ေပးကာေပး၏ တကယ္မရသည့္ အိမ္ျခံေျမ

ေပးကာေပး၏ တကယ္မရသည့္ အိမ္ျခံေျမ - Property Knowledge in Myanmar from iMyanmarHouse.com
30 Oct 2019 1:45 pm တွင် တင်ခဲ့သည်
1547 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

ကၽြန္ေတာ္တို႕ ျမန္မာလူမ်ိဳးမ်ားဟာ တစ္ဖက္သားကိုအလြန္အားနာတတ္ေသာ စိတ္လြန္ကဲၾကတာကိုေတြ႕ရပါတယ္။ တစ္ဖက္သားကအခက္အခဲရွိ၍ အကူအညီေတာင္းလာလွ်င္လည္း အစြမ္းကုန္ကူညီတတ္ၾကတာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ဘာသာေရးအဆံုးအမအတိုင္းလိုက္နာက်င့္သံုးသူမ်ားဆိုရင္လိိုလိုပင္အားနားတတ္ၾကတာကိုေတြ႕ရပါတယ္။

အကူအညီေတာင္းလာသူတစ္ဦးက အသက္ေတြနဲ႕ရင္ဆိုင္ရတဲ့အတြက္ေၾကာင့္ ဒုကၡခံစားေနတာကိုျမင္ေတြ႕ရရင္ ။ကူညီခ်င္တဲ့စိတ္ေတြတဖြားဖြားေပၚလာကာကို္ယ္က်ိဳးကိုမၾကည့္ဘဲ ကူညီလိုက္တာမ်ိဳးေတြ႕ရတယ္။ စားဝတ္ေနေရးအခက္အခဲျဖစ္ေနရင္လည္းေငြေၾကးနဲ႕ ကူညီတတ္ၾကျပန္တယ္။

ဒါေပမယ့္ အဲဒီလိုေစတနာတရားအျပည့္နဲ႕ ကူညီေပးလိုက္ေပးမယ့္ တစ္ဖက္လူက ေစတနာကို မတံုးျပန္ဘဲ ေစတနာနဲ႕ကူညီတဲ့သူတိုင္းေက်းဇူးမတင္တဲ့အျပင္ ရန္သူသဖြယ္ဆက္ဆံရတာမ်ိဳးေတြလည္းလူ႕ဘဝမွာရွိေနတာကိုေတြ႕ရတယ္။

ေစတနာဆိုတဲ့ေနရာမွာ ေစတနာသံုးတန္ (မလွဴမွီ ၊ လွဴဆဲ ၊ လွဴျပီး) နဲ႕လွဴတာကေတာ့ ၊ သံသရာ ေကာင္းဖို႕အတြက္ ရည္မွန္းျပီး ေပးကမ္းစြန္႕က်ဲတာျဖစ္ပါတယ္။ ပုထုဇဥ္လူသားေတြရဲ႕ ဘဝမွာ ရသမွ်အကုန္ေပးကမ္းစြန္႕က်ဲလိုက္လို႕လည္းမျဖစ္ဘူးေလ။ ဗုဒၶဘုရားရွင္ေဟာၾကားထားတဲ့အတိုင္း တစ္ေန႕ရလာတဲ့ဝင္ေငြရဲ႕ (၄) ပံု (၁) ပံု ဘဲလွဴရတာမဟုတ္လား ၊ ဝမ္းေရးရဲ႕ (၂) ပံုကို ျပန္လည္ရင္းနွီးျမွဳပ္နွံမယ္ က်န္တဲ့ (၁) ပံုကိုဘဲ မိသားစုစားၾကရမွာေလ။ ဒါမွသာ “ လွဴလည္လွဴ ၊ ထားလည္းထား ၊ စားလည္းစား မွ ” မ်ားလည္းမ်ားလာႏိုင္မယ္မဟုတ္လား ။

ဒါေၾကာင့္ ေျပာတာေပါ့။ တတ္ႏိုင္သေလာက္လွဴျပီးရင္ ၊ အရင္းအနွီးရေအာင္ထားဖို႕လည္း လိုေသးတယ္ေလ။အဲဒီလို ဘုရားေဟာနဲ႕အညီ သီလ နဲ႕ ျပည့္စံုသူတို႕ကို ကူညီျခင္းဟာအေကာင္းဆံုးပါဘဲ ။ အက်င့္စာရိတၱေကာင္းသူေတြကို ကူညီရင္ေက်းဇူးသိတတ္သလိုေက်းဇူးလည္းျပန္ဆပ္ၾကပါတယ္။

ဒါေပမယ့္ ရုိးသားသေယာင္ ၊ ခ်မ္းသာသေယာင္ေဆာင္ျပီး မထင္မွတ္ဘဲ ဇာတိရုပ္ေပၚလာျပီး လွည့္စားသြားလို႕တစ္ဖက္ကကူညီသူမွာ ဟတ္ထိျပီး စိတ္ဆင္းရဲကိုယ္ဆင္းရဲ ျဖစ္သြားရတဲ့သာဓကေတြလည္းေတြ႕ရပါတယ္။ ဒီလိုေလာကမွာ ကတိသစၥာတည္သူေတြရွိသလို ကတိသစၥာေဖာက္ဖ်က္တတ္သူေတြလည္းရွိေနတာကို ကိုယ္ေတြ႕ၾကံဳမွပိုလို႕ယံုရပါေတာ့တယ္။

ေဇယ်ာျမင့္ျမတ္ တစ္ေယာက္မိမိရဲ႕ကိုယ္ပိုင္စီးပြားေရးမွာ အသံုးျပဳဖို႕ “ ကလူဂါ ” အိမ္စီးကားတစ္စီးဝယ္ထားပါတယ္။ ဝယ္သာထားေပမဲ့ တစ္ခါတစ္ရံျမိဳ႕ထဲသြားတဲ့အခါမွာ ျဖစ္ျဖစ္ ခရီးသြားတဲ့အခါမွာျဖစ္ျဖစ္ ထုတ္စီးျဖစ္ပါတယ္။ က်န္တဲ့အခ်ိန္မွာေတာ့အိမ္မွာဘဲထားေလ့ရွိပါတယ္။ သူ႕ရဲ႕စီးပြားေရးကလည္း အိမ္တြင္း စီးပြားေရးဆိုေတာ့ အေဝးသြားစရာမရွိလို႕ မသံုးျဖစ္တာလည္းပါတယ္။ မိသားစုလုပ္ငန္းကထြက္ရွိလာတဲ့ ပစၥည္းေတြကလည္း မိမိေနတဲ့ျမိဳ႕နယ္အတြင္း ေဈးဆိုင္ေတြမွာဘဲ ေဖာက္သည္သြင္းရတာျဖစ္ေတာ့ “ ဆိုက္ကယ္ ” တစ္စီးရွိတာနဲ႕လံုေလာက္တယ္ေလ။

ဒီအေျခအေနကိုအတြင္းသိျဖစ္တဲ့ မိတ္ေဆြျဖစ္သူ “ လူေဇာ္ ” တစ္ေယာက္ “ ေဇယ်ာျမင့္ျမတ္ ” ထံ ကားငွါးဖို႕ေရာက္လာပါတယ္။ လူေဇာ္က အိမ္ျခံေျမအေရာင္းအဝယ္လုပ္ကိုင္ေနသူပါ ။ ၂၀၁၂ ခုနွစ္တစ္ေခတ္မွာ ဝယ္ေရာင္းပြဲစားလုပ္ရင္း စီးပြားေရးအဆင္ေျပလာသူတစ္ေယာက္ပါ။ ဒါေၾကာင့္ သူ႕ရဲ႕ အက်ိဳးေဆာင္လုပ္ငန္းမွာကားမရွိရင္အဆင္မေျပပါဘူး။ Taxi ငွါးစီးေပမယ့္လည္း တစ္ရက္ ၃၅၀၀/- ဆိုေတာ့ ေရရွည္မွာ ဘတ္ဂ်က္ထိခိုက္လာပါတယ္။

ဒါေၾကာင့္သူ႕ရဲ႔ အက်ိဳးေဆာင္လုပ္ငန္းအဆင္ေျပဖို႕နဲ႕ လူအထင္ၾကီးေစဖို႕ ေဇယ်ာျမင့္ျမတ္ ရဲ႕ ကိုယ္ပိုင္ကားကို စေပၚ ၅ သိန္းေပးျပီး တစ္လ (၃) သိန္းေပးစနစ္နဲ႕ ကားငွါးဖို႕ ကမ္းလွမ္းလာတာပါ။ ေဇယ်ာျမင့္ျမတ္အေနနဲ႕ကလည္း တစ္ရပ္ကြက္ထဲမွာ အတူေနသူလည္းျဖစ္တယ္။ အသိကၽြမ္းေတြလည္းျဖစ္တယ္။ ျပီးေတာ့ကား ငွါးလိုက္ျခင္းျဖင့္ တစ္လ (၃) သိန္းပံုမွန္ဝင္ေငြရေနမယ္ဆိုတဲ့ စိတ္ကူးနဲ႕ ငွါးျဖစ္သြားပါတယ္။

အိမ္ျခံေျမ အက်ိဳးေဆာင္ၾကီး လူေဇာ္ တစ္ေယာက္အိမ္ျခံေျမတစ္ေခတ္ေကာင္းခဲ့စဥ္ကေတာ့ ဝယ္ေရာင္းပြဲစားအခ်င္းခ်င္းေတာင္ ကိုယ္ပိုင္ကားနဲ႕ကိုယ္ပိုင္ျခံနဲ႕အိမ္နဲ႕တိုက္နဲ႕ဆိုေတာ့ အထင္ၾကီးေလးစားျခင္းကိုခံခဲ့ရသူပါ။ အဲဒီအခ်ိန္က ေငြလိုရင္ေငြရတယ္ ၊ ေရႊလိုရင္ေရႊရတဲ့ အခ်ိန္အခါဆိုေတာ့ တစ္လ (၃) သိန္း ဆိုတာသူ႕အတြက္ မေျပာပေလာက္ဘူးေပါ့။

အိမ္ျခံေျမအေရာင္းအဝယ္ေတြကလည္း ဒီလိုဘဲပံုမွန္အေရာင္းအဝယ္ျဖစ္ေနေပမယ့္လည္း ၂၀၁၅ ခုနွစ္ေနာင္ပိုင္းကစလို႕ ေျမေဈးအက်ဘက္ကို ဦးတည္ေနတာ ဒီေန႕အထိပါဘဲ။ အိမ္ျခံေျမအေရာင္းအဝယ္ေလာကထဲ တကယ္ဝင္ၾကည့္မွ လူေတြဟာ “ ငို႔ဘ ငါ့ဘို႕ ” ဆိုတဲ့လူကမ်ားတယ္ဆိုတာ လူေဇာ္ သိလာရတယ္ “ ဟင္းစားဘဲ ” ေမးျပီးေတာ့ “ ကြန္ခ်က္ ” ကို မျပၾကဘူး။ ပထမေတာ့ ေျမခ်ပါမစ္ နဲ႕ ဂရန္ေျမ အစစ္အမွန္ေတြနဲ႕ ရွယ္ယာတူလုပ္ၾကတယ္။ လူေဇာ္လည္းေလာကသားမို႕ အျမတ္အစြန္းရတာျဖင့္ေတာ့ စြန္႕စားခ်င္လာတယ္။အဲဒီမွာ ပြဲစားၾကီးတေယာက္က လိႈင္သာယာစက္မႈဇုန္နားက (၂) ကြက္တြဲ ေျမကြက္ၾကီးကို သိန္း ၁၀၀၀ တန္ေပမယ့္ သိန္း ၅၀၀ နဲ႕ေရာင္းေပးတယ္ေလ ။ဗို္က္နာလို႕ေလ်ာ့ေရာင္းတာလို႕ လွ်ာအရုိးမရွိ္တိုင္းယံုၾကည္ေအာင္ေျပာတာေပါ့။

သိန္း ၅၀၀ ေလာေလာဆယ္လက္ထဲမွာ မရွိဘူး ေျပာေတာ့ လြယ္ပါတယ္ကြာ ။မင္းအိမ္နဲ႕ကားကိုေပါင္ျပီး ဝယ္ထားလိုက္ေပါ။့ ျပီးေတာ့ သိန္း ၁၀၀၀ နဲ႕ ျပန္ေရာင္းလိုက္ေပါ့ လို႕ စည္းရုံတာနဲ႕ ကားနဲ႕အိမ္ကိုေပါင္ျပီးဝယ္လိုက္တယ္ေလ။ ဝယ္ျပီးျပန္ေရာင္းတဲ့အခါဝယ္သူေတြကလည္း ေနရာေကာင္းေထာင့္ကြက္မို႕အရမ္းၾကိဳက္ၾကတယ္။ ဒါနဲ႕ စရန္ေပးတဲ့ေန႕မွာ ရန္ကုန္ျမိဳ႕ေတာ္ခန္းမမွာ သြားျပီးစစ္ၾကည့္တဲ့အခါမွ အတုၾကီးျဖစ္ေနမွန္သိရေတာ့တယ္ “ လူေဇာ္ ” ရူးမတက္ခံစားရတယ္ ။

ဒီလိုနဲ႕ ကားငွါးခတစ္လ (၃) သိန္းလည္း မေပးႏိုင္အိမ္ေပါင္ထားတာလည္း အတိုးမဆပ္ႏိုင္ျဖစ္ေနခ်ိန္မွာ အိမ္ျခံေျမအေၾကာင္းေလ့လာထားဘူးျခင္းမရွိတဲ့ကားပိုင္ရွင္ ‘ ေဇယ်ာျမင့္ျမတ္ ’ ကို ဂရန္ၾကီးကိုအေပါင္ယူထားပါလို႕ေျပာျပီး ေပးထားလိုက္တယ္။ အဲ့ဒီေနာက္ပိုင္းလူေရာ ကားေရာ ျပန္ေပၚမလာေတာ့ဘူး ၊ ဒီေတာ့မွ ေဇယ်ာျမင့္ျမတ္ကိုလည္း ျမိဳ႕ေတာ္ခန္းမမွာ ဂရန္သြားစစ္ၾကည့္ေတာ့ အိုးအိမ္ ဂရန္အတုၾကီးမွန္းသိရေတာ့တယ္။

အခုအခ်ိန္မွာေတာ့ ‘ေဇယ်ာျမင့္ျမတ္ ’ တစ္ေယာက္သူမ်ား အရႈတ္အထုပ္ၾကီးကိုလက္ထဲမွာကိုင္ရင္း၊ ဘာဆက္လုပ္ရင္ေကာင္းမလဲစဥ္းစားရခက္ေနပါေတာ့တယ္။ဒါေၾကာင့္ ဒီေခတ္ၾကီးမွာ ကိုယ့္ဒူးကိုယ္မွ်မယံုရ လို႕လူၾကီးသူမေတြေျပာတာတကယ္ျဖစ္ေနပါေရာလား ေတြးမိျပီး စားမဝင္ ၊ အိပ္မေပ်ာ္ ၊ ေသာကေတြပင္လယ္ေဝေနပါေတာ့တယ္။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ကျွန်တော်တို့ မြန်မာလူမျိုးများဟာ တစ်ဖက်သားကိုအလွန်အားနာတတ်သော စိတ်လွန်ကဲကြတာကိုတွေ့ရပါတယ်။ တစ်ဖက်သားကအခက်အခဲရှိ၍ အကူအညီတောင်းလာလျှင်လည်း အစွမ်းကုန်ကူညီတတ်ကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့်ဘာသာရေးအဆုံးအမအတိုင်းလိုက်နာကျင့်သုံးသူများဆိုရင်လိုလိုပင်အားနားတတ်ကြတာကိုတွေ့ရပါတယ်။

အကူအညီတောင်းလာသူတစ်ဦးက အသက်တွေနဲ့ရင်ဆိုင်ရတဲ့အတွက်ကြောင့် ဒုက္ခခံစားနေတာကိုမြင်တွေ့ရရင် ။ကူညီချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာကာ ကိုယ်ကျိုးကိုမကြည့်ဘဲ ကူညီလိုက်တာမျိုးတွေ့ရတယ်။ စားဝတ်နေရေးအခက်အခဲဖြစ်နေရင်လည်းငွေကြေးနဲ့ ကူညီတတ်ကြပြန်တယ်။

ဒါပေမယ့် အဲဒီလိုစေတနာတရားအပြည့်နဲ့ ကူညီပေးလိုက်ပေးမယ့် တစ်ဖက်လူက စေတနာကို မတုံးပြန်ဘဲ စေတနာနဲ့ကူညီတဲ့သူတိုင်းကျေးဇူးမတင်တဲ့အပြင် ရန်သူသဖွယ်ဆက်ဆံရတာမျိုးတွေလည်းလူ့ဘဝမှာရှိနေတာကိုတွေ့ရတယ်။

စေတနာဆိုတဲ့နေရာမှာ စေတနာသုံးတန် (မလှူမှီ ၊ လှူဆဲ ၊ လှူပြီး) နဲ့လှူတာကတော့ ၊ သံသရာ ကောင်းဖို့အတွက် ရည်မှန်းပြီး ပေးကမ်းစွန့်ကျဲတာဖြစ်ပါတယ်။ ပုထုဇဉ်လူသားတွေရဲ့ ဘဝမှာ ရသမျှအကုန်ပေးကမ်းစွန့်ကျဲလိုက်လို့လည်းမဖြစ်ဘူးလေ။ ဗုဒ္ဓဘုရားရှင်ဟောကြားထားတဲ့အတိုင်း တစ်နေ့ရလာတဲ့ဝင်ငွေရဲ့ (၄) ပုံ (၁) ပုံ ဘဲလှူရတာမဟုတ်လား ၊ ဝမ်းရေးရဲ့ (၂) ပုံကို ပြန်လည်ရင်းနှီးမြှုပ်နှံမယ် ကျန်တဲ့ (၁) ပုံကိုဘဲ မိသားစုစားကြရမှာလေ။ ဒါမှသာ “ လှူလည်လှူ ၊ ထားလည်းထား ၊ စားလည်းစား မှ ” များလည်းများလာနိုင်မယ် မဟုတ်လား ။

ဒါကြောင့် ပြောတာပေါ့။ တတ်နိုင်သလောက်လှူပြီးရင် ၊ အရင်းအနှီးရအောင်ထားဖို့လည်း လိုသေးတယ်လေ။အဲဒီလို ဘုရားဟောနဲ့အညီ သီလ နဲ့ ပြည့်စုံသူတို့ကို ကူညီခြင်းဟာအကောင်းဆုံးပါဘဲ ။ အကျင့်စာရိတ္တကောင်းသူတွေကို ကူညီရင်ကျေးဇူးသိတတ်သလိုကျေးဇူးလည်းပြန်ဆပ်ကြပါတယ်။

ဒါပေမယ့် ရိုးသားသယောင် ၊ ချမ်းသာသယောင်ဆောင်ပြီး မထင်မှတ်ဘဲ ဇာတိရုပ်ပေါ်လာပြီး လှည့်စားသွားလို့တစ်ဖက်ကကူညီသူမှာ ဟတ်ထိပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်သွားရတဲ့သာဓကတွေလည်းတွေ့ရပါတယ်။ ဒီလိုလောကမှာ ကတိသစ္စာတည်သူတွေရှိသလို ကတိသစ္စာဖောက်ဖျက်တတ်သူတွေလည်းရှိနေတာကို ကိုယ်တွေ့ကြုံမှပိုလို့ယုံရပါတော့တယ်။

ဇေယျာမြင့်မြတ် တစ်ယောက်မိမိရဲ့ကိုယ်ပိုင်စီးပွားရေးမှာ အသုံးပြုဖို့ “ ကလူဂါ ” အိမ်စီးကားတစ်စီးဝယ်ထားပါတယ်။ ဝယ်သာထားပေမဲ့ တစ်ခါတစ်ရံမြို့ထဲသွားတဲ့အခါမှာ ဖြစ်ဖြစ် ခရီးသွားတဲ့အခါမှာဖြစ်ဖြစ် ထုတ်စီးဖြစ်ပါတယ်။ ကျန်တဲ့အချိန်မှာတော့အိမ်မှာဘဲထားလေ့ရှိပါတယ်။ သူ့ရဲ့စီးပွားရေးကလည်း အိမ်တွင်း စီးပွားရေးဆိုတော့ အဝေးသွားစရာမရှိလို့ မသုံးဖြစ်တာလည်းပါတယ်။ မိသားစု လုပ်ငန်းကထွက်ရှိလာတဲ့ ပစ္စည်းတွေကလည်း မိမိနေတဲ့မြို့နယ်အတွင်း ဈေးဆိုင်တွေမှာဘဲ ဖောက်သည်သွင်းရတာဖြစ်တော့ “ ဆိုက်ကယ် ” တစ်စီးရှိတာနဲ့လုံလောက်တယ်လေ။

ဒီအခြေအနေကိုအတွင်းသိဖြစ်တဲ့ မိတ်ဆွေဖြစ်သူ “ လူဇော် ” တစ်ယောက် “ ဇေယျာမြင့်မြတ် ” ထံ ကားငှါးဖို့ရောက်လာပါတယ်။ လူဇော်က အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်နေသူပါ ။ ၂၀၁၂ ခုနှစ်တစ်ခေတ်မှာ ဝယ်ရောင်းပွဲစားလုပ်ရင်း စီးပွားရေးအဆင်ပြေလာသူတစ်ယောက်ပါ။ ဒါကြောင့် သူ့ရဲ့ အကျိုးဆောင်လုပ်ငန်းမှာ ကားမရှိရင်အဆင်မပြေပါဘူး။ Taxi ငှါးစီးပေမယ့်လည်း တစ်ရက် ၃၅၀၀/- ဆိုတော့ ရေရှည်မှာ ဘတ်ဂျက်ထိခိုက်လာပါတယ်။

ဒါကြောင့်သူ့ရဲ့ အကျိုးဆောင်လုပ်ငန်းအဆင်ပြေဖို့နဲ့ လူအထင်ကြီးစေဖို့ ဇေယျာမြင့်မြတ် ရဲ့ ကိုယ်ပိုင်ကားကို စပေါ် ၅ သိန်းပေးပြီး တစ်လ (၃) သိန်းပေးစနစ်နဲ့ ကားငှါးဖို့ ကမ်းလှမ်းလာတာပါ။ ဇေယျာမြင့်မြတ်အနေနဲ့ ကလည်း တစ်ရပ်ကွက်ထဲမှာ အတူနေသူလည်းဖြစ်တယ်။ အသိကျွမ်းတွေလည်းဖြစ်တယ်။ ပြီးတော့ကား ငှါးလိုက်ခြင်းဖြင့် တစ်လ (၃) သိန်းပုံမှန်ဝင်ငွေရနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ငှါးဖြစ်သွားပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်ကြီး လူဇော် တစ်ယောက်အိမ်ခြံမြေတစ်ခေတ်ကောင်းခဲ့စဉ်ကတော့ ဝယ်ရောင်းပွဲစားအချင်းချင်းတောင် ကိုယ်ပိုင်ကားနဲ့ကိုယ်ပိုင်ခြံနဲ့အိမ်နဲ့တိုက်နဲ့ဆိုတော့ အထင်ကြီးလေးစားခြင်းကိုခံခဲ့ရသူပါ။ အဲဒီအချိန်က ငွေလိုရင်ငွေရတယ် ၊ ရွှေလိုရင်ရွှေရတဲ့ အချိန်အခါဆိုတော့ တစ်လ (၃) သိန်း ဆိုတာသူ့အတွက် မပြောပလောက်ဘူးပေါ့။

အိမ်ခြံမြေအရောင်းအဝယ်တွေကလည်း ဒီလိုဘဲပုံမှန်အရောင်းအဝယ်ဖြစ်နေပေမယ့်လည်း ၂၀၁၅ ခုနှစ်နောင်ပိုင်းကစလို့ မြေဈေးအကျဘက်ကို ဦးတည်နေတာ ဒီနေ့အထိပါဘဲ။ အိမ်ခြံမြေအရောင်းအဝယ်လောကထဲ တကယ်ဝင်ကြည့်မှ လူတွေဟာ “ ငို့ဘ ငါ့ဘို့ ” ဆိုတဲ့လူကများတယ်ဆိုတာ လူဇော် သိလာရတယ် “ ဟင်းစားဘဲ ” မေးပြီးတော့ “ ကွန်ချက် ” ကို မပြကြဘူး။ ပထမတော့ မြေချပါမစ် နဲ့ ဂရန်မြေ အစစ်အမှန်တွေနဲ့ ရှယ်ယာတူလုပ်ကြတယ်။ လူဇော် လည်းလောကသားမို့ အမြတ်အစွန်းရတာဖြင့်တော့ စွန့်စားချင်လာတယ်။အဲဒီမှာ ပွဲစားကြီးတယောက်က လှိုင်သာယာ စက်မှုဇုန်နားက (၂) ကွက်တွဲ မြေကွက်ကြီးကို သိန်း ၁၀၀၀ တန်ပေမယ့် သိန်း ၅၀၀ နဲ့ရောင်းပေးတယ်လေ ။ဗိုက်နာလို့လျော့ရောင်းတာလို့ လျှာအရိုးမရှိတိုင်းယုံကြည်အောင်ပြောတာပေါ့။

သိန်း ၅၀၀ လောလောဆယ်လက်ထဲမှာ မရှိဘူး ပြောတော့ လွယ်ပါတယ်ကွာ ။မင်းအိမ်နဲ့ကားကိုပေါင်ပြီး ဝယ်ထားလိုက်ပေါ။့ ပြီးတော့ သိန်း ၁၀၀၀ နဲ့ ပြန်ရောင်းလိုက်ပေါ့ လို့ စည်းရုံတာနဲ့ ကားနဲ့အိမ်ကိုပေါင်ပြီးဝယ်လိုက်တယ်လေ။ ဝယ်ပြီးပြန်ရောင်းတဲ့အခါဝယ်သူတွေကလည်း နေရာကောင်းထောင့်ကွက်မို့အရမ်းကြိုက်ကြတယ်။ ဒါနဲ့ စရန်ပေးတဲ့နေ့မှာ ရန်ကုန်မြို့တော်ခန်းမမှာ သွားပြီးစစ်ကြည့်တဲ့အခါမှ အတုကြီးဖြစ်နေမှန်သိရတော့တယ် “ လူဇော် ” ရူးမတက်ခံစားရတယ် ။

ဒီလိုနဲ့ ကားငှါးခတစ်လ (၃) သိန်းလည်း မပေးနိုင်အိမ်ပေါင်ထားတာလည်း အတိုးမဆပ်နိုင်ဖြစ်နေချိန်မှာ အိမ်ခြံမြေအကြောင်းလေ့လာထားဘူးခြင်းမရှိတဲ့ကားပိုင်ရှင် ‘ ဇေယျာမြင့်မြတ် ’ ကို ဂရန်ကြီးကိုအပေါင်ယူထားပါလို့ပြောပြီး ပေးထားလိုက်တယ်။ အဲ့ဒီနောက်ပိုင်းလူရော ကားရော ပြန်ပေါ်မလာတော့ဘူး ၊ ဒီတော့မှ ဇေယျာမြင့်မြတ်ကိုလည်း မြို့တော်ခန်းမမှာ ဂရန်သွားစစ်ကြည့်တော့ အိုးအိမ် ဂရန်အတုကြီးမှန်းသိရတော့တယ်။

အခုအချိန်မှာတော့ ‘ဇေယျာမြင့်မြတ် ’ တစ်ယောက်သူများ အရှုတ်အထုပ်ကြီးကိုလက်ထဲမှာကိုင်ရင်း၊ ဘာဆက်လုပ်ရင်ကောင်းမလဲစဉ်းစားရခက်နေပါတော့တယ်။ဒါကြောင့် ဒီခေတ်ကြီးမှာ ကိုယ့်ဒူးကိုယ်မျှမယုံရ လို့လူကြီးသူမတွေပြောတာတကယ်ဖြစ်နေပါရောလား တွေးမိပြီး စားမဝင် ၊ အိပ်မပျော် ၊ သောကတွေပင်လယ်ဝေနေပါတော့တယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service