို အလင်းရခဲ့တဲ့ အခိုက်အတန့်တစ်ခု လည်း ဖြစ်ခဲ့ပါတယ်။

ကဲ..အခု ငါ ဒီမိန်းကလေးကို ပြုစုစောင့်ရှောက်ချင်တယ်ဆိုရင် ငါ့မှာကလည်း နောက်မှာ ဘာဂုဏ်ထူးဆောင် အရည်အချင်းလက်မှတ် တစ်ခုမှ ရှိမနေဘူး။ အစရှိသဖြင့်။

ဒီအချက်တွေကပဲ ငွေကြေးကို ရင်းနှီးမြှုပ်နှံတဲ့အပိုင်းကို အပြင်းအထန်လေ့လာပြီး အိမ်ခြံမြေလောကထဲကို ရောက်လာစေခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်မှာ ကျွန်တော့်ရဲ့ကျည်ဆန်ကို ပထမဆုံးစပစ်ပါတယ်။ ကျွန်တော့်ဘဝမှာ ပထမဆုံး အိမ်စတင်ဝယ်ယူ ခဲ့တာဖြစ်ပါတယ်။

အိမ်ဝယ်ပြီးတော့လည်း ဘာဆက်လုပ်ရမယ်ဆိုတာ ကျွန်တော့်မှာ အကြံဉာဏ်ရှိမနေခဲ့ဘူး။

ကျွန်တော်လုပ်ခဲ့တာက အိမ်ဝယ်ခဲ့တဲ့ လမ်းထဲမှာနေတဲ့သူတစ်ဦး၊ ကျွန်တော်ပထမဆုံး စကားပြောကြည့်ဖြစ်တဲ့သူတစ်ဦးဆီက အကြံဉာဏ်တောင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကတော့ အိမ်ခြံမြေလောကထဲကို ကျွန်တော်ဘယ်လိုစတင်ခဲ့သလဲဆိုတဲ့အကြောင်းပါပဲ။

(ဟော့ပ်ကင်းသည် အိမ်ခြံမြေလောကအတွင်း မဝင်ရောက်မီ အခြားလုပ်ကိုင်ခဲ့သော အလုပ်များတွင် လက်လီနှင့် မြေယာအလှပြုပြင်ခြင်း လုပ်ငန်းများလည်း ပါဝင်သည်)

ပျိုးဥယျာဉ်အလုပ်ကနေ ထွက်တော့ ၂၀၀၆ ခုနှစ်မှာ မဲလ်ဘုန်းကို သွားခဲ့ပြီး အထက်တန်းအောင်တယ်။ ပြီးတော့ ကြုံရာကျပမ်းအလုပ် တွေ လုပ်ခဲ့ပါတယ်။

ဒီလိုအလုပ်တွေထဲမှာ မြေယာအလှပြုပြင်တဲ့အလုပ်၊ လက်လီအရောင်းဆိုင်အလုပ်၊ Supre မှာ တံခါးစောင့်အဖြစ် လအနည်းငယ်၊ Supre က အမျိုးသမီးဆိုင်ပါ။

ဒါက ဘယ်လိုနေရာဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ အဲ့ဒီနောက် Telstra မှာ အလုပ်ဝင်ပါတယ်။

Telstra မှာလုပ်တဲ့ တချိန်တည်းဆိုသလိုပဲ အိမ်ခြံမြေလောကကို စပြီးခြေချနေပါပြီ။

ဒီအလုပ်ကတော့ ကော်မရှင်အများကြီးရပြီး ကျွန်တော့်ဘဝမှာ ပထမဆုံးအလုပ်အကိုင်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။

ကျွန်တော်က တကယ်တော့ အရောင်းပိုင်းမှာ အတော်လေး ထူးချွန်တဲ့သူဗျ။

Telstra မှာ နှစ်အနည်းငယ်လုပ်ခဲ့ပြီး တော်တော်လေး အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာမှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အကြံပေးပုဂ္ဂိုလ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

(ဟော့ပ်ကင်း၏ အိမ်ခြံမြေလောကအပေါ် စိတ်ထက်သန်ပြင်းပြမှုနှင့် သူ၏ အရောင်းပိုင်းကျွမ်းကျင်မှုတို့ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်)

အသက် ၂၂ နှစ်၊ ၂၃ လောက်မှာ ကျွန်တော်ဟာ စတုတ္ထမြောက်နေအိမ်ကို ဝယ်ယူပြီးနေပါပြီ။ Telstra ရဲ့ ပိုင်ရှင်တွေနဲ့အတူ နှစ်အနည်းငယ်ကြာ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။

သူတို့အတွက် လုပ်ကိုင်ပေးနေချိန်မှာ ကျွန်တော်ဟာ ဒီအလုပ်မှာ အတော်လေးထူးချွန်တဲ့သူ ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ကျွန်တော်ဟာ သြစတေးလျနိုင်ငံသားတွေကို ကြီးပွားအောင်မြင်လာစေဖို့ တစ်ယောက်ပြီးတစ်ယောက် ကူညီလမ်းပြပေးနေပါပြီ။

ဒီလိုလုပ်ဆောင်ပေးနေမှုတွေဟာ နောင်နှစ်အနည်းငယ်အကြာမှာ ကျွန်တော်အိပ်မက်နေတဲ့ အလုပ်ဆီ ဆောင်ကြဉ်းပေးခဲ့ပါတယ်။

(အိမ်ခြံမြေ ၂၅ လုံးခန့် ဝယ်ယူစုဆောင်းမိချိန်တွင် ဟော့ပ်ကင်းစ်သည် ဆောက်လုပ်ရေးလုပ်ငန်းအချို့တွင် ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်ခဲ့သည်)

ကျွန်တော်ဟာ ဆောက်လုပ်ရေးစီမံကိန်း ၄ ခုကို ဝယ်ယူခဲ့ပြီး အပြီးသတ်ချိန်တန်ဖိုးက ဒေါ်လာ ၁၀ သန်းကနေ ၁၁ သန်းကြားရှိမှာ ဖြစ်တာကြောင့် ဒါဟာကျွန်တော့်ရဲ့ အကောင်းဆုံးနှစ်တစ်ခုလို့ ပြောလို့ရပါတယ်။

မကြာသေးမီက ဝယ်ယူထားခဲ့တဲ့ အားလုံးအပြီးသတ်ချိန် ရောက်ရင်တော့ ဒေါ်လာ ၁၃ သန်းဖြစ်နိုင်သလို၊ ၁၄ သန်းလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေအပြင် ကျွန်တော့်ရဲ့တခြား ရည်မှန်းချက်က လူတွေကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာတွေ ဝေမျှပေးဖို့နဲ့ သူတို့တွေ လက်တွေ့ အကောင်အထည်ဖော်ကြစေဖို့ ဖြစ်ပါတယ်။

ဒါက The A Team ကို ကျွန်တော် တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော်ဟာ လူပေါင်းမြောက်မြားစွာရဲ့ အလုပ်အကိုင်တွေကို အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော့်အသက် ၂၆ နှစ်မှာ ဝင်ငွေတွေ ဘယ်လိုရအောင်လုပ်ခဲ့တယ်ဆိုတဲ့ လမ်းကြောင်းကို သင်ပေးဖို့ပါ။ ဒီလို သင်ကြားပေးတာမျိုး ကျွန်တော်အမြဲတမ်း လုပ်နေချင်ပါတယ်။

ကျွန်တော့်ရဲ့ တကယ့်ပန်းတိုင်ကတော့ ဖောက်သည်တွေရဲ့ ရလဒ်တွေ၊ သူတို့ရဲ့ကြုံတွေ့ရပုံတွေ၊ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေ အစရှိတာတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သြစတေးလျမှာ နံပါတ် ၁ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။

ဒီလုပ်ငန်းနယ်မှာ နံပါတ် ၁ ဖြစ်ဖို့က ကျွန်တော့်ပန်းတိုင်ပါ။ ကျွန်တော်တို့ သင်ပေးလိုက်တဲ့ အဆင့် ၃ ဆင့် ဖော်မြူလာကို သုံးပြီး ကျွန်တော်တို့ရဲ့ မဟာဗျူဟာတွေနဲ့ အကောင်အထည်ဖော်ကာ ဘဏ္ဍာရေးဆိုင်ရာ အမှီအခိုကင်းတဲ့သူပေါင်း ၁၀၀၀ လောက် မွေးထုတ်ပေးချင်ပါတယ်။ အဲ့ဒါ ကျွန်တော့်ရည်ရွယ်ချက်ပါ။

(ဟော့ပ်ကင်းစ်သည် အိမ်ခြံမြေလောကတွင် အခက်အခဲကြုံရသည့် အခြေအနေပေါင်း များစွာလည်း ကြုံတွေ့ခဲ့ရသည်။ ဘဏ္ဍာရေး ပြဿနာ (သို့မဟုတ်) ဝင်ငွေမရှိခြင်း၊ ကျော်လွှားနိုင်ရန် စိန်ခေါ်မှုများစွာရှိခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်။)

ဘဏ္ဍာရေးဟာ အတော်ရှုပ်ထွေးတဲ့ကဏ္ဍပါ။ ကျွန်တော်တို့ဟာ ဘဏ်ကို အသနားခံရတဲ့ အကြိမ်ပေါင်း များစွာရှိခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးကို ရောက်နိုင်ဖို့ ချီတက်ကြိုးစားနေတုန်းပါပဲ။ ဘယ်လိုအခြေအနေတွေဖြစ်လာပါစေ ကျွန်တော်၊ ကျွန်တော့်မိသားစု၊ ကျွန်တော့်မိဘ၊ အမေ၊ ညီမ၊ ဇနီးရဲ့မိသားစု အားလုံး ဒုက္ခမကြုံနိုင်တော့တဲ့ အခြေအနေ၊ ဘာတွေပဲဖြစ်လာလာ သူတို့အားလုံး ဒုက္ခမရောက်နိုင်တော့တဲ့ အခြေအနေမျိုးပေါ့။

(တခါက ဟော့ပ်ကင်းသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတစ်ခုတွင် ဒေါ်လာ ၁၅၀၀၀ ခန့် အရှုံးပေါ်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် မိမိကဲ့သို့ အဖြစ် မျိုး အခြားသူများ မကြုံရစေရန်၊ ရင်းနှီးမြှုပ်နှံမှုများလုပ်ရာတွင် စီမံခန့်ခွဲမှုများ ကောင်းစွာပေးအပ်မည့် အဖွဲ့တစ်ခု နောက်ခံရှိနေ စေရန် ရည်ရွယ်ကာ The A Team ကို တည်ထောင်ခဲ့ခြင်းလည်းဖြစ်ပြီး အခြားသူတို့၏ အိမ်ခြံမြေလောက အခက်အခဲများကို ကူညီပေးခြင်း ဖြစ်သည်)

ကျွန်တော်တို့ အလုပ်လုပ်ပေးရတဲ့သူတွေနဲ့ ပတ်သက်ပြီး ဘာအမှားမှ မရှိစေဖို့ A Team က ကျွန်တော့်လူတွေကို စည်းမျဉ်းတင်းကြပ် ထားပါတယ်။ လူတွေဟာ အမှားတွေ လုပ်တတ်ကြတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့် လူတွေ ခက်ခက်ခဲခဲ ရှာဖွေထားရတဲ့ ငွေတွေနဲ့ ပတ်သက်နေတာဖြစ်တဲ့အတွက် ဖိအားကတော့ သိပ်ကိုများမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော့်အိပ်မက်ထဲက မိန်းကလေးကို တွေ့ခဲ့တဲ့အခါ ကျွန်တော်က သူနဲ့ ကျွန်တော့်မိသားစုအတွက် အနာဂတ်တစ်ခု ပေးချင်တယ်။ ဘဏ္ဍာရေးကန့်သတ်ချက်တွေ ရှိမနေတဲ့ ဘဝမျိုးကို လိုချင်ခဲ့တယ်။

နောက်တစ်ခုကတော့ ကျွန်တော်ဟာ အလုပ်ရှင်တစ်ဦးဆီမှာ လုပ်တဲ့အချိန် သူတို့ရဲ့လုပ်ငန်းကို အလွန်အောင်မြင်အောင် အားထုတ်ကြိုးပမ်းပေးခဲ့ပေမယ့် တန်ဖိုးထားခြင်းမခံခဲ့ရဘူး။

ဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ ရောဘတ်ကီယိုဆာကီ ရေးတဲ့ Cash Flow Quadrant စာအုပ်ကို ဖတ်ရှုပြီးနောက်ပိုင်းမှာ The A Team ကို တည်ထောင်ဖို့ စိတ်ကူးပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ဖတ်ခဲ့သမျှ စာအုပ်တွေထဲမှာ အကောင်းဆုံး ၂ အုပ်ရှိတဲ့အနက် နောက်တစ်အုပ်ကတော့ ရောဘတ်ကီယိုဆာကီပဲ ရေးတဲ့ Rich Dad Poor Dad စာအုပ်ပါပဲ။

(ဟော့ပ်ကင်းစ်က သူ၏ ပဓာနပန်းတိုင်ဖြစ်သော ဘဏ္ဍာရေးလုံခြုံစိတ်ချရသည့် အခြေအနေသို့ ရောက်ရှိရန် ကြိုးပမ်းမှုများနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်းပြောပြခဲ့)

စတုတ္ထတစ်ချက်ကတော့ ကျွန်တော်ဘယ်ကို ရောက်ရမယ်ဆိုတဲ့အပေါ် လှုံ့ဆော်အား အများအပြားဟာ ကြောက်ရွံ့မှုတွေကနေ ရရှိပါတယ်။

ခြေလှမ်းတွေ အများကြီး၊ အလုပ်တွေအများကြီးလုပ်ခဲ့ပြီးပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် အောင်မြင်နေတယ်လို့ ခံစားဖို့ ခွင့်မပြုသေးဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရည်မှန်းချက်ကို မရောက်သေးလို့ဖြစ်ပြီး ဆက်လက်ချီတက်နေရဦးမယ်ဆိုတာ ကျွန်တော်သိပါတယ်။

ကျွန်တော့်ဇနီး လာနာ၊ သမီးလေးတို့နဲ့အတူ ဥရောပကို ခရီးထွက်ခဲ့တယ်။ ဒါတွေကို အဲဒီမှာ စပြီး စဉ်းစားခဲ့မိတာ ဖြစ်ပါတယ်။

ဒေါ်လာ ၃၁ သန်းခန့် ချမ်းသာနေပြီဖြစ်သော်လည်း အိမ်ငှားလျက်သာ နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ ဟော့ပ်ကင်းစ်တို့မိသားစု အိမ်ငှားနေထိုင်ကြပုံ ဗွီဒီယိုဖိုင်ကို (https://www.youtube.com/watch?v=s71Fj0nspT8 ) အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

ကျွန်တော့်မှာ အဖြေမရှိတဲ့ ပုစ္ဆာတွေ အများကြီးရှိနေခဲ့တယ်။

ကိုယ်တကယ်လိုချင်တာ ဘယ်လိုဘဝမျိုးလဲ ?

လက်ရှိရောက်နေတဲ့ နေရာကနေ ကိုယ်ရောက်ချင်တဲ့အနေအထားကို ရောက်အောင် ဘယ်လောက်များ ရင်းနှီး ပေးဆပ်ရမလဲ?

ဒီမေးခွန်းတွေကို ဥရောပခရီးကပြန်လာပြီး ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ ထိုင်ပြီးစဉ်းစားအဖြေထုတ်ခဲ့ပါတယ်။

နောက်နေ့မနက်မှာတော့ ကျွန်တော် ဉာဏ်ပွင့်သွားသလိုခံစားလိုက်ရပြီး အတော်လေးပေါ့ပါးသွားခဲ့တယ်။ အလုပ်ဆိုတာ တခါတရံမှာ ရက်ရက်စက်စက် စိတ်ဖိစီးလှပါတယ်။

အဲဒီနေ့က အလုပ်သွားချိန်မှာ ကျွန်တော်တွေးမိခဲ့တာရှိပါတယ်။

“အခုအချိန်မှာ တကယ်တော့ငါဟာ အလုပ်ကိုသွားဖို့ ရွေးချယ်ခဲ့တာသာဖြစ်တယ်။ အလုပ်ကိုသွားရတာမဟုတ်ဘူး”ဆိုတဲ့အချက်ပါ။ ဒီနှစ်ချက်ကြားမှာ ကြီးမားတဲ့ခြားနားချက်ကြီး ရှိပါတယ်။လုပ်ရမှာကို ရွေးချယ်တာနဲ့ လုပ်ပေးရမှာကြားက ခြားနားမှုကို ခွဲခြားနိုင်ခဲ့တာဟာ နှစ်ပေါင်းများစွာကာလအတွင်းလုပ်ရမှာကို ရွေးချယ်တာနဲ့ လုပ်ပေးရမှာကြားက ခြားနားမှုကို ခွဲခြားနိုင်ခဲ့တာဟာ နှစ်ပေါင်းများစွာကာလအတွင်း ကျွန်တော့်အတွက် အကြီးမားဆုံး ခံယူချက်အပြောင်းအလဲကြီး ဖြစ်ခဲ့ပါတယ်။

ဒီအချက်က တခြားသူတွေကို တူညီတဲ့အဆင့်၊ တူညီတဲ့နေရာကို ရောက်အောင်ကြိုးစားကြဖို့ အားပေးလှုံ့ဆော်ဖို့အတွက် ကျွန်တော့်ကို motivate တွေ ပေးပါတယ်။

(မဟာဗျူဟာ)

ကျွန်တော့်ရဲ့ မဟာဗျူဟာကတော့ ကျွန်တော်တို့ရဲ့ clients တွေကို ဟော့ပ်ကင်းစ်ဖော်မြူလာ (Hopkins Formula) သင်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဟော့ပ်ကင်းဖော်မြူလာဟာ ကျွန်တော့်နာမည်ကို အစွဲပြုပြီး အမည်ပေးထားတာပါ။ ဟော့ပ်ကင်းဖော်မြူလာဟာ အဆင့် ၃ ဆင့်ပါတဲ့ ဖော်မြူလာတစ်ခုဖြစ်ပြီး ၅ နှစ်အတွင်း ကျွန်တော့်ဝင်ငွေကို ပြောင်းလဲနိုင်ခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။

(ကြောက်ရွံ့မှု)

ကျွန်တော်ဝန်ခံချင်တာတစ်ခုကတော့ ကျွန်တော်ဟာ စွန့်စားမှုတွေလုပ်ရမှာ ကြောက်ရွံ့စိတ် မရှိတာပါပဲ။ ကျွန်တော့်မှာ အိမ်ခြံမြေလိုင်စင်တစ်ခုကလွဲပြီး ဒေါက်တာဘွဲ့တွေ၊ ဘွဲ့လက်မှတ်တွေ အစရှိတာမျိုးတွေ တစ်ခုမှ မရှိပါဘူး။

ဒါပေမယ့် ကျွန်တော့်မှာ ထူးချွန်တဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ရည်မှန်းချက်အထမြောက်အောင် လုပ်ဆောင်တတ်တာပဲ ဖြစ်ပါတယ်။

အပြုသဘောမဆောင်သော စိတ်နေသဘောထားကို ကျော်ဖြတ်ကာ ရှေ့ဆက်ရန်မှာ အလွန်ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ကြောင်း ဟော့ပ်ကင်းစ်က အသိအမှတ်ပြု ဝန်ခံသည်။

များစွာသောလူတို့သည်လည်း ကြောက်ရွံ့မှုကြောင့် အကောင်အထည်မဖော်ဘဲ နောက်ဆုတ်ကြသူများလေသည်။

အထက်ပါအချက်သည် နေ့စဉ်နှင့်အမျှ ကျွနု်ပ်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး ဖြစ်နေဆဲဖြစ်သည်။ လူတွေကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုလျှင် ၎င်းတို့၏ ငွေများကို မဆုံးရှုံးလိုသောကြောင့် ဖြစ်၏။

ကိုယ်တိုင်ဘဝများတွင် ဆိုးရွားသည့်အတွေ့အကြုံများ ရှိခဲ့နိုင်သလို မိဘများတွင်လည်း ကြမ်းတမ်းသည့် အခြေအနေမျိုး ကြုံခဲ့ရနိုင်သည်။

ငွေကြေးချို့တဲ့သည့် ဘဝမျိုးဖြင့် ကြီးပြင်းလာရသူလည်း ဖြစ်နိုင်သည်။ အဆိုပါ အတွေ့အကြုံများက ငွေကြေးနှင့်စပ်လျဉ်းပြီး တွေးခေါ်ရာတွင် များစွာ အရောင်လာဆိုးလေသည်။

၎င်းတို့၏ စိတ်ထဲတွင် မိဘများလုပ်ဆောင်ခဲ့သကဲ့သို့ မလုပ်ဆောင်လိုကြချေ။

ထို့ကြောင့် အရာရာသည် ၎င်းတို့ငယ်စဉ်ဘဝကြုံတွေ့ခဲ့ရသည်များမှ အရင်းခံခြင်း (သို့မဟုတ်) ၎င်းတို့ သွန်သင်လမ်းညွှန်ခံခဲ့ရသည့် ပုံသဏ္ဍာန်တို့အပေါ်တွင် အခြေတည်နေလေသည်။

အကယ်၍ လူတို့အနေဖြင့် ကြောက်ရွံ့မှုကြောင့် မိမိတို့ရည်မှန်းထားသည့် ကောင်းမွန်သည့်ဘဝများသို့ လျှောက်ရန် ခြေလှမ်းမလှမ်းရဲပါက ၎င်းတို့၏ စိတ်ကူးအိပ်မက်နေရာသို့ မည်သို့မှ ရောက်နိုင်မည်မဟုတ်ချေ။ ဤသည်ကား ရိုးရှင်းလှပါသည်။

ကျွန်တော်သည် သြစတေးလျတွင် လူပေါင်း ၂၅၀၀ ကျော်ကို အကြံပေးမှုများ ပြုလုပ်ခဲ့ရာတွင် အားလုံးမှာ ဘဝကို ကျွန်တော်စတင်ခဲ့ရ ချိန်ထက် များစွာကောင်းမွန်လှသည့် အခြေအနေများ ပိုင်ဆိုင်ထားကြပါသည်။

သို့တိုင်အောင် ၎င်းတို့သည် ကြောက်ရွံ့မှုကြောင့် မည်သည့်အရာမျှ မလုပ်ကိုင်ရဲကြချေ။

ယင်းအချက်မှာ များစွာဝမ်းနည်းဖွယ် ကောင်းလှပါသည်။

မကြာခဏပင် ကျွန်တော်ပြောလေ့ရှိသော အချက်မှာ အိမ်ခြံမြေတစ်ခုကို ဝယ်ယူ၊ အဆောက်အအုံဆောက်လုပ်ကာ အငှားချထားမှု ပြုလုပ်မည်လော (သို့တည်းမဟုတ်) သြစတေးလျနိုင်ငံသား ၈၇ ရာခိုင်နှုန်းနည်းတူ ကြောက်ရွံ့မှုကြောင့် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မလုပ်ဘဲ လုပ်ငန်းများမှ အနားယူချိန်တွင် ဇနီးမောင်နှံ ၂ ဦးအတွက် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၃၀၀၀၀ ခန့်သာရှိသော အခြေအနေမျိုးနှင့် အဆုံးသတ်မည်လော ဟူသည့်မေးခွန်းကို မကြာခဏ မေးဖြစ်ပါသည်။

(စာဖတ်ခြင်း)

အိမ်ခြံမြေလောကကို ဝင်ရောက်မည့်သူတိုင်း မဖြစ်မနေဖတ်ရမယ့် ပထမဆုံးစာအုပ်က Rich Dad Poor Dad စာအုပ်ဖြစ်ပါတယ်။

(မှတ်ချက်- အဆိုပါစာအုပ်ကို ဆရာမြတ်ငြိမ်းက ဆင်းရဲဖေဖေ ချမ်းသာဖေဖေ အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ပါသည်။ ဗြိတိန်တွင် မူလတန်းကျောင်းများ၌ ဖတ်စာအဖြစ် ပြဌာန်းခံရသော စာအုပ်လည်း ဖြစ်သည်။ Rich Dad Poor Dad စာအုပ်ကို ဖတ်ရှုပြီးနောက် နေအိမ်ကို အပေါင်ထားကာ ဆောက်လုပ်ရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ချမ်းသာကြွယ်ဝသွားသော သူဌေးကြီးတစ်ဦး၏ ဘဝဇာတ်ကြောင်းကိုလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/774520 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

အဲဒီစာအုပ်ဟာ အကောင်းဆုံးစာအုပ်ဖြစ်ပြီး ဒုတိယ ဖတ်ရမယ့်စာအုပ်က Cashflow Quadrant ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်များတွေဟာ ငွေကြေးနှင့် ပတ်သက်ရင် အကောင်းဆုံးစာအုပ်တွေ ဖြစ်ပါတယ်။ (မှတ်ချက်။ Cashflow Quadrant စာအုပ်ကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားသည့်စာအုပ်ရှိသည်ဟု သိရပါသည်။ Cashflow Quadrant တွင် ဖော်ပြသော ငွေဝင်လမ်း ၄ မျိုး အနှစ်ချုပ်မှာ ESBI ဟု အတိုကောက်ခေါ်ဝေါ်သည်။ E မှာ employee ဖြစ်ပြီး ဝန်ထမ်းများဖြစ်သည်။ S မှာ Small Business- တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းလုပ်ကိုင်သူများ၊ B မှာ Business man ဟုခေါ်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် I မှာ investor ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။)

ကမ် မက္ကလင်းရဲ့ “My Four Year Old The Property Investor” ဆိုတဲ့ စာအုပ်လည်း ကျွန်တော်ဖတ်ပါတယ်။ “My Four Hour Work Week” ဆိုတဲ့ စာအုပ်ကလည်း တော်တော်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။ ပြီးတော့ အိမ်ခြံမြေသူဌေးကြီး ဂရန့် ကာဒွန်းနဲ့ ဂယ်ရီဗီးတို့ရဲ့ စာအုပ်တွေ၊ ဂန္ထဝင်စာအုပ်ကြီးတွေဖြစ်တဲ့ လူတော်တို့၏ အလေ့အထ ၇ ပါး (The Seven Habits of Highly Effective People) ၊ နပိုလီယံဟေးလ်ရဲ့ အကြံဉာဏ်ဖြင့် ကြီးပွားနည်း (Think and Grow Rich) အစရှိတဲ့ စာအုပ်တွေလည်း ဖတ်ပါတယ်။

လက်ရှိ ဖတ်နေတာကတော့ The One Thing လို့ အမည်ရတဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲမှာ အဓိကပြောထားတာကတော့ မျက်မှောက်ကာလမှာ လူတွေဟာ အလုပ်ရှုပ်နေရတဲ့ အရသာကို စွဲလမ်းနေကြတယ်၊ အလုပ်တွေ အများကြီး တပြိုင်တည်း လုပ်ရတာကို စွဲလမ်းနေကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ကျွန်တော်လည်း ပါပါတယ်။

ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ဒီလို အလုပ်တွေ ရှုပ်နေတာဟာ ထိရောက်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ အလုပ်တွေကို တကယ်ပြီးအောင် မလုပ်နိုင်ကြပါဘူး။ သူတို့ဟာ အလုပ်ပြီးဖို့ထက် အလုပ်တွေများနေဖို့ပဲ အာရုံတွေ စိုက်နေကြတာ ဖြစ်ပါတယ်။ အလုပ်မှာပဲဖြစ်စေ၊ အိမ်မှာပဲ ဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ လူတွေဟာ အလုပ်ရှုပ်နေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိနေကြပြီး လက်တွေ့မှာတော့ အလုပ်တစ်ခုလုံး အပြီးသတ်အောင် လုပ်ဆောင်တာမျိုး မရှိကြဘူး။ တကယ်တော့ အရေးအကြီးဆုံးက အလုပ်တစ်ခုကို အပြီးသတ်အောင် လုပ်ဖို့ အာရုံစိုက်ရေးကသာ အရေးအကြီးဆုံးပါ။

[ မှတ်ချက်- ဂရန့်ကာဒွန်းအကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ဖူးရာ https://www.imyanmarhouse.com/news/read/545269 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။ နပိုလီယံဟေးလ်၏ Think and Grow Rich စာအုပ်ကို စာရေးဆရာကြီး ရွှေဥဒေါင်းက မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတကာ company တော်တော်များများသည် ၎င်းတို့ ဝန်ထမ်းများ၏ self-development အတွက် The Seven Habits of Highly Effective People စာအုပ်ကို ညွှန်းလေ့ရှိသည်။

မူရင်းစာအုပ်၏ တန်ဖိုးမှာ မြန်မာငွေ ၈၀၀၀ ကျပ်ခန့်ရှိပြီး အင်္ဂလိပ်စာ ကောင်းသူများအနေဖြင့် ဝယ်ယူဖတ်ရှုလိုပါက ဖေ့စ်ဘုတ်စာမျက်နှာ Yatha Book Store တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာဘာသာပြန်ဖတ်ရှုလိုသူများအနေဖြင့်မူ စာရေးဆရာကြီး ကျော်ဝင်းက ၂၁ ရာစု သားရွှေဥဟူသောအမည်ဖြင့် ဘာသာပြန်ဆိုထုတ်ဝေထားပါသည်]

ကျွန်တော်က သွားလိုရာ ခရီးကို ရောက်ဖို့အတွက် အိမ်ခြံမြေနယ်ပယ်ကို ယာဉ်အဖြစ် အသုံးပြုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စီးပွားရေးလုပ်ငန်းနယ် ကိုလည်း စိတ်ဝင်စားနေပါတယ်။ (ဆာရှာဟော့ပ်ကင်းက ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ မိမိဘဝအကြောင်း ကိုယ်တိုင်ရေးသား ဖော်ပြချက်)

အသက် ၁၈ နှစ်အရွယ်မှာ ကျွန်တော်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်နောက်ဖေးကွက်လပ်က ကားနောက်တွဲတစ်ခုမှာ နေထိုင်ခဲ့ရ ပါတယ်။

ကွင်းစလန်မှာရှိတဲ့ ကျောင်းကနေ ကျောင်းထုတ်ခံလိုက်ရပြီးတဲ့နောက် မိသားစုနဲ့အတူ အခက်အခဲတွေကြားမှာ ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီနောက်မှာ ဘဝစာမျက်နှာသစ်တစ်ခုကို စတင်ဖို့ မဲလ်ဘုန်းကို သွားခဲ့တယ်။

မဲလ်ဘုန်းမှာ ပထမဆုံးလုပ်ရတဲ့အလုပ်က ပျိုးဥယျာဉ်လုပ်ငန်းမှာ ပန်းအိုးထဲ အပင်တွေစိုက်ရတာဖြစ်ပြီး တစ်နာရီကို ၉ ဒေါ်လာပဲ ရပါတယ်။

ပျိုးဥယျာဉ်အလုပ်အပြင် ညဘက်တွေ၊ ရုံးပိတ်ရက်တွေမှာလည်း တခြားအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

ဒီလို ပင်ပင်ပန်းပန်းရှာဖွေရရှိလာတဲ့ ငွေလေးတွေကို ရှယ်ယာဈေးကွက်မှာ ဝင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးအတွင်းမှာ အားလုံးဆုံးရှုံးသွားခဲ့ရပါတယ်။

ဒီလိုအခြေအနေနဲ့ ကြုံတွေ့ကြတဲ့ တခြားသူတွေဟာ လက်လျှော့အရှုံးပေးသွားကြပေမယ့် ကျွန်တော်ကတော့ ပိုမိုဘေးကင်းစိတ်ချရမယ့်၊ ကောင်းမွန်မယ့် ငွေရှာနည်းတွေ ရှာဖွေဖို့ စိတ်အားပိုပြီး ပြင်းပြလာခဲ့တယ်။

ဒီလိုအချိန်မျိုးမှာ ကျွန်တော်ဟာ အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ နည်းလမ်းတွေ့ခဲ့တာဖြစ်ပါတယ်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ခရေစေ့တွင်းကျသိဖို့ ၃ နှစ်လောက် လေ့လာခဲ့ပါတယ်။

ဒီအချိန်အတွင်းမှာ Telstra မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်တစ်ခုရလာခဲ့တယ်။ ကျွန်တော့်လခကို တတ်နိုင်သလောက် များများစုခဲ့ပြီး လခရဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ စုဆောင်းခဲ့ပါတယ်။

အလုပ်လုပ်နေရင်း နေဖို့အတွက်ကတော့ ကားနောက်တွဲနေရာမှာ တစ်ပတ်ကို ဒေါ်လာ ၁၀၀ ပေးပြီး ငှားနေခဲ့ရတာ ဖြစ်ပါတယ်။

အလုပ်အားတဲ့အချိန်တွေမှာ ကားနောက်တွဲပေါ်မှာ အနားယူရင်း အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံဖို့ လေ့လာပါတယ်၊ စာအုပ်တွေ ဖတ်ပါတယ်၊ အွန်လိုင်းကနေ ဗွီဒီယိုတွေကြည့်တယ်၊ ဆွေးနွေးပွဲတွေ တက်တာမျိုးလုပ်ပါတယ်။ ကျွန်တော့်ချစ်သူ လာနာကလည်း ကားနောက်တွဲနေရာမှာ ကျွန်တော်နဲ့ လာလာနေတတ်ပါတယ်။

ညဘက်တွေမှာ အိမ်ခြံမြေ ပညာပေး ဒီဗွီဒီအခွေတွေ ကျွန်တော်ကြည့်နေချိန်မျိုးမှာ သူက အိပ်ပျော်နေတတ်တယ်။ ညလယ်ဘက် သူအိပ်ယာနိုးလာရင် ကျွန်တော်နဲ့အတူ ခြံနောက်ဘက်ထဲ လမ်းလျှောက်တယ်။ ပြီးရင် သူ့ကို ရေချိုးခန်း၊ အိမ်သာ လိုက်ပို့ပေးတယ်။ တစ်ခါတုန်းကဆို အိမ်သာဘက်ကို သွားနေတုန်း ကျွန်တော့်ကို ပင့်ကူအကိုက်ခံရလို့ ဆေးရုံရောက်သွားတယ်။

လာနာက ဆေးရုံအထိလိုက်ပို့ပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးပါတယ်။

အဲ့လိုအချိန်မှာ ကျွန်တော်သိလာတာက ဘဝရဲ့ ကျန်ရှိတဲ့အချိန်ကာလတွေကို သူနဲ့အတူတူ ဖြတ်သန်းချင်တယ်ဆိုတာပါ။

နှစ်ယောက်လုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝမျိုးတည်ဆောက်ဖို့ ကျွန်တော်ပိုမိုဆန္ဒပြင်းပြလာခဲ့တယ်။

အိမ်ခြံမြေလောကအကြောင်း လေ့လာမှုတွေ နှစ်အနည်းငယ်ပြုလုပ်အပြီး အသက် ၂၁ နှစ်အရွယ်မှာ ကျွန်တော့်ဘဝအတွက် ပထမဆုံး အိမ်ခြံမြေတစ်ခုကို စတင်ဝယ်ယူလိုက်ပါတယ်။

အဲဒီနောက်ပိုင်း ကျွန်တော့်ပိုင်ဆိုင်မှုတွေ ဆက်လက်တိုးတက်နေစေမယ့် တမူထူးခြားတဲ့ အိမ်ခြံမြေဝယ်ယူမှု မဟာဗျူဟာတစ်ခု ဖော်ထုတ်ခဲ့ပါတယ်။

အသက် ၂၆ နှစ်မှာ အလုပ်ကနေ အပြီးအပိုင်ထွက်လိုက်ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်ဟာ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကနေ လုံလောက်တဲ့ဝင်ငွေ ရရှိနေပြီ ဖြစ်ပါတယ်။

ကားနောက်တွဲမှာနေခဲ့တဲ့ ငမွဲတစ်ယောက်ဘဝ၊ အနည်းဆုံးလုပ်ခသာရတဲ့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကျွန်တော်ဟာ ဝင်ငွေကို ပြောင်းလဲပစ်နိုင်တယ်ဆိုရင် တခြားသာမန် သြစတေးလျပြည်သူတွေကိုလည်း လမ်းညွှန်မှု နည်းနည်းပေးလိုက်မယ်ဆိုရင် ဒါမျိုးလုပ်နိုင်တယ်ဆိုတာ ပြောချင်လာတယ်။

ကျွန်တော့်နောက်မှာ ‘A Team’ ရှိနေပြီး နောက်ကနေ ကူညီမှုတွေပေးနေတဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံမှုခရီးဟာ တော်တော်ကို လွယ်ကူသွားခဲ့တာ တွေ့ရပါတယ်။

‘A Team’ ဟာ အတွေ့အကြုံများတဲ့ အကျိုးဆောင်တွေ၊ ဈေးကွက်သုတေသီ ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံမှု အကြံပေးပုဂ္ဂိုလ်တွေ အပါအဝင်အခြားကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီလိုကျွမ်းကျင်ပညာရှင်တွေနဲ့ ကျွန်တော့်ကုမ္ပဏီ The A Team Property Group ကို တည်ထောင်ခဲ့ပါတယ်။

The A Team Property Group ဟာ ကျွန်တော်အသုံးပြုခဲ့တဲ့ မဟာဗျူဟာတွေအတိုင်း အောင်မြင်မှုလမ်းပေါ်ချီတက်နေတဲ့ သြစတေးလျပြည်သူတွေကို နေ့စဉ်အကူအညီပေးနေတဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်ပါတယ်။

နှစ်အနည်းငယ်အတွင်း ကျွန်တော့်ကုမ္ပဏီတိုးတက်အောင်မြင်ကြီးထွားလာတာနဲ့အမျှ ကျွန်တော့်မိသားစုလည်း ကြီးထွားလာခဲ့တယ်။

ကျွန်တော့်အသက် ၂၈ နှစ်မှာ သမီးလေးတစ်ယောက်ရှိနေခဲ့ပြီး အဓိကဦးစားပေးအလုပ်ကတော့ သူတို့နဲ့ တတ်နိုင်သလောက် အတူနေပြီး သမီးလေးကြီးပြင်းလာတာကို စောင့်ကြည့်ဖို့ပါပဲ။

ဒီဆန္ဒက အနည်းဆုံးသြစတေးလျနိုင်ငံသား ၁၀၀၀ ကို အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံကြပြီး ငွေကြေးစိတ်မပူရသူတွေဖြစ်အောင် ကူညီဖို့ ပန်းတိုင်မှာ ထင်ဟပ်နေပါတယ်။

သူတို့ဟာ ငွေကြေးအတွက် စိတ်မပူရတော့ဘူးဆိုရင် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် အချိန်ပိုပေးလာနိုင်ကြမှာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ကျွန်တော့်အသက် ၃၀ ရှိပါပြီ။

ကလေး ၂ ယောက်ဖခင်ဖြစ်နေပြီဖြစ်ပြီး ကားနောက်တွဲမှာ ဘယ်တော့မှ မနေရတော့မှာ သေချာသွားပါပြီ။ လက်ရှိအားဖြင့် မဲလ်ဘုန်းက Beach လမ်းပေါ်မှာ ကျွန်တော်တို့မိသားစုနေဖို့အတွက် ဒေါ်လာ ၅ သန်းတန် နေအိမ်တစ်လုံး ဆောက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ A Team ဟာ လူပေါင်း ၄၀၀ နီးပါးကို အောင်မြင်မှုလမ်းပေါ် စလျှောက်ဖို့ ကူညီပေးခဲ့ပါတယ်။

ဒီလိုကူညီပေးခဲ့တဲ့ လူတစ်ဦးချင်းစီတိုင်းကို နောင် ၁၀ နှစ်ကြာအောင် သူတို့ရဲ့ ဘဝပြည့်ပြည့်စုံစုံနဲ့ စိတ်ချရတဲ့ အခြေအနေ ရောက်တဲ့အထိ ဆက်လက်ကူညီပေးနေခဲ့တာ ဖြစ်ပါတယ်။

……………… (ဟော့ပ်ကင်းစ်၏ ဖေ့စ်ဘုတ် ပို့စ်တစ်ခု)

ယနေ့ပင် စတင်ကျင့်သုံးရမည့် အလေ့အထ ၆ ပါး (ဘာကြောင့် မနက်ဖြန်အထိ စောင့်နေမှာလဲ)

6 Habits to start TODAY (why wait till Monday?)

-Wake up earlier အိပ်ယာစောစာထပါ။

-Read daily နေ့တိုင်း စာဖတ်ပါ။

-Exercise every day လေ့ကျင့်ခန်း နေ့တိုင်းလုပ်ပါ။

-Set goals every day တစ်နေ့တာချင်းစီအတွက် ပန်းတိုင်ချမှတ်ပါ။

-Invest at least 10% of your income ဝင်ငွေ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံပါ။

-Eat healthy ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်ပါ။

ဒီစာရင်းထဲမှာ တခြားပါဝင်သင့်တယ်လို့ ခင်ဗျားတို့တွေးမိတဲ့အချက်တွေကို ကွန့်မန့်များတွင် ရေးသားခဲ့ကြပါ။ Got any more that you think should be on the list? Let me know below... ……… (ဟော့ပ်ကင်း၏ ဖေ့စ်ဘုတ် ပို့စ်တစ်ခု)

ဘဝမှာ တစ်ခုတည်းကိုပဲ အာရုံစိုက်၊ ဂရုထားနေလို့ မရပါ။

ငွေကြေးချမ်းသာကြွယ်ဝပေမယ့် အိမ်ထောင်ရေး မအောင်မြင်ဘူးဆိုရင် ခင်ဗျားဟာ အောင်မြင်တဲ့သူ မဟုတ်သေးပါဘူး။

ခင်ဗျားရဲ့လုပ်ငန်းက ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှိနေပေမယ့် ကျန်းမာရေးက မကောင်းဘူးဆိုရင်လည်း ခင်ဗျားဟာ အောင်မြင်တဲ့သူ မဟုတ်သေးပါဘူး။

ဒီတော့ ဟန်ချက်ညီအောင် ကြိုးစားပါ။ ဟန်ချက်ပျက်ယွင်းသွားရင် တဖန်ပြန်ထိန်းနိုင်အောင် အားထုတ်ပါ။

You can’t just focus on one area in your life.

You’re not succeeding if you’re rich, but your marriage is falling apart.

You’re not succeeding if your business is making millions, but your health is failing.

Find your balance, and if you lose it, find it again.

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

### Zawgyi Version ###

တစ္နာရီ ၉ ေဒၚလာသာရသည့္ ပန္းစိုက္အလုပ္သမားဘဝ၊ တံခါးေစာင့္အလုပ္သမားဘဝ၊ သူငယ္ခ်င္းတစ္ဦး၏ ေနအိမ္ေနာက္ဘက္ ကားေနာက္တြဲတစ္ခုကို တစ္ပတ္လွ်င္ ေဒၚလာ ၁၀၀ ျဖင့္ ငွားရမ္းေနထိုင္ရသည့္ဘဝမွ Rich Dad Poor Dad စာအုပ္ဖတ္ရႈျပီးေနာက္ အသက္ ၃၀ မတုိင္မီ အိမ္ျခံေျမမ်ား ဝယ္ယူအငွားခ်သည့္လုပ္ငန္းျဖင့္ သန္းၾကြယ္သူေဌးျဖစ္လာသူ

 

ဆာရွာ ေဟာ့ပ္ကင္းစ္သည္ ၾသစေတးလ်ႏိုင္ငံ၊ အေရွ႕ေျမာက္ပိုင္း ကြင္းစလန္ျပည္နယ္မွ ေက်ာင္းထြက္လိုက္ရခ်ိန္တြင္ မိဘႏွစ္ပါးကလည္း ကြာရွင္းျပတ္စဲလိုက္ၾကခ်ိန္ျဖစ္ကာ ကံၾကမၼာဆိုးမ်ား စုျပံဳရင္ဆိုင္ေနရခ်ိန္ ျဖစ္သည္။

ထိုသုိ႔ အဆိုးရြားဆံုးဘဝေန႔ရက္မ်ားကို ျဖတ္သန္းေနရစဥ္ တစ္ရက္တြင္ သူ၏အေတြးအတြင္း ဝင္ေရာက္လာသည္ကား မိမိမွာ ဘဝကို ယခုအေျခအေနမ်ဳိးျဖင့္ မဟုတ္ဘဲ ေအာင္ျမင္သည့္ဘဝမ်ဳိးကို လိုခ်င္ေၾကာင္း ဆင္ျခင္သံုးသပ္ခဲ့မိသည္။

ဆာရွာ ေဟာ့ပ္ကင္းစ္သည္ ကြင္းစလန္ျပည္နယ္တြင္ ေက်ာင္းတက္ခဲ့ျပီး ေက်ာင္းတြင္ ကြန္ျပဴတာမ်ားခိုးယူမႈျဖင့္ အသက္ ၁၇ ႏွစ္အရြယ္တြင္ ေက်ာင္းထုတ္ခံလိုက္ရျခင္းျဖစ္၏။

ေနာက္ပိုင္းတြင္ ေဟာ့ပ္ကင္းစ္သည္ ကားေပၚတြင္သာ ေနထိုင္ခဲ့ရကာ ေနအိမ္ဝယ္ႏိုင္ရန္အတြက္ လုပ္အားခ အလြန္နည္းပါးေသာ အလုပ္မ်ားကို အဆက္မျပတ္လုပ္ကိုင္ခဲ့ရသည္။

သူ၏ စုေဆာင္းရမိေငြမ်ားမွ အခ်ဳိ႕ကိုလည္း ရွယ္ယာေစ်းကြက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ကာ တိုးပြားလာေစရန္ ၾကိဳးပမ္းခဲ့ေသး၏။

အသက္ ၂၁ ႏွစ္အရြယ္တြင္ကား ေဟာ့ပ္ကင္းသည္ ၾသစေတးလ်ႏိုင္ငံ ေတာင္ဘက္ တက္စ္မန္ပင္လယ္ျပင္အတြင္းရွိ ျပည္နယ္တစ္ခုျဖစ္ေသာ တက္စ္ေမးနီးယားကၽြန္းေပၚရွိ ဟိုဘာ့ထ္ျမိဳ႕ေတာ္မွ ျမိဳ႕ျပင္ရွိ ေျမကြက္တစ္ခုကို ေဒၚလာ ၃၀၀၀၀၀ ျဖင့္ ဝယ္ယူကာ ရင္းႏွီးျမွဳပ္ႏွံရန္ ဆံုးျဖတ္ခဲ့သည္။

စီးပြားေရးလုပ္ငန္းမ်ား စတင္လုပ္ကိုင္ျပီး ၈ ႏွစ္တာအတြင္း ေဒၚလာ ၉ သန္းခန္႔အထိ ၾကြယ္ဝလာသည္။ လြန္ခဲ့ေသာ ၂ ႏွစ္တာအတြင္း သူ၏ၾကြယ္ဝလာမႈမွာ အဆိုပါပမာဏထက္ ၅ ဆေက်ာ္ သာလြန္သြားျပီ ျဖစ္သည္။

ေနထိုင္ရန္ ေနအိမ္တစ္လံုးဝယ္ယူကာ စုေဆာင္းထားေငြမ်ား အကုန္ခံသည္ထက္ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ ရည္ရြယ္ခ်က္ေျပာင္းလဲလိုက္ျပီးေနာက္ပို္င္း မိမိဘဝေျပာင္းလဲသြားျခင္းျဖစ္ေၾကာင္း ကေလး ၂ ဦး၏ ဖခင္ျဖစ္ေနျပီျဖစ္ေသာ ေဟာ့ပ္ကင္းက ဆိုသည္။

ပထမဆံုး ေနအိမ္ ၂ လံုးစတင္ဝယ္ယူခဲ့ခ်ိန္မ်ားမွာ မိမိ၏ဘဝလမ္းတြင္ အခက္ခဲဆံုးကာလမ်ားျဖစ္ခဲ့ေၾကာင္း လူငယ္အိမ္ျခံေျမ သူေဌးၾကီးက ေျပာျပ၏။

သို႔ရာတြင္ တတိယေျမာက္ေနအိမ္ကို ဝယ္ယူခ်ိန္တြင္ကား ယခင္ကထက္ လြယ္ကူသြားျပီ ျဖစ္သည္။

မိမိတြင္ မဟာဗ်ဴဟာ မရွိခဲ့သည့္အတြက္ ပထမဆံုးႏွစ္ကာလမ်ားသည္ ခက္ခဲခဲ့ေၾကာင္း ေဟာ့ပ္ကင္းက ထုတ္ေဖာ္ဝန္ခံ၏။ သို႔ရာတြင္ နည္းဗ်ဴဟာတစ္ခု ေတြ႔ျပီးသည္ႏွင့္ လြယ္ကူသြားသည္ဟု ဆိုသည္။

အိမ္ျခံေျမတို႔ကို ျပန္လည္အငွားခ်ထားျခင္းအားျဖင့္ ရင္းႏွီးျမွဳပ္ႏွံသူတုိ႔ လိုအပ္ေနသည့္ ဝင္ေငြစီးဆင္းမႈ ရလာႏိုင္မည္ျဖစ္ကာ မိမိတို႔၏ အရင္းအႏွီးၾကီးထြားမႈ ရလာႏိုင္ေစမည္ျဖစ္ေၾကာင္း ေဟာ့ပ္ကင္းက လမ္းညႊန္၏။

“ေနအိမ္ဝယ္ဖို႔ ပထမဆံုးေပးသြင္းရမယ့္ေငြအတြက္ စုေဆာင္းရတာ ခက္ခဲပါလိမ့္မယ္။ ဒုတိယေျမာက္ေနအိမ္တစ္လံုး ထပ္ဝယ္ေရး ကလည္း ခက္ခဲေနဦးမွာပါပဲ။ ဒါေပမယ့္ ခင္ဗ်ားမွာ တတိယေျမာက္ေနအိမ္ ပိုင္ဆိုင္လာျပီဆိုရင္ ျပန္ရလာမယ့္ အငွားခ်ထားေငြေတြ မ်ားျပားလာျပီး ေရွ႕ဆက္ရမယ့္လမ္းက အရင္ထက္အမ်ားၾကီး လြယ္သြားပါျပီ” ေနအိမ္ပထမဆံုးဝယ္ယူၾကမည့္ ဝယ္လက္မ်ားအေနျဖင့္ မိမိတို႔ေနထိုင္လိုေသာ စိတ္ကူးအိပ္မက္ထဲက ေနအိမ္ကို ဝယ္ယူျခင္းမ်ဳိးျဖင့္ ပိတ္မိမသြားသင့္ေၾကာင္း၊ ပထမဆံုးဝယ္လက္မ်ားသည္ အဆံုးသတ္ရလဒ္ထက္ လမ္းစဥ္ကိုသာ ေတြးေတာဆင္ျခင္သံုးသပ္ၾကရန္ လိုေၾကာင္း ေဟာ့ပ္ကင္းက ေျပာၾကားသည္။

ေနအိမ္ဝယ္လက္မ်ားအေနျဖင့္ ေနအိမ္တစ္လံုးတည္း ဝယ္ကာ ယင္းအေပၚတြင္ မွီခိုေန၍ မရႏိုင္ေၾကာင္း၊ အၾကြးမ်ားျပန္ဆပ္ကာ အဆိုပါေနအိမ္တြင္ ေနထိုင္ရန္သာ ေတြးေတာျခင္းမ်ဳိးမွာ အလုပ္မျဖစ္ေၾကာင္း ေဟာ့ပ္ကင္းက သတိေပး၏။

မ်ဳိးဆက္သစ္လူငယ္တို႔အေနျဖင့္ ေစ်းကြက္တြင္းသို႔ ထိုးေဖာက္ႏိုင္ရန္ ကြဲျပားေသာနည္းလမ္းမ်ား အသံုးျပဳသင့္ေၾကာင္း ေဟာ့ပ္ကင္းက အၾကံျပဳသည္။

ပထမဆံုးေနအိမ္ဝယ္ယူမည့္သူမ်ားအေနျဖင့္ သတင္းမီဒီယာ၊ မိတ္ေဆြမ်ားႏွင့္ မိသားစုထံမွ အသံေပါင္းမ်ားစြာ ၾကားရမည္ျဖစ္ျပီး ထိုအသံမ်ားအားလံုးကို လစ္လ်ဴရႈသင့္သည္ဟု မစၥတာေဟာ့ပ္ကင္းက ဆိုသည္။

“ဒီလိုအသံေတြၾကားေတြကေန ေဖာက္ထြက္ႏိုင္ဖို႔က ေတာ္ေတာ္ခက္တယ္။ တစ္ေယာက္တစ္ေပါက္ ဝိုင္းေျပာေနတာေတြ အရမ္းမ်ားလြန္းေတာ့ ဆံုးျဖတ္ခ်က္မခ်ျဖစ္ေတာ့တဲ့ အေျခအေနမ်ဳိး ေရာက္သြားႏိုင္တာမ်ဳိး ျဖစ္လာေစႏိုင္ပါတယ္”

“ဒီလိုအေျခအေနမ်ဳိးဟာ လူေတြကို စိတ္လႈပ္ရွားမႈေတြမ်ားေစျပီး ဆံုးျဖတ္ခ်က္အမွားေတြ ခ်မိတာမ်ဳိး ျဖစ္လာေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ မွန္ကန္တဲ့လမ္းညႊန္မႈ၊ သုေတသနေတြ မရခဲ့၊ မရွိခဲ့လို႔ပါပဲ။”

မစၥတာ ေဟာ့ပ္ကင္းစ္သည္ A Team Property Group ကိုလည္း တည္ေထာင္ခဲ့ျပီး ပထမဆံုးအၾကိမ္ ေနအိမ္ဝယ္ယူမည့္ ဝယ္လက္မ်ားအေနျဖင့္ စိတ္လႈပ္ရွားမႈမ်ား မရွိေစရန္ အၾကံဳျပဳမႈမ်ား ျပဳလုပ္ခဲ့သည္။“ရင္းႏွီးျမွဳပ္ႏွံမႈဆိုတာ အျဖစ္အပ်က္ေတြ၊ ကိန္းဂဏန္းေတြနဲ႔ အခ်က္အလက္ေတြရဲ႕ ကိစၥပါ။ ဒီအိမ္မွာ ခင္ဗ်ားအေနနဲ႔ ေနခ်င္တယ္၊ မေနခ်င္ဘူးဆိုတာနဲ႔ တြက္ခ်က္လို႔ မရပါဘူး”

ေဟာ့ပ္ကင္းက ေျပာၾကားရာတြင္ စိတ္ခံစားမႈအေပၚ မူတည္၍ အိမ္ျခံေျမဝယ္ယူမႈ ျပဳလုပ္သူမ်ားသည္ ၎တို႔အကၽြမ္းဝင္သည့္ေဒသမ်ား (သို႔မဟုတ္) ေနထိုင္ရာရပ္ကြက္တြင္ပင္ ဝယ္ယူမႈမ်ား ျပဳလုပ္ေလ့ရွိၾကေၾကာင္း၊ ထိုသို႔ေသာ ေျခလွမ္းမ်ဳိးမွာ အိမ္ျခံေျမေလာကတြင္ ေအာင္ျမင္ရန္ ခက္ခဲေၾကာင္း ေျပာၾကားသည္။

အိမ္ျခံေျမက႑တြင္ ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံသူတို႔၏ အျခားမွားေလ့ရွိေသာ အမွားတစ္ခုမွာ အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းနယ္ကို ျပင္းျပင္းထန္ထန္ၾကိဳးပမ္းအားထုတ္မႈမ်ား မလုပ္ဘဲ ခ်မ္းသာရန္ျဖတ္လမ္းတစ္ခုသဖြယ္ သေဘာထားျခင္းမ်ဳိး ျဖစ္သည္ဟု မစၥတာ ေဟာ့ပ္ကင္းက ေထာက္ျပသည္။

“အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈဟာ ေန႔ခ်င္းညခ်င္း ဘဝေျပာင္းသြားႏိုင္မယ့္အရာမ်ဳိး မဟုတ္ပါဘူး”

“ဒါေပမယ့္ ၁၀ ႏွစ္ေလာက္ တစိုက္မတ္မတ္ အာရံုစိုက္ျပီး စြဲစြဲျမဲျမဲ အားထုတ္ရင္း တခ်ဳိ႕အရာေတြကို စေတးတာေတြ လုပ္ႏိုင္မယ္ဆိုရင္ ခင္ဗ်ားတို႔ရဲ႕ က်န္တဲ့ဘဝသက္တမ္းအတြက္ ဘဝကို ခိုင္မာေအာင္ထူေထာင္ႏိုင္မယ္လို႔ ကၽြန္ေတာ္အာမခံပါတယ္”

မစၥတာ ေဟာ့ပ္ကင္းက ေျပာၾကားရာတြင္ အလုပ္မ်ား အဆက္မျပတ္လုပ္ကိုင္ေနရျခင္း၏ အေၾကာင္းရင္းမွာ ဇနီး၊ ကေလး ၂ ဦးႏွင့္ ၎ႏွင့္ထိေတြ႔ရသူတိုင္းအတြက္ အေကာင္းဆံုးဘဝမ်ားကို ေဆာင္ၾကဥ္းေပးလိုေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားသည္။

၈ ႏွစ္တာကာလအတြင္း တစ္နာရီလွ်င္ ၉ ေဒၚလာျဖင့္ လုပ္ရသည့္ အလုပ္သမားဘဝမွ ေဒၚလာ ၉ သန္းအထိ ပိုင္ဆိုင္လာခဲ့ျပီး ေနာက္ဆံုး ၂ ႏွစ္တာအတြင္းတြင္မူ အဆုိပါ ပိုင္ဆိုင္မႈ၏ ၅ ဆေက်ာ္ ျမင့္တက္သြားခဲ့သည္။

“ပညာေတြ ဗဟုသုတေတြ ကၽြန္ေတာ္ဆက္လက္ဆည္းပူးတယ္။ လူေတာ္ေတြပဲ ကၽြန္ေတာ့္ေဘးမွာ ရွိေနေစခဲ့ျပီး ကိုယ့္ကိုယ္ကိုယ္ အမ်ဳိးမ်ဳိးစမ္းသပ္တယ္။ အေဆာက္အအံုေတြ တစ္ခုျပီးတစ္ခု ဝယ္ပါတယ္”

“ဒါေတြကို ဘယ္လိုမ်ားလုပ္ခဲ့လဲဆိုရင္ ဒါက စီးပြားေရးလုပ္ငန္းေတြ ဆက္လက္ေအာင္ျမင္ေနမႈနဲ႔ ေဆာက္လုပ္ေရးစီမံကိန္းေတြ အမ်ားၾကီးေဆာက္လုပ္တာ၊ အိမ္ျခံေျမေတြကို လ်င္လ်င္ျမန္ျမန္ ဝယ္ယူခဲ့တာေတြ ေပါင္းစည္းထားတာ ျဖစ္ပါတယ္”

“စကားဝွက္ကို ခင္ဗ်ားေဖာ္ႏိုင္ျပီဆိုတာနဲ႔ ေနာက္ပိုင္းက သူ႔ဟာသူ လြယ္ကူသြားမွာျဖစ္ျပီး ခင္ဗ်ားရဲ႕ ၾကြယ္ဝမႈကလည္း ပိုမိုလ်င္ျမန္လာပါလိမ့္မယ္”

(ဆာရွာေဟာ့ပ္ကင္းေျပာျပသည့္ ဘဝသင္ခန္းစာမ်ား)

(ေဆာင္ရန္)

ဗဟုသုတ ရွာမွီးပါ။

ရင္းႏွီးျမွဳပ္ႏွံမႈကို စီးပြားေရးလုပ္ငန္းတစ္ခုအသြင္ လုပ္ေဆာင္ပါ။ ေကာင္းစြာအားထုတ္ပါက ျဖစ္ေျမာက္လာရမည္သာျဖစ္သည္။

သက္ဆိုင္ရာက႑ ကၽြမ္းက်င္သူမ်ားသာ သင့္နံေဘးတြင္ ရွိပါေစ

(ေရွာင္ရန္)

စိတ္လႈပ္ရွားမႈ မ်ားျပားျခင္း

သင္အကၽြမ္းဝင္ရင္းႏွီးေသာ အရာမ်ားထံတြင္သာ ေျခဦးတည္ျခင္း

အိမ္ျခံေျမေလာကကို ေန႔ခ်င္းညခ်င္း ခ်မ္းသာသြားမည့္လုပ္ငန္းအျဖစ္ ယူဆထားျခင္း အၾကံဥာဏ္မယူသင့္သူမ်ားထံမွ အၾကံဥာဏ္ရယူျခင္း။ (သို႔မဟုတ္) မွန္ကန္သည့္ အၾကံေပးခ်က္ မရရွိျခင္း

...................

(propertyinvestory.com က ဆာရွာေဟာ့ပ္ကင္းႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာျပခ်က္မ်ား)

ကၽြႏ္ုပ္၏ အမည္အျပည့္အစံုမွာ ဆာရွာ ေဟာ့ပ္ကင္းစ္ျဖစ္ျပီး ကၽြႏု္ပ္သည္ The A Team အိမ္ျခံေျမအုပ္စု၏ အမႈေဆာင္အရာရွိခ်ဳပ္၊ ဒါရိုက္တာတစ္ဦး ျဖစ္ပါသည္။

The A Team သည္ မိမိတို႔၏ ေဖာက္သည္မ်ားကို မည္သို႔ရင္းႏွီးျမွုပ္ႏွံရမည္ဟူေသာ မဟာဗ်ဴဟာမ်ား လမ္းညႊန္ျပရန္ႏွင့္ လုပ္ငန္းတစ္ခုလံုး စီမံခန္႔ခြဲေပးျခင္းမ်ား ျပဳလုပ္ေနသည့္ ပင္မ ကုမၸဏီတစ္ခု ျဖစ္သည္။

ထိုသို႔ေသာ လုပ္ငန္းမ်ား လုပ္ေဆာင္ေပးေနသည့္ အျခားေသာ ညီေနာင္ ကုမၸဏီမ်ားရွိေသာ္လည္း ပင္မမွာ The A Team ျဖစ္သည္။

ဆာရွာ ေဟာ့ပ္ကင္းက ကုမၸဏီ၏ အမည္ေရြးခ်ယ္ခဲ့ပံုႏွင့္ စပ္လ်ဥ္းျပီး ျပန္ေျပာင္းေျပာျပရာတြင္ တစ္ခါက သူသည္ ဘာလီကၽြန္းသို႔ အပန္းေျဖေရာက္ရွိေနျပီး တျပိဳင္တည္းဆိုသလိုပင္ ျမိဳ ႔ျပအိမ္ရာေဆာက္လုပ္ေရးတစ္ခုအတြက္ ေငြရင္းရွာေဖြလ်က္ရွိခ်ိန္ျဖစ္သည္။

ထိုစဥ္က သူ၏ၾကိဳးပမ္းမႈမ်ား အထမေျမာက္ခဲ့ရေသာေၾကာင့္ ဆာရွာ ေဟာ့ပ္ကင္းက ရင္းႏွီးျမွဳပ္ႏွံမႈ၊ ၾကီးပြားေအာင္ျမင္ေရးဆိုင္ရာ အၾကံဥာဏ္မ်ားေပးမည့္ ပညာရွင္မ်ားျဖင့္ ဖြဲ႔စည္းထားသည့္ အဖြဲ႔တစ္ခု (A team of professionals ) ရွိသင့္ေၾကာင္း ေတြးေတာမိျပီး တည္ေထာင္မည့္ ကုမၸဏီကို The A Team ဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။

(တစ္ေန႔တာကို ဘယ္လိုျဖတ္သန္းသလဲ)

ကၽြန္ေတာ္ မနက္ဆိုရင္ ၅း၃၀ မတိုင္ခင္ အိပ္ယာႏိုးပါတယ္။ ျပီးရင္ အားကစားေလ့က်င့္တဲ့ေနရာကို သြားတယ္။

ကၽြန္ေတာ္က မနက္ခင္းလူသားပါ။ အဲဒီေနာက္မွာ ကၽြန္ေတာ္အိမ္ျပန္လာတယ္။ ပုံမွန္အားျဖင့္ အိမ္ျပန္ေရာက္ခ်ိန္မွာ ဇနီးနဲ႔ သမီးလည္း ႏိုးေနပါျပီ။ ကၽြန္ေတာ့္သမီးက ၁၅ လအရြယ္ရွိျပီျဖစ္ျပီး winter (ေဟမာန္) လို႔ေခၚပါတယ္။

မနက္ပိုင္းမွာ သူတုိ႔နဲ႔အတူ အခ်ိန္ခဏေလာက္ ကုန္ဆံုးေလ့ရွိပါတယ္။ မနက္စာစားတယ္။

သမီးေလးကို မနက္စာေကၽြးတယ္။ ျပီးရင္ သမီး (ဒါမွမဟုတ္) တခါတရံမွာ ဇနီးဟာ ေခြးကေလးနဲ႔အတူ ပန္းျခံကို သြားပါတယ္။

ကၽြန္ေတာ္လည္း ေဟမန္နဲ႔အတူ ခဏေလာက္ေနပါတယ္။ အဲဒီေနာက္မွာေတာ့ ကၽြန္ေတာ္ဟာ တစ္ေန႔တာအတြက္ အသင့္ျဖစ္ပါျပီ။ အမ်ားအားျဖင့္ ရံုးကို ၈း၃၀ ကေန ၉ နာရီၾကား သြားေလ့ရွိပါတယ္။

ရံုးမွာေတာ့ ကၽြန္ေတာ့္အဖြဲ႔ လူအင္အားက ၁၀ ေယာက္ကေန ၁၂ ေယာက္ၾကား ရွိပါတယ္။ ကၽြန္ေတာ္တို႔ရဲ ႔ ေန႔စဥ္ပန္းတိုင္ကေတာ့ လူေတြရဲ ႔ ဘဝေတြကို ကၽြန္ေတာ္တို႔ တတ္ႏိုင္သေလာက္ မ်ားမ်ားေျပာင္းလဲေပးႏိုင္ဖုိ႔ပါပဲ။

ခ်မ္းသာၾကြယ္ဝမႈဆီကို ခ်ီတက္ေနၾကသူေတြကို သူတို႔ရဲ ႔ခရီးစဥ္ေတြ ေရွ ႔ဆက္ဖို႔ (ဒါမွမဟုတ္) စတင္ဖုိ႔ အတြက္ ကူညီေပးၾကျပီး ဒီခရီးမွာ အိမ္ျခံေျမေလာကကို ယာဥ္အျဖစ္ အသံုးျပဳၾကတာ ျဖစ္ပါတယ္။

(နယူးေဆာက္ေဝးျပည္နယ္ ေျမာက္ပိုင္းတြင္ ၾကီးျပင္းခဲ့ျပီး ကြင္းစလန္တြင္ အထက္တန္းပညာေရးဆည္းပူးခဲ့သူ ေဟာ့ပ္ကင္းက သူ၏ ပထမဆံုးအလုပ္က သူ႔အတြက္ ဘဝလမ္းေၾကာင္းတစ္ခုလိုေနျပီျဖစ္ေၾကာင္း အေတြးစိတ္ဝင္လာေစခဲ့သည္ဟု ဆိုသည္)

ဆယ္ေက်ာ္သက္ ကာလေတြ မတိုင္မီက ကၽြန္ေတာ္ဟာ နင္မ္ဘင္လို႔ေခၚတဲ့ ျမိဳ ႔ေလးရဲ ႔ ျမိဳ ႔ျပင္ မိနစ္ ၂၀ေလာက္ ေဝးတဲ့အရပ္မွာ ၾကီးျပင္းခဲ့တာ ျဖစ္ပါတယ္။

ဒီေနရာကို ခင္ဗ်ားတို႔ သိမလားေတာ့ မသိဘူး။ ဒီျမိဳ ႔က ၾသစေတးလ်ရဲ ႔ ေဆးေျခာက္ျမိဳ ႔ေတာ္ပါပဲ။ ကၽြန္ေတာ္ဟာ ငယ္ငယ္တုန္းက ဒီျမိဳ ႔ေလးရဲ ႔ လူေနမႈပံုစံနဲ႔အတူ ေလလြင့္သူ ဟစ္ပီတစ္ေယာက္လို ၾကီးျပင္းခဲ့ျပီး အခုေတာ့ ခင္ဗ်ားတို႔ ျမင္တဲ့အတိုင္းပဲ ဆန္႔က်င္ဘက္ ျဖစ္ေနပါျပီ။

အဲ့ဒီေနာက္ပိုင္း Noosa (ကြင္းစလန္ျပည္နယ္ေတာင္ပိုင္း၊ ကမ္းရိုးတန္းေဒသ) ကို ေရႊ ႔ေျပာင္းေနထိုင္ခဲ့ျပီး ဘဝသစ္ကို စတင္ခဲ့တယ္။

၅ ႏွစ္၊ ၆ ႏွစ္ေလာက္ေနေတာ့ ကံမေကာင္းစြာပဲ မိဘႏွစ္ပါး ကြာရွင္းတာနဲ႔ ၾကံဳရတယ္။

အဲဒီအခ်ိန္မွာ ကၽြန္ေတာ္က ၁၆ ႏွစ္သား အရြယ္ ျဖစ္ေနပါျပီ။ ဒီလိုအေျပာင္းအလဲဟာ ကၽြန္ေတာ့္အတြက္ ေအာက္ကိုဆင္းတဲ့ ေလွကားတစ္ခုလို ျဖစ္သြားခဲ့ျပီး ေက်ာင္းထုတ္ခံရတဲ့ အျဖစ္အပ်က္ပါ ၾကံဳခဲ့ရပါတယ္။

ကၽြန္ေတာ္က တျခားေက်ာင္းကို ေျပာင္းတက္ျပီး အထက္တန္းစာေမးပြဲ ေအာင္ျမင္ေအာင္လုပ္ဖို႔ ရည္မွန္းခဲ့ေပမယ့္ ေက်ာင္းစာသင္ခန္းေတြက ကၽြန္ေတာ့္အတြက္ မဟုတ္ေတာ့ပါဘူး။

ဒါေၾကာင့္ ကၽြန္ေတာ္ အလုပ္စလုပ္ပါတယ္။ ကၽြန္ေတာ့္ရဲ ႔ ပထမဆံုး အလုပ္ကေတာ့ ပ်ဳိးျခံတစ္ခုမွာ အလုပ္လုပ္ရတာျဖစ္ျပီး တေနကုန္ ပန္းအိုးေတြ စိုက္ေနရတဲ့ အလုပ္ပါ။

အဲဒီအလုပ္မွာ ၅ လေလာက္လုပ္ခဲ့ျပီးတဲ့ေနာက္ တစ္ရက္မွာေတာ့ အဲဒီေန႔အတြက္ ၁၅၀ ေျမာက္ပန္းအိုးကို စိုက္အျပီးမွာ အေတြးတစ္ခု ေခါင္းထဲ ဝင္လာခဲ့ပါတယ္။

ဘဝကို ငါဘယ္လိုပံုစံမ်ဳိးသြားေနတာလဲ။ ဒီလိုမ်ဳိးျဖတ္သန္းေနတာ ျပက္လံုးတစ္ခုလိုပဲ။ ငါဟာ ေက်ာင္းလည္းတက္ မေနဘူး။

ငါ့မွာ ဘာမွလည္း မရွိဘူး။ ဘာရည္မွန္းခ်က္မွလည္း မရွိဘူး။ ဒါေတြအားလံုးက တကယ္ပဲ ငါပဲလား။အဲဒီအခိုက္အတန္႔ေလးဟာ ကၽြန္ေတာ့္ဘဝမွာ ဦးေႏွာက္ထဲ မီးပြင့္သလို ပထမဆံုးအလင္းဓာတ္တစ္ခု ပြင့္သြားတဲ့အခိုက္အတန္႔ ေလးပါပဲ။

ကၽြန္ေတာ့္ရဲ ႔ ပတ္ဝန္းက်င္ကို ေျပာင္းလဲဖို႔လိုတယ္ဆိုတာ ခ်က္ခ်င္းသံုးသပ္မိလိုက္တယ္။

ဘာေၾကာင့္လဲဆို အခုလမ္းေၾကာင္းအတိုင္း ေရွ ႔ဆက္ေနမယ္ဆိုရင္ ကၽြန္ေတာ္ဘယ္ကိုမွ ေရာက္မွာမဟုတ္လို႔ပါ။ဒါေၾကာင့္ မိသားစုကို ေက်ာခိုင္းထြက္ခြာဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ ဒီလိုနဲ႔ ေက်ာင္းျပီးေအာင္တက္မယ္လို႔ ဆံုးျဖတ္ျပီး အသက္ ၁၇ ႏွစ္အရြယ္မွာ အိမ္က ထြက္ခဲ့ပါတယ္။

အဲ့လိုနဲ႔ မဲလ္ဘုန္းကို ထြက္ခဲ့ျပီး ၂၀၀၆ ခုႏွစ္မွာေတာ့ အထက္တန္းေအာင္ခဲ့ပါတယ္။ ဒီႏွစ္က ကၽြန္ေတာ့္ကို စမ္းသပ္တဲ့ႏွစ္ကာလပဲ ျဖစ္ပါဦးမယ္။ ေနာက္ပိုင္းမွာ ၁၁ ႏွစ္ေလာက္ ၾကမ္းၾကမ္းတမ္းတမ္း ျဖတ္သန္းရပါေသးတယ္။အထက္တန္းေအာင္သြားရင္ ဘာဆက္လုပ္ခ်င္တယ္ဆိုတာ ကၽြန္ေတာ္မသိခဲ့ပါဘူး။

အသက္ ၁၇ ႏွစ္ေလာက္အရြယ္လိုမ်ဳိး ခပ္ငယ္ငယ္နဲ႔ အိမ္က စထြက္လာတဲ့သူမ်ဳိးဆိုရင္ ဘဝမွာ ပထမဆံုးသိလာမွာက ေငြလိုတယ္ဆိုတာ ခပ္ျမန္ျမန္ပဲ သိလာပါလိမ့္မယ္။

ကၽြန္ေတာ့္ဘဝမွာ အေစာဆံုးသိလာတဲ့ သင္ခန္းစာတစ္ခုက တစ္ခုခုလုပ္ခ်င္တယ္ဆိုရင္ ေလ့လာဖို႔လိုတယ္။ ေငြရဖို႔လိုတယ္ဆိုတာပါပဲ။

ဒါေၾကာင့္ ကၽြန္ေတာ္အလုပ္ေတြ စလုပ္တယ္။ ကၽြန္ေတာ္က ေငြရဲ ႔ သေဘာသဘာဝကို သေဘာက်တယ္ဗ်။ကၽြန္ေတာ္လုပ္ခ်င္တာေတြ လုပ္ႏိုင္ဖို႔၊ ေကာင္းမြန္တဲ့ဘဝမ်ဳိးမွာ ေနထုိင္ႏိုင္ဖို႔၊ မိသားစုကို ေစာင့္ေရွာက္ႏိုင္ဖို႔ ေငြက အကူအညီေပးပါတယ္။

ကၽြန္ေတာ္ဟာ ေငြစုတဲ့ဘက္မွာ ဝီရိယရွိသူျဖစ္သလို အလုပ္ကို အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ စတင္လုပ္ကိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

(ယင္းေနာက္ ေဟာ့ပ္ကင္းသည္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းတြင္ ပထမဆံုးစတင္ခဲ့ျပီး စာအုပ္တစ္အုပ္ကို ဖတ္ရႈရျပီးေနာက္ပိုင္းတြင္ကား သူ၏စိတ္ကူးအာရံုမ်ားမွာ အိမ္ျခံေျမေလာကဘက္ ကူးေျပာင္းခဲ့သည္။)

အသက္ ၁၈ ႏွစ္မွာ ကၽြန္ေတာ္ဟာ ရွယ္ယာေတြဝယ္ျပီး စတင္ရင္းႏွီးျမွဳပ္ႏွံေနျပီ။ ဒါကလည္း ေကာင္းေကာင္း အလုပ္ျဖစ္ခဲ့ပါတယ္။

ႏွစ္အေတာ္ၾကာလုပ္ခဲ့ျပီး ေငြအေၾကာင္းကို ေတာ္ေတာ္ေလ့လာခဲ့တယ္။ ေငြက ေတာ္ေတာ္စိတ္ဝင္စားစရာေကာင္းတယ္ဗ်။

ဘာေၾကာင့္လဲဆို ကၽြန္ေတာ္က သူ႔အေၾကာင္းကို ေကာင္းေကာင္းသိမယ္ဆိုရင္ သူ႔ကို ကၽြန္ေတာ္နားလည္လာမယ္။ ဒါဆိုရင္ ဘဝမွာ ကၽြန္ေတာ္လုပ္ခ်င္တာေတြ အမ်ားၾကီးလုပ္လို႔ရမယ္။ အဲဒီေနာက္ပိုင္း Rich Dad Poor Dad ဆိုတဲ့ စာအုပ္ဖတ္ရတယ္။

ဒီစာအုပ္ဖတ္ရျပီးေနာက္ပိုင္းမွာ အိမ္ျခံေျမေစ်းကြက္ထဲကို ေရာက္လာခဲ့ပါတယ္။

အဲဒါနဲ႔ တစ္ခ်ိန္တည္းဆိုသလိုပဲ ကၽြန္ေတာ္ဟာ လာနာလို႔ ေခၚတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ဆံုစည္းခဲ့တယ္။

ကၽြန္ေတာ္ဟာ သူနဲ႔အတူ ၁၀ ႏွစ္ေလာက္ ရင္းရင္းႏွီးႏွီးျဖတ္သန္းခဲ့ျပီး အခုေတာ့ ကၽြန္ေတာ့္ဇနီးျဖစ္ေနပါျပီ။ဒီလို မိန္းကေလးနဲ႔ ေတြ႔ခဲ့တာက ကၽြန္ေတာ့္အတြက္ ေနာက္ထပ္ လံႈ႔ေဆာ္ခ်က္တစ္ခုျဖစ္ခဲ့သလို အလင္းရခဲ့တဲ့ အခိုက္အတန္႔တစ္ခု လည္း ျဖစ္ခဲ့ပါတယ္။

ကဲ..အခု ငါ ဒီမိန္းကေလးကို ျပဳစုေစာင့္ေရွာက္ခ်င္တယ္ဆိုရင္ ငါ့မွာကလည္း ေနာက္မွာ ဘာဂုဏ္ထူးေဆာင္ အရည္အခ်င္းလက္မွတ္ တစ္ခုမွ ရွိမေနဘူး။ အစရွိသျဖင့္။

ဒီအခ်က္ေတြကပဲ ေငြေၾကးကို ရင္းႏွီးျမွဳပ္ႏွံတဲ့အပိုင္းကို အျပင္းအထန္ေလ့လာျပီး အိမ္ျခံေျမေလာကထဲကို ေရာက္လာေစခဲ့တာလည္း ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္မွာ ကၽြန္ေတာ့္ရဲ ႔က်ည္ဆန္ကို ပထမဆံုးစပစ္ပါတယ္။ ကၽြန္ေတာ့္ဘဝမွာ ပထမဆံုး အိမ္စတင္ဝယ္ယူ ခဲ့တာျဖစ္ပါတယ္။

အိမ္ဝယ္ျပီးေတာ့လည္း ဘာဆက္လုပ္ရမယ္ဆိုတာ ကၽြန္ေတာ့္မွာ အၾကံဥာဏ္ရွိမေနခဲ့ဘူး။

ကၽြန္ေတာ္လုပ္ခဲ့တာက အိမ္ဝယ္ခဲ့တဲ့ လမ္းထဲမွာေနတဲ့သူတစ္ဦး၊ ကၽြန္ေတာ္ပထမဆံုး စကားေျပာၾကည့္ျဖစ္တဲ့သူတစ္ဦးဆီက အၾကံဥာဏ္ေတာင္းခဲ့တာပဲ ျဖစ္ပါတယ္။

ဒါကေတာ့ အိမ္ျခံေျမေလာကထဲကို ကၽြန္ေတာ္ဘယ္လိုစတင္ခဲ့သလဲဆိုတဲ့အေၾကာင္းပါပဲ။

(ေဟာ့ပ္ကင္းသည္ အိမ္ျခံေျမေလာကအတြင္း မဝင္ေရာက္မီ အျခားလုပ္ကိုင္ခဲ့ေသာ အလုပ္မ်ားတြင္ လက္လီႏွင့္ ေျမယာအလွျပဳျပင္ျခင္း လုပ္ငန္းမ်ားလည္း ပါဝင္သည္)

ပ်ဳိးဥယ်ာဥ္အလုပ္ကေန ထြက္ေတာ့ ၂၀၀၆ ခုႏွစ္မွာ မဲလ္ဘုန္းကို သြားခဲ့ျပီး အထက္တန္းေအာင္တယ္။ ျပီးေတာ့ ၾကံဳရာက်ပမ္းအလုပ္ ေတြ လုပ္ခဲ့ပါတယ္။

ဒီလိုအလုပ္ေတြထဲမွာ ေျမယာအလွျပဳျပင္တဲ့အလုပ္၊ လက္လီအေရာင္းဆိုင္အလုပ္၊ Supre မွာ တံခါးေစာင့္အျဖစ္ လအနည္းငယ္၊ Supre က အမ်ဳိးသမီးဆိုင္ပါ။

ဒါက ဘယ္လိုေနရာဆိုတာ ခင္ဗ်ားတို႔လည္း သိပါတယ္။ အဲ့ဒီေနာက္ Telstra မွာ အလုပ္ဝင္ပါတယ္။

Telstra မွာလုပ္တဲ့ တခ်ိန္တည္းဆိုသလိုပဲ အိမ္ျခံေျမေလာကကို စျပီးေျခခ်ေနပါျပီ။

ဒီအလုပ္ကေတာ့ ေကာ္မရွင္အမ်ားၾကီးရျပီး ကၽြန္ေတာ့္ဘဝမွာ ပထမဆံုးအလုပ္အကိုင္ေကာင္းတစ္ခု ျဖစ္ခဲ့တယ္။

ကၽြန္ေတာ္က တကယ္ေတာ့ အေရာင္းပိုင္းမွာ အေတာ္ေလး ထူးခၽြန္တဲ့သူဗ်။

Telstra မွာ ႏွစ္အနည္းငယ္လုပ္ခဲ့ျပီး ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာမွ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ အၾကံေပးပုဂၢိဳလ္၊ အတိုင္ပင္ခံပုဂၢိဳလ္တစ္ဦး ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

(ေဟာ့ပ္ကင္း၏ အိမ္ျခံေျမေလာကအေပၚ စိတ္ထက္သန္ျပင္းျပမႈႏွင့္ သူ၏ အေရာင္းပိုင္းကၽြမ္းက်င္မႈတို႔ေၾကာင့္ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ ခန္႔အပ္)

အသက္ ၂၂ ႏွစ္၊ ၂၃ ေလာက္မွာ ကၽြန္ေတာ္ဟာ စတုတၳေျမာက္ေနအိမ္ကို ဝယ္ယူျပီးေနပါျပီ။ Telstra ရဲ ႔ ပိုင္ရွင္ေတြနဲ႔အတူ ႏွစ္အနည္းငယ္ၾကာ လက္တြဲလုပ္ကိုင္ခဲ့ပါတယ္။

သူတို႔အတြက္ လုပ္ကိုင္ေပးေနခ်ိန္မွာ ကၽြန္ေတာ္ဟာ ဒီအလုပ္မွာ အေတာ္ေလးထူးခၽြန္တဲ့သူ ျဖစ္ေနပါျပီ။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ဟာ ၾသစေတးလ်ႏိုင္ငံသားေတြကို ၾကီးပြားေအာင္ျမင္လာေစဖို႔ တစ္ေယာက္ျပီးတစ္ေယာက္ ကူညီလမ္းျပေပးေနပါျပီ။

ဒီလိုလုပ္ေဆာင္ေပးေနမႈေတြဟာ ေနာင္ႏွစ္အနည္းငယ္အၾကာမွာ ကၽြန္ေတာ္အိပ္မက္ေနတဲ့ အလုပ္ဆီ ေဆာင္ၾကဥ္းေပးခဲ့ပါတယ္။

(အိမ္ျခံေျမ ၂၅ လံုးခန္႔ ဝယ္ယူစုေဆာင္းမိခ်ိန္တြင္ ေဟာ့ပ္ကင္းစ္သည္ ေဆာက္လုပ္ေရးလုပ္ငန္းအခ်ဳိ ႔တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား စတင္ျပဳလုပ္ခဲ့သည္)

ကၽြန္ေတာ္ဟာ ေဆာက္လုပ္ေရးစီမံကိန္း ၄ ခုကို ဝယ္ယူခဲ့ျပီး အျပီးသတ္ခ်ိန္တန္ဖိုးက ေဒၚလာ ၁၀ သန္းကေန ၁၁ သန္းၾကားရွိမွာ ျဖစ္တာေၾကာင့္ ဒါဟာကၽြန္ေတာ့္ရဲ ႔ အေကာင္းဆံုးႏွစ္တစ္ခုလို႔ ေျပာလို႔ရပါတယ္။

မၾကာေသးမီက ဝယ္ယူထားခဲ့တဲ့ အားလံုးအျပီးသတ္ခ်ိန္ ေရာက္ရင္ေတာ့ ေဒၚလာ ၁၃ သန္းျဖစ္ႏိုင္သလို၊ ၁၄ သန္းလည္း ျဖစ္ႏိုင္ပါတယ္။

ဒီလိုအိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈေတြအျပင္ ကၽြန္ေတာ့္ရဲ ႔တျခား ရည္မွန္းခ်က္က လူေတြကို ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ အသိပညာေတြ ေဝမွ်ေပးဖို႔နဲ႔ သူတို႔ေတြ လက္ေတြ႔ အေကာင္အထည္ေဖာ္ၾကေစဖို႔ ျဖစ္ပါတယ္။

ဒါက The A Team ကို ကၽြန္ေတာ္ တည္ေထာင္ခဲ့တဲ့ ရည္ရြယ္ခ်က္တစ္ခုလည္း ျဖစ္ပါတယ္။

ကၽြန္ေတာ္ဟာ လူေပါင္းေျမာက္ျမားစြာရဲ ႔ အလုပ္အကိုင္ေတြကို အကူအညီေပးခဲ့ျပီးျဖစ္ပါတယ္။ ကၽြန္ေတာ့္အသက္ ၂၆ ႏွစ္မွာ ဝင္ေငြေတြ ဘယ္လိုရေအာင္လုပ္ခဲ့တယ္ဆိုတဲ့ လမ္းေၾကာင္းကို သင္ေပးဖို႔ပါ။ ဒီလို သင္ၾကားေပးတာမ်ိဳး ကၽြန္ေတာ္အျမဲတမ္း လုပ္ေနခ်င္ပါတယ္။

ကၽြန္ေတာ့္ရဲ ႔ တကယ့္ပန္းတိုင္ကေတာ့ ေဖာက္သည္ေတြရဲ ႔ ရလဒ္ေတြ၊ သူတို႔ရဲ ႔ၾကံဳေတြ႔ရပံုေတြ၊ ရင္းႏွီးျမွဳပ္ႏွံမႈ မဟာဗ်ဴဟာေတြ အစရွိတာေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၾသစေတးလ်မွာ နံပါတ္ ၁ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီ ျဖစ္လာဖို႔ပဲ ျဖစ္ပါတယ္။

ဒီလုပ္ငန္းနယ္မွာ နံပါတ္ ၁ ျဖစ္ဖို႔က ကၽြန္ေတာ့္ပန္းတိုင္ပါ။ ကၽြန္ေတာ္တို႔ သင္ေပးလိုက္တဲ့ အဆင့္ ၃ ဆင့္ ေဖာ္ျမဴလာကို သံုးျပီး ကၽြန္ေတာ္တို႔ရဲ ႔ မဟာဗ်ဴဟာေတြနဲ႔ အေကာင္အထည္ေဖာ္ကာ ဘ႑ာေရးဆိုင္ရာ အမွီအခိုကင္းတဲ့သူေပါင္း ၁၀၀၀ ေလာက္ ေမြးထုတ္ေပးခ်င္ပါတယ္။ အဲ့ဒါ ကၽြန္ေတာ့္ရည္ရြယ္ခ်က္ပါ။

(ေဟာ့ပ္ကင္းစ္သည္ အိမ္ျခံေျမေလာကတြင္ အခက္အခဲၾကံဳရသည့္ အေျခအေနေပါင္း မ်ားစြာလည္း ၾကံဳေတြ႔ခဲ့ရသည္။ ဘ႑ာေရး ျပႆနာ (သို႔မဟုတ္) ဝင္ေငြမရွိျခင္း၊ ေက်ာ္လႊားႏိုင္ရန္ စိန္ေခၚမႈမ်ားစြာရွိျခင္းတို႔ႏွင့္ ရင္ဆိုင္ခဲ့ရသည္။)

ဘ႑ာေရးဟာ အေတာ္ရႈပ္ေထြးတဲ့က႑ပါ။ ကၽြန္ေတာ္တို႔ဟာ ဘဏ္ကို အသနားခံရတဲ့ အၾကိမ္ေပါင္း မ်ားစြာရွိခဲ့ပါတယ္။

ကၽြန္ေတာ့္အေနနဲ႔ လံုျခံဳစိတ္ခ်ရတဲ့ အေျခအေနမ်ဳိးကို ေရာက္ႏိုင္ဖို႔ ခ်ီတက္ၾကိဳးစားေနတုန္းပါပဲ။ ဘယ္လိုအေျခအေနေတြျဖစ္လာပါေစ ကၽြန္ေတာ္၊ ကၽြန္ေတာ့္မိသားစု၊ ကၽြန္ေတာ့္မိဘ၊ အေမ၊ ညီမ၊ ဇနီးရဲ ႔မိသားစု အားလံုး ဒုကၡမၾကံဳႏိုင္ေတာ့တဲ့ အေျခအေန၊ ဘာေတြပဲျဖစ္လာလာ သူတို႔အားလံုး ဒုကၡမေရာက္ႏိုင္ေတာ့တဲ့ အေျခအေနမ်ဳိးေပါ့။

(တခါက ေဟာ့ပ္ကင္းသည္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုတြင္ ေဒၚလာ ၁၅၀၀၀ ခန္႔ အရံႈးေပၚခဲ့ဖူးသည္။ ထို႔ေၾကာင့္ပင္ မိမိကဲ့သို႔ အျဖစ္ မ်ဳိး အျခားသူမ်ား မၾကံဳရေစရန္၊ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားလုပ္ရာတြင္ စီမံခန္႔ခြဲမႈမ်ား ေကာင္းစြာေပးအပ္မည့္ အဖြဲ႔တစ္ခု ေနာက္ခံရွိေန ေစရန္ ရည္ရြယ္ကာ The A Team ကို တည္ေထာင္ခဲ့ျခင္းလည္းျဖစ္ျပီး အျခားသူတို႔၏ အိမ္ျခံေျမေလာက အခက္အခဲမ်ားကို ကူညီေပးျခင္း ျဖစ္သည္)

ကၽြန္ေတာ္တို႔ အလုပ္လုပ္ေပးရတဲ့သူေတြနဲ႔ ပတ္သက္ျပီး ဘာအမွားမွ မရွိေစဖို႔ A Team က ကၽြန္ေတာ့္လူေတြကို စည္းမ်ဥ္းတင္းၾကပ္ ထားပါတယ္။ လူေတြဟာ အမွားေတြ လုပ္တတ္ၾကတယ္ဆိုတာ ကၽြန္ေတာ္နားလည္ပါတယ္။

ဒါေပမယ့္ လူေတြ ခက္ခက္ခဲခဲ ရွာေဖြထားရတဲ့ ေငြေတြနဲ႔ ပတ္သက္ေနတာျဖစ္တဲ့အတြက္ ဖိအားကေတာ့ သိပ္ကိုမ်ားမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ကၽြန္ေတာ့္အိပ္မက္ထဲက မိန္းကေလးကို ေတြ႔ခဲ့တဲ့အခါ ကၽြန္ေတာ္က သူနဲ႔ ကၽြန္ေတာ့္မိသားစုအတြက္ အနာဂတ္တစ္ခု ေပးခ်င္တယ္။ ဘ႑ာေရးကန္႔သတ္ခ်က္ေတြ ရွိမေနတဲ့ ဘဝမ်ဳိးကို လိုခ်င္ခဲ့တယ္။

ေနာက္တစ္ခုကေတာ့ ကၽြန္ေတာ္ဟာ အလုပ္ရွင္တစ္ဦးဆီမွာ လုပ္တဲ့အခ်ိန္ သူတုိ႔ရဲ ႔လုပ္ငန္းကို အလြန္ေအာင္ျမင္ေအာင္ အားထုတ္ၾကိဳးပမ္းေပးခဲ့ေပမယ့္ တန္ဖုိးထားျခင္းမခံခဲ့ရဘူး။

ဒီေနာက္ပိုင္းမွာ ကၽြန္ေတာ္ဟာ ေရာဘတ္ကီယိုဆာကီ ေရးတဲ့ Cash Flow Quadrant စာအုပ္ကို ဖတ္ရႈျပီးေနာက္ပိုင္းမွာ The A Team ကို တည္ေထာင္ဖို႔ စိတ္ကူးေပၚလာခဲ့တာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ဖတ္ခဲ့သမွ် စာအုပ္ေတြထဲမွာ အေကာင္းဆံုး ၂ အုပ္ရွိတဲ့အနက္ ေနာက္တစ္အုပ္ကေတာ့ ေရာဘတ္ကီယိုဆာကီပဲ ေရးတဲ့ Rich Dad Poor Dad စာအုပ္ပါပဲ။

(ေဟာ့ပ္ကင္းစ္က သူ၏ ပဓာနပန္းတိုင္ျဖစ္ေသာ ဘ႑ာေရးလံုျခံဳစိတ္ခ်ရသည့္ အေျခအေနသို႔ ေရာက္ရွိရန္ ၾကိဳးပမ္းမႈမ်ားႏွင့္ စပ္လ်ဥ္းျပီး ေအာက္ပါအတုိင္းေျပာျပခဲ့)

စတုတၳတစ္ခ်က္ကေတာ့ ကၽြန္ေတာ္ဘယ္ကို ေရာက္ရမယ္ဆိုတဲ့အေပၚ လံႈ႔ေဆာ္အား အမ်ားအျပားဟာ ေၾကာက္ရြံ ႔မႈေတြကေန ရရွိပါတယ္။

ေျခလွမ္းေတြ အမ်ားၾကီး၊ အလုပ္ေတြအမ်ားၾကီးလုပ္ခဲ့ျပီးေပမယ့္ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ေအာင္ျမင္ေနတယ္လို႔ ခံစားဖို႔ ခြင့္မျပဳေသးဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ့္ရည္မွန္းခ်က္ကို မေရာက္ေသးလို႔ျဖစ္ျပီး ဆက္လက္ခ်ီတက္ေနရဦးမယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။

ကၽြန္ေတာ့္ဇနီး လာနာ၊ သမီးေလးတို႔နဲ႔အတူ ဥေရာပကို ခရီးထြက္ခဲ့တယ္။ ဒါေတြကို အဲဒီမွာ စျပီး စဥ္းစားခဲ့မိတာ ျဖစ္ပါတယ္။

ေဒၚလာ ၃၁ သန္းခန္႔ ခ်မ္းသာေနျပီျဖစ္ေသာ္လည္း အိမ္ငွားလ်က္သာ ေနထိုင္လ်က္ရွိသည္ဟု ဆိုသည္။ေဟာ့ပ္ကင္းစ္တို႔မိသားစု အိမ္ငွားေနထိုင္ၾကပံု ဗီြဒီယိုဖိုင္ကို (https://www.youtube.com/watch?v=s71Fj0nspT8 ) အင္တာနက္လင့္ခ္တြင္ ၾကည့္ရႈႏိုင္ပါသည္။

ကၽြန္ေတာ့္မွာ အေျဖမရွိတဲ့ ပုစၦာေတြ အမ်ားၾကီးရွိေနခဲ့တယ္။

ကိုယ္တကယ္လိုခ်င္တာ ဘယ္လိုဘဝမ်ဳိးလဲ ?

လက္ရွိေရာက္ေနတဲ့ ေနရာကေန ကိုယ္ေရာက္ခ်င္တဲ့အေနအထားကို ေရာက္ေအာင္ ဘယ္ေလာက္မ်ား ရင္းႏွီး ေပးဆပ္ရမလဲ?

ဒီေမးခြန္းေတြကို ဥေရာပခရီးကျပန္လာျပီး ည ၁၁ နာရီကေန မနက္ ၄ နာရီအထိ ထုိင္ျပီးစဥ္းစားအေျဖထုတ္ခဲ့ပါတယ္။

ေနာက္ေန႔မနက္မွာေတာ့ ကၽြန္ေတာ္ ဥာဏ္ပြင့္သြားသလိုခံစားလိုက္ရျပီး အေတာ္ေလးေပါ့ပါးသြားခဲ့တယ္။ အလုပ္ဆိုတာ တခါတရံမွာ ရက္ရက္စက္စက္ စိတ္ဖိစီးလွပါတယ္။

အဲဒီေန႔က အလုပ္သြားခ်ိန္မွာ ကၽြန္ေတာ္ေတြးမိခဲ့တာရွိပါတယ္။

“အခုအခ်ိန္မွာ တကယ္ေတာ့ငါဟာ အလုပ္ကိုသြားဖို႔ ေရြးခ်ယ္ခဲ့တာသာျဖစ္တယ္။ အလုပ္ကိုသြားရတာမဟုတ္ဘူး”ဆိုတဲ့အခ်က္ပါ။ဒီႏွစ္ခ်က္ၾကားမွာ ၾကီးမားတဲ့ျခားနားခ်က္ၾကီး ရွိပါတယ္။လုပ္ရမွာကို ေရြးခ်ယ္တာနဲ႔ လုပ္ေပးရမွာၾကားက ျခားနားမႈကို ခြဲျခားႏိုင္ခဲ့တာဟာ ႏွစ္ေပါင္းမ်ားစြာကာလအတြင္းလုပ္ရမွာကို ေရြးခ်ယ္တာနဲ႔ လုပ္ေပးရမွာၾကားက ျခားနားမႈကို ခြဲျခားႏိုင္ခဲ့တာဟာ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ကၽြန္ေတာ့္အတြက္ အၾကီးမားဆံုး ခံယူခ်က္အေျပာင္းအလဲၾကီး ျဖစ္ခဲ့ပါတယ္။

ဒီအခ်က္က တျခားသူေတြကို တူညီတဲ့အဆင့္၊ တူညီတဲ့ေနရာကို ေရာက္ေအာင္ၾကိဳးစားၾကဖို႔ အားေပးလႈ႔ံေဆာ္ဖို႔အတြက္ ကၽြန္ေတာ့္ကို motivate ေတြ ေပးပါတယ္။

(မဟာဗ်ဴဟာ)

ကၽြန္ေတာ့္ရဲ႕ မဟာဗ်ဴဟာကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ clients ေတြကို ေဟာ့ပ္ကင္းစ္ေဖာ္ျမဴလာ (Hopkins Formula) သင္ေပးဖို႔ပဲ ျဖစ္ပါတယ္။

ေဟာ့ပ္ကင္းေဖာ္ျမဴလာဟာ ကၽြန္ေတာ့္နာမည္ကို အစြဲျပဳျပီး အမည္ေပးထားတာပါ။ ေဟာ့ပ္ကင္းေဖာ္ျမဴလာဟာ အဆင့္ ၃ ဆင့္ပါတဲ့ ေဖာ္ျမဴလာတစ္ခုျဖစ္ျပီး ၅ ႏွစ္အတြင္း ကၽြန္ေတာ့္ဝင္ေငြကို ေျပာင္းလဲႏိုင္ခဲ့တဲ့ နည္းလမ္းျဖစ္ပါတယ္။

(ေၾကာက္ရြံ႕မႈ)

ကၽြန္ေတာ္ဝန္ခံခ်င္တာတစ္ခုကေတာ့ ကၽြန္ေတာ္ဟာ စြန္႔စားမႈေတြလုပ္ရမွာ ေၾကာက္ရြံ႕စိတ္ မရွိတာပါပဲ။ကၽြန္ေတာ့္မွာ အိမ္ျခံေျမလိုင္စင္တစ္ခုကလြဲျပီး ေဒါက္တာဘြဲ႔ေတြ၊ ဘြဲ႔လက္မွတ္ေတြ အစရွိတာမ်ဳိးေတြ တစ္ခုမွ မရွိပါဘူး။

ဒါေပမယ့္ ကၽြန္ေတာ့္မွာ ထူးခၽြန္တဲ့အခ်က္တစ္ခုရွိပါတယ္။ အဲဒါကေတာ့ ရည္မွန္းခ်က္အထေျမာက္ေအာင္ လုပ္ေဆာင္တတ္တာပဲ ျဖစ္ပါတယ္။

အျပဳသေဘာမေဆာင္ေသာ စိတ္ေနသေဘာထားကို ေက်ာ္ျဖတ္ကာ ေရွ႕ဆက္ရန္မွာ အလြန္ခက္ခဲသည့္အလုပ္တစ္ခုျဖစ္ေၾကာင္း ေဟာ့ပ္ကင္းစ္က အသိအမွတ္ျပဳ ဝန္ခံသည္။

မ်ားစြာေသာလူတို႔သည္လည္း ေၾကာက္ရြံ႕မႈေၾကာင့္ အေကာင္အထည္မေဖာ္ဘဲ ေနာက္ဆုတ္ၾကသူမ်ားေလသည္။

အထက္ပါအခ်က္သည္ ေန႔စဥ္ႏွင့္အမွ် ကၽြႏု္ပ္တို႔အတြက္ အၾကီးမားဆံုးစိန္ေခၚမႈၾကီး ျဖစ္ေနဆဲျဖစ္သည္။လူေတြေၾကာက္ရြံ႕ၾက၏။ အဘယ္ေၾကာင့္ဆိုလွ်င္ ၎တို႔၏ ေငြမ်ားကို မဆံုးရံႈးလိုေသာေၾကာင့္ ျဖစ္၏။

ကိုယ္တုိင္ဘဝမ်ားတြင္ ဆိုးရြားသည့္အေတြ႔အၾကံဳမ်ား ရွိခဲ့ႏိုင္သလို မိဘမ်ားတြင္လည္း ၾကမ္းတမ္းသည့္ အေျခအေနမ်ဳိး ၾကံဳခဲ့ရႏိုင္သည္။

ေငြေၾကးခ်ဳိ႕တဲ့သည့္ ဘဝမ်ဳိးျဖင့္ ၾကီးျပင္းလာရသူလည္း ျဖစ္ႏိုင္သည္။ အဆိုပါ အေတြ႔အၾကံဳမ်ားက ေငြေၾကးႏွင့္စပ္လ်ဥ္းျပီး ေတြးေခၚရာတြင္ မ်ားစြာ အေရာင္လာဆိုးေလသည္။

၎တို႔၏ စိတ္ထဲတြင္ မိဘမ်ားလုပ္ေဆာင္ခဲ့သကဲ့သို႔ မလုပ္ေဆာင္လိုၾကေခ်။

ထို႔ေၾကာင့္ အရာရာသည္ ၎တို႔ငယ္စဥ္ဘဝၾကံဳေတြ႔ခဲ့ရသည္မ်ားမွ အရင္းခံျခင္း (သို႔မဟုတ္) ၎တို႔ သြန္သင္လမ္းညႊန္ခံခဲ့ရသည့္ ပံုသ႑ာန္တို႔အေပၚတြင္ အေျခတည္ေနေလသည္။

အကယ္၍ လူတို႔အေနျဖင့္ ေၾကာက္ရြံ႕မႈေၾကာင့္ မိမိတို႔ရည္မွန္းထားသည့္ ေကာင္းမြန္သည့္ဘဝမ်ားသို႔ ေလွ်ာက္ရန္ ေျခလွမ္းမလွမ္းရဲပါက ၎တို႔၏ စိတ္ကူးအိပ္မက္ေနရာသို႔ မည္သို႔မွ ေရာက္ႏိုင္မည္မဟုတ္ေခ်။ ဤသည္ကား ရိုးရွင္းလွပါသည္။

ကၽြန္ေတာ္သည္ ၾသစေတးလ်တြင္ လူေပါင္း ၂၅၀၀ ေက်ာ္ကို အၾကံေပးမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ အားလံုးမွာ ဘဝကို ကၽြန္ေတာ္စတင္ခဲ့ရ ခ်ိန္ထက္ မ်ားစြာေကာင္းမြန္လွသည့္ အေျခအေနမ်ား ပိုင္ဆိုင္ထားၾကပါသည္။

သို႔တိုင္ေအာင္ ၎တို႔သည္ ေၾကာက္ရြံ႕မႈေၾကာင့္ မည္သည့္အရာမွ် မလုပ္ကိုင္ရဲၾကေခ်။

ယင္းအခ်က္မွာ မ်ားစြာဝမ္းနည္းဖြယ္ ေကာင္းလွပါသည္။

မၾကာခဏပင္ ကၽြန္ေတာ္ေျပာေလ့ရွိေသာ အခ်က္မွာ အိမ္ျခံေျမတစ္ခုကို ဝယ္ယူ၊ အေဆာက္အအံုေဆာက္လုပ္ကာ အငွားခ်ထားမႈ ျပဳလုပ္မည္ေလာ (သို႔တည္းမဟုတ္) ၾသစေတးလ်ႏိုင္ငံသား ၈၇ ရာခိုင္ႏႈန္းနည္းတူ ေၾကာက္ရြံ႕မႈေၾကာင့္ မည္သည့္ရင္းႏွီးျမွဳပ္ႏွံမႈမွ မလုပ္ဘဲ လုပ္ငန္းမ်ားမွ အနားယူခ်ိန္တြင္ ဇနီးေမာင္ႏွွံ ၂ ဦးအတြက္ ႏွစ္စဥ္ဝင္ေငြ ေဒၚလာ ၃၀၀၀၀ ခန္႔သာရွိေသာ အေျခအေနမ်ဳိးႏွင့္ အဆံုးသတ္မည္ေလာ ဟူသည့္ေမးခြန္းကို မၾကာခဏ ေမးျဖစ္ပါသည္။

(စာဖတ္ျခင္း)

အိမ္ျခံေျမေလာကကို ဝင္ေရာက္မည့္သူတိုင္း မျဖစ္မေနဖတ္ရမယ့္ ပထမဆံုးစာအုပ္က Rich Dad Poor Dad စာအုပ္ျဖစ္ပါတယ္။

(မွတ္ခ်က္- အဆိုပါစာအုပ္ကို ဆရာျမတ္ျငိမ္းက ဆင္းရဲေဖေဖ ခ်မ္းသာေဖေဖ အမည္ျဖင့္ ျမန္မာဘာသာသို႔ ျပန္ဆိုခဲ့ျပီးျဖစ္ပါသည္။ ျဗိတိန္တြင္ မူလတန္းေက်ာင္းမ်ား၌ ဖတ္စာအျဖစ္ ျပဌာန္းခံရေသာ စာအုပ္လည္း ျဖစ္သည္။ Rich Dad Poor Dad စာအုပ္ကို ဖတ္ရႈျပီးေနာက္ ေနအိမ္ကို အေပါင္ထားကာ ေဆာက္လုပ္ေရးေလာကသို႔ ဝင္ေရာက္ခဲ့ျပီး ခ်မ္းသာၾကြယ္ဝသြားေသာ သူေဌးၾကီးတစ္ဦး၏ ဘဝဇာတ္ေၾကာင္းကိုလည္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ဖူးရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/774520 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

အဲဒီစာအုပ္ဟာ အေကာင္းဆံုးစာအုပ္ျဖစ္ျပီး ဒုတိယ ဖတ္ရမယ့္စာအုပ္က Cashflow Quadrant ဆိုတဲ့ စာအုပ္ျဖစ္ပါတယ္။ ဒီစာအုပ္မ်ားေတြဟာ ေငြေၾကးႏွင့္ ပတ္သက္ရင္ အေကာင္းဆံုးစာအုပ္ေတြ ျဖစ္ပါတယ္။

(မွတ္ခ်က္။ Cashflow Quadrant စာအုပ္ကို ျမန္မာဘာသာသို႔ ျပန္ဆိုေရးသားထားသည့္စာအုပ္ရွိသည္ဟု သိရပါသည္။ Cashflow Quadrant တြင္ ေဖာ္ျပေသာ ေငြဝင္လမ္း ၄ မ်ဳိး အႏွစ္ခ်ဳပ္မွာ ESBI ဟု အတိုေကာက္ေခၚေဝၚသည္။ E မွာ employee ျဖစ္ျပီး ဝန္ထမ္းမ်ားျဖစ္သည္။ S မွာ Small Business- တစ္ႏိုင္တစ္ပိုင္ အေသးစားလုပ္ငန္းလုပ္ကိုင္သူမ်ား၊ B မွာ Business man ဟုေခၚေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ I မွာ investor ရင္းႏွီးျမွဳပ္ႏွံသူမ်ား ျဖစ္ၾကသည္။)

ကမ္ မကၠလင္းရဲ ႔ “My Four Year Old The Property Investor” ဆိုတဲ့ စာအုပ္လည္း ကၽြန္ေတာ္ဖတ္ပါတယ္။ “My Four Hour Work Week” ဆိုတဲ့ စာအုပ္ကလည္း ေတာ္ေတာ္ေကာင္းတဲ့ စာအုပ္တစ္အုပ္ပါပဲ။ျပီးေတာ့ အိမ္ျခံေျမသူေဌးၾကီး ဂရန္႔ ကာဒြန္းနဲ႔ ဂယ္ရီဗီးတို႔ရဲ ႔ စာအုပ္ေတြ၊ ဂႏၳဝင္စာအုပ္ၾကီးေတြျဖစ္တဲ့ လူေတာ္တို႔၏ အေလ့အထ ၇ ပါး (The Seven Habits of Highly Effective People) ၊ နပိုလီယံေဟးလ္ရဲ ႔ အၾကံဥာဏ္ျဖင့္ ၾကီးပြားနည္း (Think and Grow Rich) အစရွိတဲ့ စာအုပ္ေတြလည္း ဖတ္ပါတယ္။

လက္ရွိ ဖတ္ေနတာကေတာ့ The One Thing လို႔ အမည္ရတဲ့ စာအုပ္ပါ။ ဒီစာအုပ္ထဲမွာ အဓိကေျပာထားတာကေတာ့ မ်က္ေမွာက္ကာလမွာ လူေတြဟာ အလုပ္ရႈပ္ေနရတဲ့ အရသာကို စြဲလမ္းေနၾကတယ္၊ အလုပ္ေတြ အမ်ားၾကီး တျပိဳင္တည္း လုပ္ရတာကို စြဲလမ္းေနၾကတယ္လို႔ ဆိုပါတယ္။ အဲဒီထဲမွာ ကၽြန္ေတာ္လည္း ပါပါတယ္။

ဒါေပမယ့္ တကယ္လက္ေတြ႔မွာေတာ့ ဒီလို အလုပ္ေတြ ရႈပ္ေနတာဟာ ထိေရာက္တဲ့ နည္းလမ္းတစ္ခု မဟုတ္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ လူေတြဟာ အလုပ္ေတြကို တကယ္ျပီးေအာင္ မလုပ္ႏိုင္ၾကပါဘူး။ သူတို႔ဟာ အလုပ္ျပီးဖို႔ထက္ အလုပ္ေတြမ်ားေနဖို႔ပဲ အာရံုေတြ စိုက္ေနၾကတာ ျဖစ္ပါတယ္။ အလုပ္မွာပဲျဖစ္ေစ၊ အိမ္မွာပဲ ျဖစ္ေစ၊ မိသားစုနဲ႔ျဖစ္ေစ လူေတြဟာ အလုပ္ရႈပ္ေနတယ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာပဲ ရွိေနၾကျပီး လက္ေတြ႔မွာေတာ့ အလုပ္တစ္ခုလံုး အျပီးသတ္ေအာင္ လုပ္ေဆာင္တာမ်ဳိး မရွိၾကဘူး။ တကယ္ေတာ့ အေရးအၾကီးဆံုးက အလုပ္တစ္ခုကို အျပီးသတ္ေအာင္ လုပ္ဖို႔ အာရံုစိုက္ေရးကသာ အေရးအၾကီးဆံုးပါ။

[ မွတ္ခ်က္- ဂရန္႔ကာဒြန္းအေၾကာင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ဖူးရာ https://www.imyanmarhouse.com/news/read/545269 အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္။

နပိုလီယံေဟးလ္၏ Think and Grow Rich စာအုပ္ကို စာေရးဆရာၾကီး ေရႊဥေဒါင္းက ျမန္မာဘာသာသို႔ ျပန္ဆိုေပးခဲ့ျပီးျဖစ္ပါသည္။

ႏိုင္ငံတကာ company ေတာ္ေတာ္မ်ားမ်ားသည္ ၎တို႔ ၀န္ထမ္းမ်ား၏ self-development အတြက္ The Seven Habits of Highly Effective People စာအုုပ္ကိုု ညႊန္းေလ့ရွိသည္။

မူရင္းစာအုပ္၏ တန္ဖိုးမွာ ျမန္မာေငြ ၈၀၀၀ က်ပ္ခန္႔ရွိျပီး အဂၤလိပ္စာ ေကာင္းသူမ်ားအေနျဖင့္ ဝယ္ယူဖတ္ရႈလိုပါက ေဖ့စ္ဘုတ္စာမ်က္ႏွာ Yatha Book Store တြင္ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

ျမန္မာဘာသာျပန္ဖတ္ရႈလိုသူမ်ားအေနျဖင့္မူ စာေရးဆရာၾကီး ေက်ာ္ဝင္းက ၂၁ ရာစု သားေရႊဥဟူေသာအမည္ျဖင့္ ဘာသာျပန္ဆိုထုတ္ေဝထားပါသည္]

ကၽြန္ေတာ္က သြားလိုရာ ခရီးကို ေရာက္ဖုိ႔အတြက္ အိမ္ျခံေျမနယ္ပယ္ကို ယာဥ္အျဖစ္ အသံုးျပဳခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ စီးပြားေရးလုပ္ငန္းနယ္ ကိုလည္း စိတ္ဝင္စားေနပါတယ္။

(ဆာရွာေဟာ့ပ္ကင္းက ၂၀၁၉ ခုႏွစ္၊ မတ္လ ၂၅ ရက္တြင္ သူ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာ၌ မိမိဘဝအေၾကာင္း ကိုယ္တိုင္ေရးသား ေဖာ္ျပခ်က္)

အသက္ ၁၈ ႏွစ္အရြယ္မွာ ကၽြန္ေတာ္ဟာ သူငယ္ခ်င္းတစ္ေယာက္ရဲ ႔ အိမ္ေနာက္ေဖးကြက္လပ္က ကားေနာက္တြဲတစ္ခုမွာ ေနထိုင္ခဲ့ရ ပါတယ္။

ကြင္းစလန္မွာရွိတဲ့ ေက်ာင္းကေန ေက်ာင္းထုတ္ခံလိုက္ရျပီးတဲ့ေနာက္ မိသားစုနဲ႔အတူ အခက္အခဲေတြၾကားမွာ ျဖတ္သန္းခဲ့ရပါတယ္။ အဲဒီေနာက္မွာ ဘဝစာမ်က္ႏွာသစ္တစ္ခုကို စတင္ဖို႔ မဲလ္ဘုန္းကို သြားခဲ့တယ္။

မဲလ္ဘုန္းမွာ ပထမဆံုးလုပ္ရတဲ့အလုပ္က ပ်ဳိးဥယ်ာဥ္လုပ္ငန္းမွာ ပန္းအိုးထဲ အပင္ေတြစိုက္ရတာျဖစ္ျပီး တစ္နာရီကို ၉ ေဒၚလာပဲ ရပါတယ္။

ပ်ဳိးဥယ်ာဥ္အလုပ္အျပင္ ညဘက္ေတြ၊ ရံုးပိတ္ရက္ေတြမွာလည္း တျခားအလုပ္ေတြမွာ ဝင္ေရာက္လုပ္ကိုင္ခဲ့ပါတယ္။

ဒီလို ပင္ပင္ပန္းပန္းရွာေဖြရရွိလာတဲ့ ေငြေလးေတြကို ရွယ္ယာေစ်းကြက္မွာ ဝင္ျပီး ရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္ခဲ့ေပမယ့္ ၂၀၀၈ ခုႏွစ္ ကမၻာ့စီးပြားပ်က္ကပ္ၾကီးအတြင္းမွာ အားလံုးဆံုးရံႈးသြားခဲ့ရပါတယ္။

ဒီလိုအေျခအေနနဲ႔ ၾကံဳေတြ႔ၾကတဲ့ တျခားသူေတြဟာ လက္ေလွ်ာ့အရံႈးေပးသြားၾကေပမယ့္ ကၽြန္ေတာ္ကေတာ့ ပိုမိုေဘးကင္းစိတ္ခ်ရမယ့္၊ ေကာင္းမြန္မယ့္ ေငြရွာနည္းေတြ ရွာေဖြဖို႔ စိတ္အားပိုျပီး ျပင္းျပလာခဲ့တယ္။

ဒီလိုအခ်ိန္မ်ဳိးမွာ ကၽြန္ေတာ္ဟာ အိမ္ျခံေျမေလာကမွာ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ဖို႔ နည္းလမ္းေတြ႔ခဲ့တာျဖစ္ပါတယ္။

အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ပတ္သက္ျပီး ခေရေစ့တြင္းက်သိဖို႔ ၃ ႏွစ္ေလာက္ ေလ့လာခဲ့ပါတယ္။

ဒီအခ်ိန္အတြင္းမွာ Telstra မွာ ပိုမိုေကာင္းမြန္တဲ့ အလုပ္တစ္ခုရလာခဲ့တယ္။ ကၽြန္ေတာ့္လခကို တတ္ႏိုင္သေလာက္ မ်ားမ်ားစုခဲ့ျပီး လခရဲ ႔ ၅၀ ရာခိုင္ႏႈန္းေလာက္အထိ စုေဆာင္းခဲ့ပါတယ္။

အလုပ္လုပ္ေနရင္း ေနဖို႔အတြက္ကေတာ့ ကားေနာက္တြဲေနရာမွာ တစ္ပတ္ကို ေဒၚလာ ၁၀၀ ေပးျပီး ငွားေနခဲ့ရတာ ျဖစ္ပါတယ္။

အလုပ္အားတဲ့အခ်ိန္ေတြမွာ ကားေနာက္တြဲေပၚမွာ အနားယူရင္း အိမ္ျခံေျမေလာကမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ ေလ့လာပါတယ္၊ စာအုပ္ေတြ ဖတ္ပါတယ္၊ အြန္လိုင္းကေန ဗြီဒီယိုေတြၾကည့္တယ္၊ ေဆြးေႏြးပြဲေတြ တက္တာမ်ဳိးလုပ္ပါတယ္။

ကၽြန္ေတာ့္ခ်စ္သူ လာနာကလည္း ကားေနာက္တြဲေနရာမွာ ကၽြန္ေတာ္နဲ႔ လာလာေနတတ္ပါတယ္။

ညဘက္ေတြမွာ အိမ္ျခံေျမ ပညာေပး ဒီဗြီဒီအေခြေတြ ကၽြန္ေတာ္ၾကည့္ေနခ်ိန္မ်ဳိးမွာ သူက အိပ္ေပ်ာ္ေနတတ္တယ္။ ညလယ္ဘက္ သူအိပ္ယာႏိုးလာရင္ ကၽြန္ေတာ္နဲ႔အတူ ျခံေနာက္ဘက္ထဲ လမ္းေလွ်ာက္တယ္။ျပီးရင္ သူ႔ကို ေရခ်ဳိးခန္း၊ အိမ္သာလိုက္ပို႔ေပးတယ္။ တစ္ခါတုန္းကဆို အိမ္သာဘက္ကို သြားေနတုန္း ကၽြန္ေတာ့္ကို ပင့္ကူအကိုက္ခံရလို႔ ေဆးရံုေရာက္သြားတယ္။

လာနာက ေဆးရံုအထိလိုက္ပို႔ျပီး ကၽြန္ေတာ့္ကို ေစာင့္ေရွာက္ေပးပါတယ္။

အဲ့လိုအခ်ိန္မွာ ကၽြန္ေတာ္သိလာတာက ဘဝရဲ ႔ က်န္ရွိတဲ့အခ်ိန္ကာလေတြကို သူနဲ႔အတူတူ ျဖတ္သန္းခ်င္တယ္ဆိုတာပါ။

ႏွစ္ေယာက္လံုးအတြက္ ပိုမိုေကာင္းမြန္တဲ့ ဘဝမ်ဳိးတည္ေဆာက္ဖို႔ ကၽြန္ေတာ္ပိုမိုဆႏၵျပင္းျပလာခဲ့တယ္။

အိမ္ျခံေျမေလာကအေၾကာင္း ေလ့လာမႈေတြ ႏွစ္အနည္းငယ္ျပဳလုပ္အျပီး အသက္ ၂၁ ႏွစ္အရြယ္မွာ ကၽြန္ေတာ့္ဘဝအတြက္ ပထမဆံုး အိမ္ျခံေျမတစ္ခုကို စတင္ဝယ္ယူလိုက္ပါတယ္။

အဲဒီေနာက္ပိုင္း ကၽြန္ေတာ့္ပိုင္ဆိုင္မႈေတြ ဆက္လက္တိုးတက္ေနေစမယ့္ တမူထူးျခားတဲ့ အိမ္ျခံေျမဝယ္ယူမႈ မဟာဗ်ဴဟာတစ္ခု ေဖာ္ထုတ္ခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္မွာ အလုပ္ကေန အျပီးအပိုင္ထြက္လိုက္ပါတယ္။

အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ဟာ ဝယ္ယူထားတဲ့ အိမ္ျခံေျမေတြကေန လံုေလာက္တဲ့ဝင္ေငြ ရရွိေနျပီ ျဖစ္ပါတယ္။

ကားေနာက္တြဲမွာေနခဲ့တဲ့ ငမြဲတစ္ေယာက္ဘဝ၊ အနည္းဆံုးလုပ္ခသာရတဲ့ အလုပ္သမားတစ္ဦးျဖစ္တဲ့ ကၽြန္ေတာ္ဟာ ဝင္ေငြကို ေျပာင္းလဲပစ္ႏိုင္တယ္ဆိုရင္ တျခားသာမန္ ၾသစေတးလ်ျပည္သူေတြကိုလည္း လမ္းညႊန္မႈ နည္းနည္းေပးလိုက္မယ္ဆိုရင္ ဒါမ်ဳိးလုပ္ႏိုင္တယ္ဆိုတာ ေျပာခ်င္လာတယ္။

ကၽြန္ေတာ့္ေနာက္မွာ ‘A Team’ ရွိေနျပီး ေနာက္ကေန ကူညီမႈေတြေပးေနတဲ့ ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ရင္းႏွီးျမွဳပ္ႏွံမႈခရီးဟာ ေတာ္ေတာ္ကို လြယ္ကူသြားခဲ့တာ ေတြ႔ရပါတယ္။

‘A Team’ ဟာ အေတြ႔အၾကံဳမ်ားတဲ့ အက်ဳိးေဆာင္ေတြ၊ ေစ်းကြက္သုေတသီ ကၽြမ္းက်င္ပညာရွင္ေတြ၊ ရင္းႏွီးျမွဳပ္ႏွံမႈ အၾကံေပးပုဂၢိဳလ္ေတြ အပါအဝင္အျခားကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။ကၽြန္ေတာ္ဟာ ဒီလိုကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ကၽြန္ေတာ့္ကုမၸဏီ The A Team Property Group ကို တည္ေထာင္ခဲ့ပါတယ္။

The A Team Property Group ဟာ ကၽြန္ေတာ္အသံုးျပဳခဲ့တဲ့ မဟာဗ်ဴဟာေတြအတိုင္း ေအာင္ျမင္မႈလမ္းေပၚခ်ီတက္ေနတဲ့ ၾသစေတးလ်ျပည္သူေတြကို ေန႔စဥ္အကူအညီေပးေနတဲ့ အတိုင္ပင္ခံ အဖြဲ႔အစည္းျဖစ္ပါတယ္။

ႏွစ္အနည္းငယ္အတြင္း ကၽြန္ေတာ့္ကုမၸဏီတိုးတက္ေအာင္ျမင္ၾကီးထြားလာတာနဲ႔အမွ် ကၽြန္ေတာ့္မိသားစုလည္း ၾကီးထြားလာခဲ့တယ္။

ကၽြန္ေတာ့္အသက္ ၂၈ ႏွစ္မွာ သမီးေလးတစ္ေယာက္ရွိေနခဲ့ျပီး အဓိကဦးစားေပးအလုပ္ကေတာ့ သူတို႔နဲ႔ တတ္ႏိုင္သေလာက္ အတူေနျပီး သမီးေလးၾကီးျပင္းလာတာကို ေစာင့္ၾကည့္ဖို႔ပါပဲ။

ဒီဆႏၵက အနည္းဆံုးၾသစေတးလ်ႏိုင္ငံသား ၁၀၀၀ ကို အိမ္ျခံေျမေလာကမွာ ရင္းႏွီးျမွဳပ္ႏွံၾကျပီး ေငြေၾကးစိတ္မပူရသူေတြျဖစ္ေအာင္ ကူညီဖုိ႔ ပန္းတိုင္မွာ ထင္ဟပ္ေနပါတယ္။

သူတို႔ဟာ ေငြေၾကးအတြက္ စိတ္မပူရေတာ့ဘူးဆိုရင္ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြအတြက္ အခ်ိန္ပိုေပးလာႏိုင္ၾကမွာ ျဖစ္ပါတယ္။

အခုအခါမွာေတာ့ ကၽြန္ေတာ့္အသက္ ၃၀ ရွိပါျပီ။

ကေလး ၂ ေယာက္ဖခင္ျဖစ္ေနျပီျဖစ္ျပီး ကားေနာက္တြဲမွာ ဘယ္ေတာ့မွ မေနရေတာ့မွာ ေသခ်ာသြားပါျပီ။လက္ရွိအားျဖင့္ မဲလ္ဘုန္းက Beach လမ္းေပၚမွာ ကၽြန္ေတာ္တို႔မိသားစုေနဖို႔အတြက္ ေဒၚလာ ၅ သန္းတန္ ေနအိမ္တစ္လံုး ေဆာက္လုပ္ေနပါတယ္။

ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ကၽြန္ေတာ္တို႔ A Team ဟာ လူေပါင္း ၄၀၀ နီးပါးကို ေအာင္ျမင္မႈလမ္းေပၚ စေလွ်ာက္ဖုိ႔ ကူညီေပးခဲ့ပါတယ္။

ဒီလိုကူညီေပးခဲ့တဲ့ လူတစ္ဦးခ်င္းစီတိုင္းကို ေနာင္ ၁၀ ႏွစ္ၾကာေအာင္ သူတို႔ရဲ႕ ဘဝျပည့္ျပည့္စံုစံုနဲ႔ စိတ္ခ်ရတဲ့ အေျခအေန ေရာက္တဲ့အထိ ဆက္လက္ကူညီေပးေနခဲ့တာ ျဖစ္ပါတယ္။

………………

(ေဟာ့ပ္ကင္းစ္၏ ေဖ့စ္ဘုတ္ ပို႔စ္တစ္ခု)

ယေန႔ပင္ စတင္က်င့္သံုးရမည့္ အေလ့အထ ၆ ပါး (ဘာေၾကာင့္ မနက္ျဖန္အထိ ေစာင့္ေနမွာလဲ)

6 Habits to start TODAY (why wait till Monday?)

-Wake up earlier အိပ္ယာေစာစာထပါ။

-Read daily ေန႔တိုင္း စာဖတ္ပါ။

-Exercise every day ေလ့က်င့္ခန္း ေန႔တိုင္းလုပ္ပါ။

-Set goals every day တစ္ေန႔တာခ်င္းစီအတြက္ ပန္းတိုင္ခ်မွတ္ပါ။

-Invest at least 10% of your income ဝင္ေငြ၏ အနည္းဆံုး ၁၀ ရာခိုင္ႏႈန္းကို ရင္းႏွီးျမွဳပ္ႏွံပါ။

-Eat healthy က်န္းမာေရးနဲ႔ ညီညႊတ္ေအာင္ စားေသာက္ပါ။

ဒီစာရင္းထဲမွာ တျခားပါဝင္သင့္တယ္လို႔ ခင္ဗ်ားတို႔ေတြးမိတဲ့အခ်က္ေတြကို ကြန္႔မန္႔မ်ားတြင္ ေရးသားခဲ့ၾကပါ။ Got any more that you think should be on the list? Let me know below...

...................

(ေဟာ့ပ္ကင္း၏ ေဖ့စ္ဘုတ္ ပို႔စ္တစ္ခု)

ဘဝမွာ တစ္ခုတည္းကိုပဲ အာရံုစိုက္၊ ဂရုထားေနလို႔ မရပါ။

ေငြေၾကးခ်မ္းသာၾကြယ္ဝေပမယ့္ အိမ္ေထာင္ေရး မေအာင္ျမင္ဘူးဆိုရင္ ခင္ဗ်ားဟာ ေအာင္ျမင္တဲ့သူ မဟုတ္ေသးပါဘူး။

ခင္ဗ်ားရဲ႕လုပ္ငန္းက ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြရွိေနေပမယ့္ က်န္းမာေရးက မေကာင္းဘူးဆိုရင္လည္း ခင္ဗ်ားဟာ ေအာင္ျမင္တဲ့သူ မဟုတ္ေသးပါဘူး။

ဒီေတာ့ ဟန္ခ်က္ညီေအာင္ ၾကိဳးစားပါ။ ဟန္ခ်က္ပ်က္ယြင္းသြားရင္ တဖန္ျပန္ထိန္းႏိုင္ေအာင္ အားထုတ္ပါ။

You can’t just focus on one area in your life.

You’re not succeeding if you’re rich, but your marriage is falling apart.

You’re not succeeding if your business is making millions, but your health is failing.

Find your balance, and if you lose it, find it again.

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service