အိမ္ျခံေျမတစ္ကြက္ေက်ာ္ ေရာင္းဘူးဝယ္ဘူးမွ သိမယ္ေနာ္

အိမ္ျခံေျမတစ္ကြက္ေက်ာ္ ေရာင္းဘူးဝယ္ဘူးမွ သိမယ္ေနာ္ - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2019 11:03 am တွင် တင်ခဲ့သည်
1991 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

အိမ္ျခံေျမအက်ိဳးေဆာင္တစ္ဦးျဖစ္သူ ကိုလြင္မိုးေက်ာ္မွာ တစ္ျခားအက်ိဳးေဆာင္မ်ားနဲ႕မတူဘဲတစ္မူ ထူးျခားေသာ ပုဂၢိဳလ္တစ္ေယာက္ျဖစ္တာကို ေတြ႕ရတယ္။ သူ႔အက်ိဳးေဆာင္နည္းက ရပ္ကြက္ထဲလွည့္ၿပီး အိမ္ေရာင္းမည့္သူကို လိုက္ရွာေနတဲ့အက်ိဳးေဆာင္မ်ိဳးမဟုတ္ပါ။ သူ႔ပတ္၀န္းက်င္၊ သူ႔မိတ္ေဆြ၊ သူ႔အေပါင္းအသင္းမ်ားက ေျမကြက္လိုက္၀ယ္လို၍ျဖစ္ေစ၊ တိုက္ခန္း၀ယ္လို၍ျဖစ္ေစ၊ လိုက္ရွာေပးရင္းက အက်ိဳးေဆာင္တစ္ဦး ျဖစ္လာတဲ့ပုဂၢိဳလ္ပါ။

ေန႕စဥ္နဲ႕အမ်ွ လမ္းဆံုလမ္းခြာမွာရွိတဲ့ လက္ဖက္ရည္ဆိုင္ေကာင္းေကာင္းမွာထိုင္ၿပီး ေရာင္းသူ၀ယ္သူကို ေမွ်ာ္ေနရွာတဲ့လူမ်ိဳးမဟုတ္ပါ။ အိမ္ျခံေျမတိုက္ခန္း၀ယ္လိုသူေတြ ကိုယ္တိုင္ကအလုပ္လာအပ္လို႔ အကူအညီေပးရတဲ့မိတ္ေဆြေတြကို ကူညီတဲ့အက်ိဳးေဆာင္တစ္ဦးျဖစ္ပါတယ္။

အကူအညီေပးရျခင္းအေၾကာင္းတရားေတြကလည္း ေပၚလာတာကိုး။ ကိုလြင္မိုးရဲ႕ ပင္မစီးပြားေရးလုပ္ငန္းမွာ ၾကိမ္အေခ်ာထည္ထုတ္လုပ္တဲ့ လုပ္ငန္းျဖစ္ပါတယ္။ Export ,Inport လုပ္ေနသူတစ္ဦးပါ။ ၾကိမ္ပင္ဆိုတာကလည္း ေနရာတကာမွာ ၀ယ္လို႔ရႏုိင္တဲ့ အပင္မ်ိဳးမဟုတ္ဘူးေလ။ ဒီေတာ့အမ်ားဆံုးေပါက္ေရာက္ၿပီး အမ်ိဳးေကာင္းတဲ့ၾကိမ္မ်ိဳးရဖို႔ဆိုတာ အေတာ္ရွာေဖြ၀ယ္ယူရတဲ့ အလုပ္ပါ။

ကိုလြင္မိုး အၾကိဳက္ဆံုးၾကိမ္ထြက္တဲ့ေနရာေတြကေတာ့ ဧရာ၀တီတိုင္း ေရၾကည္နဲ႔ မႏၱေလးတိုင္းေဒသၾကီးက ထြက္တဲ့ၾကိမ္ပင္ေတြကို အၾကိဳက္ဆံုးပါ။ အဲဒီၾကိမ္ပင္ေတြက လူ႔အသံုးအေဆာင္ပစၥည္းေတြထုတ္လုပ္ရင္ ျပည္တြင္းျပည္ပက ပိုၾကိဳက္ၾကတယ္ေလ။ ဒီေတာ့ၾကိမ္ပင္ထြက္တဲ့ ေရၾကည္ျမိဳ႕ဘက္ကိုလည္း မၾကာခဏ ေရာက္ျဖစ္တာေပါ့။ အိမ္ျခံေျမတိုက္ခန္း၀ယ္လိုသူေတြက စကားစပ္မိလို႔ ရန္ကုန္မွာ၀ယ္ခ်င္တဲ့အေၾကာင္းေျပာရင္ အိမ္ျခံေျမကၽြမ္းက်င္တဲ့ ကိုလြင္မိုးက အလြယ္တကူတာ၀န္ယူ ၀ယ္ေပးတတ္ပါတယ္။

အဲဒီလိုလိုက္ျပီး ၀ယ္ေပးထားတဲ့ မိတ္ေဆြေတြလည္းမ်ားပါၿပီ။ ဒီလို၀ယ္တဲ့အခါ ကိုလြင္မိုးက အလြယ္တကူ စာခ်ဳပ္ေပးၿပီး၀ယ္ေပးလိုက္တာမ်ိဳးေတာ့ မလုပ္ပါဘူး။ သူကိုယ္တိုင္ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္းဖြံျဖိဳး တိုးတက္ေရးအသင္းမွာ ျမိဳ႕နယ္တစ္ခုရဲ႕တာ၀န္ခံတစ္ဦးျဖစ္ေပမယ့္လည္း အိမ္ျခံေျမကၽြမ္းက်င္တဲ့ေရွ႕ေနေခၚၿပီး စာခ်ဳပ္ေပးပါတယ္။ ဒါဟာသူရဲ႕ထူးျခားခ်က္တစ္ခုပါ။

ဒီလိုေရွ႕ေနေခၚတဲ့အခါမွာ သူ႕ရဲ႕ယံုၾကည္ေလးစားျခင္းခံရသူေတြထဲမွာ ကၽြႏု္ပ္လည္းတစ္ေယာက္ပါ၀င္ပါတယ္။ အရင္ကလိုက္ပါခ်ဳပ္ဆိုေပးရတာကေတာ့ စရန္ေပးစာခ်ဳပ္က စလို႔ ေနာက္ဆံုးအျပီးအပိုင္စာခ်ဳပ္တဲ့ အထိခ်ဳပ္ဆိုေပးရပါတယ္။ အခုခ်ဳပ္ဆိုေပးရမွာက တစ္ခါထဲအၿပီးစာခ်ဳပ္ေပးဖို႔ဆိုၿပီး အလုပ္အပ္လာတာျဖစ္လို႔ နည္းနည္းေတာ့ထူးဆန္းေနသလိုဘဲ။

မ်ားေသာအားျဖင့္ ကိုလြင္မိုးလာအပ္တဲ့ အလုပ္ကိစၥမ်ိဳးက သူကိုယ္တိုင္စရန္အေသး စတိ (၁၀) သိန္း ေလာက္စာခ်ဳပ္ေပးခဲ့ၿပီးမွ ကၽြႏု္ပ္အေနနဲ႕ စရန္သိန္း ၅၀၊ သိန္း ၁၀၀၊ သိန္း ၂၀၀ ေပးတဲ့စာခ်ဳပ္မ်ိဳး ခ်ဳပ္ဆိုေပးရပါတယ္။ အခုေတာ့အဲဒီလိုမဟုတ္ေလေတာ့။ ကိုလြင္မိုးကိုယ္တိုင္ စရန္ေငြမ်ားမ်ားခ်တဲ့စာခ်ဳပ္ခ်ဳပ္ေပးၿပီးသားလားလို႔ ေမးၾကည့္မိတာေပါ့။ ‘‘မဟုတ္ဘူး ဦးဦးေရ ၀ယ္သူကိုယ္တိုင္စရန္ေငြတစ္၀က္ေပးၿပီး စာခ်ဳပ္လာတာလို႕ ေျပာတာဘဲ။ အျပီးစာခ်ဳပ္ကာနီးမွ ကၽြန္ေတာ္ကိုအကူအညီလာေတာင္းတာလို႔’’ ေျပာပါတယ္။

ဒါဆိုရင္စရန္ေငြအမ်ားၾကီးဘာလို႔ေပးခဲ့တာလဲလို႔ ေမးၾကည့္ေတာ့ “ေရာင္းသူကိုယ္တိုင္က ၀ယ္ေရာင္း ပြဲစားလည္းျဖစ္တယ္။ ေရွ႕ေနတစ္ေယာက္လည္းျဖစ္ေတာ့ ေရွ႕ေနေခၚစရာမလိုပါဘူး။ တစ္လၾကာရင္ ေငြေခ်တဲ့အခါ ေျမကြက္နဲ႔ဂရန္မူရင္းအပ္လိုက္မယ္လို႔ ေျပာလိုက္တယ္၊ ဒီလိုေျမကြက္နဲ႔ ဂရန္မူရင္းရရင္ျပီးေရာ မဟုတ္ လားလို႔ ကၽြန္ေတာ္ကိုေမးတယ္လို႔ ေျပာေတာ့ ကၽြန္ေတာ္လည္းအံံ့ၾသသြားတယ္။ ဂရန္ေျမကို၀ယ္ရင္ေရာင္းသူက အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ေပးဖို႔ အေရာင္းေျမပံုကူးေပးရတယ္၊ ျပီးေတာ့ အထူးကိုယ္စားလွယ္လႊဲစာ လႊဲေပးရတယ္ေလလို႔ ရွင္းျပလိုက္တယ္ေလ။ ဒီလိုဆုိရင္ အစ္ကိုရယ္ကူညီပါဦး ဆိုလို႔ ဦးဦးဆီအျပီးစာခ်ဳပ္ ခ်ုဳပ္ေပးဖို႔ လာေျပာရတာပါလို႔” ဆိုလာပါတယ္။

“ဒီလိုဆိုရင္ အရႈပ္အရွင္းကင္းေၾကာင္းသိရေအာင္အေရာင္းေျမပံုရဖို႔နဲ႔ အထူးကုိယ္စားလွယ္လႊဲစာ (SP) ရဖို႔ေရာ ဘယ္လိုလုပ္ေပးပါ့မလဲ " “ အဲဒါေပါ့ဦးဦးရဲ႕ ကၽြန္ေတာ္လည္း၀ယ္သူအတြက္စိတ္ပူၿပီး အေရာင္းေျမပံုကူး ေပးဖို႔နဲ႔ အထူးကိုယ္စားလွယ္လႊဲစာ လႊဲေပးဖို႔ေရာင္းသူ/ေရွ႕ေနကို ၾကားကေမတၱာရပ္ခံရတာေပါ့။ ဒီေတာ့မွ ေရာင္းသူက မသိဘူးေလဗ်ာ ခင္ဗ်ားမိတ္ေဆြကမလိုဘူးထင္လို႔ မေတာင္းတာဘဲထင္ၿပီး ကၽြန္ေတာ္လည္း ေအးေအးေဆးေဆးဘဲေနလိုက္တာေပါ့လို႔ေျပာပါတယ္။”

“မဟုတ္ဘူးအကိုရယ္ ၀ယ္သူက ဧရာ၀တီတိုင္း ေရၾကည္ျမိဳ႕ကလည္းျဖစ္တယ္။ ၿပီးေတာ့ ဌာနဆိုင္ရာ အရာရွိတစ္ေယာက္နဲ႔ အျခားျပည္နယ္တစ္ခုမွာ တာ၀န္ထမ္းေဆာင္ေနရသူျဖစ္ပါတယ္။ ရန္ကုန္အိမ္ျခံေျမ အေၾကာင္းမသိလို႔ပါ၊ အဲဒါေလးေတာ့လုပ္ေပးပါ၊ ကၽြန္ေတာ္ကိုယ္တိုင္ ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္းဖြံျဖိဳးေရးတိုးတက္ေရးအသင္းက ၿမိဳ႕နယ္တာ၀န္ခံတစ္ဦးပါ၊ အခုအေရာင္းအ၀ယ္လုပ္တဲ့ ေရႊျပည္သာၿမိဳ႕နယ္တာ၀န္ခံနဲ႔လည္း ေတြ႕ဆံုၿပီးပါၿပီ၊ ဆရာကသေဘာေကာင္းတယ္လို႔ ေျပာပါတယ္၊ အဲဒါေၾကာင့္ကူညီပါေနာ္လို႔” ေျပာယူခဲ့ ရတယ္ ဦးဦးရယ္တဲ့။

အင္း..ကိုလြင္မိုးရဲ႕ ပရဟိတလုပ္ငန္းကလည္း မလြယ္ပါလားေနာ္လို႔ ကၽြႏု္ပ္ပင္ညီးညဴမိပါတယ္။ အၿပီးအပိုင္အေရာင္းအ၀ယ္စာခ်ဳပ္ဖို႔ သြားတဲ့ေန႔မွာေတာ့ ေရာင္းသူဘက္က ဘာမွေျပာစရာမလိုေအာင္ ၿမိဳ႕ေတာ္စည္ပင္မွ အေရာင္းေျမပံုလည္း အဆင္သင့္ကူးၿပီးေပးပါတယ္။ ရန္ကုန္ၿမိဳ႕စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးမွာလည္း ၾကိဳတင္ၿပီး အထူးကိုယ္စားလွယ္လႊဲစာ လုပ္ထားၿပီးသားကို တစ္ခါတည္းေပးတယ္။ ေျမကြက္လည္းေပး အေရာင္းေျမပံုလည္းေပး၊ အထူးကိုယ္စားလွယ္လႊဲစာလည္းေပး၊ ဂရန္မူရင္းနဲ႔စာခ်ဳပ္အဆက္အစပ္အားလံုးလည္း ျပည့္ျပည့္စံုစံုထုတ္ေပးပါတယ္။ ေရာင္းသူရဲ႕ပြဲစားသက္ေသကိုလည္း အဆင္သင့္ေခၚၿပီး အျပီး စာခ်ဳပ္ မွာ လက္မွတ္ထိုးခိုင္းပါတယ္။ ဒီလိုဆိုေတာ့လည္း “နတ္တို႔ဖန္ဆင္း ေရကန္အသင့္ၾကာအသင့္ပါလား”လို႔ ကိုလြင္မိုးေက်ာ္နဲ႔ ကၽြႏ္ုပ္တို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္၍ ျပံဳးလိုက္မိပါေတာ့တယ္။

သူေတာ္ေကာင္းနဲ႔ေတြ႔၍ သူယုတ္မာနဲ႕လြဲပါေစ

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

### Unicode Version ###

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုလွင်မိုးကျော်မှာ တစ်ခြားအကျိုးဆောင်များနဲ့မတူဘဲတစ်မူ ထူးခြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာကို တွေ့ရတယ်။ သူ့အကျိုးဆောင်နည်းက ရပ်ကွက်ထဲလှည့်ပြီး အိမ်ရောင်းမည့်သူကို လိုက်ရှာနေတဲ့အကျိုးဆောင်မျိုးမဟုတ်ပါ။ သူ့ပတ်ဝန်းကျင်၊ သူ့မိတ်ဆွေ၊ သူ့အပေါင်းအသင်း များက မြေကွက်လိုက်ဝယ်လို၍ဖြစ်စေ၊ တိုက်ခန်းဝယ်လို၍ဖြစ်စေ၊ လိုက်ရှာပေးရင်းက အကျိုးဆောင်တစ်ဦး ဖြစ်လာတဲ့ပုဂ္ဂိုလ်ပါ။

နေ့စဉ်နဲ့အမျှ လမ်းဆုံလမ်းခွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကောင်းကောင်းမှာထိုင်ပြီး ရောင်းသူဝယ်သူကို မျှော်နေရှာတဲ့လူမျိုးမဟုတ်ပါ။ အိမ်ခြံမြေတိုက်ခန်းဝယ်လိုသူတွေ ကိုယ်တိုင်ကအလုပ်လာအပ်လို့ အကူအညီပေးရတဲ့မိတ်ဆွေတွေကို ကူညီတဲ့အကျိုးဆောင်တစ်ဦးဖြစ်ပါတယ်။

အကူအညီပေးရခြင်းအကြောင်းတရားတွေကလည်း ပေါ်လာတာကိုး။ ကိုလွင်မိုးရဲ့ ပင်မစီးပွားရေးလုပ်ငန်းမှာ ကြိမ်အချောထည်ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ Export ,Inport လုပ်နေသူတစ်ဦးပါ။ ကြိမ်ပင်ဆိုတာကလည်း နေရာတကာမှာ ဝယ်လို့ရနိုင်တဲ့ အပင်မျိုးမဟုတ်ဘူးလေ။ ဒီတော့အများဆုံးပေါက်ရောက်ပြီး အမျိုးကောင်းတဲ့ကြိမ်မျိုးရဖို့ဆိုတာ အတော်ရှာဖွေဝယ်ယူရတဲ့ အလုပ်ပါ။

ကိုလွင်မိုး အကြိုက်ဆုံးကြိမ်ထွက်တဲ့နေရာတွေကတော့ ဧရာဝတီတိုင်း ရေကြည်နဲ့ မန္တလေးတိုင်းဒေသကြီးက ထွက်တဲ့ကြိမ်ပင်တွေကို အကြိုက်ဆုံးပါ။ အဲဒီကြိမ်ပင်တွေက လူ့အသုံးအဆောင်ပစ္စည်းတွေထုတ်လုပ်ရင် ပြည်တွင်းပြည်ပက ပိုကြိုက်ကြတယ်လေ။ ဒီတော့ကြိမ်ပင်ထွက်တဲ့ ရေကြည်မြို့ဘက်ကိုလည်း မကြာခဏ ရောက်ဖြစ်တာပေါ့။ အိမ်ခြံမြေတိုက်ခန်းဝယ်လိုသူတွေက စကားစပ်မိလို့ ရန်ကုန်မှာဝယ်ချင်တဲ့အကြောင်းပြောရင် အိမ်ခြံမြေကျွမ်းကျင်တဲ့ ကိုလွင်မိုးက အလွယ်တကူတာဝန်ယူ ဝယ်ပေးတတ်ပါတယ်။

အဲဒီလိုလိုက်ပြီး ဝယ်ပေးထားတဲ့ မိတ်ဆွေတွေလည်းများပါပြီ။ ဒီလိုဝယ်တဲ့အခါ ကိုလွင်မိုးက အလွယ်တကူ စာချုပ်ပေးပြီးဝယ်ပေးလိုက်တာမျိုးတော့ မလုပ်ပါဘူး။ သူကိုယ်တိုင်မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုး တိုးတက်ရေးအသင်းမှာ မြို့နယ်တစ်ခုရဲ့တာဝန်ခံတစ်ဦးဖြစ်ပေမယ့်လည်း အိမ်ခြံမြေကျွမ်းကျင်တဲ့ရှေ့နေခေါ်ပြီး စာချုပ်ပေးပါတယ်။ ဒါဟာသူရဲ့ထူးခြားချက်တစ်ခုပါ။

ဒီလိုရှေ့နေခေါ်တဲ့အခါမှာ သူ့ရဲ့ယုံကြည်လေးစားခြင်းခံရသူတွေထဲမှာ ကျွနု်ပ်လည်းတစ်ယောက်ပါဝင်ပါတယ်။ အရင်ကလိုက်ပါချုပ်ဆိုပေးရတာကတော့ စရန်ပေးစာချုပ်က စလို့ နောက်ဆုံးအပြီးအပိုင်စာချုပ်တဲ့ အထိချုပ်ဆိုပေးရပါတယ်။ အခုချုပ်ဆိုပေးရမှာက တစ်ခါထဲအပြီးစာချုပ်ပေးဖို့ဆိုပြီး အလုပ်အပ်လာတာဖြစ်လို့ နည်းနည်းတော့ထူးဆန်းနေသလိုဘဲ။

များသောအားဖြင့် ကိုလွင်မိုးလာအပ်တဲ့ အလုပ်ကိစ္စမျိုးက သူကိုယ်တိုင်စရန်အသေး စတိ (၁၀) သိန်း လောက်စာချုပ်ပေးခဲ့ပြီးမှ ကျွနု်ပ်အနေနဲ့ စရန်သိန်း ၅၀၊ သိန်း ၁၀၀၊ သိန်း ၂၀၀ ပေးတဲ့စာချုပ်မျိုး ချုပ်ဆိုပေးရပါတယ်။ အခုတော့အဲဒီလိုမဟုတ်လေတော့။ ကိုလွင်မိုးကိုယ်တိုင် စရန်ငွေများများချတဲ့စာချုပ်ချုပ်ပေးပြီးသား လားလို့ မေးကြည့်မိတာပေါ့။ ‘‘မဟုတ်ဘူး ဦးဦးရေ ဝယ်သူကိုယ်တိုင်စရန်ငွေတစ်ဝက်ပေးပြီး စာချုပ်လာတာလို့ ပြောတာဘဲ။ အပြီးစာချုပ်ကာနီးမှ ကျွန်တော်ကိုအကူအညီလာတောင်းတာလို့’’ ပြောပါတယ်။

ဒါဆိုရင်စရန်ငွေအများကြီးဘာလို့ပေးခဲ့တာလဲလို့ မေးကြည့်တော့ “ရောင်းသူကိုယ်တိုင်က ဝယ်ရောင်း ပွဲစားလည်းဖြစ်တယ်။ ရှေ့နေတစ်ယောက်လည်းဖြစ်တော့ ရှေ့နေခေါ်စရာမလိုပါဘူး။ တစ်လကြာရင် ငွေချေတဲ့အခါ မြေကွက်နဲ့ဂရန်မူရင်းအပ်လိုက်မယ်လို့ ပြောလိုက်တယ်၊ ဒီလိုမြေကွက်နဲ့ ဂရန်မူရင်းရရင်ပြီးရော မဟုတ် လားလို့ ကျွန်တော်ကိုမေးတယ်လို့ ပြောတော့ ကျွန်တော်လည်းအံံ့သြသွားတယ်။ ဂရန်မြေကိုဝယ်ရင်ရောင်းသူက အရောင်းအဝယ်စာချုပ်ချုပ်ပေးဖို့ အရောင်းမြေပုံကူးပေးရတယ်၊ ပြီးတော့ အထူးကိုယ်စားလှယ်လွှဲစာ လွှဲပေးရတယ်လေလို့ ရှင်းပြလိုက်တယ်လေ။ ဒီလိုဆိုရင် အစ်ကိုရယ်ကူညီပါဦး ဆိုလို့ ဦးဦးဆီအပြီးစာချုပ် ချုုပ်ပေးဖို့ လာပြောရတာပါလို့” ဆိုလာပါတယ်။

“ဒီလိုဆိုရင် အရှုပ်အရှင်းကင်းကြောင်းသိရအောင်အရောင်းမြေပုံရဖို့နဲ့ အထူးကိုယ်စားလှယ်လွှဲစာ (SP) ရဖို့ရော ဘယ်လိုလုပ်ပေးပါ့မလဲ " “ အဲဒါပေါ့ဦးဦးရဲ့ ကျွန်တော်လည်းဝယ်သူအတွက်စိတ်ပူပြီး အရောင်းမြေပုံကူး ပေးဖို့နဲ့ အထူးကိုယ်စားလှယ်လွှဲစာ လွှဲပေးဖို့ရောင်းသူ/ရှေ့နေကို ကြားကမေတ္တာရပ်ခံရတာပေါ့။ ဒီတော့မှ ရောင်းသူက မသိဘူးလေဗျာ ခင်ဗျားမိတ်ဆွေကမလိုဘူးထင်လို့ မတောင်းတာဘဲထင်ပြီး ကျွန်တော်လည်း အေးအေးဆေးဆေးဘဲနေလိုက်တာပေါ့လို့ပြောပါတယ်။”

“မဟုတ်ဘူးအကိုရယ် ဝယ်သူက ဧရာဝတီတိုင်း ရေကြည်မြို့ကလည်းဖြစ်တယ်။ ပြီးတော့ ဌာနဆိုင်ရာ အရာရှိတစ်ယောက်နဲ့ အခြားပြည်နယ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေရသူဖြစ်ပါတယ်။ ရန်ကုန်အိမ်ခြံမြေ အကြောင်းမသိလို့ပါ၊ အဲဒါလေးတော့လုပ်ပေးပါ၊ ကျွန်တော်ကိုယ်တိုင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးရေးတိုးတက်ရေးအသင်းက မြို့နယ်တာဝန်ခံတစ်ဦးပါ၊ အခုအရောင်းအဝယ်လုပ်တဲ့ ရွှေပြည်သာမြို့နယ်တာဝန်ခံနဲ့လည်း တွေ့ဆုံပြီးပါပြီ၊ ဆရာကသဘောကောင်းတယ်လို့ ပြောပါတယ်၊ အဲဒါကြောင့်ကူညီပါနော်လို့” ပြောယူခဲ့ ရတယ် ဦးဦးရယ်တဲ့။

အင်း..ကိုလွင်မိုးရဲ့ ပရဟိတလုပ်ငန်းကလည်း မလွယ်ပါလားနော်လို့ ကျွနု်ပ်ပင်ညီးညူမိပါတယ်။ အပြီးအပိုင်အရောင်းအဝယ်စာချုပ်ဖို့ သွားတဲ့နေ့မှာတော့ ရောင်းသူဘက်က ဘာမှပြောစရာမလိုအောင် မြို့တော်စည်ပင်မှ အရောင်းမြေပုံလည်း အဆင်သင့်ကူးပြီးပေးပါတယ်။ ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာလည်း ကြိုတင်ပြီး အထူးကိုယ်စားလှယ်လွှဲစာ လုပ်ထားပြီးသားကို တစ်ခါတည်းပေးတယ်။ မြေကွက်လည်းပေး အရောင်းမြေပုံလည်းပေး၊ အထူးကိုယ်စားလှယ်လွှဲစာလည်းပေး၊ ဂရန်မူရင်းနဲ့စာချုပ်အဆက်အစပ်အားလုံးလည်း ပြည့်ပြည့်စုံစုံထုတ်ပေးပါတယ်။ ရောင်းသူရဲ့ပွဲစားသက်သေကိုလည်း အဆင်သင့်ခေါ်ပြီး အပြီး စာချုပ် မှာ လက်မှတ်ထိုးခိုင်းပါတယ်။ ဒီလိုဆိုတော့လည်း “နတ်တို့ဖန်ဆင်း ရေကန်အသင့်ကြာအသင့်ပါလား”လို့ ကိုလွင်မိုးကျော်နဲ့ ကျွန်ုပ်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြုံးလိုက်မိပါတော့တယ်။

သူတော်ကောင်းနဲ့တွေ့၍ သူယုတ်မာနဲ့လွဲပါစေ

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service