အိမ္ေျမပိုင္ဆုိင္မႈကို က်မ္းက်ိန္လႊာျဖင့္ လႊဲေျပာင္းခြင့္ မရွိျခင္း

အိမ္ေျမပိုင္ဆုိင္မႈကို က်မ္းက်ိန္လႊာျဖင့္ လႊဲေျပာင္းခြင့္ မရွိျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
1 Oct 2019 12:57 pm တွင် တင်ခဲ့သည်
1832 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

''အခက္အခဲရွိတုိင္း သူငယ္ခ်င္းဆီ မၾကာခဏလာၿပီး အပူကပ္သလုိ ျဖစ္ေနတယ္''

မိတ္ေဆြ တစ္ဦးက စာေရးသူ၏ ႐ုံးခန္းသုိ႔ ေရာက္ရွိလာၿပီး စကားပလႅင္ခံလုိက္ျခင္းျဖစ္သည္။

''ရပါတယ္ သူငယ္ခ်င္း၊ ျပႆနာမရွိပါဘူး။ အခုဘာအခက္အခဲေတြ႔ေနျပန္ၿပီလဲ''

စာေရးသူက ေမးခြန္းထုတ္လုိက္ျခင္းျဖစ္သည္။

''ဇနီးသည္ဘက္မွ ေဆြမ်ဳိးတစ္ဦးက ေျမနဲ႔အိမ္ကို ဝယ္ဖုိ႔ သြားစုံစမ္းေတာ့ ေျမပုိင္ရွင္ညီမ ႏွစ္ေယာက္မွာ အစ္မျဖစ္သူက သူမကြယ္လြန္မီမွာသူ႔ရဲ႕ ေဝစုကို ပူးတြဲ ပုိင္ရွင္ညီမထံ က်မ္းက်ိန္လႊာနဲ႔ စြန္႔လႊတ္စာခ်ဳပ္ ျပဳလုပ္ေပးခဲ့တယ္''

''ေနပါဦး သူငယ္ခ်င္းရဲ႕ ေျပာစကားအရ စြန္႔လႊတ္ေၾကာင္း က်မ္းက်ိန္လႊာနဲ႔ စြန္႔လႊတ္စာခ်ဳပ္ႏွစ္မ်ဳိး ရွိတယ္ေပါ့''

စာေရးသူက မိတ္ေဆြ၏ စကားမဆုံးမီမွာျဖတ္၍ ေမးလုိက္ျခင္းျဖစ္သည္။

''ႏွစ္မ်ဳိးရွိတဲ့ သေဘာေတာ့ မဟုတ္ဘူး။ စြန္႔လႊတ္ေၾကာင္း က်မ္းက်ိန္လႊာလုိ႔ပဲ ေျပာတယ္''

''ဒါဆုိရင္ မွတ္ပုံတင္ စြန္႔လႊတ္စာခ်ဳပ္မျပဳလုပ္မီမွာ အစ္မျဖစ္သူက ကြယ္လြန္သြားတဲ့သေဘာျဖစ္မယ္''

''ဒီလုိလည္း မဟုတ္ဘူး''

''သူငယ္ခ်င္းကိစၥက ႐ႈပ္သြားၿပီ''

''သူတုိ႔ ေျပာတာေတာ့ စြန္႔လႊတ္ေၾကာင္း က်မ္းက်ိန္လႊာကို မွတ္ပုံတင္ထားတယ္လုိ႔ ေျပာတယ္၊ အဲဒါ မိမိကိုယ္တုိင္လည္းမရွင္းလုိ႔ သူငယ္ခ်င္းဆီလာေမးတာပဲ''

''ရွင္းပါတယ္။ စြန္႔လႊတ္ေၾကာင္း မွတ္ပုံတင္ထားတဲ့ က်မ္းက်ိန္လႊာပဲရွိတာေပါ့''

''အဲဒီ စြန္႔လႊတ္ေၾကာင္း မွတ္ပုံတင္ က်မ္းက်ိန္လႊာက တရားဝင္ ျဖစ္မျဖစ္ သိခ်င္လုိ႔''

''ေမာင္ႏွမေမြးခ်င္းမွာ ေျမကြက္အမည္ေပါက္ႏွစ္ဦးတည္းသာ ရွိမယ္ဆုိရင္ေတာ့ စြန္႔လႊတ္စာခ်ဳပ္ကိုလုပ္ဖုိ႔ မလုိပါဘူး''

''ေအး ဟုတ္ၿပီ၊ သူငယ္ခ်င္း ေျပာမွ သေဘာေပါက္လာတယ္၊ အခု အငယ္ဆုံးေမာင္ျဖစ္သူက ကန္႔ကြက္ထားတယ္လုိ႔ ေျပာတယ္။ အဲဒါဘယ္လုိ အေျခအေနမ်ဳိးျဖစ္လာႏုိင္သလဲလုိ႔''

''အငယ္ဆုံးေမာင္ဆုိရင္ေတာ့ အစ္မႀကီးရဲ႕ အေမြကုိခံစားခြင့္ ရႏုိင္တာေပါ့''

''နားမလည္လုိ႔ ရွင္းျပပါအုံး သူငယ္ခ်င္း''

''ဒီလုိကြာ၊ အခုကိစၥက ေမာင္ႏွမ သုံးဦးရွိမယ္။ အစ္မႏွစ္ေယာက္ရဲ႕ အမည္နဲ႔ ေျမကြက္အမည္ေပါက္ေနတယ္။ အေဆာက္အအုံလည္းရွိမယ္။ အဲဒါနဲ႔ ကြယ္လြန္သြားတဲ့ အစ္မႀကီးက ခင္ပြန္းသားသမီးမရွိဘူးလား''

''ကြယ္လြန္သြားတဲ့ အစ္မႀကီးက အပ်ဳိႀကီးလုိ႔ ေျပာတယ္၊ ညီမ ျဖစ္သူကေတာ့ အိမ္ေထာင္ရွိတယ္''

''ဒါေၾကာင့္ အစ္မျဖစ္သူက သူ႔ေဝစုကို ညီမျဖစ္သူထံေပးသြားခ်င္တာျဖစ္မွာေပါ့၊ ေမာင္ျဖစ္သူက အိမ္ေထာင္ရွိလား''

''ေမာင္ျဖစ္သူကလည္း အိမ္ေထာင္ရွိတယ္၊ သူနဲ႔လက္ထပ္တဲ့ မိန္းကေလးကို မိဘေတြကမေက်နပ္လုိ႔ အခုေျမနဲ႔အိမ္ကို ညီမႏွစ္ေယာက္အမည္နဲ႔ ေပးခဲ့တယ္လုိ႔ ေျပာတယ္''

''ဟုတ္ၿပီ၊ သူငယ္ခ်င္းရဲ႕ ေျပာစကားအရဆုိရင္ မွတ္ပုံတင္ျပဳလုပ္ထားတဲ့ စြန္႔လႊတ္ေပးကမ္းခဲ့ေၾကာင္း က်မ္းက်ိန္လႊာဟာ ဥပေဒအရ တရားဝင္ျခင္းရွိ၊ မရွိဆုိတဲ့ ျပႆနာ ျဖစ္ေနတာပဲ မဟုတ္လား''

''ေအး ဟုတ္တယ္၊ ဥပေဒ အရ တရားဝင္ၿပီး ညီမျဖစ္သူ တစ္ဦးတည္းပုိင္ျဖစ္ႏုိင္ မျဖစ္ႏုိင္သိခ်င္လုိ႔ပဲ သူငယ္ခ်င္း''

''ေမတၱာနဲ႔ ေပးကမ္းတာပဲ ျဖစ္ျဖစ္၊ ပူးတြဲပိုင္ရွင္က မိမိပုိင္ေဝစုကို အျခားပူးတြဲ ပိုင္ရွင္တစ္ဦးထံ စြန္႔လႊတ္ေပးကမ္းတာပဲျဖစ္ျဖစ္၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ ဥပေဒအရ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိရမွာျဖစ္တယ္။ မွတ္ပုံတင္စာခ်ဳပ္ဟာ က်မ္းက်ိန္လႊာနဲ႔ မတူဘူး။ လက္ခံသူက တရားဝင္ပုိင္ဆုိင္ခြင့္ရမွာျဖစ္တယ္။ က်မ္းက်ိန္လႊာကေတာ့ စာခ်ဳပ္ မဟုတ္တဲ့အတြက္၊ က်မ္းက်ိန္လႊာအရ ပစၥည္းလႊဲေျပာင္းလက္ခံသူမွာ ပုိင္ဆုိင္ခြင့္ရမွာမဟုတ္ဘူး''

''သူငယ္ခ်င္းေျပာစကား အရဆုိရင္ အစ္မျဖစ္သူရဲ႕ ပိုင္ဆုိင္မႈဟာ ညီမဆီေရာက္ရွိပိုင္ဆုိင္ျခင္း မရွိဘူးဆုိတဲ့ သေဘာေပါ့''

''မွန္ပါတယ္။ က်မ္းက်ိန္လႊာအရ ပိုင္ဆုိင္ခြင့္မရွိတဲ့အတြက္ အပ်ဳိႀကီးျဖစ္တဲ့ အစ္မႀကီးရဲ႕ ေဝစုကို ေမာင္အငယ္ကလည္း ရခြင့္ရွိသြားမွာ ျဖစ္တယ္''

''ကြယ္လြန္သူရဲ႕ အစ္ကိုႀကီးရွိမယ္ဆုိရင္ သူလည္းရႏုိင္တယ္ေပါ့''

''ျမန္မာဗုဒၶဘာသာဝင္ဆုိ ရင္ ျမန္မာ့ ဓေလ့ထုံးတမ္းဥပေဒအရ အေမြဟာ ေအာက္ကိုပဲစုန္တယ္။ ေအာက္ကုိ စုန္ရမယ့္ လူမရွိမွ အထက္ကို ျပန္ဆန္ေလ့ရွိတယ္''

''ဒါဆုိ အစ္ကိုႀကီးျဖစ္သူက မရႏုိင္ဘူးေပါ့''

''မွန္ပါတယ္။ အစ္မႀကီးကလည္း အပ်ဳိႀကီးျဖစ္ေနလုိ႔။ အကယ္၍မ်ား ခင္ပြန္း၊ သားသမီး က်န္ခဲ့ရင္ သူရဲ႕လင္ေယာက်္ားက အေမြဆက္ခံခြင့္ရမွာ ျဖစ္တယ္''

''သူငယ္ခ်င္းရဲ႕ ေဆြးေႏြးခ်က္ အရဆုိရင္ က်မ္းက်ိန္လႊာမွာ မွတ္ပုံတင္ထားသည္ျဖစ္ေစ၊ မွတ္ပုံမတင္ပဲထားသည္ျဖစ္ေစ၊ စြန္႔လႊတ္ေၾကာင္း က်န္းက်ိန္လႊာဟာ တရား မဝင္တဲ့သေဘာ ျဖစ္ေနတာေပါ့''

"ခင္ေမာင္လတ္ပါ ေလးဦးႏွင့္ ေဒၚခင္ခင္လွ ၂ဝ၁၃ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၁၂ စီရင္ထုံးမွာ က်မ္းက်ိန္လႊာသည္ သက္ေသခံဥပေဒပုဒ္မ ၃ တြင္ ဖြင့္ဆုိထားသည့္ သက္ေသအေထာက္အထားဆုိသည့္ စကားရပ္တြင္ အက်ဳံးမဝင္သျဖင့္ သက္ေသခံအေထာက္အထားအျဖစ္ လက္ခံႏုိင္မည္ မဟုတ္ေပ။

ယခုအမႈတြင္ ေဒၚခင္သန္းက အခ်င္းျဖစ္ေျမကြက္မွ ပူးတြဲပိုင္ရွင္ ေဒၚခင္ခင္လွထံ ၄င္းပုိင္ဆုိင္သည့္ အစုကို စြန္႔လႊတ္ေပးအပ္ခဲ့ေၾကာင္း စာခ်ဳပ္ စာတမ္းမွတ္ပုံတင္႐ုံး၌ က်မ္းက်ိန္လႊာျပဳလုပ္ခ ဲ့ေသာ္လည္း စြန္႔လႊတ္ရာမေရာက္၊ စြန္႔လႊတ္မႈသည္ အထမေျမာက္ဟု ဆုံးျဖတ္ထားပါတယ္''

''ဒါဆုိ ေသခ်ာစိစစ္ၾကည့္ဖုိ႔ လုိၿပီေပါ့''

''ဟုတ္ပါတယ္၊ ေပးကမ္းတာ ပဲျဖစ္ျဖစ္၊ စြန္႔လႊတ္တာပဲျဖစ္ျဖစ္ မေရႊ႕မေျပာင္းႏုိင္တဲ့ ပစၥည္းအိမ္၊ ေျမတုိ႔ ျဖစ္ရင္ေတာ့ က်မ္းက်ိန္လႊာဟာ ခုိင္မာမႈ မရွိတဲ့အတြက္ မွတ္ပုံတင္ စာခ်ဳပ္႐ုံးမွာလုိအပ္တဲ့တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ၿပီး စြန္႔လႊတ္စာခ်ဳပ္၊ ပိုင္ဆုိင္ေၾကာင္းစာခ်ဳပ္ေတြခ်ဳပ္ဆုိမွ တရားဝင္ပုိင္ဆုိင္မွာျဖစ္လုိ႔ အထူးသတိျပဳ ဝယ္သင့္တယ္ သူငယ္ခ်င္း''ဟု ေဆြးေႏြးအႀကံျပဳလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit - Zaygwet Journal ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

''အခက်အခဲရှိတိုင်း သူငယ်ချင်းဆီ မကြာခဏလာပြီး အပူကပ်သလို ဖြစ်နေတယ်''

မိတ်ဆွေ တစ်ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး စကားပလ္လင်ခံလိုက်ခြင်းဖြစ်သည်။

''ရပါတယ် သူငယ်ချင်း၊ ပြဿနာမရှိပါဘူး။ အခုဘာအခက်အခဲတွေ့နေပြန်ပြီလဲ''

စာရေးသူက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

''ဇနီးသည်ဘက်မှ ဆွေမျိုးတစ်ဦးက မြေနဲ့အိမ်ကို ဝယ်ဖို့ သွားစုံစမ်းတော့ မြေပိုင်ရှင်ညီမ နှစ်ယောက်မှာ အစ်မဖြစ်သူက သူမကွယ်လွန်မီမှာသူ့ရဲ့ ဝေစုကို ပူးတွဲ ပိုင်ရှင်ညီမထံ ကျမ်းကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ် ပြုလုပ်ပေးခဲ့တယ်''

''နေပါဦး သူငယ်ချင်းရဲ့ ပြောစကားအရ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ်နှစ်မျိုး ရှိတယ်ပေါ့''

စာရေးသူက မိတ်ဆွေ၏ စကားမဆုံးမီမှာဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။

''နှစ်မျိုးရှိတဲ့ သဘောတော့ မဟုတ်ဘူး။ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာလို့ပဲ ပြောတယ်''

''ဒါဆိုရင် မှတ်ပုံတင် စွန့်လွှတ်စာချုပ်မပြုလုပ်မီမှာ အစ်မဖြစ်သူက ကွယ်လွန်သွားတဲ့သဘောဖြစ်မယ်''

''ဒီလိုလည်း မဟုတ်ဘူး''

''သူငယ်ချင်းကိစ္စက ရှုပ်သွားပြီ''

''သူတို့ ပြောတာတော့ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာကို မှတ်ပုံတင်ထားတယ်လို့ ပြောတယ်၊ အဲဒါ မိမိကိုယ်တိုင်လည်းမရှင်းလို့ သူငယ်ချင်းဆီလာမေးတာပဲ''

''ရှင်းပါတယ်။ စွန့်လွှတ်ကြောင်း မှတ်ပုံတင်ထားတဲ့ ကျမ်းကျိန်လွှာပဲရှိတာပေါ့''

''အဲဒီ စွန့်လွှတ်ကြောင်း မှတ်ပုံတင် ကျမ်းကျိန်လွှာက တရားဝင် ဖြစ်မဖြစ် သိချင်လို့''

''မောင်နှမမွေးချင်းမှာ မြေကွက်အမည်ပေါက်နှစ်ဦးတည်းသာ ရှိမယ်ဆိုရင်တော့ စွန့်လွှတ်စာချုပ်ကိုလုပ်ဖို့ မလိုပါဘူး''

''အေး ဟုတ်ပြီ၊ သူငယ်ချင်း ပြောမှ သဘောပေါက်လာတယ်၊ အခု အငယ်ဆုံးမောင်ဖြစ်သူက ကန့်ကွက်ထားတယ်လို့ ပြောတယ်။ အဲဒါဘယ်လို အခြေအနေမျိုးဖြစ်လာနိုင်သလဲလို့''

''အငယ်ဆုံးမောင်ဆိုရင်တော့ အစ်မကြီးရဲ့ အမွေကိုခံစားခွင့် ရနိုင်တာပေါ့''

''နားမလည်လို့ ရှင်းပြပါအုံး သူငယ်ချင်း''

''ဒီလိုကွာ၊ အခုကိစ္စက မောင်နှမ သုံးဦးရှိမယ်။ အစ်မနှစ်ယောက်ရဲ့ အမည်နဲ့ မြေကွက်အမည်ပေါက်နေတယ်။ အဆောက်အအုံလည်းရှိမယ်။ အဲဒါနဲ့ ကွယ်လွန်သွားတဲ့ အစ်မကြီးက ခင်ပွန်းသားသမီးမရှိဘူးလား''

''ကွယ်လွန်သွားတဲ့ အစ်မကြီးက အပျိုကြီးလို့ ပြောတယ်၊ ညီမ ဖြစ်သူကတော့ အိမ်ထောင်ရှိတယ်''

''ဒါကြောင့် အစ်မဖြစ်သူက သူ့ဝေစုကို ညီမဖြစ်သူထံပေးသွားချင်တာဖြစ်မှာပေါ့၊ မောင်ဖြစ်သူက အိမ်ထောင်ရှိလား''

''မောင်ဖြစ်သူကလည်း အိမ်ထောင်ရှိတယ်၊ သူနဲ့လက်ထပ်တဲ့ မိန်းကလေးကို မိဘတွေကမကျေနပ်လို့ အခုမြေနဲ့အိမ်ကို ညီမနှစ်ယောက်အမည်နဲ့ ပေးခဲ့တယ်လို့ ပြောတယ်''

''ဟုတ်ပြီ၊ သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် မှတ်ပုံတင်ပြုလုပ်ထားတဲ့ စွန့်လွှတ်ပေးကမ်းခဲ့ကြောင်း ကျမ်းကျိန်လွှာဟာ ဥပဒေအရ တရားဝင်ခြင်းရှိ၊ မရှိဆိုတဲ့ ပြဿနာ ဖြစ်နေတာပဲ မဟုတ်လား''

''အေး ဟုတ်တယ်၊ ဥပဒေ အရ တရားဝင်ပြီး ညီမဖြစ်သူ တစ်ဦးတည်းပိုင်ဖြစ်နိုင် မဖြစ်နိုင်သိချင်လို့ပဲ သူငယ်ချင်း''

''မေတ္တာနဲ့ ပေးကမ်းတာပဲ ဖြစ်ဖြစ်၊ ပူးတွဲပိုင်ရှင်က မိမိပိုင်ဝေစုကို အခြားပူးတွဲ ပိုင်ရှင်တစ်ဦးထံ စွန့်လွှတ်ပေးကမ်းတာပဲဖြစ်ဖြစ်၊ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်။ မှတ်ပုံတင်စာချုပ်ဟာ ကျမ်းကျိန်လွှာနဲ့ မတူဘူး။ လက်ခံသူက တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်။ ကျမ်းကျိန်လွှာကတော့ စာချုပ် မဟုတ်တဲ့အတွက်၊ ကျမ်းကျိန်လွှာအရ ပစ္စည်းလွှဲပြောင်းလက်ခံသူမှာ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး''

''သူငယ်ချင်းပြောစကား အရဆိုရင် အစ်မဖြစ်သူရဲ့ ပိုင်ဆိုင်မှုဟာ ညီမဆီရောက်ရှိပိုင်ဆိုင်ခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့''

''မှန်ပါတယ်။ ကျမ်းကျိန်လွှာအရ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက် အပျိုကြီးဖြစ်တဲ့ အစ်မကြီးရဲ့ ဝေစုကို မောင်အငယ်ကလည်း ရခွင့်ရှိသွားမှာ ဖြစ်တယ်''

''ကွယ်လွန်သူရဲ့ အစ်ကိုကြီးရှိမယ်ဆိုရင် သူလည်းရနိုင်တယ်ပေါ့''

''မြန်မာဗုဒ္ဓဘာသာဝင်ဆို ရင် မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ အမွေဟာ အောက်ကိုပဲစုန်တယ်။ အောက်ကို စုန်ရမယ့် လူမရှိမှ အထက်ကို ပြန်ဆန်လေ့ရှိတယ်''

''ဒါဆို အစ်ကိုကြီးဖြစ်သူက မရနိုင်ဘူးပေါ့''

''မှန်ပါတယ်။ အစ်မကြီးကလည်း အပျိုကြီးဖြစ်နေလို့။ အကယ်၍များ ခင်ပွန်း၊ သားသမီး ကျန်ခဲ့ရင် သူရဲ့လင်ယောကျ်ားက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်''

''သူငယ်ချင်းရဲ့ ဆွေးနွေးချက် အရဆိုရင် ကျမ်းကျိန်လွှာမှာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမတင်ပဲထားသည်ဖြစ်စေ၊ စွန့်လွှတ်ကြောင်း ကျန်းကျိန်လွှာဟာ တရား မဝင်တဲ့သဘော ဖြစ်နေတာပေါ့''

"ခင်မောင်လတ်ပါ လေးဦးနှင့် ဒေါ်ခင်ခင်လှ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၂ စီရင်ထုံးမှာ ကျမ်းကျိန်လွှာသည် သက်သေခံဥပဒေပုဒ်မ ၃ တွင် ဖွင့်ဆိုထားသည့် သက်သေအထောက်အထားဆိုသည့် စကားရပ်တွင် အကျုံးမဝင်သဖြင့် သက်သေခံအထောက်အထားအဖြစ် လက်ခံနိုင်မည် မဟုတ်ပေ။

ယခုအမှုတွင် ဒေါ်ခင်သန်းက အချင်းဖြစ်မြေကွက်မှ ပူးတွဲပိုင်ရှင် ဒေါ်ခင်ခင်လှထံ ၎င်းပိုင်ဆိုင်သည့် အစုကို စွန့်လွှတ်ပေးအပ်ခဲ့ကြောင်း စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ကျမ်းကျိန်လွှာပြုလုပ်ခ ဲ့သော်လည်း စွန့်လွှတ်ရာမရောက်၊ စွန့်လွှတ်မှုသည် အထမမြောက်ဟု ဆုံးဖြတ်ထားပါတယ်''

''ဒါဆို သေချာစိစစ်ကြည့်ဖို့ လိုပြီပေါ့''

''ဟုတ်ပါတယ်၊ ပေးကမ်းတာ ပဲဖြစ်ဖြစ်၊ စွန့်လွှတ်တာပဲဖြစ်ဖြစ် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းအိမ်၊ မြေတို့ ဖြစ်ရင်တော့ ကျမ်းကျိန်လွှာဟာ ခိုင်မာမှု မရှိတဲ့အတွက် မှတ်ပုံတင် စာချုပ်ရုံးမှာလိုအပ်တဲ့တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး စွန့်လွှတ်စာချုပ်၊ ပိုင်ဆိုင်ကြောင်းစာချုပ်တွေချုပ်ဆိုမှ တရားဝင်ပိုင်ဆိုင်မှာဖြစ်လို့ အထူးသတိပြု ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေးအကြံပြုလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit - Zaygwet Journal ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service