လယ္ယာေျမမွ စက္မႈေျမငွားဂရန္ ေလွ်ာက္ထားလွ်င္ မည္သို႕ ေလွ်ာက္ထားမလဲ။ ဘာေတြလိုအပ္သလဲ?

လယ္ယာေျမမွ စက္မႈေျမငွားဂရန္ ေလွ်ာက္ထားလွ်င္ မည္သို႕ ေလွ်ာက္ထားမလဲ။ ဘာေတြလိုအပ္သလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2019 10:39 am တွင် တင်ခဲ့သည်
4677 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

လယ္ယာေျမကို ေရွးဦးစြာ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ပံုစံ(၇)ေလွ်ာက္ထားရမွာျဖစ္ၿပီး ပံုစံ(၇)ရရွိၿပီးပါက လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ လ/ယ ၃၀ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

အျခားနည္းသံုးစြဲခြင့္ေလွ်ာက္ထားသည့္ေနရာတြင္ စက္မႈလုပ္ငန္းအသံုးျပဳရန္အတြက္ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အျခားနည္းသံုးစြဲခြင့္ရရွိၿပီးပါက ခြင့္ျပဳသည့္နည္းလမ္းအတိုင္း (၆)လအတြင္း အသံုးျပဳ ရမွာျဖစ္ပါတယ္။

သတိျပဳရန္အခ်က္တစ္ခ်က္ကေတာ့ လ/ယ ပုဒ္မ-၃၁အရ ခြင့္ျပဳခ်က္ရရွိသည့္ေန႔မွ (၆)လအတြင္း စတင္အသံုး မျပဳလွ်င္ေသာ္လည္း၊ သတ္မွတ္ကာလအတြင္း လုပ္ငန္းမၿပီးလွ်င္ေသာ္လည္းေကာင္း ဗဟိုလယ္ယာေျမစီမံ ခန္႔ခြဲေရးအဖြဲ႕သည္ ယင္းလယ္ယာေျမကို ျပန္လည္သိမ္းယူႏိုင္တယ္ျပဌာန္းထားတာပါတယ္။ ဌာနမွစိစစ္လို႔ ေတြ႕ရွိတယ္ဆိုလွ်င္ လ/ယ ၃၀ ခြင့္ျပဳမိန္႔ ပယ္ဖ်က္ၿပီး စည္းကမ္းပ်က္ေျမကို သိမ္းယူသည္အထိ အေရးယူ ႏိုင္ပါတယ္ သတိျပဳဖို႔လိုပါတယ္။

ထိုသို႔ အျခားနည္းအသံုးျပဳခြင့္ လ/ယ ၃၀ ရရွိၿပီးပါက ေအာက္ေဖာ္ျပပါ အခ်က္အလက္မ်ား ေဖာ္ျပပါရွိရမည္ျဖစ္ၿပီး သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီဌာနတြင္ ဂရန္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ လိုအပ္သည့္ အခ်က္အလက္ေတြကေတာ့-

(က) ေလၽွာက္ထားသူအမည္၊ အမ်ိဳးသားမွတ္ပံုတင္အမွတ္၊ ေနရပ္လိပ္စာႏွင့္ အလုပ္အကိုင္၊

(ခ) ေလၽွာက္ထားေသာေျမတည္ေနရာ ေျမကြက္၊ ဦးပိုင္အမွတ္၊ ေျမကြက္အမွတ္၊ လမ္း သို႔မဟုတ္ နယ္ေျမေဒသ၊

(ဂ) ေလၽွာက္ေထားေျမ၏အလား(၄)ရပ္ (အေရွ႕၊အေနာက္၊ေတာင္၊ေျမာက္အရပ္ရွိေျမမ်ား)၊

(ဃ) ေလွ်ာက္ထားေျမေပၚတြင္ တည္ေဆာက္မည့္ အေဆာက္အအုံ၏အရြယ္အစားႏွင့္ ေဆာက္လုပ္မည့္ပစၥည္းအမ်ိဳးအမည္မ်ား၊ (ဥပမာ - တိုက္အိမ္၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သစ္တိုင္အိမ္)

(င) ေလွ်ာက္ထားေျမကိုမည္ကဲ့သို႔ အသုံးျပဳရန္ရည္ရြယ္ခ်က္၊ (ဥပမာ- အေဆာက္အအုံ ေဆာက္လုပ္ရန္၊ လူေနထိုင္ရန္ သို႔မဟုတ္ စက္မႈလက္မႈလုပ္ငန္းလုပ္ကိုင္ရန္)

(စ) ေလၽွာက္လႊာႏွင့္အတူ ေလၽွာက္ထားေသာေျမ၏ ေျမပံု(၂)ပံု၊ ေျမပံုတြင္ ေလၽွာက္ေထားေသာ ေျမ၏အက်ယ္အဝန္းအလား(၄)ရပ္ႏွင့္ ေျမအမ်ိဳးအစား သို႔မဟုတ္ ပိုင္ဆိုင္ခြင့္ေဖာ္ျပရန္ ထိုေျမပံု (၂)ပံုအနက္ (၁)ပံုမွာ သက္ေသခံႏိုင္ရန္အတြက္ သတ္မွတ္ ႐ုံးခြန္တံဆိပ္ေခါင္းကပ္ၿပီး၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွဴးက လက္မွတ္ေရးထိုးထားသည့္ ပံုစံ(၁၀၅) ပံုစံ(၂)ပံုျဖစ္ရမည္၊

(ဆ) ေလၽွာက္ထားသည့္ေျမေျမရာဇဝင္ေျမစာရင္းပံုစံ(၁၀၆) (လယ္ယာေျမစီမခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနရွိ ၁-က မွတ္ပံုတင္စာရင္းစာအုပ္ ေကာက္ႏႈတ္ခ်က္ မိေတၱဴမွန္ (၁)ေစာင္)၊

( ဇ) ေလွ်ာက္ထားေျမေပၚတြင္ ေဆာက္လုပ္မည့္အေဆာက္အအုံပံုစံ (၂)ပံု/ပံုစံမွာေရွ႕ျမင္ Front Elevationႏွင့္ ေဘးျမင္ Side Elevation ျဖစ္ရမည္၊ (စ်) အေရာင္းအ၀ယ္ျပဳလုပ္ထားေသာေျမကြက္ျဖစ္ပါက အခြန္တံဆိပ္ေခါင္းကပ္ၿပီးေသာ တရား၀င္မွတ္ပံုတင္ထားသည့္ စာခ်ဳပ္စာတမ္းမိတၱဴပါရွိရမည္၊

(ည) ေလၽွာက္ထားေျမသည္ လယ္ယာစိုက္ပ်ိဳးေျမျဖစ္ပါက လယ္ယာေျမအား အျခားနည္း အသုံးျပဳရန္ခြင့္္ျပဳမိန႔္ (လ/ န - ၃၉၊ လယ - ၃၀ - က၊ လယ - ၃၀ - ခ) စသည့္စာရြက္စာတမ္းမ်ားလိုအပ္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးသည္ သက္ဆိုင္ရာေျမတိုင္းစာေရးႏွင့္တကြ ကြင္းဆင္းစစ္ေဆးၿပီး ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ျပန္လည္ေပးပို႔ပါတယ္။

ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးသည္ ဂရန္ေလွ်ာက္ထားေျမ(၁)ဧကေအာက္ျဖစ္ပါက အမႈတြဲကိုစိစစ္၍ ေျမငွား ဂရန္ထုတ္ေပးပါသည္။ (ေအာက္ျမန္မာျပည္ေျမ ႏွင့္အခြန္နည္းဥပေဒ - ၅၁(ခ)ႏွင့္ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ားနည္းဥပေဒ - ၉)အရျဖစ္ပါတယ္။

ေလွ်ာက္ထားေျမသည္ ေျမဧရိယာ (၁)ဧကအထက္မွ (၅)ဧကအထိျဖစ္ပါက တိုင္းေဒသၾကီး/ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးထံအမႈတြဲတင္ျပ၍ တိုင္းေဒသၾကီး/ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး၏ ခြင္ျ့ပဳခ်က္ျဖင့္ ခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴးမွ ေျမငွားဂရန္ထုတ္ေပးပါသည္။

ေျမဧရိယာ(၅)ဧကအထက္ေလၽွာက္ထားလာပါက တိုင္းေဒသၾကီး/ ျပည္နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနသည္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန(႐ုံးခ်ဳပ္)သို႔ ဆက္လက္တင္ျပ၍ ၫႊန္ၾကားေရးမွဴးခ်ဳပ္မွတစ္ဆင့္ ျပည္ေထာင္စုအစိုးအဖြဲ႕႐ုံးဝန္ၾကီးဌာနသို႔ တင္ျပ၍ ခြင့္ျပဳခ်က္ရယူရပါမည္။

ျပည္ေထာင္စုဝန္ၾကီး၏ခြင့္ျပဳခ်က္ရရွိပါက (ေအာက္ျမန္မာျပည္ေျမ ႏွင့္အခြန္နည္းဥပေဒ - ၅၁(ခ)(ဂ) အရ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ားနည္းဥပေဒ - ၉ (ဂ)အရ ႏွစ္ရွည္ေျမငွားဂရန္ေပးရန္ သက္ဆိုင္ ရာခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးအား လုပ္ပိုင္ခြင့္အပ္ႏွင္းၿပီး ဂရန္ထုတ္ေပးမည္ျဖစ္ပါသည္။ ေပးသြင္းရမည့္ေျမခြန္ႏႈန္းထားကေတာ့ ၿမိဳ႕နယ္အလိုက္ သက္ဆိုင္ရာ တိုင္းအစိုးရမွ သတ္မွတ္ခ်က္ အတိုင္းေပးသြင္းရမွာျဖစ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

### Unicode Version ###

လယ်ယာမြေကို ရှေးဦးစွာ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ(၇)လျှောက်ထားရမှာဖြစ်ပြီး ပုံစံ(၇)ရရှိပြီးပါက လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ လျှောက်ထားရမှာဖြစ်ပါတယ်။

အခြားနည်းသုံးစွဲခွင့်လျှောက်ထားသည့်နေရာတွင် စက်မှုလုပ်ငန်းအသုံးပြုရန်အတွက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အခြားနည်းသုံးစွဲခွင့်ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆)လအတွင်း အသုံးပြု ရမှာဖြစ်ပါတယ်။

သတိပြုရန်အချက်တစ်ချက်ကတော့ လ/ယ ပုဒ်မ-၃၁အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆)လအတွင်း စတင်အသုံး မပြုလျှင်သော်လည်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။ ဌာနမှစိစစ်လို့ တွေ့ရှိတယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူ နိုင်ပါတယ် သတိပြုဖို့လိုပါတယ်။

ထိုသို့ အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ရရှိပြီးပါက အောက်ဖော်ပြပါ အချက်အလက်များ ဖော်ပြပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနတွင် ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လိုအပ်သည့် အချက်အလက်တွေကတော့-

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊

(ခ) လျှောက်ထားသောမြေတည်နေရာ မြေကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊

(ဂ) လျှောက်ထေားမြေ၏အလား(၄)ရပ် (အရှေ့၊အနောက်၊တောင်၊မြောက်အရပ်ရှိမြေများ)၊

(ဃ) လျှောက်ထားမြေပေါ်တွင် တည်ဆောက်မည့် အဆောက်အအုံ၏အရွယ်အစားနှင့် ဆောက်လုပ်မည့်ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(င) လျှောက်ထားမြေကိုမည်ကဲ့သို့ အသုံးပြုရန်ရည်ရွယ်ချက်၊ (ဥပမာ- အဆောက်အအုံ ဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်)

(စ) လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ မြေပုံ(၂)ပုံ၊ မြေပုံတွင် လျှောက်ထေားသော မြေ၏အကျယ်အဝန်းအလား(၄)ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့်ဖော်ပြရန် ထိုမြေပုံ (၂)ပုံအနက် (၁)ပုံမှာ သက်သေခံနိုင်ရန်အတွက် သတ်မှတ် ရုံးခွန်တံဆိပ်ခေါင်းကပ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးက လက်မှတ်ရေးထိုးထားသည့် ပုံစံ(၁၀၅) ပုံစံ(၂)ပုံဖြစ်ရမည်၊

(ဆ) လျှောက်ထားသည့်မြေမြေရာဇဝင်မြေစာရင်းပုံစံ(၁၀၆) (လယ်ယာမြေစီမခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရှိ ၁-က မှတ်ပုံတင်စာရင်းစာအုပ် ကောက်နှုတ်ချက် မိတ္တေူမှန် (၁)စောင်)၊

( ဇ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့်အဆောက်အအုံပုံစံ (၂)ပုံ/ပုံစံမှာရှေ့မြင် Front Elevationနှင့် ဘေးမြင် Side Elevation ဖြစ်ရမည်၊ (ဈ) အရောင်းအဝယ်ပြုလုပ်ထားသောမြေကွက်ဖြစ်ပါက အခွန်တံဆိပ်ခေါင်းကပ်ပြီးသော တရားဝင်မှတ်ပုံတင်ထားသည့် စာချုပ်စာတမ်းမိတ္တူပါရှိရမည်၊

(ည) လျှောက်ထားမြေသည် လယ်ယာစိုက်ပျိုးမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်း အသုံးပြုရန်ခွင့်ပြုမိန့် (လ/ န - ၃၉၊ လယ - ၃၀ - က၊ လယ - ၃၀ - ခ) စသည့်စာရွက်စာတမ်းများလိုအပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်တကွ ကွင်းဆင်းစစ်ဆေးပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်ပေးပို့ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ(၁)ဧကအောက်ဖြစ်ပါက အမှုတွဲကိုစိစစ်၍ မြေငှား ဂရန်ထုတ်ပေးပါသည်။ (အောက်မြန်မာပြည်မြေ နှင့်အခွန်နည်းဥပဒေ - ၅၁(ခ)နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉)အရဖြစ်ပါတယ်။

လျှောက်ထားမြေသည် မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးထံအမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင်ြ့ပုချက်ဖြင့် ခရိုင်အုပ်ချုပ် ရေးမှူးမှ မြေငှားဂရန်ထုတ်ပေးပါသည်။

မြေဧရိယာ(၅)ဧကအထက်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

ပြည်ထောင်စုဝန်ကြီး၏ခွင့်ပြုချက်ရရှိပါက (အောက်မြန်မာပြည်မြေ နှင့်အခွန်နည်းဥပဒေ - ၅၁(ခ)(ဂ) အရ အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉ (ဂ)အရ နှစ်ရှည်မြေငှားဂရန်ပေးရန် သက်ဆိုင် ရာခရိုင်အုပ်ချုပ်ရေးမှူးအား လုပ်ပိုင်ခွင့်အပ်နှင်းပြီး ဂရန်ထုတ်ပေးမည်ဖြစ်ပါသည်။ ပေးသွင်းရမည့်မြေခွန်နှုန်းထားကတော့ မြို့နယ်အလိုက် သက်ဆိုင်ရာ တိုင်းအစိုးရမှ သတ်မှတ်ချက် အတိုင်းပေးသွင်းရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service