တိုက္ခန္းမ၀ယ္ခင္ သိထားသင့္တဲ့ ေဆာက္လုပ္ခြင္႔ (ဘုတ္စိမ္း) စာရြက္နဲ႔ ဘီစီစီ (BCC) စာရြက္

တိုက္ခန္းမ၀ယ္ခင္ သိထားသင့္တဲ့ ေဆာက္လုပ္ခြင္႔ (ဘုတ္စိမ္း) စာရြက္နဲ႔ ဘီစီစီ (BCC) စာရြက္ - Property Knowledge in Myanmar from iMyanmarHouse.com
2 Oct 2019 1:40 pm တွင် တင်ခဲ့သည်
2418 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

လူေတာ္ေတာ္မ်ားမ်ား တိုက္ခန္း၀ယ္ရင္ ဘီစီစီပါလား ေမးတတ္ၾကပါတယ္..။ ဘီစီစီစာရြက္လည္း ေပးလိုက္ေရာ ဘီစီစီစာရြက္လို႔ မသိၾကျပန္ပါဘူး..။ ဘီစီစီစာရြက္ကို ဘီစီစီစာရြက္ပါလို႔ ေပးေပမယ့္ ဘီစီစီစာရြက္လို႔ မသိၾကတဲ႔သူေတြေၾကာင့္လည္း အက်ိဴးေဆာင္၊ပြဲစားမ်ား စိတ္ညစ္ရပါတယ္..။

ဘီစီစီကို လူေနထိုင္ခြင္႔လို႔ လူေတြအလြယ္ေျပာပါတယ္..။အဲဒီေတာ့ စာရြက္ေပၚမွာ လူေနထိုင္ခြင္႔လို႔ ပါေနလိမ္႔မယ္လို႔ မသိစိတ္က ထင္မွတ္ထားၾကပါတယ္..။

ဒါေပမယ္႔ ဘီစီစီ (BCC) ဆိုတာ Building Completion Certificate ဆိုတဲ႔ စည္ပင္ဌာနကထုတ္ေပးတဲ႔ အေဆာက္အဦးၿပီးစီးေၾကာင္း အသိအမွတ္ျပဳလႊာကို ေခၚတာပါ..။ အေဆာက္အဦးၿပီးစီးေၾကာင္း တရား၀င္အသိအမွတ္ျပဳတာကို ျမန္မာအမ်ားစုက ျမန္မာမွဳျပဳလိုက္တာမွာ လူေနခြင္႔လို႔ ျဖစ္သြားပါတယ္..။ သေဘာတရားကေတာ႔ အတူတူပါပဲ..။ အေဆာက္အဦးေဆာက္လုပ္တာ ျပည္႔စံုၿပီးစီးသြားပါၿပီဆိုေတာ့ လူေနလို႔ ရၿပီေပါ႔..။ လူေနလို႔ရၿပီလို႔ သြယ္၀ိုက္အသိေပးတဲ့ ဘီစီစီစာရြက္ဆိုတာ လူေနခြင္႔စာရြက္ေပါ႔..။

ဘီစီစီကို လူေနခြင္႔လို႔ အၾကမ္းဖ်ဥ္းသိထားတဲ႔သူေတြက ဘီစီစီစာရြက္လည္းျမင္ေရာ လူေနခြင္႔ျပဳသည္ဆိုတဲ့ စာသားမပါလို႔ဆိုၿပီး ေရာင္းတဲ႔သူနဲ႔ အက်ိဴးေဆာင္ေတြကို မယံုမၾကည္ ေမးတတ္ျပန္ပါတယ္..။ ဘီစီစီစာရြက္ဆိုတာ ဘယ္လိုပံုစံမ်ိဴးလဲဆိုတာ ၀ယ္သူက ေသခ်ာမသိတာပါ..။ေျပာျပေတာ႔လည္း ယံုရမွာလိုလို..၊ မယံုရမွာလိုလို..၊ အက်ိဴးေဆာင္ပြဲစားေတြကပဲ လိမ္ေတာ႔မွာလိုလိုေတြ ျဖစ္ကုန္တတ္ပါတယ္..။

ပိုၿပီးဆိုးတာက ဘုတ္စိမ္းလို႔အလြယ္ေခၚတဲ႔ ေဆာက္လုပ္ခြင္႔ျပဳမိန္႔စာရြက္မွာ လူေနထိုင္ရန္ဆိုတ႔ဲ စာလံုးကို စာလံုးဆိုဒ္အႀကီးနဲ႔ မင္ခံုနဲ႔ထုၿပီးပါတာကို ဘီစီစီ ထင္တာပါပဲ..။ လူေနထိုင္ရန္ ဆိုတဲ့ စာလံုးအႀကီးပါတဲ႔စာရြက္က ဘုတ္စိမ္းစာရြက္(ေဆာက္လုပ္ခြင္႔ျပဳတဲ႔အမိန္႔)စာရြက္ပါ..။လူေနရန္ ဆိုတဲ့ စာလံုးႀကီးႀကီးပါေနတာက လုပ္ငန္းလုပ္ရန္( Commercial) နဲ႔ ခြဲျခားသတ္မွတ္ထားတာပါ..။

ဘုတ္စိမ္းစာရြက္ပါရင္ တရား၀င္ေဆာက္လုပ္ခြင္႔ျပဳမိန္႔န႔ဲ ေဆာက္တဲ့တုိက္လို႔ ဆိုလိုတာပါ..။တရား၀င္ေဆာက္လုပ္ခြင္႔ျပဳမိန္႔နဲ႔ ေဆာက္လုပ္ၿပီးစီးသြားရင္ ဘီစီစီေလ်ာက္ရပါတယ္..။ဘုတ္စိမ္းစာရြက္တစ္ခုနဲ႔တင္ မၿပီးပါဘူး..။ ဘီစီစီစာရြက္ပါ ပါရပါတယ္..။

ဘုတ္စိမ္းစာရြက္(လူေနထုိင္ရန္ လို႔ပါတဲ႔စာရြက္)ပဲျပနိုင္ရင္ တရား၀င္ေဆာက္လုပ္ခြင္႔နဲ႔ေတာ့ဆာက္ထားတယ္..။အေဆာက္အဦးၿပီးစီးေၾကာင္း စာရြက္ဘီစီစီေတာ့ တင္မထားဘူးလို႔ အဓိပၸါယ္ရပါတယ္..။လွိဳင္နဲ႔ သဃၤန္းကၽြန္း တစ္ခ်ိဳ႕ရပ္ကြက္ေတြမွာ ဘုတ္စိမ္း(ေဆာက္လုပ္ခြင္႔ျပဳမိန္႔) စာရြက္ပါၿပီး..ဘီစီစီစာရြက္မပါတဲ့တိုက္ေတြ တစ္ရပ္ကြက္လံုးနီးပါးရွိတဲ့ ရပ္ကြက္တစ္ခ်ိဳ႕ရွိပါတယ္..။

ဘီစီစီစာရြက္ပါရင္ေတာ့ ဘုတ္စိမ္းစာရြက္ေတာင္းဖို႔ မလိုပါဘူး..။ ဘီစီစီဆိုတာ ဘုတ္စိမ္းစာရြက္ရွိမွ ရတဲ႔စာရြက္မို႔ပါ..။

ေတာင္ဥကၠလာရဲ႕ ၉၀%ေသာတိုက္ခန္းေတြက ဘီစီစီပါၾကပါတယ္..။ ေတာင္ဥကၠလာမွာ တရားမ၀င္ေဆာက္တဲ့တိုက္..၊ ဘီစီစီမတင္တဲ့တိုက္ မရွိသေလာက္ နည္းပါတယ္..။(တစ္ခ်ိဳ႕တစ္ဝက္ေတာ့ ရွိပါတယ္..။)

၂၀၁၅ နွစ္လယ္ေရွ႕ပိုင္းေလာက္ထိ တိုက္ေတြက မီတာက်ၿပီး အားလံုးၿပီးစီးၿပီဆိုမွ ဘီစီစီစာရြက္ သပ္သပ္တင္ရတာပါ..။၃ထပ္ခြဲတိုက္နဲ႔ ၅ထပ္တိုက္ေဆာက္တဲ့ ကန္ထရိုက္ အေသးစားေတြက ေဆာက္လုပ္ခြင္႔(ဘုတ္စိမ္း)တင္ၿပီးေဆာက္ရင္ မီတာလည္း အလြယ္တကူရတာမို႔ ဘီစီစီတင္တာကို အလုပ္ပိုလို႔ ျမင္ပါတယ္..။ဒါမို႔လို႔ ၃ထပ္ခြဲတိုက္နဲ႔ ၅ထပ္တိုက္ေတြမွာ ဘီစီစီစာရြက္ေမးလိုက္ရင္ လူေနထိုင္ရန္လို႔ မင္အျပာန႔ဲတံုးထုထားတဲ႔ ဘုတ္စိမ္းစာရြက္ကို ဘီစီစီလို႔ ေျပာၿပီးေပးတတ္တာလည္း ႀကံဳဖူးၾကားဖူးပါတယ္..။ (မသိနားမလည္တာကို အခြင္႔အေရးယူတာပါ..။ ဒါမို႔လို႔ မိမိက သိေအာင္လုပ္ထားရပါမယ္..။)

၂၀၁၅ နွစ္လယ္ေလာက္ေနာက္ပိုင္းကစလို႔ အေဆာက္အဦးေတြမွာ ဘီစီစီရမွ မီတာခ်ေပးေတာ႔ပါတယ္..။အဲဒီေတာ့မွ ဘယ္ကန္ထရိုက္တိုက္မဆို ဘီစီစီဆိုတာ မတင္မေနရ ျဖစ္ကုန္တာပါ..။ဘီစီစီက်ၿပီးတာနဲ႔ ဘီစီစီစာရြက္နဲ႔ မီတာထပ္ေလ်ာက္ရပါတယ္..။ ၂၀၁၅ နွစ္လယ္ေနာက္ပိုင္းကတိုက္ေတြတိုင္းမွာ ဘီစီစီစာရြက္ ပါပါတယ္..။ (ဘီစီစီက်ၿပီးမွ မီတာခ်ေပးေတာ့တာမို႔ ဘီစီစီမတင္ပဲ ခ်ိဳခ်ိဳေခ်ာင္ေခ်ာင္ေဆာက္တဲ့ ၃ထပ္ခြဲနဲ႔ ၅ထပ္တုိက္ေတြ ေစ်းမကိုက္ေတာ့လို႔ မေဆာက္ၾကေတာ႔ပါဘူး..။)

တစ္ခါတန္းက ေတာင္ဥကၠလာမွာ တုိက္ခန္းတစ္ခန္းေရာင္းေပးေတာ့ စာရြက္စာတမ္းကို ေရွ႕ေနနဲ႔စစ္တာကို အေဆာက္အဦးၿပီးစီးေၾကာင္း စာရြက္ပဲပါၿပီး လူေနထုိင္ရန္ ဆိုတဲ့ လူေနထိုင္ခြင့္ ဘီစီစီစာရြက္ လိုေသးတယ္လို႔ အေျပာခံရပါတယ္..။

(စိတ္ကို ေတာ္ေတာ္ေလသြားပါတယ္..။)

**အိမ္ျခံေျမ နဲ႔ပက္သက္တဲ့ေရွ႕ေနကအဆင္ေျပဆံုးျဖစ္ပါတယ္

** အမႈလိုက္တဲ့ ေရွ႕ေနနဲ႔ဆံုလို႔ ပိုင္ရွင္ကို တရားခံစစ္သလို စစ္တဲ့အတြက္ေၾကာင့္ အေရာင္း/အဝယ္ ပ်က္မလိုလည္း ၾကံဳဖူးပါတယ္

ဘီစီစီရဲ႕ အဂၤလိပ္အရွည္က Building Completion Certificate မို႔ ဘီစီစီဆိုတာ လူေနထုိင္ခြင္႔လို႔ ေရးထားတဲ႔ စာရြက္မဟုတ္ပဲ အေဆာက္အဦးၿပီးစီးေၾကာင္း အသိအမွတ္ျပဳစာရြက္သာျဖစ္ေၾကာင္း အေထာက္အထားခိုင္လံုစြာနဲ႔ ရွင္းျပမွ လက္ခံသြားပါေတာ႔တယ္..။

တိုက္ခန္းမ၀ယ္ခင္ ဒီစာကို အေသးစိပ္ နားလည္ေအာင္ဖတ္သြားရင္ အက်ိဴးရွိပါတယ္..။ မိမိနဲ႔ တိုက္ခန္း၀ယ္ဖို႔ရွိေနတဲ႔ မိတ္ေဆြေတြကို ဒီပို႔စ္ကို အဆင့္ဆင့္္လက္ဆင့္ကမ္းေပးျခင္းျဖင့္ မိမိစိတ္ထဲမွ မရွင္းလင္းမွဳကို ေခ်ဖ်က္နိုင္ၾကပါေစ..။

ေအာက္မွာျပထားတဲ့ပံု က ေဆာက္လုပ္ခြင့္ (ဘုတ္စိမ္း) နမူနာစာရြက္ နဲ႔ ဘီစီစီ စာရြက္ပံုပါ..။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကည္ျမန္မာ

### Unicode Version ###

လူတော်တော်များများ တိုက်ခန်းဝယ်ရင် ဘီစီစီပါလား မေးတတ်ကြပါတယ်..။ ဘီစီစီစာရွက်လည်း ပေးလိုက်ရော ဘီစီစီစာရွက်လို့ မသိကြပြန်ပါဘူး..။ ဘီစီစီစာရွက်ကို ဘီစီစီစာရွက်ပါလို့ ပေးပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေကြောင့်လည်း အကျိူးဆောင်၊ပွဲစားများ စိတ်ညစ်ရပါတယ်..။

ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ်..။အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ်..။

ဒါပေမယ့် ဘီစီစီ (BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာကို ခေါ်တာပါ..။ အဆောက်အဦးပြီးစီးကြောင်း တရားဝင်အသိအမှတ်ပြုတာကို မြန်မာအများစုက မြန်မာမှုပြုလိုက်တာမှာ လူနေခွင့်လို့ ဖြစ်သွားပါတယ်..။ သဘောတရားကတော့ အတူတူပါပဲ..။ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီဆိုတော့ လူနေလို့ ရပြီပေါ့..။ လူနေလို့ရပြီလို့ သွယ်ဝိုက်အသိပေးတဲ့ ဘီစီစီစာရွက်ဆိုတာ လူနေခွင့်စာရွက်ပေါ့..။

ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်းမြင်ရော လူနေခွင့်ပြုသည်ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူနဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ်..။ ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ..။ပြောပြတော့လည်း ယုံရမှာလိုလို..၊ မယုံရမှာလိုလို..၊ အကျိူးဆောင်ပွဲစားတွေကပဲ လိမ်တော့မှာလိုလိုတွေ ဖြစ်ကုန်တတ်ပါတယ်..။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။ လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ..။

ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။ ဘီစီစီစာရွက်ပါ ပါရပါတယ်..။

ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။ ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။

တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။ တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်ချို့တစ်ဝက်တော့ ရှိပါတယ်..။) ၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။ (မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။ ၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။ (ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတန်းက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။

(စိတ်ကို တော်တော်လေသွားပါတယ်..။)

**အိမ်ခြံမြေ နဲ့ပက်သက်တဲ့ရှေ့နေကအဆင်ပြေဆုံးဖြစ်ပါတယ်

** အမှုလိုက်တဲ့ ရှေ့နေနဲ့ဆုံလို့ ပိုင်ရှင်ကို တရားခံစစ်သလို စစ်တဲ့အတွက်ကြောင့် အရောင်း/အဝယ် ပျက်မလိုလည်း ကြုံဖူးပါတယ်

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။ မိမိနဲ့ တိုက်ခန်းဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ..။

အောက်မှာပြထားတဲ့ ပုံ က ဆောက်လုပ်ခွင့်(ဘုတ်စိမ်း) နမူနာစာရွက် နဲ့ ဘီစီစီ စာရွက်ပုံပါ..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ကြည်မြန်မာ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service