ေရာင္းမယ္ ၊ ဝယ္မယ္ ၊ ျပီးရင္ စာခ်ဳပ္ရုံးကို သြားၾကမယ္

ေရာင္းမယ္ ၊ ဝယ္မယ္ ၊ ျပီးရင္ စာခ်ဳပ္ရုံးကို သြားၾကမယ္ - Property Knowledge in Myanmar from iMyanmarHouse.com
2 Oct 2019 12:59 pm တွင် တင်ခဲ့သည်
2692 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

ကၽြန္ေတာ္၏ ေနအိမ္သို႕ဖုန္းဆက္ျပီးေနာက္ေရာက္လာသည့္ ကၽြန္ေတာ့္ဇနီးသည္၏ တူမစံုတြဲအား ေျမညီထပ္ ကားပါကင္မွပင္ ေစာင့္ေနျပီး ေရာက္လာၾကသည္နွင့္ မ်က္နွာခ်င္းဆိုင္ရွိပါရမီ စိန္ေဂဟာ ေရွာ့ပင္းေမာမွ ေလးထပ္တြင္ဖြင့္လွစ္ထားေသာ ဒင္းဆန္းနွင့္ စားဖြယ္စံုဆိုင္သို႕ ေခၚသြားခဲ့ပါသည္။

ဆိုင္မွာက်ယ္၀န္း၍ စားပြဲခံု (၁၀) ဝိုင္းခန္႕ကို တည္ခင္းထားသျဖင့္ အတြင္းပိုင္ရွိေထာင့္က်က် စားပြဲကိုပင္ ေရြးခ်ယ္ျပီးမွာၾကားကာ စားေသာက္ရင္း စကားေျပာျဖစ္ပါသည္။

ကၽြန္ေတာ္က “ ကဲ ရန္လင္းေရ ၊ တိုင္ပင္ခ်င္တယ္ဆုိလို႕ ဘာကိစၥမ်ားလဲ ၊ သိပါရေစကြာ ” ဟု စကားလမ္းေၾကာင္း ဖြင့္ေပးလိုက္မွ ကိုရန္လင္းေအာင္က “ ဒီလိုပါ အန္ကယ္ ကၽြန္ေတာ္လည္း သေဘၤာျပန္တက္ေတာ့မွာဆိုေတာ့ မတက္ေသးခင္ ကၽြန္ေတာ္တုိ႕ လင္မယားပိုင္ဆိုင္တဲ့ အငွါးတကၠစီကားကို ေဈးေကာင္းရလို႕ ေရာင္းလိုက္ပါတယ္။ေရာင္းျပီးမွ ကားေဈးေတြတက္ေနျပီ စိတ္ပ်က္တဲ့အတြက္ ကားျပန္မဝယ္ေတာ့ဘဲ ရန္ကုန္တိုင္းထဲက ဒဂံုျမိဳ႕သစ္ဖက္ေတြမွာ ျခံဝန္းနွင့္အိမ္ေလး ဝယ္ထားမလားလို႕ပါ။ အန္ကယ့္တူမကလည္း သေဘာက်တယ္ေလ။ သူမက အိမ္ဝယ္ျပီးေတာ့ အိမ္ငွါးတင္ထားမလိုတဲ့ လစဥ္ဝင္ေငြလည္းရျပီး ၊ ေမာ္ေတာ္ကားလို ျပင္ဆင္စရိတ္မကုန္ေတာ့ဘဲ စိတ္ခ်မ္းသာမယ္လို႕ ေျပာပါတယ္။ ဒါနဲ႕ပဲ ကၽြန္ေတာ့္သူငယ္ခ်င္းေတြထဲက အိမ္ဝယ္ထားတဲ့သူေတြကို ေမးၾကည့္ေတာ့ ျပႆနာမ်ိဳးစံု ၾကားလာရပါတယ္ ”

“ တခ်ိဳ႕ကလည္း ဝယ္ထားျပီးမွ ေပါင္နွံထားတဲ့ အိမ္ျဖစ္ေနတာတို႕ ၊ အေမြဆိုင္မို႕ အသိမေပးဘဲ ေရာင္းထားလို႕ တရားစြဲတာတို႕ ဂရန္အတုျဖစ္ေနတာတို႕ ပိုင္ရွင္က ေသသြားတဲ့အတြက္ လႊဲအပ္ထားတဲ့ ကိုယ္စားလွယ္လႊဲစာက အသံုးမဝင္ေတာ့တာတို႕ အရပ္ကတိစာခ်ဳပ္နဲ႕ ၀ယ္ထားမိျပီး အျခားဝယ္သူတစ္ဦးက မွတ္ပံုတင္စာခ်ဳပ္နဲ႕လာျပီး ကန္႕ကြက္လို႕ဆံုးရႈံးူသြားရတာတို႕ စသျဖင့္ ျပႆနာေတြကို ၾကားေနရပါတယ္ ”

“ဒါနဲ႕ပဲ အန္ကယ့္ တူမက အန္ကယ့့္ဆီသြားျပီး အေျခအေနေတြကို ေမးျမန္းတိုင္ပင္ျပီး မွ အိမ္ဝယ္ၾကရေအာင္ဆိုလို႕ လာခဲ့တာပါခင္ဗ်ာ ”

“ ေသခ်ာေအာင္ေတာ့ ဂရန္ေျမကြက္ကို ဝယ္မွာပါ။ၾကည့္ထားတာကလည္း သံုးေနရာေလာက္ရွိပါတယ္။ ကားေရာင္းထားတဲ့ ေငြနဲ႔ကၽြန္ေတာ္စုထားတဲ့ ေငြေတြေပါင္းရင္ သိန္း ၁၀၀၀ ေအာက္ကို ဝယ္ႏိုင္မွာပါ။ဝယ္ဖို႕ ေရြးခ်ယ္ေနတုန္း စဥ္းစားမိတာက ဒီအတိုင္း အရပ္ကတိစာခ်ဳပ္နဲ႕ေကာမရဘူးလား ၊ စာခ်ဳပ္ရုံးမွာ မွတ္ပံုမတင္လို႕ မရဘူးလားဆိုတာ သိခ်င္တာက အဓိကပါခင္ဗ်ာ ” ဟု အားကိုးသံျဖင့္ ေျပာလာပါသည္။

ထိုအခါ ကၽြန္ေတာ္က “ ရန္လင္းရယ္ ၊ တူေလးတို႕လည္း ေခတ္ပညာတတ္ေတြျဖစ္ေနျပီးေတာ့ ဂရန္အမည္ေပါက္ ေျမကြက္နဲ႕ အိမ္ဝယ္တာေတာင္ အရပ္ကတိစာခ်ဳပ္ပဲ လုပ္ထားခ်င္တယ္လို႕ကြာ ေသခ်ာတာက တရားရုံးမွာ မွတ္ပံုတင္မွ ပိုင္ဆိုင္မႈ ခိုင္ျမဲမွာေပါ့။ ျပန္ေရာင္းရင္ပဲ ျဖစ္ျဖစ္ ၊ အိမ္ငွါးထားရင္ပဲျဖစ္ျဖစ္ ကိုယ္ကအိမ္ပိုင္ရွင္အစစ္အမွန္ျဖစ္ေၾကာင္းက တရားဝင္မွာေလ။ေနာက္ျပီး တူေလးသူငယ္ခ်င္းေတြေျပာေျပာေနတဲ့ ျပႆနာေတြကလည္း လံုးဝကင္းကင္းရွင္းႏိုင္မယ့္နည္းလမ္းက စာခ်ဳပ္မွတ္ပံုတင္တာပဲ ရွိလို႕ပါကြယ္ ”

“ ေနာက္ျပီး စာခ်ဳပ္ရုံးမွာ မွတ္ပံုတင္တဲ့ ကိစၥကလည္း ခက္ခဲတဲ့ ျပႆနာမဟုတ္ဘူး။ ရန္လင္းရာ ။ အင္မတန္း ရုိးရွင္းျပီး အင္မတန္လြယ္ကူတဲ့ ကိစၥတစ္ခုပါ။ အန္ကယ္ေတာင္လိုက္စရာမလိုဘူး။ တူေလးတို႕ လင္မယားပဲ ေဆာင္ရြက္လို႕ရတယ္ ”

“ အန္ကယ္ေျပာခ်င္တာက အမည္ေပါက္ဂရန္ပါတဲ့ အိမ္ေျမကို ဝယ္တာလည္း အားေပးသလို စာခ်ဳပ္ရုံးကိုသြားျပီး မွတ္ပံုတင္ဖို႕ကိုလည္း တိုက္တြန္းပါရေစ ”

“ ဘာျဖစ္လို႕လဲဆိုေတာ့ ေျမဝယ္သူတိုင္းေရာင္းသူတိုင္း မေရာက္မျဖစ္သြားရမယ့္ ရုံးကေတာ့ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးပဲျဖစ္ေနလို႕ပါ ။ပိုင္ဆိုင္မႈအတြက္ အိမ္ျခံေျမေရာင္းဝယ္လႊဲေျပာင္းတဲ့ကိစၥမွာ ခုိင္မာဖို႕ အားျပဳႏိုင္တဲ့ ရုံးၾကီးတစ္ရုံးလို႔ ေျပာရင္မွန္ပါတယ္ ” ဟု ေျပာလိုက္မွ ကၽြန္ေတာ္၏ တူမျဖစ္သူက “ ဒါျဖင့္ရင္လည္း သမီးတို႕က ဘယ္ကိုသြားရျပီး ဘယ္လိုလုပ္ရမလဲဆိုတာ ေျပာျပဦးေလ အန္ကယ္ ” ဟု အားတက္သေရာ ေျပာဆိုပါသည္။

ထို႕ေၾကာင့္ ကၽြန္ေတာ္က “ သမီးတို႕ သြားရမယ့္ေနရာကေတာ့ ငါးေနရာရွိပါတယ္ ” (၁) ျမိဳ႕ေတာ္စည္ပင္ရယ္ ၊ (၂) ရာျဖတ္လို႕ ေခၚတဲ့ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ရုံးရယ္ (၃) ျမိဳ႕နယ္ အခြန္ဦးစီးရုံးဆိုျပီး (၄) ေငြသြင္းမယ့္ ဘဏ္ရယ္ ၊ (၅) စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးရယ္ဆိုျပီး ငါးေနရာေလာက္သြားရပါတယ္ ” “ ဒါကလည္း တစ္ခ်ိန္တည္းသြားရမွာ မဟုတ္ပါဘူး ၊ တစ္ဆင့္ျပီးတစ္ဆင့္ကို ေဆာင္ရြက္ေနတဲ့ အခ်ိန္ေတြကို ေစာင့္ျပီးမွ ေနာက္တစ္ေနရာကို သြားရမွာ ျဖစ္လို႕ ၊ ေအးေအးေဆးေဆးလည္း ေဆာင္ရြက္လို႕ရပါတယ္ ”

“ ကဲဒါဆိုရင္ တူေလးတို႕ လင္မယားနွစ္ေယာက္လံုးမွတ္ထားၾကဖို႕ အန္ကယ္ေျပာျပပါမယ္ ၊ လိုအပ္ရင္ေတာ့ စာအုပ္နဲ႔႕ ျဖစ္ျဖစ္ ဟမ္းဖုန္းထဲမွာျဖစ္ျဖစ္ ေရးမွတ္ထားလိုက္ပါ ”

“ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးၾကီးကိုသြားျပီး အိမ္ျခံေျမစာခ်ဳပ္ခ်ဳပ္မယ္ဆိုရင္ ပထမဦးဆံုး “ ေျမပံု ေျမရာဇဝင္ ” လို႕ေခၚတဲ့ ေျမစာရင္းပံုစံ (၁၀၅) နဲ႕ ပံုစံ (၁၀၆) ကို ေျမေရာင္းသူက “ ျမိဳ႕ေတာ္စည္ပင္ ” မွာ ေလွ်ာက္ထားျပီး ထုတ္ေပးဖို႕ တာဝန္ရွိပါတယ္ ”။

“ အကယ္၍ ေျမေရာင္းသူ ၊ ဂရန္မွာ အမည္ေပါက္သူကိုယ္တိုင္က စာခ်ဳပ္ရုံးမွာ တရားဝင္လုပ္ေပးတဲ့ အထူးကိုယ္စားလွယ္လႊဲစာေပးမယ္ဆိုရင္ေတာ့ မိမိတို႕ ဝယ္သူဘက္က သြားထုတ္လို႕ရပါတယ္ ”

“ ဒိီအတြက္က အခိ်န္နွစ္ပတ္ေလာက္ေပးရပါတယ္ ”

“ အေရာင္းအဝယ္ျပဳလုပ္ရန္အတြက္ပံုစံ (၁၀၅) မွာ ေရးသားျပီး ထုတ္ေပးလိုက္တဲ့ေျမပံုရာဇဝင္နဲ႕ ရာျဖတ္ကို သြားရပါမယ္။ ရာျဖတ္ဆိုတာကေတာ့ ကာလတန္ဖိုး စိစစ္ေရးအဖြဲ႕ကို ေခၚတာပါ ။ ပန္းဆိုးတန္းလမ္း ေလာကနတ္ပထမထပ္မွာ ရန္ကုန္တိုင္းကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ရွိပါတယ္။ ျမိဳ႕နယ္ေတြကတစ္ဆင့္ တင္ရပါတယ္။ အခြန္ ၊ မီးသတ္ ၊ ရဲ ၊ ေထြအုပ္ ၊ စည္ပင္စသည္တို႕ ပါဝင္ပါတယ္။ ေရာင္းသူနဲ႕ ဝယ္သူတို႕က ဝန္ခံလက္မွတ္ေရးထိုးၾကရပါတယ္။ ခန္႕မွန္းေျခ (၁၀) ရက္ေလာက္ၾကာရင္ ရာျဖတ္တန္ဖိုးသိရပါတယ္။

ရာျဖတ္တန္ဖိုးကို သိျပီးရင္ ေျမဝယ္တဲ့သူေတြနဲ႕ သက္ဆိုင္တဲ့ ျမိဳ႕နယ္အခြန္ဦးစီးရုံးကို သြားရပါတယ္။

“ တိုင္ေဒသၾကီးကာလတန္ဖိုး စိစစ္ေရးက သတ္မွတ္တဲ့ တန္ဖိုးနဲ႕ပဲ တြက္ခ်က္ထမ္းေဆာင္ရပါတယ္ ”

“ အဲဒီၤေနရာမွာေတာ့ ေရာင္းသူေရာ ၊ ဝယ္သူပါ အခြန္ထမ္းေဆာင္ဖို႕တြက္ခ်က္ေပးရမွာပါ ”

“ ဦးစြာ ေရာင္းသူက အျမတ္ခြန္အျဖစ္ ရာျဖတ္တန္ဖိုး၏ ၁၀ ရာခိုင္နႈန္းကို ေဆာင္ရမွာပါေလ။ သေဘာကေတာ့ တူေလးတို႕ က်ပ္သိန္း ၇၀၀ နဲ႕ ဝယ္ရင္ က်ပ္သိန္း ၇၀ ကို ေဆာင္ရမယ္ေလ။ အဲဒါေၾကာင့္လည္း ထမ္းေဆာင္ရမယ့္ အခြန္အခေတြကို အမ်ိဳးမ်ိဳးေရွာင္ရွားခ်င္တဲ့အတြက္ေရာင္းတဲ့သူက မေပးခ်င္ေတာ့ စာခ်ဳပ္မွတ္ပံုမတင္ၾကတာျဖစ္ပါတယ္”

“ ကဲ အခုက႑ကေတာ့ တူေလးတို႕ က႑ျဖစ္တဲ့ ဝယ္သူက ေဆာင္ရမယ့္ အခြန္ျဖစ္ပါတယ္။ အဲဒါကေတာ့ ပထမဦးဆံုး မွတ္ပံုတင္ေၾကးအျဖစ္ ရာျဖတ္တန္ဖိုး၏ ၀.၂ ရာခိုင္ႏႈန္း ကိုေပးရပါမယ္”

“ အဲဒီေနာက္ တံဆိပ္ေခါင္းခြန္အျဖစ္ရာျဖတ္တန္ဖိုး၏ ၅ ရာခုိင္ႏႈန္းကိုေဆာင္ရမွာပါ။ ဒါကလည္း တူေလးတို႕က က်ပ္သိန္း ၇၀၀ နဲ႕ဝယ္တဲ့အတြက္ အဲဒီသိန္း ၇၀၀ အျပင္၊ ၅ ရာခိုင္ႏႈန္းျဖစ္တဲ့ က်ပ္သိန္း ၃၅ သိန္းကို သပ္သပ္တံဆိပ္ေခါင္းခြန္ေပးရမွာပါ ။မျပီးေသးဘူးေနာ္။ ဝယ္သူဟာ ဝင္ေငြရလမ္းမတင္ျပႏိုင္သည့္တန္ဖိုး ၁၅ ရာခိုင္ႏႈန္းကိုေဆာင္ရပါဦးမယ္၊ ဒါကလည္း မျပႏိုင္တဲ့ တန္ဖိုးဟာက်ပ္သိန္း ၃၀၀ ထက္ေက်ာ္ရင္ ၂၀ ရာခိုင္ႏႈန္း ေဆာင္ရမယ္ ၊ က်ပ္သိန္း ၁၀၀၀ ထက္ေက်ာ္ရင္ ၃၀ ရာခိုင္ႏႈန္းေဆာင္ရမယ္။အဲဒီေလာက္ပဲ မွတ္ထားလိုက္ပါ ”

“ ေနာက္အဲဒီၤအခြန္ေတာ္ေတြကို အခြန္ရုံးက သတ္မွတ္ရည္ညြန္းတဲ့ ဘဏ္မွာသြားသြင္းေပးရမွာပါ ဘဏ္မွာ အခြန္ေတာ္ေဆာင္ျပီးရင္ သက္ဆိုင္ရာ အခြန္ဦးစီးရုံးက ထုတ္ေပးလိုက္တဲ့ (၁) အခြန္ေတာ္တံဆိပ္ေခါင္းေတြရယ္ ၊ (၂) စာခ်ဳပ္စာတမ္းမူရင္း ၊ ဂရန္မူရင္းနဲ႕ မိတၱဴေတြရယ္ ၊ (၃) ေရာင္းသူ၊ ဝယ္သူ ၊ သက္ေသ (၂)ဦးနဲ႕ ၄င္းတုိ႕ရဲ႕ မွတ္ပံုတင္မူရင္းေတြနဲ႕ မိတၱဳေတြကို ကိုင္ျပီး “ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးကို သြားရပါမယ္ ”

“ အဲဒီမွာ လူစံု ၊ စာခ်ဳပ္စံု ၊ ပံုစံ ျဖည့္ျပီး “ လက္ေထာက္မွွတ္ပံုတင္ ဦးစီးမွဴး ” နဲ႕ ေတြ႕ ၊ သူက လက္ခံရင္ ၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္မွဴးေရွ႕မွာ လက္မွတ္ထိုး လက္ေဗြနွိပ္ရပါမယ္။ ျပီးရင္ယာယီနံပါတ္ျဖတ္ပိုင္းေပးလိုက္မယ္။ ေနာက္ (၁၀)ရက္ၾကာရင္ မွတ္ပံုတင္စာခ်ဳပ္ရပါျပီ။

Credit: ၾကယ္နီေလး (တရားလႊတ္ေတာ္ေရွ႕ေန)

### Unicode Version ###

ကျွန်တော်၏ နေအိမ်သို့ဖုန်းဆက်ပြီးနောက်ရောက်လာသည့် ကျွန်တော့်ဇနီးသည်၏ တူမစုံတွဲအား မြေညီထပ် ကားပါကင်မှပင် စောင့်နေပြီး ရောက်လာကြသည်နှင့် မျက်နှာချင်းဆိုင်ရှိပါရမီ စိန်ဂေဟာ ရှော့ပင်းမောမှ လေးထပ်တွင်ဖွင့်လှစ်ထားသော ဒင်းဆန်းနှင့် စားဖွယ်စုံဆိုင်သို့ ခေါ်သွားခဲ့ပါသည်။

ဆိုင်မှာကျယ်ဝန်း၍ စားပွဲခုံ (၁၀) ဝိုင်းခန့်ကို တည်ခင်းထားသဖြင့် အတွင်းပိုင်ရှိထောင့်ကျကျ စားပွဲကိုပင် ရွေးချယ်ပြီးမှာကြားကာ စားသောက်ရင်း စကားပြောဖြစ်ပါသည်။

ကျွန်တော်က “ ကဲ ရန်လင်းရေ ၊ တိုင်ပင်ချင်တယ်ဆိုလို့ ဘာကိစ္စများလဲ ၊ သိပါရစေကွာ ” ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်မှ ကိုရန်လင်းအောင်က “ ဒီလိုပါ အန်ကယ် ကျွန်တော်လည်း သင်္ဘောပြန်တက်တော့မှာဆိုတော့ မတက်သေးခင် ကျွန်တော်တို့ လင်မယားပိုင်ဆိုင်တဲ့ အငှါးတက္ကစီကားကို ဈေးကောင်းရလို့ ရောင်းလိုက်ပါတယ်။ရောင်းပြီးမှ ကားဈေးတွေတက်နေပြီ စိတ်ပျက်တဲ့အတွက် ကားပြန်မဝယ်တော့ဘဲ ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ်ဖက်တွေမှာ ခြံဝန်းနှင့်အိမ်လေး ဝယ်ထားမလားလို့ပါ။ အန်ကယ့်တူမကလည်း သဘောကျတယ်လေ။ သူမက အိမ်ဝယ်ပြီးတော့ အိမ်ငှါးတင်ထားမလိုတဲ့ လစဉ်ဝင်ငွေလည်းရပြီး ၊ မော်တော်ကားလို ပြင်ဆင်စရိတ်မကုန်တော့ဘဲ စိတ်ချမ်းသာမယ်လို့ ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော့်သူငယ်ချင်းတွေထဲက အိမ်ဝယ်ထားတဲ့သူတွေကို မေးကြည့်တော့ ပြဿနာမျိုးစုံ ကြားလာရပါတယ် ”

“ တချို့ကလည်း ဝယ်ထားပြီးမှ ပေါင်နှံထားတဲ့ အိမ်ဖြစ်နေတာတို့ ၊ အမွေဆိုင်မို့ အသိမပေးဘဲ ရောင်းထားလို့ တရားစွဲတာတို့ ဂရန်အတုဖြစ်နေတာတို့ ပိုင်ရှင်က သေသွားတဲ့အတွက် လွှဲအပ်ထားတဲ့ ကိုယ်စားလှယ်လွှဲစာက အသုံးမဝင်တော့တာတို့ အရပ်ကတိစာချုပ်နဲ့ ဝယ်ထားမိပြီး အခြားဝယ်သူတစ်ဦးက မှတ်ပုံတင်စာချုပ်နဲ့လာပြီး ကန့်ကွက်လို့ဆုံးရှုံးူသွားရတာတို့ စသဖြင့် ပြဿနာတွေကို ကြားနေရပါတယ် ”

“ဒါနဲ့ပဲ အန်ကယ့် တူမက အန်ကယ့်ဆီသွားပြီး အခြေအနေတွေကို မေးမြန်းတိုင်ပင်ပြီး မှ အိမ်ဝယ်ကြရအောင်ဆိုလို့ လာခဲ့တာပါခင်ဗျာ ”

“ သေချာအောင်တော့ ဂရန်မြေကွက်ကို ဝယ်မှာပါ။ကြည့်ထားတာကလည်း သုံးနေရာလောက်ရှိပါတယ်။ ကားရောင်းထားတဲ့ ငွေနဲ့ကျွန်တော်စုထားတဲ့ ငွေတွေပေါင်းရင် သိန်း ၁၀၀၀ အောက်ကို ဝယ်နိုင်မှာပါ။ဝယ်ဖို့ ရွေးချယ်နေတုန်း စဉ်းစားမိတာက ဒီအတိုင်း အရပ်ကတိစာချုပ်နဲ့ကောမရဘူးလား ၊ စာချုပ်ရုံးမှာ မှတ်ပုံမတင်လို့ မရဘူးလားဆိုတာ သိချင်တာက အဓိကပါခင်ဗျာ ” ဟု အားကိုးသံဖြင့် ပြောလာပါသည်။

ထိုအခါ ကျွန်တော်က “ ရန်လင်းရယ် ၊ တူလေးတို့လည်း ခေတ်ပညာတတ်တွေဖြစ်နေပြီးတော့ ဂရန်အမည်ပေါက် မြေကွက်နဲ့ အိမ်ဝယ်တာတောင် အရပ်ကတိစာချုပ်ပဲ လုပ်ထားချင်တယ်လို့ကွာ သေချာတာက တရားရုံးမှာ မှတ်ပုံတင်မှ ပိုင်ဆိုင်မှု ခိုင်မြဲမှာပေါ့။ ပြန်ရောင်းရင်ပဲ ဖြစ်ဖြစ် ၊ အိမ်ငှါးထားရင်ပဲဖြစ်ဖြစ် ကိုယ်ကအိမ်ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်းက တရားဝင်မှာလေ။နောက်ပြီး တူလေးသူငယ်ချင်းတွေပြောပြောနေတဲ့ ပြဿနာတွေကလည်း လုံးဝကင်းကင်းရှင်းနိုင်မယ့်နည်းလမ်းက စာချုပ်မှတ်ပုံတင်တာပဲ ရှိလို့ပါကွယ် ”

“ နောက်ပြီး စာချုပ်ရုံးမှာ မှတ်ပုံတင်တဲ့ ကိစ္စကလည်း ခက်ခဲတဲ့ ပြဿနာမဟုတ်ဘူး။ ရန်လင်းရာ ။ အင်မတန်း ရိုးရှင်းပြီး အင်မတန်လွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ အန်ကယ်တောင်လိုက်စရာမလိုဘူး။ တူလေးတို့ လင်မယားပဲ ဆောင်ရွက်လို့ရတယ် ”

“ အန်ကယ်ပြောချင်တာက အမည်ပေါက်ဂရန်ပါတဲ့ အိမ်မြေကို ဝယ်တာလည်း အားပေးသလို စာချုပ်ရုံးကိုသွားပြီး မှတ်ပုံတင်ဖို့ကိုလည်း တိုက်တွန်းပါရစေ ”

“ ဘာဖြစ်လို့လဲဆိုတော့ မြေဝယ်သူတိုင်းရောင်းသူတိုင်း မရောက်မဖြစ်သွားရမယ့် ရုံးကတော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးပဲဖြစ်နေလို့ပါ ။ပိုင်ဆိုင်မှုအတွက် အိမ်ခြံမြေရောင်းဝယ်လွှဲပြောင်းတဲ့ကိစ္စမှာ ခိုင်မာဖို့ အားပြုနိုင်တဲ့ ရုံးကြီးတစ်ရုံးလို့ ပြောရင်မှန်ပါတယ် ” ဟု ပြောလိုက်မှ ကျွန်တော်၏ တူမဖြစ်သူက “ ဒါဖြင့်ရင်လည်း သမီးတို့က ဘယ်ကိုသွားရပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြဦးလေ အန်ကယ် ” ဟု အားတက်သရော ပြောဆိုပါသည်။

ထို့ကြောင့် ကျွန်တော်က “ သမီးတို့ သွားရမယ့်နေရာကတော့ ငါးနေရာရှိပါတယ် ” (၁) မြို့တော်စည်ပင်ရယ် ၊ (၂) ရာဖြတ်လို့ ခေါ်တဲ့ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ရုံးရယ် (၃) မြို့နယ် အခွန်ဦးစီးရုံးဆိုပြီး (၄) ငွေသွင်းမယ့် ဘဏ်ရယ် ၊ (၅) စာချုပ်စာတမ်းမှတ်ပုံတင်ရုံးရယ်ဆိုပြီး ငါးနေရာလောက်သွားရပါတယ် ” “ ဒါကလည်း တစ်ချိန်တည်းသွားရမှာ မဟုတ်ပါဘူး ၊ တစ်ဆင့်ပြီးတစ်ဆင့်ကို ဆောင်ရွက်နေတဲ့ အချိန်တွေကို စောင့်ပြီးမှ နောက်တစ်နေရာကို သွားရမှာ ဖြစ်လို့ ၊ အေးအေးဆေးဆေးလည်း ဆောင်ရွက်လို့ရပါတယ် ”

“ ကဲဒါဆိုရင် တူလေးတို့ လင်မယားနှစ်ယောက်လုံးမှတ်ထားကြဖို့ အန်ကယ်ပြောပြပါမယ် ၊ လိုအပ်ရင်တော့ စာအုပ်နဲ့ ဖြစ်ဖြစ် ဟမ်းဖုန်းထဲမှာဖြစ်ဖြစ် ရေးမှတ်ထားလိုက်ပါ ”

“ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကြီးကိုသွားပြီး အိမ်ခြံမြေစာချုပ်ချုပ်မယ်ဆိုရင် ပထမဦးဆုံး “ မြေပုံ မြေရာဇဝင် ” လို့ခေါ်တဲ့ မြေစာရင်းပုံစံ (၁၀၅) နဲ့ ပုံစံ (၁၀၆) ကို မြေရောင်းသူက “ မြို့တော်စည်ပင် ” မှာ လျှောက်ထားပြီး ထုတ်ပေးဖို့ တာဝန်ရှိပါတယ် ”။

“ အကယ်၍ မြေရောင်းသူ ၊ ဂရန်မှာ အမည်ပေါက်သူကိုယ်တိုင်က စာချုပ်ရုံးမှာ တရားဝင်လုပ်ပေးတဲ့ အထူးကိုယ်စားလှယ်လွှဲစာပေးမယ်ဆိုရင်တော့ မိမိတို့ ဝယ်သူဘက်က သွားထုတ်လို့ရပါတယ် ”

“ ဒီအတွက်က အချိန်နှစ်ပတ်လောက်ပေးရပါတယ် ”

“ အရောင်းအဝယ်ပြုလုပ်ရန်အတွက်ပုံစံ (၁၀၅) မှာ ရေးသားပြီး ထုတ်ပေးလိုက်တဲ့မြေပုံရာဇဝင်နဲ့ ရာဖြတ်ကို သွားရပါမယ်။ ရာဖြတ်ဆိုတာကတော့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ကို ခေါ်တာပါ ။ ပန်းဆိုးတန်းလမ်း လောကနတ်ပထမထပ်မှာ ရန်ကုန်တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့ရှိပါတယ်။ မြို့နယ်တွေကတစ်ဆင့် တင်ရပါတယ်။ အခွန် ၊ မီးသတ် ၊ ရဲ ၊ ထွေအုပ် ၊ စည်ပင်စသည်တို့ ပါဝင်ပါတယ်။ ရောင်းသူနဲ့ ဝယ်သူတို့က ဝန်ခံလက်မှတ်ရေးထိုးကြရပါတယ်။ ခန့်မှန်းခြေ (၁၀) ရက်လောက်ကြာရင် ရာဖြတ်တန်ဖိုးသိရပါတယ်။

ရာဖြတ်တန်ဖိုးကို သိပြီးရင် မြေဝယ်တဲ့သူတွေနဲ့ သက်ဆိုင်တဲ့ မြို့နယ်အခွန်ဦးစီးရုံးကို သွားရပါတယ်။

“ တိုင်ဒေသကြီးကာလတန်ဖိုး စိစစ်ရေးက သတ်မှတ်တဲ့ တန်ဖိုးနဲ့ပဲ တွက်ချက်ထမ်းဆောင်ရပါတယ် ”

“ အဲဒီၤနေရာမှာတော့ ရောင်းသူရော ၊ ဝယ်သူပါ အခွန်ထမ်းဆောင်ဖို့တွက်ချက်ပေးရမှာပါ ”

“ ဦးစွာ ရောင်းသူက အမြတ်ခွန်အဖြစ် ရာဖြတ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ဆောင်ရမှာပါလေ။ သဘောကတော့ တူလေးတို့ ကျပ်သိန်း ၇၀၀ နဲ့ ဝယ်ရင် ကျပ်သိန်း ၇၀ ကို ဆောင်ရမယ်လေ။ အဲဒါကြောင့်လည်း ထမ်းဆောင်ရမယ့် အခွန်အခတွေကို အမျိုးမျိုးရှောင်ရှားချင်တဲ့အတွက်ရောင်းတဲ့သူက မပေးချင်တော့ စာချုပ်မှတ်ပုံမတင်ကြတာဖြစ်ပါတယ်”

“ ကဲ အခုကဏ္ဍကတော့ တူလေးတို့ ကဏ္ဍဖြစ်တဲ့ ဝယ်သူက ဆောင်ရမယ့် အခွန်ဖြစ်ပါတယ်။ အဲဒါကတော့ ပထမဦးဆုံး မှတ်ပုံတင်ကြေးအဖြစ် ရာဖြတ်တန်ဖိုး၏ ဝ.၂ ရာခိုင်နှုန်း ကိုပေးရပါမယ်”

“ အဲဒီနောက် တံဆိပ်ခေါင်းခွန်အဖြစ်ရာဖြတ်တန်ဖိုး၏ ၅ ရာခိုင်နှုန်းကိုဆောင်ရမှာပါ။ ဒါကလည်း တူလေးတို့က ကျပ်သိန်း ၇၀၀ နဲ့ဝယ်တဲ့အတွက် အဲဒီသိန်း ၇၀၀ အပြင်၊ ၅ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၃၅ သိန်းကို သပ်သပ်တံဆိပ်ခေါင်းခွန်ပေးရမှာပါ ။မပြီးသေးဘူးနော်။ ဝယ်သူဟာ ဝင်ငွေရလမ်းမတင်ပြနိုင်သည့်တန်ဖိုး ၁၅ ရာခိုင်နှုန်းကိုဆောင်ရပါဦးမယ်၊ ဒါကလည်း မပြနိုင်တဲ့ တန်ဖိုးဟာကျပ်သိန်း ၃၀၀ ထက်ကျော်ရင် ၂၀ ရာခိုင်နှုန်း ဆောင်ရမယ် ၊ ကျပ်သိန်း ၁၀၀၀ ထက်ကျော်ရင် ၃၀ ရာခိုင်နှုန်းဆောင်ရမယ်။အဲဒီလောက်ပဲ မှတ်ထားလိုက်ပါ ”

“ နောက်အဲဒီၤအခွန်တော်တွေကို အခွန်ရုံးက သတ်မှတ်ရည်ညွန်းတဲ့ ဘဏ်မှာသွားသွင်းပေးရမှာပါ ဘဏ်မှာ အခွန်တော်ဆောင်ပြီးရင် သက်ဆိုင်ရာ အခွန်ဦးစီးရုံးက ထုတ်ပေးလိုက်တဲ့ (၁) အခွန်တော်တံဆိပ်ခေါင်းတွေရယ် ၊ (၂) စာချုပ်စာတမ်းမူရင်း ၊ ဂရန်မူရင်းနဲ့ မိတ္တူတွေရယ် ၊ (၃) ရောင်းသူ၊ ဝယ်သူ ၊ သက်သေ (၂)ဦးနဲ့ ၎င်းတို့ရဲ့ မှတ်ပုံတင်မူရင်းတွေနဲ့ မိတ္တုတွေကို ကိုင်ပြီး “ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို သွားရပါမယ် ”

“ အဲဒီမှာ လူစုံ ၊ စာချုပ်စုံ ၊ ပုံစံ ဖြည့်ပြီး “ လက်ထောက်မှတ်ပုံတင် ဦးစီးမှူး ” နဲ့ တွေ့ ၊ သူက လက်ခံရင် ၊ စာချုပ်စာတမ်းမှတ်ပုံတင်မှူးရှေ့မှာ လက်မှတ်ထိုး လက်ဗွေနှိပ်ရပါမယ်။ ပြီးရင်ယာယီနံပါတ်ဖြတ်ပိုင်းပေးလိုက်မယ်။ နောက် (၁၀)ရက်ကြာရင် မှတ်ပုံတင်စာချုပ်ရပါပြီ။

Credit: ကြယ်နီလေး (တရားလွှတ်တော်ရှေ့နေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service