လယ္ယာေျမကို တရား၀င္မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ၀ယ္ယူရန္ မည္သို႔ေဆာင္ရြက္ရမလဲ။ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ-၇ အမည္ေျပာင္းလွ်င္ ဘာေတြလိုအပ္မလဲ။

လယ္ယာေျမကို တရား၀င္မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ၀ယ္ယူရန္ မည္သို႔ေဆာင္ရြက္ရမလဲ။ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ-၇ အမည္ေျပာင္းလွ်င္ ဘာေတြလိုအပ္မလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
24 Oct 2019 12:36 pm တွင် တင်ခဲ့သည်
7642 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

လယ္ယာေျမကို ၀ယ္ယူမည္ဆိုလွ်င္ ေရွးဦးစြာ သက္ဆိုင္ရာေျမစာရင္းရံုးတြင္ ေျမစာရင္းပံုစံ-၁၀၅/၁၀၆ ေရးကူးရပါမည္။ေျမစာရင္းပံုစံ- ၁၀၅/၁၀၆ ရရွိပါက ရပ္ကြက္/ေက်းရြာလယ္ယာစီမံခန္႔ခြဲမႈအဖြဲ႔တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ-၇ မူရင္းအား ျပသ၍ ယာယီစာခ်ဳပ္ခ်ဳပ္ဆိုရပါမည္။ ယာယီစာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေနာက္ လယ္ယာေျမတန္ဖိုးကို ရပ္ကြက္/ေက်းရြာလယ္ယာစီမံခန္႔ခြဲမႈအဖြဲ႔က တင္ျပရမည္ျဖစ္ၿပီး အဆိုျပဳတင္ျပလာေသာ လယ္ယာေျမ၏ တစ္ဧက ေဒသေပါက္ေစ်းႏႈန္းထားအား ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႔မွ စိစစ္အတည္ျပဳမည္ျဖစ္ပါသည္။

ထိုသို႔ အတည္ျပဳေပးလိုက္သည့္ လယ္ယာေျမတန္ဖိုးအေပၚ ၀ယ္ယူခြန္အျဖစ္ ၂၀၁၉ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေအရ ေအာက္ပါအတိုင္းေပးေဆာင္ရမည္ျဖစ္ၿပီး တံဆိပ္ေခါင္းခြန္ အျဖစ္ လယ္ယာေျမတန္ဖိ္ုးအေပၚ ၄% ေပးေဆာင္ရမည္ျဖစ္ပါသည္။

၁က်ပ္ မွ သိန္းတစ္ေထာင္ အထိ ၃%

သိန္းတစ္ေထာင့္တစ္က်ပ္ မွ သိန္းသံုးေထာင္ အထိ ၅%

သိန္းသံုးေထာင့္တစ္က်ပ္မွ သိန္းတစ္ေသာင္း အထိ ၁၀%

သိန္းတစ္ေသာင္းတစ္က်ပ္ မွ သိန္းသံုးေသာင္း အထိ ၁၅%

သိန္းသံံုးေသာင္းတစ္က်ပ္နွင့္ အထက္ ၃၀ %

ထိုသို႔ေပးေဆာင္ျခင္းအား သက္ဆိုင္ရာ ၿမိဳ႕နယ္အခြန္ရံုးတြင္ ေပးေဆာင္ရမည္ျဖစ္ပါသည္။ ၿမိဳ႕နယ္အခြန္ရံုးမွ ၀ယ္ယူခြန္ေပးေဆာင္ထားသည့္ အေထာက္အထားအျဖစ္ ပံုစံ-(၀င-၈) ျပန္လည္ထုတ္ေပးၿပီး တံဆိပ္ေခါင္းခြန္အတြက္ သတ္မွတ္ေပးသြင္းရသည့္တန္ဖိုးႏွင့္ညီၫြတ္ေသာ တံဆိပ္ေခါင္းကို ျပန္လည္ထုတ္ေပးပါသည္။

ၿမိဳ႕နယ္အခြန္ရံုးမွ ထုတ္ေပးသည့္ တံဆိပ္ေခါင္းေပၚတြင္ စာခ်ဳပ္ ေရးသား၍ သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာလယ္ယာစီမံခန္႔ခြဲမႈအဖြဲ႔ေရွ႕ေမွာက္တြင္ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ပံုစံ-၇မူရင္းအား ျပသ၍ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္ပါသည္။

မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးလွ်င္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ-၇ အား အမည္ေျပာင္း ရန္အတြက္ ၿမိဳ႕နယ္ေျမစာရင္းရံုးတြင္ ေျမစာရင္းပံုစံ-၁၀၅/၁၀၆ ေရးကူးရပါမည္။

ေျမစာရင္းပံုစံ-၁၀၅/၁၀၆ ေရးကူးၿပီးပါက ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႔တြင္ ပံုစံ-၉ေလွ်ာက္လႊာႏွင့္အတူေအာက္ပါတို႔ကို တင္ျပေလွ်ာက္ထားရမည္။

- ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္မိတၱဴ၊

- မူလလုပ္ပိုင္ခြင့္ရသူထံမွ ေလွ်ာက္ထားသူအား ေရာင္းခ်ထားသည့္ မွတ္ပံုတင္စာခ်ဳပ္မူရင္း၊

- မူလလုပ္ပိုင္ခြင့္လက္မွတ္ရရွိခဲ့သူ၏ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္မူရင္း၊

- ၿမိဳ႕နယ္ေျမစာရင္းရံုးမွ မွန္ကန္ေၾကာင္းလက္မွတ္ေရးထိုးထားသည့္ ေျမစာရင္းပံုစံ-၁၀၅/၁၀၆မူရင္း စသည့္အေထာက္အထားမ်ားျဖင့္ ေလွ်ာက္ထားရမွာျဖစ္ပါသည္။

အထက္ပါအေထာက္အထားမ်ားျဖင့္ ေလွ်ာက္ထားၿပီးပါက ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ လယ္ယာေျမနည္းဥပေဒပုဒ္မ- ၂၅၊ ၂၆၊ ၂၇၊ ၂၈ ပါ လုပ္ထံုးလုပ္နည္းမ်ားအတိုင္း ဆက္လက္ေဆာင္ရြက္မွာျဖစ္ပါတယ္။ လယ္ယာေျမလုပ္ပိုင္လက္မွတ္အမည္ေျပာင္းလဲျခင္းအား ခြင့္ျပဳပါက မူလကထုတ္ေပးထားရွိသည့္ လယ္ယာေျမလုပ္ပိုင္လက္မွတ္ပံုစံ-၇ မူရင္းႏွင့္ ပူးတြဲပါရွိေသာ သက္ေသခံေျမပံုမူရင္းမ်ားအား မွင္နီျဖင့္ ̏ ျဖတ္သိမ္းေၾကာင္း ̋ ထင္ရွားစြာေရးသားၿပီး သက္ဆိုင္ရာလုပ္ငန္းစာတြဲတြင္ ပူးတြဲထိန္းသိမ္းထားရွိမွာျဖစ္ပါသည္။

ထို႔ေနာက္ ေလွ်ာက္ထားသူအား လယ္ယာေျမလုပ္ပိုင္လက္မွတ္ပံုစံ-၇ အမည္ေျပာင္းလဲထုတ္ေပးၿပီး ထုတ္ေပးၿပီးေၾကာင္းကို ရပ္ကြက္/ေက်းရြာလယ္ယာစီမံခန္႔ခြဲမႈအဖြဲ႔တြင္ မွတ္တမ္းတင္သိမ္းဆည္းရန္ မိတၱဴေပးပို႔ပါသည္။

အထက္တြင္ေဖာ္ျပထားသည့္နည္းလမ္းမ်ားအတိုင္း အဆင့္ဆင့္ေဆာင္ရြက္ျခင္းျဖင့္ လယ္ယာေျမကို တရား၀င္၀ယ္ယူပိုင္ဆိုင္ႏိုင္မည္ျဖစ္ပါသည္။ အခ်ိန္ၾကာျမင့္ခ်ိန္မွာ တစ္ရံုးႏွင့္တစ္ရံုးမတူျခင္း၊ လုပ္ကိုင္ေဆာင္ရြက္သူ မတူျခင္းေၾကာင့္ အခ်ိန္ၾကာျမင့္ခ်ိန္ကြာျခားႏိုင္ပါတယ္။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

 

### Unicode Version ###

လယ်ယာမြေကို ဝယ်ယူမည်ဆိုလျှင် ရှေးဦးစွာ သက်ဆိုင်ရာမြေစာရင်းရုံးတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးရပါမည်။ မြေစာရင်းပုံစံ- ၁၀၅/၁၀၆ ရရှိပါက ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့တွင် လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ မူရင်းအား ပြသ၍ ယာယီစာချုပ်ချုပ်ဆိုရပါမည်။ ယာယီစာချုပ်ချုပ်ဆိုပြီး နောက် လယ်ယာမြေတန်ဖိုးကို ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့က တင်ပြရမည်ဖြစ်ပြီး အဆိုပြုတင်ပြလာသော လယ်ယာမြေ၏ တစ်ဧက ဒေသပေါက်ဈေးနှုန်းထားအား မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုမည်ဖြစ်ပါသည်။

ထိုသို့ အတည်ပြုပေးလိုက်သည့် လယ်ယာမြေတန်ဖိုးအပေါ် ဝယ်ယူခွန်အဖြစ် ၂၀၁၉ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပအေရ အောက်ပါအတိုင်းပေးဆောင်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန် အဖြစ် လယ်ယာမြေတန်ဖိုးအပေါ် ၄% ပေးဆောင်ရမည်ဖြစ်ပါသည်။

၁ကျပ် မှ သိန်းတစ်ထောင် အထိ ၃%

သိန်းတစ်ထောင့်တစ်ကျပ် မှ သိန်းသုံးထောင် အထိ ၅%

သိန်းသုံးထောင့်တစ်ကျပ်မှ သိန်းတစ်သောင်း အထိ ၁၀%

သိန်းတစ်သောင်းတစ်ကျပ် မှ သိန်းသုံးသောင်း အထိ ၁၅%

သိန်းသံုံးသောင်းတစ်ကျပ်နှင့် အထက် ၃၀ %

ထိုသို့ပေးဆောင်ခြင်းအား သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးတွင် ပေးဆောင်ရမည်ဖြစ်ပါသည်။ မြို့နယ်အခွန်ရုံးမှ ဝယ်ယူခွန်ပေးဆောင်ထားသည့် အထောက်အထားအဖြစ် ပုံစံ-(ဝင-၈) ပြန်လည်ထုတ်ပေးပြီး တံဆိပ်ခေါင်းခွန်အတွက် သတ်မှတ်ပေးသွင်းရသည့်တန်ဖိုးနှင့်ညီညွတ်သော တံဆိပ်ခေါင်းကို ပြန်လည်ထုတ်ပေးပါသည်။

မြို့နယ်အခွန်ရုံးမှ ထုတ်ပေးသည့် တံဆိပ်ခေါင်းပေါ်တွင် စာချုပ် ရေးသား၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှောက်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၇မူရင်းအား ပြသ၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၇ အား အမည်ပြောင်း ရန်အတွက် မြို့နယ်မြေစာရင်းရုံးတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးရပါမည်။

မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးပြီးပါက မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တွင် ပုံစံ-၉လျှောက်လွှာနှင့်အတူအောက်ပါတို့ကို တင်ပြလျှောက်ထားရမည်။

- လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊

- မူလလုပ်ပိုင်ခွင့်ရသူထံမှ လျှောက်ထားသူအား ရောင်းချထားသည့် မှတ်ပုံတင်စာချုပ်မူရင်း၊

- မူလလုပ်ပိုင်ခွင့်လက်မှတ်ရရှိခဲ့သူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်မူရင်း၊

- မြို့နယ်မြေစာရင်းရုံးမှ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသည့် မြေစာရင်းပုံစံ-၁၀၅/၁၀၆မူရင်း စသည့်အထောက်အထားများဖြင့် လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအထောက်အထားများဖြင့် လျှောက်ထားပြီးပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေနည်းဥပဒေပုဒ်မ- ၂၅၊ ၂၆၊ ၂၇၊ ၂၈ ပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ လယ်ယာမြေလုပ်ပိုင်လက်မှတ်အမည်ပြောင်းလဲခြင်းအား ခွင့်ပြုပါက မူလကထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်လက်မှတ်ပုံစံ-၇ မူရင်းနှင့် ပူးတွဲပါရှိသော သက်သေခံမြေပုံမူရင်းများအား မှင်နီဖြင့် ̏ ဖြတ်သိမ်းကြောင်း ̋ ထင်ရှားစွာရေးသားပြီး သက်ဆိုင်ရာလုပ်ငန်းစာတွဲတွင် ပူးတွဲထိန်းသိမ်းထားရှိမှာဖြစ်ပါသည်။ ထို့နောက် လျှောက်ထားသူအား လယ်ယာမြေလုပ်ပိုင်လက်မှတ်ပုံစံ-၇ အမည်ပြောင်းလဲထုတ်ပေးပြီး ထုတ်ပေးပြီးကြောင်းကို ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့တွင် မှတ်တမ်းတင်သိမ်းဆည်းရန် မိတ္တူပေးပို့ပါသည်။

အထက်တွင်ဖော်ပြထားသည့်နည်းလမ်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် လယ်ယာမြေကို တရားဝင်ဝယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊ လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
kalaw-garden-valley
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service