ရန်ကုန်မြို့သစ်စီမံကိန်းမှ ကျန်ရှိနေသာ လယ်ယာမြေပြန်လည်နေရာချထားရေးမဲနှိုက်လုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်လျက်ရှိ

ရန်ကုန်မြို့သစ်စီမံကိန်းမှ ကျန်ရှိနေသာ လယ်ယာမြေပြန်လည်နေရာချထားရေးမဲနှိုက်လုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
16 Oct 2019 11:07 am တွင် တင်ခဲ့သည်
1117 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###







အတည်ပြုထားတဲ့ မဲနှိုက်စနစ်မှာ အဆင့် (၅) ဆင့် ပါဝင်ပြီး (၁) အုပ်စုအလိုက် မဲနှိုက်ရန် ခေါ်ယူခြင်း ၊ (၂) တက်ရောက်လာသော ကိုယ်စားလှယ်များမှ လူအမည်မဲနှိုက်ခြင်း၊ (၃) မဲနှိုက်၍ ရရှိလာသော ပိုင်ဆိုင်သူမှ သက်ဆိုင်ရာ မဲအကွက် နံပါတ်ကို မဲနှိုက်ခြင်း၊ (၄) ပေါက်မဲအကွက်နံပါတ်များကို ပိုင်ဆိုင်မှုနှင့်အတူ စာရင်းရေးသွင်းခြင်း၊ (၅) မြို့မြေ ၂၀ ရာခိုင်နှုန်း အတိအကျပြန်ပေးရန်အတွက် အကြမ်းဖျင်းရေးဆွဲထားသော မြေပုံများအား ပြန်လည်ညှိနှိုင်းရေးဆွဲခြင်းတို့ ဖြစ်ပါတယ်။




### Unicode Version ###

ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း လယ်ယာမြေပြန်လည်နေရာချထားရေးအစီအစဉ်မှ ကျန်ဧရိယာများအား ပြန်လည်နေရာချထားရေးအတွက် မဲနှိုက်လုပ်ငန်းစဉ်များကို ယခုအောက်တိုဘာလအတွင်း စတင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ (NYDC) ၏ ဒုတိယဉက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်တွင် စုစုပေါင်း လယ်ယာမြေ ဧက (၁၈၃၉၀) ဧကခန့် ပါဝင်ပြီး လယ်ယာမြေပိုင်ဆိုင်သူများ ဆန္ဒပြုသတ်မှတ်ထားသည့် ကွင်းအမှတ် (၅)ခုမှ အသားတင်မြို့မြေ (၂၀) ရာခိုင်နှုန်းအား ပြန်လည်ပေးအပ်ခြင်းဖြစ်ပါတယ်။

ကြည့်မြင်တိုင်မြို့နယ် မှာရှိတဲ့ ဧရိယာအမှတ် (၅) အတွက် မဲနှိုက်မှုအား (၉.၉.၂၀၁၉) ရက်တွင် စတင်ခဲ့ရာ ယာယီမြေပေးမိန့်များအား (၈.၁၀.၂၀၁၉) ရက်နေ့မှာ ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။

ကျန်ဧရိယာ (၁) မှ (၄) အထိ ပြန်လည်နေရာချထားရေး မဲနှိုက်လုပ်ငန်းစဉ်တွေကို ၂၀၁၉ အောက်တိုဘာလအတွင်း စတင်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ် ဟု ဦးသိမ်းဝေက NYDC ၏ အပတ်စဉ်စာမျက်နှာမှာ ပြောကြားထားသည်။

ဦးသိမ်းဝေက " ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့ ပြန်လည်နေရာချထားရေးကဏ္ဍမကြာမီလပိုင်းအတွင်း ပြီးစီးမှာ ဖြစ်တဲ့အတွက် လွန်စွာအားရကျေနပ်မိပါတယ်။ ပြန်လည်နေရာချထားမယ့်နေရာမှာ သတ်မှတ်ထားတဲ့ အခြေခံအဆောက်အဦတွေ ဆောက်လုပ်ပြီးစီးတာနဲ့ တစ်ပြိုင်နက် မြေပိုင်ရှင်တွေအနေနဲ့ ပြန်လည်ရရှိမယ့် မြေတွေကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီကချမှတ်ထားတဲ့ စည်းမျဉ်စည်းကမ်းတွေနဲ့အညီ လိုအပ်တဲ့ခွင့်ပြုချက် (Permit) တွေ ရယူပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟု ဆက်လက်ပြောဆိုသည်။

အဆိုပါ ပြန်လည်နေရာထားရေးဧရိယာ (၅)ခု၏ နယ်နိမိတ်များအား အများသုံးအခြေခံအဆောက်အဉီများဖြစ်သည့် လမ်း၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနှင့် ပန်းခြံတို့အား ထည့်သွင်းတည်ဆောက်ရန် မြေဧရိယာ (၂၅) ရာခိုင်နှုန်းခန့် ထပ်ဆောင်း ပေါင်းထည့်ပေးထားကြောင်း သိရသည်။

အတည်ပြုထားတဲ့ မဲနှိုက်စနစ်မှာ အဆင့် (၅) ဆင့် ပါဝင်ပြီး (၁) အုပ်စုအလိုက် မဲနှိုက်ရန် ခေါ်ယူခြင်း ၊ (၂) တက်ရောက်လာသော ကိုယ်စားလှယ်များမှ လူအမည်မဲနှိုက်ခြင်း၊ (၃) မဲနှိုက်၍ ရရှိလာသော ပိုင်ဆိုင်သူမှ သက်ဆိုင်ရာ မဲအကွက် နံပါတ်ကို မဲနှိုက်ခြင်း၊ (၄) ပေါက်မဲအကွက်နံပါတ်များကို ပိုင်ဆိုင်မှုနှင့်အတူ စာရင်းရေးသွင်းခြင်း၊ (၅) မြို့မြေ ၂၀ ရာခိုင်နှုန်း အတိအကျပြန်ပေးရန်အတွက် အကြမ်းဖျင်းရေးဆွဲထားသော မြေပုံများအား ပြန်လည်ညှိနှိုင်းရေးဆွဲခြင်းတို့ကို ဖြစ်ပါတယ်။

မြေကွက်အရွယ်အစားနဲ့ပတ်သက်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီတွေက သတ်မှတ်ထားသည့် မြေကွက် အရွယ်အစားများအား အခြေခံကာ (၂၀ x ၆၀) ၊ (၄၀ x ၆၀) ၊ (၆၀ x ၆၀) (၆၀ x ၈၀) ၊ (၈၀ x ၈၀) ၊ (၁၀၀ x ၁၀၀) မြေကွက်နှင့် တစ်ကွက်တည်းပြည့် (ဒုံး) ကွက်များဖြင့် အဆိုပြုခဲ့ကြကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service